အမုန်းဖော်ထုတ်ပွဲ၏ တဒင်္ဂမျှတာသော စက္ကန့်ပိုင်းတို့တွင် နင်တို့ မုန်းချင်တဲ့သူ ဘယ်သူကိုမဆို လိုလိုလားလား မုန်းလို့ရ ပါသည်။ ဘဘကြီးကို မုန်းသည်။ ဦးတာယုရွှေပယင်းကို မုန်းသည်။ စစ်အင်အား ကြီးမားတဲ့ ပြည်ပနိုင်ငံကြီးတွေ၊ လူမျိုးကြီးတွေရဲ့ ရန်အထပ်ထပ် ဝိုင်းရံခခံရလို့ ပိတ်ဆို့မွန်းကြပ်နေတဲ့ သမုဒ္ဒရာ ဗမာပြည်ကလေးက ငါတို့လေးတွေ၏ ကျပ်တည်း စိတ်အခြေအနေ (Siege Mentality) ကို နားလည်လက်ခံမှု မရှိသူ ‘သစ္စာဖောက်ကောင်(မ)ကြီး’ ဘယ်သူမဆိုကို မုန်းသည်။ နောက်ကော ဘယ်သူ့ကို မုန်းစရာ ကျန်သေးလဲ။
ထိုင်ခုံနောက်က နှာခေါင်း နီရဲရဲလေး ပတ်လည်မှာ ညှင်းပျောက်ညိုကလေးတွေနဲ့ ကောင်မလေးသည် သူ့ပါးစောင်ကလေး နှစ်ဖက်ကို တဆုံး ဖြဲကားကာ အာပြဲအော်ဟစ် နေတုန်း။ ညဥ့်နက်သန်းခေါင် အိပ်မက်ဆိုးက လန့်နိုးလာသူတဦးသည် ခေါင်းအုံးမှ ခေါင်းကို အလန့်တကြား ဆွဲခွာလိုက်သလို
Showing posts with label ၉၆၉. Show all posts
Showing posts with label ၉၆၉. Show all posts
Friday, August 22, 2014
Monday, July 14, 2014
နှစ် ထောင့် ရှစ် ဆယ့် လေး (၆)
တကယ်ကတော့ ဘဝဖြစ်တည်မှု၏ အစစ်အမှန် သဘာဝသည် ကျေနပ်စရာ ဘယ်လိုနည်းနဲ့မှ မဟုတ်ကြောင်းကို မသိစိတ် (အနုသယ) တွင် ကျွန်တော်တို့ အစဉ်သဖြင့် သိရှိရိပ်စားခဲ့ပါသည်။ အတင်းကာရော မာန်တင်း ဖန်တီးထားရသည့်‘မိမိ’ ဆိုသော‘လိပ်ပြာ’– ၎င်းလိပ်ပြာဟာ ပုံရိပ်လွှာတခုမျှသာ ဖြစ်ပြီး အမှန်တကယ် မရှိမှု – အဲသလို မရှိကြောင်းကို ရိပ်စားသိရှိထားမှု– ဖန်ဆင်းခံ နာနာဘာဝ စိတ္တဇရုပ်ကို စွဲဖက်ပြီး နေထိုင်နေရတဲ့ ဖြစ်တည်မှုဟာ အမှန်တကယ် ကျေနပ်ဖွယ်ရာလို့ ဘယ်ခါမှ မရယူမပိုင်ဆိုင်နိုင်လေသည့် အရင်းမူလ ‘ဒုက္ခ’ ကို လူသားကျွန်တော်တို့သည် မသိစိတ်ဝယ် အစဉ်သဖြင့် မနားတမ်း စိုးရွံ့ကြောက်လန့်နေခဲ့ ပါသည် ။ ဘယ်တော့မှ နိစ္စ သုခ အတ္တ ရယ်လို့ မပြည့်လာနိုင်သော တကယ့်ပင်ရင်းဖြစ်တည်မှုဟာ အစဉ်သဖြင့် ကျွန်တော်တို့အား ခြောက်လှန့်လျက်ရှိပြီး ဒါကို ကျွန်တော်တို့ဟာ ဘဝတစ်လျှောက်လုံး မလုံခြုံ
Sunday, July 6, 2014
တန်ပြန် အကြမ်းဖက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပါ (သို့မဟုတ်) မိမိကိုယ်ကိုတည်ဆောက်ပါ
ရပ်ကွက်တိုင်းမှာ လူထုက ကိုယ့်ဖာသာ ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ အကြမ်းဖက်မှုကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ဖို့ လိုအပ်နေပြီလား။ အဲဒီအခြေအနေရောက်နေပြီလား။
နေ့ခင်းကြောင်တောင် လူအုပ်စုနဲ့၊ ဆိုင်ကယ်အုပ်စုနဲ့၊ လမ်းမှာတွေ့တဲ့လူတိုင်းကို မဲမဲမြင် အကုန်ရိုက်သတ်တဲ့ခေတ် ရောက်နေပြီကိုး။
အမှန်တော့ ပြည်သူတွေကိုအကြောက်တရားတွေ၊ စိုးရိမ်သောကတွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတဲ့ စိတ်ဓာတ်တွေ ရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒါမှ

Monday, June 2, 2014
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၇) (၄)
ငါတို့ သေချာ စဉ်းစားကြည့်ကြပါစို့၊ “မဝေဖန်ရဘူး”၊ “မငြင်းခုံရဘူး”၊ “ဆရာဟာ ဘဝအရှင်သခင်”၊ “ငါတို့ပြောတာ ၏သည်မရွေးမှတ်” ဟူသော သဘောအယူတို့ လွှမ်းမိုးနေသော ဗမာပြည်က အစိုးရဘုန်းကြီးစာ ပညာရေးတွင် ဝင်ရောက်ပြီး ခေါင်းဆောင်နေရာယူသူတို့သည်
Thursday, May 29, 2014
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၇) (၃)
အခုတခါ ကျွန်တော်သည် တရားဓမ္မနည်းလမ်းအားဖြင့်ပင်လျှင် သီတဂူပုဂ္ဂိုလ်၏ အခြေခံစရိုက်လွှမ်းမိုးမှုကို အခိုင်အမာ ပြုရပါအံ့။ ဘဝအတွေ့အကြုံ ရင့်ကျက်သူ၊ အထူးသဖြင့် အင်္ဂဝိဇ္ဖာစသော အတတ်မျိုးတွင် အာရုံရှိသူသည် ဤပုဂ္ဂိုလ်၏ အသံကို ကြားရုံနှင့်ပင် ၎င်းပုဂ္ဂိုလ်သည် လောဘ၊ ဒေါသ၊ မောဟ အခြေခံမူလ သားရဲတိရစ္ဆာန်စိတ်များ အပြင်းအထန် လွှမ်းမိုးနိုင်သူ ဖြစ်ကြောင်း အလွယ်တကူ သိနားလည်နိုင်ပါသည်။ ဒါပေမယ့် သည်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူအများအနေဖြင့် ရှုပ်ထွေးစရာ ဖြစ်ရသည်မှာ ဤသူ တဦးတည်းကပင် အဆင့်အတန်း အလွန်မြင့်လှသော
Wednesday, May 28, 2014
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၇) (၂)
ဗုဒ္ဓ၏ မူရင်းမိန့်မှာချက် အရ မည်သည့် ပုဂ္ဂိုလ်တဦးတယောက်မှ သံဃာ့အဖွဲ့အစည်းတည်ဆောက်ပုံ ဆိုတာ ဟိုလိုပုံစံ သည်လိုပုံစံ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ပိုင်ခွင့် မရှိပါ။ ဘုရား၏ နောက်ဆုံး အသေအချာ မှာကြားသတ်မှတ်ချက်အရ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဘုန်းကြီးကမှ ကိုယ့်ကိုကိုယ် သံဃာထုရဲ့ ကိုယ်စားလှယ်၊ ခေါင်းဆောင် ဖြစ်တယ်ဆိုပြီး အမည်ခံယူခွင့်၊ မဏ္ဍပ်တိုင်ပေါ်တက်ပိုင်ခွင့် မရှိပါ။
ဒုတိယ သင်္ဂါယနာတင်ရတဲ့ အကြောင်းရင်းဟာလည်း "တပါးချင်းသာ ရှိတဲ့၊ တဖွဲ့တည်းပဲရှိတဲ့" သံဃာကို "တရားဝင်" ကိုယ်စားပြုဖို့ ရဟန်းမောက်မာတွေက ကြိုးစားတဲ့ ကိစ္စကနေ စခဲ့တာဖြစ်ပြီး သည်လိုလုပ်တာကို လုံးဝ တရားမဝင်ကြောင်း အတိအလင်း
Tuesday, May 27, 2014
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၇) (၁)
“သားရဲတိရစ္ဆာန် မူလစိတ်နှင့် ဘုန်းကြီးခေါင်းဆောင်”
အနှစ်ချုပ် - “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ ဟောပြောတာခြင်း တူပေမယ့် ဒလိုင်းလားမား နှင့် သီတဂူသည် မတူညီနိုင်။ ရှေ့ကလူသည် ဘုရားစကား အစစ်အမှန် (ဗုဒ္ဓဝါစန) ကို ဟောပြောနေတာ ဖြစ်ပြီး နောက်ကလူမှာ ဗုဒ္ဓဝါစနကို ဖျက်ဆီးသူ ဖြစ်နေပါ၏။ တရားဓမ္မ၏ နှစ်လိုချီးကျုးဖွယ် ဖြစ်မှုဟူသည် စာသားမဟုတ်၊ ဟောပြောပြနေသူ၏ အခြေခံမူလစရိုက် ၊ စင်ကြယ်သော စေတနာရှိမှု မရှိမှု ပေါ်မှာ မူတည်ကြောင်း ပိဋကတ်တော် အကိုးအကားတို့ကို ယူ၍ စိတ်ပညာနှင့် ဒဿန ရှုထောင့်တို့မှလည်း ဝေဖန်ကာ

Thursday, May 22, 2014
နှစ်ထောင့် ရှစ် ဆယ့် လေး (၂)
“သစ္စာတရား ဝန်ကြီး ဌာန” သည် ပေ ၇၀၀ ကျော်မြင့်မားပြီး အီဂျစ်ပိရမစ်တစင်း ကန္တာရထဲမှာ ငေါင်းစင်းထွက်နေသလို ရန်ကုန်မြေ၏ မိုးယံပြာနှမ်းနှမ်းတွင် ၎င်းမျှော်စင်၏ ဖြူဆွတ်ကြွမား ပုံရိပ်သည် လပ်လပ်စင်း တောက်နေပါသည်။ မျှော်စင်ထိပ်တွင် ဖောင်းကြွထိုးထားသော စာတန်းတို့မှာ ကိုကျောက်ညို ခုရပ်နေသော နေရာကနေဆို မြင်သာရုံကလေး။ ပါတီ၏ ဆောင်ပုဒ်သုံးခု။
တိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးကို စစ်ဘီလူးစောင့်သည်။ War is Peace
လွတ်မြောက်ငံ့လင့်လူသားတိုင်း မျိုးဆက်ကျွန်အဖြစ် သဘာဝအလျောက်ခံယူသည်။ Freedom is slavery
တိုင်းပြည်ခွန်အားသည် နိုင်ငံတော်လမ်းပြအသိ ဖြစ်ပြီး ကျန်မကောင်းအသိအားလုံးကို ငါတို့ ပစ်ပယ်သည်။ Ignorance is strength
မှတ်ချက်။ ။ “ပါတီ” ၏ ဆောင်ပုဒ်တွင် သုံးစွဲထားသော ဝေါဟာရနှင့် ရေးဟန်တို့သည် အသစ်ထွက်ပေါ်လာသော

Labels:
၉၆၉,
ညိုထွန်း,
မျိုးစောင့်,
ရှာရီရာ
Tuesday, May 20, 2014
နှစ် ထောင့် ရှစ် ဆယ့် လေး (၁)
ဗြိတိသျှစာရေးဆရာကြီး ဂျော့အော်ဝဲလဲ ၏ ကမ္ဘာ့နံပါတ်တစ် နိုင်ငံဆိုး ဝတ္ထုစာအုပ် “1984” ကို “ညိုထွန်း” မှ လက်ရှိ ဗမာ့နိုင်ငံရေး အခင်းအကျင်းနှင့် ဆီလျော်အောင် ဗမာမှုပြုထားသည့် ...
နှစ် ထောင့် ရှစ် ဆယ့် လေး (၁)
အခန်း (၁) အပိုင်းတစ်
နေရောင်ကလေး တောက်ပြီး အတော်ကလေးကို ချမ်းသော နေ့တနေ့ ဖြစ်သည်။ ရန်ကုန်တမြို့လုံးက နာရီတို့သည် တဆယ့်သုံးချက် ထိုးနေသည်။ ကိုကျောက်ညိုသည် ဒလကြမ်းတိုက်နေသော လေစိမ်းကို ခံသာရန် သူ့မေးစေ့ကလေးကို ရင်ဘတ်အောက် ဆွဲဝှက်ထားလိုက်ပြီး “အမျိုးသားရေးအောင်ပွဲ နန်းတော်” ၏ မှန်စီရွှေချ ပွတ်လုံးတံခါးမကြီးများ ကြားမှ လစ်ကနဲ မြန်မြန် ထွက်လာခဲ့သည်။ လေဆင်နှာမောင်း တချက်က မျက်နှာပေါ် အသဲ့ ပက်ထည့်လိုက်သော ကျောက်သလဲမှုန်ကလေးတွေကိုတော့ သူ မရှောင်နိုင်ခဲ့။
နန်းတော်ဘေး လူသွားလမ်းပေါ် သူရောက်လာသည်။ လေစိမ်းသည် လန်းလန်းဆန့်ဆန့် ရူသင်းပျံ့ ဖွယ်ရာ မဟုတ်ဘဲ

Wednesday, March 19, 2014
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၆)
မုန်ညင်းဖြူ မီးအိမ်ရှင်
“လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်သော ဉာဏ်မျိုးကလေးသာ ရှိသည့် ဣတ္ထိယ ခေါ် မိန်းမတို့သည် ဤမျှ ခက်ခဲလှသည့် သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ဖို့ရန် မဖြစ်နိုင်” (မာရနတ်မင်း)
“အသိတရားကို မပြတ်ရှာမှီး၍
စိတ်ကို ကောင်းစွာစောင့်သိသူ အဖို့
မိန်းမဖြစ်ခြင်းသည်
ဘာများ အရေးပါပါ သလဲ
ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ကျင့်ကြံစောင့်စည်းသူသည်

Wednesday, February 26, 2014
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၅)
ဗိုလ်ချုပ်ကြီး စစ်သွေး ငိုကြွေးစွန့်လွှတ်ခဲ့သော ကမ္ဘာ
“ကမ္ဘာလောက သည် ဘာလဲ” လို့ မေးကြကုန်၏ ။ တကယ်တော့ ‘ကမ္ဘာလောက’ ဟူသည် နင်တို့ ရွေးချယ် အာရုံခံနေမိပြီး ရွေးချယ် သိမြင်နေမိသည့် ကမ္ဘာသာ ဖြစ်သည်ဟု ငါတို့ဆရာ ဗုဒ္ဓရှင်တော်မှ ဖြေတော်မူခဲ့ပါ သတည်း။ (ညီတော် ရှင်အာနန္ဒာ)
တခါက ယောဓဇီဝ ဟု အမည်ရသော စစ်ဗိုလ်ချုပ်ကြီး တဦးသည် ဗုဒ္ဓအပါးသို့ ချဉ်းကပ် ဂါရဝပြုပြီးလျှင် မေးခွန်းတစ်ခု မေးခဲ့ပါသည် “ အရှင်ဘုရား၊ တပည့်တော်တို့ စစ်သည်တော် ဟူသည့် အမျိုးမှာ စစ်ပွဲအတွက် မိမိအသက်ကို ပေးလှူထားကြသူများ ဖြစ်ပါသည်။ တပည့်တော်တို့ မျိုးရိုးစဉ်ဆက် သမိုင်းတွင် ရှေးရှေးကတည်းက စစ်ခေါင်းဆောင်ကြီးများ အစဉ်အဆက် ဆိုမိန့်ခဲ့သည့် စကား တပည့်တော်တွင် မှတ်သားကြားနာဖူးသည်မှာ တိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်၍ ရန်သူ့လက်ချက်ကြောင့် အသက်ပေး ကျဆုံး ခဲ့ရသော စစ်သည်တော်တို့သည် ကျဆုံး သူတို့ သီးသန့်အထူး ပျော်စံရာ ဒေဝနတ်ဘုံတွင် ပြန်လည် မွေးဖွားလာရသည် လို့ ဆိုပါသည်။ အရှင်ဘုရားသည် ဤ အဆိုအမိန့် နှင့် စပ်၍ ကန့်ကွက်ဖွယ်ရာ ရှိပါသလား” ။

Saturday, February 15, 2014
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၄)
ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ
သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၄)
နွားဖြူ နွားနက် သံယောဇဉ်
တခါက ကမ္ဘာကြီးသည် ယနေ့ခေတ်မှာကဲ့သို့ တဦးအကြောင်း တဦး သိပ် မသိကြသေးကြခင် ကာလဝယ် အိန္ဒိယ သမုဒ္ဒရာကြီး၏ မြောက်ဘက်ယွန်းယွန်း အရပ်တွင်ရှိ သီရိလင်္ကာ ဟု ခေါ်သည့် ကျွန်းငယ်ကလေး တဆူတွင် ကနေ့ ငါတို့ဆီက ဗမာရဟန်းမိုက် ဝီရသူကဲ့သို့ ကမ္ဘာအဝှမ်း အလွန် နှံ့သိကျော်ကြားသည့် ရဟန်းတပါးသည် ပေါ်ထွန်းခဲ့ဖူးပါ၏။ ထိုရဟန်း၏ အမည်မှာ ရှင် အနဂါရိက ဓမ္မပါလ (အနဂါရိက = အိမ်ရာ မရှိ ၊ ဓမ္မပါလ = တရားကို စောင့်ရှောက်သူ) ဟု ခေါ်တွင်ပြီး ၎င်းသည် အာရှ၊ မြောက်အမေရိကနှင့် ဥရောပတိုက် ဟူသော ကမ္ဘာ့ တိုက်ကြီး သုံးခုလုံးကို လှည့်ပတ်သွားလာဖူး၍ ဗုဒ္ဓဘာသာကို ဟောပြောပြနိုင်ခဲ့သည့် ပထမဆုံး အရှေ့တိုင်းသား
Sunday, July 21, 2013
ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၁၁)
ဖက်ဆစ်စနစ်အကြောင်းကို အသေအချာ သုတေသနပြု လေ့လာခဲ့သူ အက်တွန်က ပြောခဲ့သည်မှာ ဖက်ဆစ်စနစ်၏ အခြေခံဖြစ်သော “နိုင်ငံတော်တည်းဟူသော ဝိညာဉ်” သည် ဘာနဲ့ ဆင်တူယိုးမှား သလဲဆို အရှေ့တိုင်း တရုတ်ပြည်မှာ ဘိုးဘွားဝိညာဉ်တွေကို ကန်တော့ကိုးကွယ်တဲ့ အစဉ်အလာမျိုးနဲ့ သွားလို့တူသည် ဟူသတတ်။ ခုစာရှုသူ ဖတ်ရှုနေသော ဘာသာရပ်ပိုင်းဆိုင်ရာ၏ ကမ္ဘာ့ထိပ်တန်းပညာရှင် ကားပေါ့ပါးမှ သုံးသပ်ပြသည်မှာ ဖက်ဆစ်စနစ်ဟူသည် “လူ့သမိုင်း ဟူသည် အတိအကျ ဦးတည်ရာ အဓိပ္ပာယ်ပြည့်ဝစွာဖြင့် ရွှေ့လျားနေသော ဝိညဉ်ကြီး” ရှိသည်ဟု ယူဆသော
Subscribe to:
Posts (Atom)