Showing posts with label မျိုးမြင့်မျို. Show all posts
Showing posts with label မျိုးမြင့်မျို. Show all posts

Saturday, May 25, 2013

၈၈ မျိုးဆက်တို့ရဲ့ ခရီးခဲ -၂

နှမျောစိတ်က သူ့အတိုင်းရပ်မနေခဲ့။ တွေး၏။ ယာဂုအိုးကြီးကွဲသလို ခံစားမှုတွေဝင်၏။ မင်ဖူးသည့်တရား ကွယ်သလိုလို ဖြစ်ရ၏။ “ကောင်းပါတယ်ကွာ၊ ပြီးသွားတာပေါ့၊ လူလုံးကွဲသွားတာပဲ” စသည့်မချိတင်ကဲဖြင့် သက္ကရာဇ်ဟောင်းတို့ကို ငဲ့စောင်းမိ၏။ “ကျောင်းသားခေါင်းဆောင်များအဖြစ် ထောင်ထဲဝင်သွားကြပြီး နိုင်ငံရေးသမားများအဖြစ် ပြန်ထွက်လာကြ သည့် သူတို့အား ခေတ်တခေတ်ထဲအပြိုင် ဖြတ်ခဲ့ကြသည်ဆိုငြား မိမိခေါင်းဆောင်များအဖြစ် မြင်စမ်းချင်လှ” ဟု တောင့် တခဲ့ဖူး၏။ ခု

Wednesday, May 22, 2013

၈၈ မျိုးဆက်တို့ရဲ့ ခရီးခဲ

ကျနော်က သူတို့တတွေကို ဇန်နဝါရီ (၂ဝ၁၃) လောက်မှာ “၈၈ ငြိမ်း/ပွင့်”ဆိုပြီး အတိုကောက်အဖြစ် စသုံးခဲ့သည်ဟု ထင်၏။ ထို့မတိုင်မီက အများနည်းတူ ၈၈-မျိုးဆက်ကျောင်းသားများဟုသာ သုံး၏။ ခု ၈၈ ငြိမ်း/ပွင့်ဟု အသုံးကို တချို့ မကြိုက်ကြ။ တချို့ ကျနော့်အစား ၈၈-တို့ကို အားနာနေဟန်ရှိ၏။ တချို့က ကန့်ပင်ကန့်ကွက်ကြ၏။  စာပဲရေးရေး စကားပဲပြောပြော ရေးတိုင်းပြောတိုင်း လိုရင်းပေါက်ရန်၊ ကွဲပြားရန်ကို ဂရုပြုဖို့လို၏။ အထူးသဖြင့်