အချိန်ကား (၁၉၉၄) ခုနှစ်။
နေရာကား သန်လျင်တဘက်ကမ်း။
အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်း ဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို
Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts
Wednesday, August 7, 2013
Monday, June 3, 2013
မြို့သူကြီးနှင့် ကံကြီးမောင်
ဤဝတ္ထုတိုကလေးကို ရေးသားဖြစ်ခဲ့သည်မှာ ၂ဝဝ၈ ခုနှစ်က ဖြစ်သည်။ ငါးနှစ်နီးပါးရှိခဲ့ပြီ။ မြန်မာပြည်မှာ ပြောင်းကုန်ပြီ ပြောင်းကုန်ပြီလို့ ဆိုသော်လည်း တကယ်တန်းမှာတော့ အတွင်းကလီစာများကား မပြောင်းသေးပါ။ မျက်နှာဖြူစကားပုံ တခုအတိုင်း ပြောရပါက ဝိုင်ပုလင်းအသစ်ထဲသို့ ဝိုင်ပုလင်းအဟောင်းထဲမှ ဝိုင်အရက်ကို ပြောင်းထည့်ထားတာသာ ဖြစ် သည်။ လက်ရှိဖြစ်နေတာတွေနဲ့ ကိုက်ညီနေသေးတာမို့
Sunday, May 26, 2013
ဗိုလ်မှူးကြီးအတွက် စာမလာ သတင်းမကြား (၃)
'ဘာသတင်းတွေ ထူးလဲကွ' ဗိုလ်မှူးကြီးက မေးတယ်။
ဆရာဝန်လေးက သူ့ကို သတင်းစာ ၃-၄ စောင်ပေးလိုက်တယ်။
'ဘယ်လိုမှ မသိနိုင်ပါဘူးဗျာ' သူကပြောတယ်။ 'စီစစ်ရေးခွင့်ပြုသလောက် စာသားတွေကြား ဘာရှိသလဲ လိုက်ဖတ်ရ တာ ခက်တယ်ဗျ။'
ဗိုလ်မှူးကြီးက ခေါင်းစည်းတွေ ဖတ်လိုက်တယ်။ နိုင်ငံတကာသတင်းများ။ ထိပ်ဆုံးမှာ လေးကော်လံယူထားတာက ဆူးအက်တူးမြောင်းသတင်း။ မျက်နှာဖုံးမှာတော့

Friday, May 17, 2013
ဗိုလ်မှူးကြီးအတွက် စာမလာ သတင်းမကြား (၂)
ကွက်လပ်ကြီးထဲရောက်တော့ မိုးဖွဲဖွဲကျလာပြန်တယ်။ ဘိလိယက်ခုံပိုင်ရှင်က ဗိုလ်မှူးကြီးကို ဆိုင်ခန်းတံခါးပေါက်ကနေ တွေ့လိုက်လို့ လှမ်းအော်နှုတ်ဆက်လိုက်တယ်။ 'ဗိုလ်မှူး၊ ခဏလောက်နေပါအုံး။ ကျနော်
Labels:
ဝတ္ထုတို
Tuesday, May 7, 2013
ဗိုလ်မှူးကြီးအတွက် စာမလာ သတင်းမကြား
ဗိုလ်မှူးကြီးဟာ ကော်ဖီဗူးအဖုံး ဖွင့်ကြည့်လိုက်တော့ ဗူးထဲ ကော်ဖီတဇွန်းစာလောက်ပဲကျန်တာ တွေ့လိုက်ရတယ်။ သူဟာ ရေနွေးအိုးကို မီးဖိုပေါ်က မ,ယူပြီး ရေတဝက်လောက်ကို မြေသားကြမ်းခင်းပေါ် သွန်ပစ်လိုက်တယ်။ စောစော ကကော်ဖီဗူးရဲ့အတွင်းပိုင်းကို ဓားကလေးတချောင်းနဲ့ချစ်ထုတ်လို့
Labels:
ဝတ္ထုတို
Saturday, May 4, 2013
ရွာကလေးရဲ့ ပြဿနာ (မောင်လှဝင်း - မြင်းခြံ)
ဒါဟာ တကယ့်အဖြစ်တော့ တကယ့်အဖြစ်အပျက်အမှန်ပါပဲ။
ရွာနာမည်တော့ မပြောတော့ပါဘူး။ အောက်ဗမာပြည်က ရွာလေးတရွာပဲ ဆိုကြပါစို့။ ရွာကလေးက လှပါတယ်။ တောင် ကမူလေးတခုပေါ်မှာ ရွာကလေးက တည်ရှိပါတယ်။ ဒီရွာကလေးမှာ အိမ်တွေဆိုတာကလည်း သီးပင်စားပင်လေးတွေနဲ့ စိမ်းစိမ်းစိုလို့။ တောင်ကမူ ရွာကလေးကနေ အောက်ဖက်ကို

Monday, August 20, 2012
Philadelphia စမ်းသပ်ချက် (အပိုင်း … ၁၂)
အခန်း (၁၂)
အေးဂျင့် Miller ဆီမှာ မေးခွန်း နောက်တခု ရှိနေပါသေးတယ်။
“Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုကို ကျနော် စဉ်းစား လို့ မရဘူး ဖြစ်နေတယ်။ ဘာလဲဆိုတော့ ကိုယ်ပျောက်လူတွေနဲ့ ပျောက်ကွယ်သွားတဲ့ သင်္ဘောကြီးအကြောင်းပဲ။ ဒီကိစ္စ နှစ်ရပ်အကြားမှာ

Subscribe to:
Posts (Atom)