Showing posts with label ဆွေးနွေးချက်. Show all posts
Showing posts with label ဆွေးနွေးချက်. Show all posts

Saturday, August 30, 2014

သီတဂူဆရာတော်ကြီးရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ကို တိုက်ရိုက်ပြောကြားခဲ့တဲ့ မိန့်ခွန်းအား ပြန်လည်ထောက်ပြ လျှောက်ထားချက်များ (Aung Kyaw Moe)

သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၁)

အခုတလော နာမည်ကြီးနေတဲ့ သီတဂူဆရာတော်ကြီးရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ကို တိုက်ရိုက်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို အင်္ဂလိပ်လို လေ့လာဖတ်ရှုခဲ့ပါတယ်။ http://thesitagu.org/index.php/news-info/announcement/444-2014-08-22-04-15-23

သီတဂူဆရာတော်ကြီးကို မေးမြန်းလျှောက်ထားချင်တဲ့ အချက်ကလေးတွေကို တွေ့ရပါတယ်။

((Therefore every religion has full responsibility for the removal of fear which is sticking on the mind of people. But, on the contrary, it is regrettable that a fearful religion and its followers emerged in the world.))

ဒီနေရာမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘာသာတရားတခုနဲ့ သူ့ရဲ့ နောက်လိုက်တွေ ကိုးကွယ်ယုံကြည်သူတွေလို့ အကုန်လုံးကို သိမ်းကျုံးပြီး ပြောသွားပါတယ်။ ဘယ်ဘာသာတရားကို ရည်ညွှန်းတယ်ဆိုတာ အောက်ဖက်မှာ ပါလာပါတယ်။ တပည့်တော် မေးချင်တာကတော့ ဒီလို အားလုံးကိုခြုံပြီး Hasty Generalization လုပ်သင့်ပါသလား အရှင်ဘုရား။ ဒီလိုလုပ်ခြင်းဟာရော အမုန်းပိုပွားစေမဲ့ အမုန်းစကား Hate Speech တခု ဖြစ်တယ်ဆိုတာ

Thursday, September 26, 2013

တောင်ကြီးညီလာခံ၌ ခင်မမမျိုး တင်ပြချက်

(ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ)

ယခုဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားကြသော ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တက်ရောက် လေ့လာကြသော လူကြီးမင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး၊ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း