Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

Monday, April 21, 2014

UNFC သို့ အိတ်ဖွင့်ပေးစာအမှတ် (၂)


တွဲထားသောလက်များ ခိုင်မြဲစွာ ဆုပ်ကိုင်ထားကြ

UNFC နှင့် NCCT ခေါင်းဆောင်များခင်ဗျား။

ကျွန်ုပ်တို့ဒီမိုကရေစီအရေးနှင့် အမျိုးသားများတန်းတူရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဖော်ကိုင်ဖက်များက UNFC နှင့် NCCT ခေါင်းဆောင်များတို့ဟာ တိုတောင်းတဲ့အချိန်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ပတ်သက်လို့ ယနေ့ လက်ရှိအခြေအနေအထိ မယိမ်းမယိုင် တည့်မတ်စွာ စွမ်းဆောင်လာနိုင်တဲ့အပေါ် အထူးဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူမိ ပါကြောင်း ဦးစွာဖော်ပြလိုပါတယ်။

ကျွန်ုပ်တို့လုပ်ဖော်ကိုင်ဖက်များကနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လ (၉) ရက်နေ့က

Tuesday, March 11, 2014

UNFC သို့ အိတ်ဖွင့်ပေးစာ

UNFC နှင့် NCCT ခေါင်းဆောင်များခင်ဗျား။ ဆုပ်မိတဲ့ ဓားရိုးကို လက်မလွတ်စေနဲ့ဲ့ဲ့ လို့ ဦးစွာအားပေးလိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်များဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးအရ တန်းတူရည်တူ တိုင်ပင်ဆွေးနွေး အပေးအယူ လုပ်ကြပြီး ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်အရ အမျိုးသားများ တန်းတူရည်တူ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ အခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်ခဲ့လို့ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို အမိအရ ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့်

Sunday, October 20, 2013

အကာကွယ်မဲ့နေတဲ့ မြိုင်ကလေး အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက အလုပ်သမားများ အခြေအနေ

“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျနော်တို့ စက်ရုံမှာ စက်ပြင်ကာလကို တလခွဲလောက် မနက် ၇း၀၀ နာရီမှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃ မှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ်။ ဒါပေမယ့် SP မှာ စက်ရပ်ထားတာ ကြာတာကြောင့် အေးခဲနေတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။ မြင်အောင်ပြော ရရင်

Saturday, August 24, 2013

ဘော့လုံးပွဲကိုအနာလုပ်နေသူတွေ

(အဝေးကပေးစာတစောင်)
၂၀၁၃ခု၊ သြဂုတ် ၂၃

ကိုဟိုဒင်းရေ ...

ဟိုတလောကဖြစ်ခဲ့တဲ့ မြို့တော်နေပြည်တော် (အရင်ကတော့ မြို့တော်ရန်ကုန်လို့ဆိုလိုက်ရင် ပစပ်ထဲမှာရော၊ နားထဲမှာ ရောရှောရှောရှူရှူနဲ့ဗျ။ အခုဟာကြီးကတော့ မထိုက်တန်လို့လားမသိဘူး တော်နှစ်တော်နဲ့ထောင့်လိုက်တာနော်) ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာဖြစ်ခဲ့တဲ့ ဘော့လုံးပွဲရန်ဖြစ်မှုကြီးကို ဧရာမအရေးကိစ္စကြီးအဖြစ်နဲ့ တဆိတ်ကိုတအိတ်လုပ် နေကြတာကို

Sunday, July 14, 2013

ဆိတ်ဖွားကော်မရှင်ဇာတ်သိမ်းခြင်း (ရေးသူ - ယာတောကသာဗျော)

(အဝေးကပေးစာတစောင်)

ကိုဟိုဒင်းရေ …

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ရဲ့ လုပ်ငန်းလည်း အပြီးသတ်တော့ ဝှီးဖတ် ပါပဲလားဗျ။

ကော်မရှင်ကြီး ပေါ်ထွက်လာကာစတုန်းကတော့ ဟေ့… ငါတို့ လွှတ်တော်ကို ထိရင် ဓားကြည့် ဆိုသလို အမောက် တထောင်ထောင်၊ ရန်စွယ် တငေါငေါနဲ့ “ငါ့ အကြောင်း သိစေမယ်” ဆိုပြီး အကြီးအကျယ် ကြုံးဝါး ထွက်လာတာဗျ။ ဒါပေမဲ့ အခုတော့ သူတို့လည်း ဗိုလ်သိန်းစိန်အစိုးရ လက်ထက် အလျှိုလျှို ပေါ်ခဲ့တဲ့ ကော်မရှင်တကာထဲက ကော်မရှင်တခုလိုပဲ