Showing posts with label myanmar military. Show all posts
Showing posts with label myanmar military. Show all posts

Thursday, October 2, 2014

ဒီကနေ့ မနက် ကျိုက်မရောအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

၂၇ စက်တင်ဘာ ၂၀၁၄

မြန်မာအစိုးရ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကြား မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး

Monday, September 29, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့အောင်ပွဲ (အပိုင်း ၆)

29 September 2014 | အောင်တင်ထွန်း | နေ့သစ်

“မင်းရန်အောင်” ပထမအဆင့် စစ်ဆင်ရေးမှာ မိမိတို့စခန်းအချို့ လက်လွတ်ဆုံးရှုံးရမှုအတွက် ထိုးတက်လာတဲ့ ရန်သူရဲ့ တန်ပြန်တော်လှန်ရေး မာန်စွယ်ကိုလဲ ရိုက်ချိုးလိုက်နိုင်ခဲ့တယ်။ အောင်ပွဲအချို့နဲ့ယစ်မူးနေတဲ့ ကစထ မှူး ဗိုလ်ချုပ်ထွန်းရီ ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်လှဦး (၇၇) တပ်မမှူး ဗိုလ်မှူးကြီးချစ်ဆွေ စတဲ့ တပ်မှူးကြီးများအားလုံး တုန်လှုပ်သွားကြတယ်။ မူလက ဒုတိယအဆင့် ထိုးစစ်အတွက် ပြင်ဆင်ထားမှုအား

Sunday, September 28, 2014

ဒီကနေ့ထိ ကျိုက်မရောနယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

28 Sept 2014

ဒီကနေ့ စက်တင်ဘာ ၂၈ ရက် ၊ မွန်းလွဲ ၃ နာရီလောက်ကစပြီး ကျိုက်မရောမြို့နယ်အတွင်းမှာ DKBA တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲဖြစ်နေလို့ ဗိုလ်မှူးစောဆန်းအောင် က အတည်ပြုပြောကြားပါတယ်။ နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရသေးပါ။

စက်တင်ဘာ ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရွှေဝါပြောင်ရွာအနီးမှာ မနက် ၅ နာရီမှ ၁၀ နာရီအထိ ဒီကေဘီအေတပ်ဖွဲ့နှင့် မြန်မာအစိုးရစစ်ကြောင်း ၅ ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာအစိုးရစစ်တပ်ဘက်က

မြဝတီမြို့အခြေအနေမှာ စက်တင်ဘာလ ၂၈

ဒီကနေ့ မနက် မြဝတီမြို့အခြေအနေမှာ ဈေးဆိုင်တွေပြန်ဖွင့်နေပြီး အသွားအလာ ပုံမှန်အခြေအနေ ပြန်ဖြစ်နေပြီ ဖြစ်တယ်။

မနေ့က ည ၇ နာရီလောက်မှာတော့ KNU\KNLA (PC) ဗိုလ်တိုက်ဂါးတပ်ဖွဲ့ရဲ့ သောင်ရင်းမြစ်ကမ်းဘေးက ဂိတ်ကို နယ်ခြားစောင့် BGF တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူ

Friday, September 26, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့အောင်ပွဲ (အပိုင်း ၅)

26 September 2014 | အောင်တင်ထွန်း | နေ့သစ်

မိမိတို့ရှေ့တန်းဦးစီးအဖွဲ့နဲ့ တိုက်ပွဲဝင်တပ်ဖွဲ့များ မန်ရှန်ဒေသတွင် (၂) ရက်ခန့်အနားယူပြီး တိုက်ပွဲနိဂုံးချုပ်များ လုပ်ဆောင်ခဲ့ပါတယ်။ ဗဟိုစစ်ကော်မရှင်ရဲ့ တာဝန်ပေးချက်အရ ဖေဖေါ်ဝါရီ (၃) ရက်နေ့မှာ မော်ဖါ စစ်ဆင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ထွက်ခွာခဲ့ကြပါတယ်။

ဒီတိုက်ပွဲကြီးရဲ့ အဓိကအတွေ့အကြုံနဲ့

Wednesday, September 24, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့အောင်ပွဲ (အပိုင်း ၄)

24 September 2014 | အောင်တင်ထွန်း | နေ့သစ်

  ၂၉ ရက်နေ့ညနေပိုင်း မန်ပတ်ရွာဘေးက ကွက်လပ်ကြီးမှာ တိုက်ပွဲဝင်တပ်ဖွဲ့များကို ရှေ့တန်းဦးစီးအဖွဲ့မှ နိုင်ငံရေးမှူး ရဲဘော်အုန်းကြည်က နိုင်ငံရေးလှုံ့ဆော်မှုနဲ့ ပိုင်းဖြတ်ချက်စတဲ့ တပ်ထွက်မိန့်ခွန်း ပေးပါတယ်။ နိုင်ငံရေးမှူးရဲ့ အားပါလှတဲ့ တပ်ထွက်မိန့်ခွန်းပေးနေတဲ့ အလွန်တက်ကြွဖွယ်မြင်ကွင်းဟာ မိမိတသက်မှာ မေ့လောက်စရာမရှိအောင် စိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။

၂၉ ရက်ညနေ ၁၈.၀၀ နာရီရောက်ချိန်မှာ မိမိတို့ရဲ့ တပ်ဖွဲ့များမန်ပတ်မှ အနောက်ဖက်တောတန်းများဆီသို့ ချီတက်ဝင်ရောက်သွားကြပါတယ်။

အလားတူ ဖြတ်တောက်ရေး ပိတ်ဆို့ရေး အရံတပ်စုဖွဲ့မှုတာဝန်ကို ထမ်းဆောင်မဲ့ မိမိတို့ရဲ့ (၄၀၄၈) တပ်ဖွဲ့၊ ခရိုင်တပ်ဖွဲ့နဲ့ လက်နက်ကိုင်ပြည်သူစစ်များကို ၀တောင်ခရိုင် အတွင်းရေးမှူး ရဲဘော်တာရှီဂန်က တပ်ထွက်မိန့်ခွန်းပေး နိုင်ငံရေးလှုံ့ဆော်မှုပြုလုပ်ပြီး တာဝန်ကျရာ

Friday, September 19, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့အောင်ပွဲ (အပိုင်း ၃)

17 September 2014 | အောင်တင်ထွန်း | နေ့သစ်

တိုက်ပွဲစီမံကိန်း။

  တိုက်နည်းသဏ္ဌာန်အမျိုးမျိုးတို့ကို အပြန်ပြန်အလှန်လှန် စူးစမ်းလေ့လာပြီးနောက် တိုက်ပွဲစီမံကိန်းကို ချမှတ်ခဲ့တယ်။

တိုက်ပွဲဟာ (က) အမြန်အဆုံးသတ်ရမယ်။

 (ခ) ချေမှုန်းရေးစစ်ဖြစ်ရမယ်။ ဆိုတဲ့ တိုက်ပွဲလမ်းညွှန်ချက်ကို တိတိကျကျ ညွှန်ကြားခဲ့တယ်။

 (၁) ပထမအဆင့်အနေနဲ့- ရဲဘော် အိုက်ကျုံးရဲ့ (၅၀၃) တပ်ဖွဲ့-ခြေလျှင်တပ်ခွဲ (၃) ခွဲဟာမိမိတို့ရဲ့အမြောက် တပ်ဖွဲ့ (၂) ရဲ့ မီးအားအကာအကွယ်အောက်မှာ ရန်သူရဲ့အမှတ် (၁) တောင်ကုန်း (ဗိုလ်ကြီးညိုဝင်းမြင့်-တပ်ခွဲအခြေပြုနေရာ) ကို အချိန်တိုအတွင်း သိမ်းပိုက်ရန် ၎င်းနောက် (က) အမှတ် (၂) မီးအားအဖွဲ့ဟာသိမ်းပိုက် ရရှိထားတဲ့အမှတ် (၁) ကုန်းပေါ်သို့အမြန်ရွှေ့ပြောင်းပြီး (၅၀၁) တပ်ဖွဲ့နဲ့ (၃၀၃၅) တပ်ဖွဲ့တို့ရဲ့အမှတ် (၆) နဲ့ အမှတ် (၇) စခန်းများ (ရန်သူစစ်ကြောင်းရုံးများတည်ရှိရာ) ကို သိမ်းပိုက်ရေးအတွက် မီးအားပစ်ကူပေးရန်။
 (ခ) အမှတ် (၁) စခန်းကိုရပြီးနောက် (၅၀၃) ရဲ့ခွဲ (၂) ခွဲဟာ

Wednesday, September 17, 2014

ဗုံးတွေဆက်တိုက်တွေ့နေတဲ့ မြဝတီမြို့


16 September 2014 | နေ့သစ်

ကရင်ပြည်နယ် မြဝတီမြို့ မြို့နယ်တရားရုံးရှေ့ လက်ဘက်ရည်ဆိုင်မှာ ဒီကနေ့မနက် ၉ နာရီလောက်က ဆွဲခြင်းတခုထဲထည့်ထားတဲ့ ချိန်ကိုက်ဗုံးတလုံး ထပ်မံတွေ့ရှိတယ်လို့ သိရှိရတယ်။

အဆိုပါတွေ့ရှိတဲ့ ဗုံးကို

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့အောင်ပွဲ (အပိုင်း ၂)

17 September 2014 | အောင်တင်ထွန်း | နေ့သစ်

“မင်းရန်အောင်” စစ်ဆင်ရေးရဲ့ ပထမဆင့် ပြီးဆုံးပြီလို့ သတ်မှတ်ပြီး ဇန်န၀ါရီ (၇) ရက်နေ့မှစလို့ ဒုတိယအဆင့် စစ်ဆင်ရေးကို စတင်ဖို့ ပြင်ဆင်လာခဲ့တယ်။

  မိမိတို့ရဲ့စစ်ဦးစီးအဖွဲ့ဟာ ရောက်ရှိနေတဲ့ အခြေအနေအဖက်ဖက်ကို သုံးသပ်ပြီး ရန်သူရဲ့ ဒုတိယခြေလှမ်းကို ရိုက်ချိုးဖို့ ပြင်ဆင်ခဲ့တယ်။

  မိမိတို့ရဲ့ မော်ဖါဒေသနဲ့ ပန်မာကောက်ဒေသတွေကို သိမ်းပိုက်ရရှိသွားတဲ့အတွက် တက်ကြွနေတဲ့ ရန်သူရဲ့ တန်ပြန်တော်လှန်ရေးမာန်စွယ်ကို ရိုက်ချိုးပြစ်ဖို့ စစ်ဆင်ရေးကာလအစပိုင်းမှာ မလွှဲမရှောင်သာရောက်ရှိနေတဲ့ အတိုင်းအတာတခုအထိ လက်ဦးမှုမဲ့နေတဲ့ အနေအထားကို ပြောင်းလဲပစ်ဖို့ မိမိတို့ရဲ့တပ်ဖွဲ့များနဲ့ ပြည်သူတွေရဲ့တိုက်စိတ်ခိုက်စိတ်ကို မြှင့်တင်ဖို့အတွက် ရှေ့တန်းဦးစီးအဖွဲ့မှ စစ်မျက်နှာ
တခုလုံးရှိ ရန် ငါ (၂) ဖက် အခြေအနေတခုလုံးကို ခွဲခြမ်းစိတ်ဖြာပြီး ချေမှုန်းရေး တိုက်ပွဲကြီးတပွဲအတွက်

Sunday, August 24, 2014

ငြိမ်းချမ်းရေးခရီး နဲ့ တော်လှန်ရေး ရဲ့ခေါင်း နဲ့ ကိုယ် (ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)

    အရပ်သားတပိုင်းစစ်တပိုင်းအစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတာကိုအားလုံးအသိပါ။ ငြိမ်းချမ်းရေးလုပ်တာကို ကျနော်တို့ကြိုဆိုရမှာပဲ။ ငြိမ်းချမ်းရေးဟာ ဗမာပြည်အတွက် အရေးကြီးဆုံးလိုအပ်ချက်ပါ။ ဒါပေမယ့် ရိုးသားဖို့လိုတယ်။ စေတနာမှန်ဖို့လိုတယ်။ အရပ်သားတပိုင်း စစ်တပိုင်းအစိုးရပီသစွာ၊ ငြိမ်းချမ်းရေးတဖက် စစ်ပွဲတဖက်လုပ်နေတဲ့ လုပ်ရပ်ကိုတော့ ကန့်ကွက်ရပါလိမ့်မယ်။ ဒီနေ့ဖြစ်နေပုံက လူရှေ့သူရှေ့မှာ

Friday, August 22, 2014

ကောလာဟာလ

တပည့်မ သက်နှင်းသုန္ဒရီက သူ့ဖေ့စ်ဘုတ်မှာ "မြစ်ဆုံနေရာ သဲသောင်ပေါက်ပေါက်သည့် သောင်ပေါ်တဲတွေဆောက် မုဆိုးမတဲအောက် ခေါင်းလောင်းရောက်" ဆိုတဲ့ တဘောင်ကို အကြောင်းပြပြီး နိုင်ငံရေးတဘောင်လို ဖွနေကြတဲ့ကိစ္စ ပြစ်တင်ရှုတ်ချ ထားတဲ့ စတေးဒတ်လေးဖတ်ရလို့ ဒီအကြောင်းလေး ရေးချင်စိတ်ပေါက်ရလာတာပါ။

၁၉၉၉-လောက် သာယာဝတီထောင်ထဲမှာ ရှိနေတုန်းက ကောလာဟာလတခုကို အမှတ်ရနေသေးတယ်။ ထောင်ဆိုတာက အပြင်က သတင်းတွေကို အင်မတန်ကြားချင်ကြတဲ့နေရာလေ။ အဓိကကတော့ လွတ်ချင်ကြလို့ပါ။ ဒီတော့ အာဏာပိုင်ကလဲ ဒီအကြောကို သိတယ်။ လူတွေ စိတ်ဝင်စားမည့် သတင်းမျိုး တခုပြီးတခု ထောင်ထဲထည့်တော့တာပဲ။ ဒီတော့ထောင်ထဲက သတင်းဟာ ထောင်ဝင်စာကနေ အပြင်လောကရောက် ထောင်ပြင်ကလူတွေကပြောကြ၊ ဆိုကြ။ ကောလာဟာလထဲ နစ်မြောနေတုန်း

Thursday, July 31, 2014

၄၃ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့ “ကျွန်းအတိတ်အရိပ်ပမာ”

စစ်အာဏာရှင် ဗိုလ်နေဝင်း လက်ထက်မှာ နိုင်ငံရေးနဲ့ပတ်သက်သူတွေကို ကိုကိုးကျွန်းကိုပို့ ကျွန်းမှာပဲအပြီးထားဖို့ လုပ်ခဲ့တယ်။ ၁၉၇၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျွန်းပို့တဲ့စနစ်ဖျက်သိမ်းရေးအတွက် အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်ခဲ့တဲ့အတွက် နိုင်ငံရေးသမား ၈ ဦး ကျဆုံးခဲ့ရပါတယ်။ နောက်ဆုံးမှာ အာဏာရှင်ဘက်က ကျွန်းစနစ်ဖျက်သိမ်းပေးလိုက်ရတဲ့အထိ အောင်ပွဲရခဲ့တယ်။ ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့အထိမ်းအမှတ်အနေနဲ့ ဒေါင်းအိုးဝေ စာစောင်မှာ ဆရာဦတင့်ဇော် ရေးခဲ့တဲ့ “ကျွန်းအတိတ်အရိပ်ပမာ” သမိုင်းပုံရိပ်များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
.....................

ကျွန်းအတိတ်အရိပ်ပမာ … အပိုင်း (၁)

ကမ်းတက် ရေယာဉ်သည် ကမ်းခြေဆီသို့ တဖြည်းဖြည်းချဉ်းကပ်နေ၏။ ကျောက်ဆောင်ပေါများသော ကမ်းခြေဖြစ်သဖြင့် ရေယာဉ်မှူး ဗိုလ်မှူးနှင့်ရေယာဉ် အမှုထမ်းအရာရှိ အကြပ်တပ်သားတို့မှာ သတိကြီးစွာထားကာ မောင်းနှင်နေရသည်။ တုံးတိတိနိုင်လှသော ရေယာဉ်၏ဦးဖျားတွင် တပ်သားနှစ်ယောက်တို့သည် ရေနက်တိုင်းပေကြိုး တခွေဖြင့် အလှုပ်ရှုပ်နေကြ၏။ သူတို့သည်

Friday, March 25, 2011

စကခ (၅) လက်အောက်ခံ တပ်ဖွဲ့ ချောဆွဲ


စကခ (၅) လက်အောက်ခံတပ်ရင်း ၃၇၁ ဟာမဲနတာခီး ရေတံလျှောက်ဂိတ်မှ လာသမျှခရီး သည် ဈေးသည်နဲ့ ယာဉ်တွေ ကိုအတင်းအဓမ္မလိုက်လံ ချောဆွဲနေတယ်လို့ဒီကနေ့ သိရှိရပါတယ်။