ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်းကို တိုကျိုမှာအနည်းအကျဉ်းတွေရတယ်လို့ ဂျပန်အစိုးရက မတ်လ ၁၉ ရက် စနေနေ့ နှောင်းပိုင်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီပမာဏပါဝင်တဲ့ရေကို သောက်သုံးလည်းဘာမှ မဖြစ်ဘူးလို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက တိုချိဂိ၊ ဂွန်းမ၊ နီးအိဂါ့တာ၊ ဖူကူရှီးမား၊ စိုင်းတမာ့၊ ချီးဘား တို့မှာလည်း အလားတူတွေ့ ရတယ်လို့ ပြောပါတယ်။ တိုကျိုမှာ တွေ့ရတဲ့ပမာဏဟာ 1.5 becquerels ရှိ တယ်လို့ဆိုပါတယ်။
ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီက ရေ တကီလိုဂရမ်မှာ becquerel ၃၀၀ ပါဝင်လို့ရှိရင် သောက်သုံးဖို့ မသင့်တဲ့ရေလို့ ဆိုပါတယ်။
ဒီအတောအတွင်း ညူကလီယားပျံ့နှံ့မှုကြောင့် စိုးရိမ်စိတ်တွေဖြစ်ပြီး တိုကျိုကနေ အိုဆာကာဘက်ကို တိမ်းရှောင်တဲ့ ဂျပန်တွေလည်းရှိတာမို့ အိုဆာကာမှာဆိုရင် ဟိုတယ်တွေအခန်းပြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုကျိုမီးသတ်ဦးစီးဌာနဟာ စနေနေ့ည သန်းခေါင်ချိန်မှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုဆက် လုပ်ခဲ့ရာ တနင်္ဂ နွေ မနက် ၃း၄၀ နာရီအထိ လုပ်ခဲ့ကြပါတယ်။ အပူလွန်နေတာတွေကို လျော့ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါ တယ်။
နံပတ် ၄ ဓာတ်ပေါင်းဖိုကိုလည်း ကိုယ်ပိုင်ကာကွယ်ရေးတပ်က အလားတူရေပက်ဖျန်းမှုတွေလုပ်ဖို့ စီစဉ်နေပြီလို့ သိရပါ တယ်။
နံပတ် ၆ ဓာတ်ပေါင်းဖိုအတွက် လျှပ်စစ်ဓာတ်အားပြန်ရပြီဖြစ်လို့ အအေးပေးစနစ်ပြန်ပြီး အလုပ်လုပ်နေပြီလို့ TEPCO က ပြောပါတယ်။
နံပတ် ၁ နဲ့ နံပတ် ၂ ဓာတ်ပေါင်းဖိုအတွက် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိဖို့ လုပ်ဆောင်နေပြီး တနင်္ဂနွေ နေ့အနှောင်း ပိုင်းလောက်မှာ ပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဓာတ်ပေါင်းဖိုတွေအတွက် အအေးပေးတဲ့စနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ပြီဆိုရင် အပူလွန်မှုကြောင့် ညူကလီယား လောင်စာတောင့်တွေဆီကနေ ရေဒီယိုဓာတ်သတ္တိကြွမှုထွက်တာတွေ လျော့နည်းသွားနိုင်ပါတယ်။
ကျော်ကျော်စိုး
၈း၅၀ နာရီ
မတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

No comments:
Post a Comment