Sunday, March 20, 2011
တိုကျို မီးသတ်တပ်ဖွဲ့ ဓါတ်ပေါင်းဖို့ နံပါတ် (၃) ကို ရေပက်ဖျန်းမယ်
ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို
ဓာတ်သတ္တိကြွမှုပမာဏကို တိုင်းတာကြည့်တဲ့ အခါ သိသိသာသာကျဆင်းသွားတာမျိုးမရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖိုအနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့အခြေအနေကနေ အင်အားကောင်းတဲ့ မီးသတ်ပိုက်တွေ လက်လှမ်းမီတဲ့နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ်ဆိုတာက ဓာတ်သတ္တိကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည်သင်တာ ခံရနိုင်တာတောင် စွန့်စားပြီးသွားရောက်တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။
ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်းလက်ငင်း ထိခိုက်ရလောက်တဲ့ အခြေအနေမျိုးမဟုတ်ဘူးလို့ ပြောပါ တယ်။ ဂျပန်ဆရာဝန်တဦးကတော့ အနုမြူဓာတ်ရောင်ခြည်သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်းဖြစ်စေတာမ ဟုတ် နှစ်နဲ့ချီကြာမှ ကင်ဆာလိုရောဂါမျိုးတွေနဲ့ ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။
ဒီအတောအတွင်း ဂျပန်အစိုးရ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို စားကုန်သောက်ကုန်အားလုံးကို ဓာတ်ရောင်ခြည်သင့် မသင့်ဆိုတာကို စစ်ဆေးမှုလုပ်ကြရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုမျိုးအမိန့်ထုတ် တယ်ဆိုတာဟာ ပထမဦးဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ဖူကူရှီးမားခရိုင်မှာ လူတသောင်းလောက်ကို ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေ ကို စတင်လုပ်နေပြီလို့ သိရပါတယ်။
ဒီကနေ့မှာ ဓာတ်ပေါင်းဖိုတွေကို မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့ တဲ့အတွက် ရေဒီယို ဓာတ်သ တ္တိ ကြွမှုနဲ့ပတ် သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာရတဲ့ပုံရှိပါတယ်။ ဒါပေမဲ့လည်း တချို့သော ကွန်ဗီးနီးယင့်စ်စတိုးတွေ မှာ စားစရာတွေထားတဲ့ စင်တွေ ပြောင်သလင်းခါဖြစ်နေတာတွေက တချို့လူတွေရဲ့စိတ်ထဲမှာ လာမယ့်ရက်တွေမှာ ဘာ တွေဖြစ်မလဲဆိုတာ မှန်းဆလို့မရနိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေ တယ်ဆိုတာကိုလည်း တွက်ဆလို့ရပါတယ်။
ရုပ်မြင်သံကြား အစီအစဉ်တွေဟာလည်း တခြားသတင်းတွေနဲ့ အစီအစဉ်တွေကို အနည်းငယ်ပိုပြီး ထုတ်လွှင့်လာတာကို တွေ့ရသလို၊ လမ်းသွားလမ်းလာတွေလည်း အရင်နေ့တွေကထက်စာရင် ပိုများပြားလာတာကို သတိထားမိပါတယ်။
ဂျပန်လူမျိုးတွေရဲ့အသည်းစွဲ ဘေ့စ်ဘောကစားပွဲတွေ မတ်လ ၂၅ ရက်မှာ ပြန်စဖို့အစီအစဉ်ကို လွန်ခဲ့တဲ့ရက်တွေက ရွှေ့ဆိုင်းမယ်ဆိုပြီးပြောဆိုဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့ညနေမှာ မူလအစီအစဉ်အတိုင်းပြန်စမယ်လို့ ပြောပါတယ်။ ကစားသ မားတချို့ကတော့ ကန့်ကွက်မှုတွေရှိနေပါတယ်။
လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် တိုကျိုဆင်ခြေဖုံးနဲ့ ကန်တို ဧရိယာ လူနေရပ်ကွက်တွေမှာ လျှပ်စစ်မီးအလှည့် ကျ ဖြတ်တောက်တာတွေရှိပေမဲ့ တချို့နေရာတွေ မပြတ်ပဲရှိတာ၊ ရထားပြေးဆွဲမှုတွေ တိုးတက်ကောင်းမွန်လာတာတွေ က အခြေအနေတွေ နည်းနည်းချင်းအကောင်းဘက်ကို ပြလာတဲ့သဘော ဖြစ်ပါတယ်။
မတ်လ ၁၉ ရက် စနေနေ့ မနက် ၀ နာရီ ၃၀ မိနစ် (၁၈ ရက် ညသန်းခေါင်ကျော်) အဲန်အိပ်ခ်ျကေ သတင်းမှာ တိုကျို မီး သတ်တပ်ဖွဲ့ဟာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၀ နာရီ ၃၀ မိနစ်မှာ ရေပက်ဖျန်းတာတွေကိုလုပ်မယ်လို့ ကြေညာသွားပါ တယ်။
ကျော်ကျော်စိုး
ဝး၄၆ နာရီ
မတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ်
Subscribe to:
Post Comments (Atom)



No comments:
Post a Comment