Sunday, March 20, 2011
ဖူကူရှီးမားခရိုင်ထွက် နွားနို့ နဲ့ အီဘားရားကိခရိုင်ထွက် မုန်ညင်းစိမ်းတို့ကို မစားသုံးဖို့ တားမြစ်
ဖူကူရှီးမားခရိုင်ထွက် နွားနို့၊ အီဘားရားကိခရိုင်ထွက် ဟိုးရင်းဆို Horenso (မုန်ညင်းစိမ်းအနုစား လို့ပြောလို့ရ ပါတယ်) တို့ကိုစစ်ဆေးကြည့်တော့ စားသုံးရန်သင့်သောအရာမဟုတ်ဟု
စစ်ဆေးတွေ့ရှိသော ကြောင့် ရောင်းချခြင်းမပြုရန် တားမြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ (အစိုးရအဖွဲ့အတွင်းဝန်ချုပ်) ယုကိအို အဲဒါ့နိုက ၁၆း၁၀ နာရီ သတင်း စာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာသွားသည်။
ဒါကြောင့် ၀ယ်ယူစားသုံးသူများ အနေဖြင့် ဘယ်နေရာကထွက်သလဲဆိုတာကို သေသေချာချာစစ်ဆေးပြီးမှ ၀ယ်ယူကြ ရန် သတိပေးပါတယ်။
ကျော်ကျော်စိုး
၁၆း၂၀ နာရီ
မတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment