Tuesday, March 15, 2011
အဲဒီနေ့က အာရုံလာပုံအကြောင်း
အချစ် အလွမ်း အဆွေး
ကဗျာရေးမလား
အာရုံ မလာဘူး …။
ကြမ်းမယ် ရမ်းမယ်
ပြီးရင် … လွမ်းကြမယ်
အာရုံ မလာဘူး …။
ဟေ့လူ …
ခင်ဗျားဗျာ …
ဟိုမှာ မိန်းမနဲ့ ခလေး ကြောက်ပြီးသေတော့မယ်
ကဗျာရေးနေနိုင်သေးတယ်…
ငါ့ကို …ငါက ငေါက်ငမ်း
ငါက …. ငါ့ကို
အာရုံ မလာဘူး …။
ယုံပါ …..
အာရုံ မလာတဲ့အကြောင်း ပြောရရင်
တထောင့်တည ပုံပြင် ရှုံးသွားလိမ့်မယ်…။
ငလျင်လှုပ်မယ်
ဆူနာမီလှိုင်းတွေလာမယ်
ကြိုတင်ကာကွယ်မရနိုင်သော
သဘာဝဘေးအန္တရာယ် က
ဘ၀တွေကို
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်
အဖြစ်အပျက်တွေက
အာရုံတွေ မလာနိုင်အောင်
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်
ဖြိုတယ် ဖျက်တယ် သေတယ် သတ်တယ်
အဲဒီနောက်မှာ ….
အာရုံ အလာဆုံး ကိစ္စ
ဘုရားသခင်ကို အင်တာဗျူးဘို့ပဲဗျ …။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment