နော်အုန်းလှ လား
ဒေါ်အုန်းလှ လို့ ခေါ်ရမလား
ကိုကိုးကျွန်းများရှိရင်
ခင်ဗျားက
ဓားတောင်ကိုကျော်
မီးပင်လယ်ဖြတ်အုန်းမှာ။
လက်ပန်တောင်းကို
ခေါင်းအုံးမှတ်ထင်၊ ရင်ခွင်ပိုက်
ဒါကြောင့်လည်း
ခင်ဗျားကို မိုက်တယ်ပြောတာပေါ့
အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။
ဆူးလေတ၀ိုက်က
ခိုတွေ
ငိုနေတယ် နော်အုန်းလှ
အစာမဲ့သူတွေက
ထောင်ဝ ပျံဝဲတယ်
လွမ်းသူတွေက
အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။
နော်အုန်းလှ
တောင်ပြူတင်း
ထောင်အကျဉ်းက ပြုံးနေတာ
ကဗျာ ဖြစ်ပါတယ်။ ။
မောင်လွမ်းဏီ
၅ - ၉ ၂၀၁၃
(မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်စိုးက တရားလိုအဖြစ် တိုင်ကြားခဲ့ပြီး မြို့နယ်ရဲစခန်းမှ မှတ်ပုံတင်အမှတ် ၂၅၊ စာအမှတ် ၁၀/၂၀၁၃၊ ပြစ်မှု ပုဒ် မ ၅၀၅(ခ)၊ ပြစ်မှုကြီးအမှတ် ၉၅၅၃ ဖြင့် အမှုဖွင့်ခဲ့ကာ သြဂုတ် ၂၇ ရက်က နော်အုန်းလှ ကို မတရားထောင်ချခဲ့တယ်)
No comments:
Post a Comment