မူလမြေပိုင်ရှင်းတွေဖြစ်တဲ့ သင်္ဃန်းကျွန်း မိချောင်းကန်ရပ်ကွက် ပြည်သူတွေရဲ့ မြို့တော်ခန်းမရှေ့ ဆန္ဒပြသပိတ်စခန်းဖွင့် မြေပြန်ရရေး တောင်းဆိုခဲ့တာ ၄ ရက်မြောက်တဲ့ ဒီကနေ့မှာတော့ လွှတ်တော်အမတ်တချို့ လာရောက်ညှိနှိုင်းကာ အခုဖြစ်နေတဲ့ မြေယာပြသာနာကို လွှတ်တော်မှာ အထူးအစီအစဉ်တရပ်အနေနဲ့ တင်ပြဆွေးနွေးပေးပါ့မယ်ဆိုတဲ့ ဂတိနဲ့ သပိတ်စခန်းကို ရုပ်သိမ်းပေးလိုက်ကြပါတယ်။
မြို့တော်ခန်းမရှေ့ သပိတ်စခန်းရုပ်သိမ်းပေးလိုက်တဲ့ အခြေအနေကို သပိတ်စခန်းမှာ ပါဝင်သူတဦးဖြစ်တဲ့ မနေနွယ်သန်းက ခုလို့ ပြောပြပါတယ်။
“အောင်မြင်တယ်ဆိုတာ အပြတ်အောင်မြင်တာ မဟုတ်သေးပါဘူး။ ဒီနေ့ လယ်ယာမြေနဲ့ အခြားမြေများကော်မရှင် ကိုလ်စားလှယ်နှစ်ဦး ဦးခင်မောင်ရီနှင့် ဦးအောင်သိန်းလင်း တို့နှင့် တွေ့ဆုံးဆွေးနွေးပွဲမှာ လွတ်တော်ကိုယ်စားလှယ် နှစ်ဦးလုံးက မိကျောင်းကန်ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခအား ဦးစားပေးဖြေရှင်းပေးမည်ဖြစ်ပြီး လွတ်တော်တွင် အထူးအစီစဉ်တရပ်အနေဖြင့် ဆောင်ရွတ်သွားမှာဖြစ်ကြောင်း၊ ယခုဖြစ်နေတဲ့ မိကျောင်းကန်နဲ့ အစိုးရကြား အကောင်းဆုံးဖြစ်အောင် ဆောင်ရွတ်ပေးမယ်လို့ ဂတိပြုခဲ့ပါတယ်။
ဦးခင်မောင်ရီကလည်း သူတို့ပြုခဲ့သော ဂတိက၀တ် ဖောက်ဖျက်ပါက ဒီက ပြည်သူတွေ နေပြည်တော်အထိ လာခဲ့ဖို့ပါ အာမခံဂတိပေးပါတယ်။ ထို့နောက် ပြည်သူများနှင့်တွေ့ဆုံးစဉ် မိကျောင်ကန်ပြည်သူတွေကို သူတို့ဘက်မှ ဂတိဝတ်ဖောက်ဖျက်မိပါက မိကျောင်းကန်ပြည်တွေအနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြဖို့ မလိုဘဲ လွတ်တော်ကိုယ်စားများကိုယ်တိုင် မိကျောင်းကန်ပြည်သူတွေအတွက် လမ်းပေါ်တက် ဆန္ဒပြမည်ဖြစ်တယ်လို့ ပြည်သူတွေရှေ့တွင် ပြေားကြားသွားခဲ့ပါတယ်”
မိကျောင်းကန်ပြည်သူတွေရဲ့ ပြောင်းရွေ့ပေးခဲ့ရစဉ် ခံစားခဲ့ရသော အခက်အခဲများကို လက်တွေ့တွေ့မြင်ရသည်ဖြစ်သောကြောင့် အထူးအစီစဉ်တရပ်အနေဖြင့် ဆောင်ရွတ်ပေးမယ်လို့လဲ ပြောသွားခဲ့ပါတယ်”
ယခု သပိတ်စခန်း ပိတ်ပြီး အိမ်ပြန်ဖို့ ပြည်သူအယောက် ၆၀၀ ကျော်ကို သယ်ယူပို့ဆောင်ရေးအတွက် လွတ်တော်ကိုယ်စားလှယ်များက ကား ၁၀ စီး စီစဉ်ပေးခဲ့ပါတယ်။
မိကျောင်းကန် ပြည်သူများ မြေကိစ္စကို လွှတော်တင်ဆွေးနွေးမယ်ဆိုတာမှာ အချိန်အကန့်အသတ်ရှိလား၊ အချိန်တွေကြာမြင့်ပြီး တာဝန်ရှိသူတွေဘက်က ဂတိဖေါက်ဖျက်ခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ ...
“ဟုတ်ကဲ့ ညီမတို့မေးပါတယ်။ အချိန်ကန့်သက်မှုကို သူတို့ဘက်က လွတ်တော်ကို မနေ့ တနေ့ မှာ တင်ပြမယ်။ အဲဒီမှာ တင်ပြဆွေးမယ်လို့လဲ ပြောပါတယ်။ ဒီဘက်က လိုအပ်တဲ့ စာရွတ်စာတမ်းတွေကိုလဲ ထက်ဖြည့်ဖို့ ပြောပါတယ်။ အတိအကျကတော့ လွတ်တော်ကိုယ်စားလှယ်တွေ စည်းမျဉ်းအရ သေချာပြောလို့မရပါဘူးတဲ့ သူတို့ ဂတိပေးတာကို ယုံကြည်ပေးပါလို့ ပြေားသွားပါတယ်။
ညီမတို့ဘက်လဲ အချိန် အကန့်သက် တခုအထိပဲစောင့်မယ်လို့ ပြန်ပြေားထားပါတယ် တကယ်လို့ သူတို့ဘက်က ပြေလည်အောင်ဖြေရှင်းမှု မလုပ်ပေးဘဲ ဂတိဖျက်မယ်ဆိုရင် ဒီ့ထက်ပိုဆိုးတဲ့ အင်းအားကိုသုံးမယ်။ နေပြည်တော် လွတ်တော်ရှေ့မှာ သပိတ်စခန်းဖွင့်မယ်လို့ ပြေားခဲ့ပါတယ်။ သူတို့ ပြောတာ လက်ခံလောက်တယ်ဆိုပေမယ့် အတိအကျ အောင်မြင်တာမဟုတ်တဲ့အတွက် သူတို့ လွတ်တော်မှာ ဆွေးနွေးတဲ့ရလဒ်နဲ့ အာဏာပိုင်တွေ ထုတ်ပြန်မယ့်ကိစ္စကို စောင့်ကြည့်ပြီး လုပ်ရမှာပါ၊ ဒီဘက်ကတော့ ပြည်သူရှေ့ ဂတိလာပေးတာကို လက်ခံပေးတဲ့အတွက် တပ်ခေါက်လိုက်တယ်ဆိုပေမယ့် ဂတိဖျက်ရင် ဒီ့ထက်ပိုအားကောင်းတဲ့ တောင်းဆိုမှုအရှိန်ကို မြှင့်သွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်”
လွန်ခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကစလို့ ၄ ရက်ကြာ မိုးထဲ ရေထဲ ပူလိုက် အေးလိုက်နဲ့ ရာသီဥတုဒဏ်ကို ခံစားခဲ့ကြရတဲ့ မိကျောင်းကန်က ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ သူတို့ရဲ့ စိတ်ဓါတ်ရေးအခြေအနေကို မေးမြန်းကြည့်ရာမှာတော့ ...
“ကျန်းမာရေးကတော့ သက်ကြီးရွယ်အိုတွေပါတာကြောင့် သွေးတိုး၊ ဆီးချိုဖြစ်တာ ကိုက်ခဲတာ မူမော်တာတွေတော့ ဖြစ်ကြတယ်။ ဒါပင်မဲ့ ညီမတို့အားလုံး အစဉ်သင့်လုပ်ထားပါတယ်။
စိတ်ဓာတ်အခြေနေကတော့ ပြောစရာတောင် မလိုလောက်အောင်ပါဘဲ။ သူတို့အတွက် တိုက်လာတာ နှစ်နှစ် ပြည့်တေ့မှာပါ။ တော်ရုံတိုက်ပွဲလောက်က သူတို့ ခံနိုင်ရည်ရှိကြပါတယ် အခု ၄ ရက်မြောက် ဖြစ်တာတောင် လူအင်အားလျော့သွားခြင်း မရှိဘူးအားလုံး ညီကြတယ်။
စည်းကမ်းလဲရှိတယ် ရှေ့က ဒါဆို ဒါပဲ၊ ဒါကြောင့်လဲ ဒီအချိန်ထိ တိုက်နိုင်တာ”
အခုလို ခွင့်ပြုချက်မရဘဲ ဆန္ဒပြ သပိတ်စခန်းဖွင့်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က ဖမ်းဆီး မရေးယူတာတွေ လုပ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတော့ ...
“ဟုတ်ကဲ့ ဒီက လူတွေကို ပုဒ်မတွေမတတ်အောင် သူတို့ကူမယ် တကယ်လို့ ပုဒ်မတက်အရေးယူတာရှိရင် သူတို့ဆီချက်ချင်း ဖုန်းဆက်ပြီး အကြောင်းကြားပေးပါတဲ့
ညီမတို့ဆွေးနွေးတဲ့နေရာမှာ အဓိက အစပိုင်းက ဂတိပေး အာမခံပေးတာက ဦးခင်မောင်ရီ ပါ
နောက် ဦးအောင်သိန်းလင်းကပါ ဂတိပေးပါတယ်ဆိုပြီး နှစ်ယောက်လုံး သဘေားတူပြီး ညီမတို့ကို ဂတိပေးတာ ဖြစ်ပါတယ်”
၁၉၉၁ ခုနှစ်တုန်းက သင်္ဃန်းကျွန်း မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မှ မူလမြေပိုင်ရှင်တွေဆီက စစ်တပ်မှ အတင်းအဓမ္မ သိမ်းထားတဲ့ မြေကွက်တွေ ပြန်လည်ရရှိရေးကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ (၇) ကြိမ်တိုင် ဆန္ဒပြခဲ့ပေမယ့် တာဝန်ရှိသူဘက်က တစုံတရာ ဖြေရှင်းပေးခဲ့ခြင်း မရှိတဲ့အတွက် အခုလို သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရတာဖြစ်ကြောင်း တောင်းဆိုနေသူတွေ ပြောပြချက်အရ သိရှိရပါတယ်။
No comments:
Post a Comment