Showing posts with label ဂဠုန်တွေကို ရိုက်တဲ့ပွဲ. Show all posts
Showing posts with label ဂဠုန်တွေကို ရိုက်တဲ့ပွဲ. Show all posts

Wednesday, October 8, 2014

ဂဠုန်တွေကို ရိုက်တဲ့ပွဲ

ကျနော် အသက် ၁၉ နှစ်လောက်တုံးက လူက သိပ်တက်နေတာ။ သွေးက သိပ်ဆူသပေါ့။ မဟုတ်မခံ။ လက်ကလည်း မြန်တယ်။ အမေတို့ အမတို့ ဆိုရင် တဟဲ့ဟဲ့နဲ့ ရင်တမမ။ အဘိဓမ္မာကလည်း ရှင်းရှင်းပဲ။ မတရားမှုဆိုရင် လက်ပိုက်ကြည့် မနေနဲ့ ပြန်ဆော်ပစ်။

မဆလ အာဏာပိုင်တွေက ကန့်ကော်တန်း ဈေးလေးကို ဖျက်သိမ်း လိုက်တဲ့အခါမှာ မတရားမှုအတွက် တိုက်ပွဲဝင်ဖို့ အကြောင်း ဖန်လာတော့သဗျို့။ ဘဝမှာ ပထမဆုံး လက်နက်ကိုင် တော်လှန်ရေး လို့တောင် ဆိုနိုင်လား ဆိုနိုင်ရဲ့။ ကန့်ကော်တန်းဈေး ဆိုတာက တောင်ဥက္ကလာ ၁၆ ရပ်ကွက်တွင် တည်ရှိတယ်။

ဈေးကြီးကို ကျနော်တို့ မိကျောင်းကန်၊ ၁၆ရပ်ကွက် နဲ့ (ဈ) တောင် ရပ်ကွက် သုံးရပ်ကွက်က လူထုတွေက အများဆုံး ဝယ်ကြတယ်။ ဈေးသည်တွေကလည်း တခြားသူတွေ မဟုတ်ဘူး။ ဒီရပ်ကွက် သုံးရပ်ကွက်က လူတွေပဲ။ ကန့်ကော်ပင် တန်းကြီးတွေကို အစွဲပြုပြီး ကန့်ကော်တန်းဈေးလို့ ခေါ်တယ်။ ဧရာမ ကန့်ကော်ပင် တန်းကြီးတွေ။ ဈေးက နေရာလည်းကျယ်၊ မြေလည်းကောင်း၊ ဈေးရုံတွေနဲ့ သပ်သပ်ယပ်ယပ် ရှိတယ်။ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ ဆိုတော့ ဈေးသည်တွေနဲ့ လူထုတွေလည်း ရင်းနှီးကြတယ်။ ကျနော် ငယ်ငယ်က ကျောင်းပိတ်တဲ့ ရက်တွေမှာ ဈေးကိုသွားရင်