 |
| ဓါတ်ပုံ .. ကိုညို |
အဆိုတော် မွန်းအောင်ဟာ ၁၉၈၁-၈၂ ကစပြီး ခေတ်ပေါ်တေးလောကမှာ ထင်ရှားတဲ့ အဆိုတော်တယောက် ဖြစ်လာ ပြီး ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် သူရဲ့ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ကာ ကျောင်းသားတပ်မတော်ထဲ ၀င်ရောက်ခဲ့သူ ဖြစ်တယ်။ ပြည်တွင်းမှာ သူ့တကိုယ်တော်သီချင်းခွေ ၄ ခွေ၊ ပြည်ပမှာ ၂ ခွေ ထုတ်ဝေဖြန်ချိခဲ့တယ်။ ပြီး ခဲ့တဲ့ မေလ တလလုံး အပတ်စဉ်စနေနေ့တိုင်း (တတိယအပတ်မှလွဲပြီး) နော်ဝေးနိုင်ငံ အော်စလိုမြို့ ပါလီမန် အဆောက် အဦရှေ့မှာ အဆိုတော် ကိုမွန်းအောင်နဲ့ သူ့မိတ်ဆွေတွေဟာ မြန်မာ့နိုင်ငံရေးအဖြစ်မှန်ကို နော်ဝေးပြည်သူများသိရှိရေးနဲ့ သမ္မတ ဦးသိန်းစိန်ကို ၂၀၁၃ ခု နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းထားမှုကနေ နောက်ထပ် စကာတင်အ ဆင့်ထိ နာမည်မတက်လာဖို့ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကို လက်မှတ်ထိုးတောင်းဆိုမှု ကင်ပိန်းတခုကို လုပ်ခဲ့ ကြတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အဆိုတော် မွန်းအောင်နဲ့ မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။
မေး… အခုလှုပ်ရှားမှုဟာ ဘယ်လောက်ထိရောက်မှုရှိတယ်လို့ မြင်သလဲ
ဖြေ… ဘယ်လောက် ထိရောက်တယ်ဆိုတာ အတိုင်းအတာအရ ပြောရခက်သည့်တိုင်အောင် ကျနော့အနေနဲ့ ဘာကို ယူသလဲဆိုတော့ လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါဟာ လူစုလူဝေးနဲ့ဆန္ဒပြတာမျိုးမဟုတ်တော့ လူများများမလိုဘူး၊ ဦးသိန်းစိန် နိုဘယ်လ်ဆုနဲ့ မထိုက်တန်ဘူးဆိုတာ