Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Tuesday, December 10, 2013

သပိတ်စခန်းကို သွားရောက်အားပေးခဲ့တဲ့ မိုးသီးဇွန် နှင့် ...


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာများ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြသူတွေကို ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) လက်အောက်ခံ တပ်စည်ပင် ဝန်ထမ်းကဒ်ပြားတွေ ချိတ်ဆွဲထားပြီး ဝေ့စကုတ်အနက်ဝတ် နံပတ်ဒုတ်ကိုင် လူအုပ်စုက ဝင်ရောက်အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့တာကြောင့် ဆန္ဒပြသူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီ သပိတ်စခန်းကို ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်း မိုးသီးဇွန် မှ ဒီဇင်ဘာလ ၈ ရက်နေ့က ဆန္ဒပြနေသူတွေကို သွားရောက်အားပေးခဲ့တဲ့အတွက်

Monday, October 21, 2013

ယုံကြည်ချင်စရာမရှိတဲ့ ဗုံး သတင်းစာရှင်းပွဲ

အစိုးရက ဗြောက်အိုးဖောက်တာ မကြိုက်ဘူး၊ ဗုံးဖောက်တာကိုပဲ ကြိုက်တယ်၊ ယုံကြည်ချင်စရာမရှိတဲ့ ဗုံး သတင်းစာရှင်းပွဲ၊ KNU မှာ တာဝန်ရှိတယ်လို့ ပြောတဲ့ KNU ကိုယ်စားလှယ်၊ ဗုံးကိုအကြောင်းပြ တပ်နေရာတွေတိုးချ

နိုင်ငံအနှံ့ ဗုံးပေါက်ကွဲခြင်း၊ ဗုံး သတင်းစာရှင်းလင်းပွဲ ကျင်းပပုံတွေနဲ့ပတ်သက်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှုးချုပ် တီမိုသီကို ရွှေဟင်္သာက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ (၂၀ အောက်တိုဘာ ၂၀၁၃)

မေး။ အစိုးရ သတင်းစာရှင်းပွဲအပေါ် မေးခွန်းထုတ်လိုတာက

Tuesday, May 28, 2013

“ဒီနေရာမှာရပ်နေမှာမဟုတ်ဘူး” (ကိုမွန်းအောင်နဲ့ စကားပြောကြည့်ခြင်း)

ဓါတ်ပုံ .. ကိုညို
အဆိုတော် မွန်းအောင်ဟာ ၁၉၈၁-၈၂ ကစပြီး ခေတ်ပေါ်တေးလောကမှာ ထင်ရှားတဲ့ အဆိုတော်တယောက် ဖြစ်လာ ပြီး ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် သူရဲ့ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ကာ ကျောင်းသားတပ်မတော်ထဲ ၀င်ရောက်ခဲ့သူ ဖြစ်တယ်။ ပြည်တွင်းမှာ သူ့တကိုယ်တော်သီချင်းခွေ ၄ ခွေ၊ ပြည်ပမှာ ၂ ခွေ ထုတ်ဝေဖြန်ချိခဲ့တယ်။ ပြီး ခဲ့တဲ့ မေလ တလလုံး အပတ်စဉ်စနေနေ့တိုင်း (တတိယအပတ်မှလွဲပြီး) နော်ဝေးနိုင်ငံ အော်စလိုမြို့ ပါလီမန် အဆောက် အဦရှေ့မှာ အဆိုတော် ကိုမွန်းအောင်နဲ့ သူ့မိတ်ဆွေတွေဟာ မြန်မာ့နိုင်ငံရေးအဖြစ်မှန်ကို နော်ဝေးပြည်သူများသိရှိရေးနဲ့ သမ္မတ ဦးသိန်းစိန်ကို ၂၀၁၃ ခု နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းထားမှုကနေ နောက်ထပ် စကာတင်အ ဆင့်ထိ နာမည်မတက်လာဖို့ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကို လက်မှတ်ထိုးတောင်းဆိုမှု ကင်ပိန်းတခုကို လုပ်ခဲ့ ကြတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အဆိုတော် မွန်းအောင်နဲ့ မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

မေး… အခုလှုပ်ရှားမှုဟာ ဘယ်လောက်ထိရောက်မှုရှိတယ်လို့ မြင်သလဲ

ဖြေ… ဘယ်လောက် ထိရောက်တယ်ဆိုတာ အတိုင်းအတာအရ ပြောရခက်သည့်တိုင်အောင် ကျနော့အနေနဲ့ ဘာကို ယူသလဲဆိုတော့ လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါဟာ လူစုလူဝေးနဲ့ဆန္ဒပြတာမျိုးမဟုတ်တော့ လူများများမလိုဘူး၊ ဦးသိန်းစိန် နိုဘယ်လ်ဆုနဲ့ မထိုက်တန်ဘူးဆိုတာ