အောက်တွင်ဖော်ပြပါရှိသည့် စစ်ကိုင်းမြို့သား ရဲဘော်ကြီးများသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲတို့တွင် ပါဝင်ခဲ့ကြသူများဖြစ်သည့်အပြင် ဗမာပြည် အုပ်စိုးသူအဆက်ဆက်အား တဗိုလ်ကျ တဗိုလ်တက်၍ နောက်ဆုံးထွက်သက်အထိ အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြသည့် တိုင်းချစ်ပြည်ချစ် မျိုးချစ်တွေဖြစ်ကြတဲ့ ကွန်မြူနစ်တွေ ဖြစ်ကြပါသည်။
ထိုရဲဘော်ကြီးများထဲမှ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း
Showing posts with label ဖြတ်သန်းမှု. Show all posts

Wednesday, December 16, 2015
Sunday, August 18, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ - ၁၁
အပိုင်း (၂)
ခရစ်နှစ် ၂၀၀၇ ခုနှစ်။
အခန်း - ၁၂
ငါရပ်ဖို့ တနေရာသာ ပေးစမ်းပါ။
ကမ္ဘာကြီးကို ရွှေ့ပြမယ်။
(အာခိမိဒိ)
ခရစ်နှစ် ၂၀၀၇ ဇွန်လ။
သုံးနာရီ ခွဲတော့မည်။ ညနေ သုံးနာရီထွက်ရမည့်ရထားသည် အခုထက်တိုင် မထွက်သေး။ ဘာကြောင့် မထွက်သေးသည်ကို မသိရ။ ဘယ်သူကမှလည်း အရေးတယူ ကြေညာခြင်းမပြု။ ခရီးသည်တွေကလည်း နောက်ကျနေကျမို့သာ နောက်ကျသည်ဟု

Tuesday, August 6, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (၁၀)
တခြားသူတို့၏ လွတ်လပ်ခွင့်ကို ငြင်းပယ်သောသူများသည် သူတို့ကိုယ်တိုင် လွတ်လပ်မှုနှင့် မထိုက်တန်သောသူများ ဖြစ်သည်။
အေဘရာဟင် လင်ကင်း
၁၉၈၈ ခု သြဂုတ်လ။ ဧရာဝတီမြစ်ကမ်းဘေးရှိ နယ်မြို့လေးတမြို့။
စိုးအောင်နှင့် ယဉ်ပါးနေသော လူထုလှုပ်ရှားမှုမှာ သူ့နောက်သို့ လိုက်လာပြန်လေသည်။
သြဂုတ်လ ၈ ရက်နေ့တွင် သူတို့နယ်မြို့ကလေးသည် လှုပ်လှုပ်ရွရွဖြစ်နေသည်။ သို့သော် ဘယ်သူက စမည်ကို မသိသေး။ သူ့အရိပ်အခြေအနေ ကိုယ်ကကြည့်၊ ကိုယ့်အရိပ်အခြေအနေ သူကကြည့်နှင့် သြဂုတ်လ ၈ ရက်နေ့မှာ ဘာမှဖြစ်မလာဘဲ ကုန်လွန်သွားသည်။ သို့သော် မြို့တချို့တွင်မတော့ အရေးအခင်းတွေ

Labels:
8888,
ဖြတ်သန်းမှု,
ဆောင်းပါး
Sunday, August 4, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (၉)
အခန်း - ၁၀
မြင်းခွာတချက်ပေါက်ရင်
ဗမာတပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်။
(ကိုဗဟိန်း)
၁၉၈၈ ခု သြဂုတ်လ၊ နိုင်ငံတဝန်း အခြေအနေ။
သြဂုတ်လ ၉ ရက်တွင် တနိုင်ငံလုံးရှိ မြို့ကြီး ၄၀ ကျော်တွင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် တိုးပွားလာသည်။
ပဲခူး၊ သနပ္ပင်၊ ရေနံချောင်းတို့တွင် အရေးအခင်းအစပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ချောက်မြို့၊ ဘိတ်မြို့၊ အထက်မင်းလှမြို့တို့တွင်လည်း ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မော်လမြိုင်မြို့တွင်တော့ သြဂုတ်လ တတိယပတ်လောက်ကျမှ

Saturday, August 3, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (၈)
အခန်း - ၈
အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့လိုသနည်း၊
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။
(မင်းသုဝဏ်၊ သူ့မှာတမ်း)
စစ်ကိုင်းမြို့ပေါ်မှ လူပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ ပျောက်ကွယ်သွားကြသူတွေထဲတွင် မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင်ဟောင်း ဇော်မြင့်လည်း ပါသည်။ ထို့အပြင် ပြုံးလဲ့ယဉ်လည်း ပါလေသည်။ ပြုံးလဲ့ယဉ်သည် စစ်ကိုင်းမြို့မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။ သူဘယ်ရောက်သွားသည်ကို ဘယ်သူမှ မသိကြတော့။
အခန်း - ၉

Friday, August 2, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (၇)
ကြည်နူးမှုရဲ့ အရိပ်ဝယ်၊
နှစ်သိမ့်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ
အလွမ်းတွေ မပြေပါဘူးကွယ်၊
ကမ်းခြေဇေယျာဦးဝယ်။
(တေးရေး ကိုလှမိုး။ ကမ်းခြေဇေယျာဦး)
၁၉၈၈ ခု သြဂုတ်လဆန်း၊ စစ်ကိုင်းမြို့။
အေးစိမ့်သော ကျောက်စက်ရေတွေ မကြာခင်ကပင် ထည့်ထားခဲ့သည့် ဖလ်ခွက်တခွက်ထဲသို့ ကျိုက်ကျိုက်ဆူ လောင်မြိုက်သော ရေနွေးပူတွေ လောင်းချလိုက်သောအခါ ပို၍ ပြင်းထန်စွာ ပေါက်ကွဲဖို့ ဖြစ်လာလေသည်။ ပြုံးလဲ့ယဉ်၏အဖြစ်မှာ

Sunday, July 21, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (အပိုင်း ၆)
အခန်း ၆
အရိပ်တွေ တရိပ်ရိပ် ဝေးကျန်ရစ်ပေမဲ့
လမင်းကိုယ်နဲ့ အတူပါလာတယ်၊
မေ့မရနိုင်အောင်ပါပဲ။
(စောကွန့်မြူး။ ညအဆန်)
၁၉၈၈ ခုဇွန်လ
အညာမြို့လေးတမြို့။
သူသည် အထက်မြန်မာပြည် အညာဒေသရှိမြို့တမြို့တွင် ပုန်းအောင်းနေရသည်။ သူပုန်းအောင်းရာ မြို့ကလေးသည် မန္တလေး၊ စစ်ကိုင်းတို့အောက်ဘက် အရပ်တွင်ရှိသော ဧရာဝတီမြစ်ကမ်းဘေး မြို့ကလေးတမြို့ဖြစ်သည်။ ရဲနှင့် ထောက်လှမ်းရေးတို့သည် ရန်ကုန်တဖက်ကမ်း သံလျင်ရှိ သူ့အိမ်တွင် အခါခါ လာရောက်ရှာဖွေကြသည်။ ကျောင်းတွေ ပိတ်လိုက်ပြီ ဖြစ်သောကြောင့် အဆောင်တွင်လည်း ဆက်နေခွင့် မပြုတော့။ အဖေနှင့် အမေက သူ့ကို

Tuesday, July 16, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (အပိုင်း ၅)
အခန်း ၅
ရဲရင့် ကျောက်ခက်တို့ ပြိုနေဆဲ…
ငါ့အတွက် အဖြေရှာနေတုန်းပေါ့
တချို့တွေနေနိုင်လွန်းတယ်
(တေးရေးကိုနေဝင်း၊ နောက်ဆုံးအိပ်မက်)
သူတို့ ရင်ခုန်သံကို သူတို့ ပြန်ကြားနေရသည်။ ထိုအချိန်သည် သူတို့ကံကြမ္မာကို ဆုံးဖြတ်မည့် တခဏဖြစ်သည်။ လုံ ထိန်းတွေ စစ်သားတွေသည် ရေချိုးခန်းကို စေ့စေ့စပ်ရှာဖွေလျင် သူတို့ကို မိတော့မည်။ အကယ်၍ တံခါးကို ဝတ်ကျေ တန်းကျေသာ ဖွင့်ကြည့်ပြီး လှည့်ပြန်သွားလျင် သူတို့ လွတ်နိုင်သေးသည်။
မျက်နှာချင်းဆိုင်နံရံပေါ်တွင် မှန်ရှိသည်။ မှန်ထဲကနေ လှမ်းကြည့်လျင် ရေချိုးခန်းဝင်ပေါက်ကို မြင်ရသည်။ ဝင်ပေါက် ကနေ ထိုမှန်ကို ကြည့်လျင်လည်း သူတို့ကို မြင်ရမည်သာ။ သူတို့ စိတ်မလုံ။ ကိုယ်ကို တတ်နိုင်သမျှ ကြုံ့ထားကြသည်။ မလှုပ်ရဲကြ။ လှုပ်လျင် မျက်လုံးထောင့်ကမြင်ရစေဦးတော့

Tuesday, July 9, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (အပိုင်း ၃)
အခန်း ၃
မျက်ရည်စိုစို၊ တက္ကသိုလ်သည်
အငိုဇာတ်လမ်း ၊ ရင်နင့်ခန်းကို
ဆင့်ကမ်း ပြောပြပါလိမ့်မည်။
(အနှစ် (မန်းတက္ကသိုလ်)၊ မျက်ရည်စိုစို တက္ကသိုလ်)
၁၉၈၈ ခု မတ်လ ၁၆ ရက်
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမရှေ့သို့ စိုးအောင် ရောက်သွားချိန်တွင် သူ့မှာ ယောင်တောင်တောင် ဖြစ်နေသည်။ ချိန်းဆိုထားသော ဘွဲ့နှင်းသဘင်ရှေ့တွင် လူသိပ်မများသေး။ စစ်တပ်က ကျောင်းဝန်းကို ဝိုင်းထားပြီးဖြစ်သောကြောင့် ကျောင်းသားတွေ ချင့်ချိန်နေကြပုံရသည်။ စိုးအောင်ကိုယ်တိုင်လည်း စစ်သားတွေစောင့်နေသော

Friday, July 5, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (အပိုင်း ၂)
အခန်း ၂
ကြယ်တပွင့်ကြွေ
မြေသို့မကျ
ငါ့မျက်ရည်ပါးပြင်ဆင်း
မင်းမမြင်ရ။
(မောင်လူမှိန်၊ ဆိုက်ကို အလွမ်းဟောင်း)
အခုတော့ ပစ်ခတ်သံတွေ ငြိမ်သက်သွားခဲ့ချေပြီ။
ပစ်သောသူတို့က အားရအောင်ပစ်ခတ်ပြီးနောက် ကျော့ကျော့မော့မော့နှင့် ထွက်ခွာသွားကြသည်။ သူတို့ အဖို့မှာ အညောင်းညာပြေ လေ့ကျင့်ခန်းတခု လုပ်လိုက်ရသလို လွယ်လွန်းလှသည်။
ကျန်ရစ်သူတို့မှာကား သွေးအလိမ်းလိမ်း မျက်ရည်အလူးလူး။ လက်နက်အင်အား အပြည့်အစုံ တပ်ဆင်ထားသူတွေက

Thursday, July 4, 2013
ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (အပိုင်း ၁)
ခရစ်နှစ် ၁၉၈၈ ခုနှစ်
(အခန်း ၁)
အဓိကရုဏ်းဆိုတာ နားမပါတဲ့လူတွေကို နားကြားလာအောင် စကားပြောတဲ့နည်းဖြစ်တယ်။
(မာတင်လူသာကင်း ဂျူနီယာ)
၁၉၈၈ ခုမတ်လ ၁၃ ရက်။
ခြေသံတွေကို သူကြားနေသည်။ ပြေးလွှားနေသော ခြေသံတွေ။ အရေးတကြီး ပြေးလွှားနေသော ခြေသံတွေ။ လူတ ယောက် နှစ်ယောက်၏ ခြေသံမဟုတ်။ လူတွေ အများကြီး၏ ခြေသံတွေ။
ဘာတွေဖြစ်နေကြသနည်း။ မီးလောင်နေသလား။ ကမ္ဘာကြီးပျက်စီးလေပြီလား။ လူတွေ ဘာကြောင့်များ အရေးတကြီး

Wednesday, July 3, 2013
ရန်ကုန်ကို ကိုင်လှုပ်သော ထို (၇) ရက် (အပိုင်း ၂)
“အသက်ပေါင်းများစွာ စတေးထားပြီး ဖြစ်လို့ လက်လျော့လို့တော့ မဖြစ်ဘူး။ ဒါ့အပြင် ကျနော်တို့က အထက်စီး ရနေ တယ်လို့ ကျနော်တို့ ယုံကြည်ကြတယ်။ ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ကို ကိုယ်ချင်းစာပြီး အားပေးကြပါတယ်။ တက္ကသိုလ်အတွင်း ဆန္ဒပြပွဲတိုင်းလိုလို ထမင်းထုပ်တွေ၊ ငွေတွေ၊ ဆေးပေါ့လိပ်တွေ ပို့ပေးကြတယ်။ မဟုတ်မဟတ် အုပ်ချုပ်နေတဲ့ အစိုးရကို လူတွေက စိတ်ကုန်နေကြတယ်ဆိုတော့လဲ ကျနော်တို့ကို ဆက်လက်ဆန္ဒပြကြဖို့ အားပေး ကြတယ်။ ကြောက်စိတ်ဝင်ဖို့ နေနေသာသာ ဆန့်ကျင်လှုပ်ရှားမှုတွေမှာ လူထုက ပိုမိုအားပေးလာတယ်”
ရန်ကုန် တက္ကသိုလ် ပင်မ နယ်မြေ၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင် နယ်မြေ၊ ကြည့်မြင်တိုင် နယ်မြေ စသည့် ကျောင်းဝင်း လေးခု၊ ဆေး တက္ကသိုလ် ၂ ခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တို့အပြင် အထက်တန်းကျောင်းများနှင့်ပါ ဆက် သွယ်ရေး လုပ်ငန်းများကို
ရန်ကုန် တက္ကသိုလ် ပင်မ နယ်မြေ၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင် နယ်မြေ၊ ကြည့်မြင်တိုင် နယ်မြေ စသည့် ကျောင်းဝင်း လေးခု၊ ဆေး တက္ကသိုလ် ၂ ခု၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တို့အပြင် အထက်တန်းကျောင်းများနှင့်ပါ ဆက် သွယ်ရေး လုပ်ငန်းများကို
Labels:
8888,
ဖြတ်သန်းမှု,
ဆောင်းပါး
Monday, July 1, 2013
ရန်ကုန်ကို ကိုင်လှုပ်သော ထို (၇) ရက် (အပိုင်း ၁)
၁၉၈၈ ခု မတ်လ ဒုတိယအပတ်
ငိုက်မြည်းနေသော ရန်ကုန်မြို့တော်၌ ထူးထူးခြားခြားလက္ခဏာ တစုံတရာမျှ မတွေ့ရချေ။ ခရီးသည်များနှင့် ကြပ်သိပ် နေသော ဘတ်စ်ကားအိုတို့သည် လမ်းမကြီးများ တလျှောက် လေးတွဲ့စွာ သွားလာနေကြသည်။ ယိုးဒယား၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပါမကျန် အိမ်နီးချင်းနိုင်ငံများမှ ဝင်လာသော မှောင်ခိုပစ္စည်းမျိုးစုံရောင်းသည့် ဈေးများမှာ လည်း စည်ကားလျက်ရှိနေသည်။
နိုင်ငံ၏ ဘဏ္ဍာရေး လျာထားချက်ကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းဆွေးနွေးနိုင်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ ဗဟိုကော်မတီဝင်များ စည်းဝေးတိုင်ပင်၍ ကြိုတင်ပြင်ဆင်ခဲ့သည်။ အရွယ်အစားသေး၍ စိတ်ဝင်စားစရာ

Wednesday, June 5, 2013
၈၈ မျိုးဆက်တွေဖတ်ဖို့
သမိုင်းတွေဖတ်ခဲ့ဖူးသည်။ လွတ်လပ်ရေးအတွက် အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်တွေ အချင်းချင်း သတ်ကြဖြတ်ကြ၊
အာဏာရသွားတဲ့ နိုင်ငံရေးသမားတွေကလည်း လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းတွေကို ဖမ်းဆီးထောင်ချခဲ့ကြတာတွေ။
ငယ်ငယ်တုန်းကတော့ နားမလည်ခဲ့။ ဘာဖြစ်လို့ အချင်းချင်းတွေအပေါ်
ဒီလောက်ထိ လုပ်ခဲ့ကြတာလဲ လို့ … ဒါပေမဲ့ နိုင်ငံရေးအသက် (၂၅) နှစ်ကျော် ဖြတ်သန်းခဲ့အပြီးမှာတော့ အရာအားလုံးကို သဘောပေါက်စပြုလာတယ်။"ငွေ၊ အာဏာ၊ အန္တရာယ်များသော ကစားပွဲများ"
လူသတ်မှုကို ကျူးလွန်စေတဲ့ လုံလောက်သော အကြောင်းအရာများဖြစ်တယ် တဲ့။

Monday, May 6, 2013
မြွေလေး
ကျနော် တောထဲတုန်းက တိရစ္ဆာန်လေးတွေ မကြာခဏရတယ်။ မုဆိုးတွေနဲ့ ရဲဘော်တချို့က တောလိုက်ပြီး ပြန်လာကြ ရင် တောကြောင်၊ မျောက်တွေ ရလေ့ရှိတယ်။ တခါတလေ တောကြောင်ပေါက်တွေ၊ မျောက်လေးတွေပါ ရလာတတ် တယ်။ ကျနော်ကလဲ ငယ်ငယ်ကထည်းက
Labels:
8888,
မိုးသီးဇွန်,
ဖြတ်သန်းမှု,
အက်ဆေး,
အမှတ်တရ
Friday, September 28, 2012
သူပုန်ကျောင်းသားဘ၀ (၁)
ခြေလှမ်းတွေနှေးခဲ့ရတယ်
ကျနော်တို့ ဘာကြောင့်လက်နက်ကိုင်ခဲ့ကြပါသလဲ မိမိကိုယ်မိမိ ပြန်မေးကြည့်တယ်။ လူငယ်တို့ သဘာဝ လဘက်ရည် ဆိုင်ထိုင်ပြီး ကြိုက်နှစ်သက်ရာသီချင်းလေးကို နားထောင်ချင်သူတွေ။ အချစ်အကြောင်းတွေကို အပေါင်းအသင်းများနဲ့ ထပ်ကာတလဲလဲပြောပြီး ဘ၀ကိုငြိမ်းချမ်း စွာကျော်ဖြတ်လိုသူတွေပါ။ ခုတော့ တခါမျှမစဉ်းစားမိခဲ့တဲ့ သူပုန်ဘ၀ကို ရောက်ခဲ့ကြရတယ်။ တကယ်ဆိုရင် ကျနော်တို့ရဲ့ဘ၀တွေဟာ ကဗျာလှလှတွေကိုသီ

absdf,
ဖြတ်သန်းမှု,
ဆောင်းပါး
Subscribe to:
Posts (Atom)