Showing posts with label absdf(w). Show all posts
Showing posts with label absdf(w). Show all posts

Tuesday, June 11, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (နိဂုံးပိုင်း)

ကျနော်တို့ ထောင်ထဲရောက်တော့ ဖတ်စရာဆိုလို့ အောင်သန့်မင်း(ဂိုင်စီ)ဆီက အဖုံးတွေပြုတ်ပြီး စာရွက်တွေ ကြေမွတွန့်ခေါက်နေတဲ့ အင်္ဂလိပ်ဂရမ်မာ စာအုပ်အဟောင်းတအုပ် ဖတ်ရတယ်။ စာအုပ်တအုပ်လုံး လွတ်နေတဲ့ ကွက်လပ်တွေမှာ မြန်မာသီချင်းတွေ အများကြီး ရေးထားတယ်။ ပုံနှိပ်စာလုံးတွေ လွတ်နေတဲ့ အပေါ်ပိုင်းနဲ့

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၂၁)

ပြူတင်းပေါက် မရှိ၊ တံခါး မရှိတဲ့ အဆောက်အဦကြီးတခု။ နံရံကြီးတွေနဲ့ တိုင်လုံးကြီးတွေက စကျင်ကျောက်တွေနဲ့ဆောက်ထားသလို ဖွေးဖွေးဖြူနေတယ်။ မှန်တွေနဲ့ အမိုးလုပ်ထားပြီး အလင်းရောင်က စူးစူးဝါးဝါး ရနေတယ်။ တနေရာမှာ တစုံတခုကို လူတွေ စုပြုံတိုးဝှေ့ကြည့်နေတယ်။ ကျနော်လည်း အဲဒီလူတွေကြားတိုးဝင်ပြီး အလယ်က

Saturday, June 1, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၂ဝ)


အင်ဖားထောင်ထဲက ဘဝ

“ပါလီ.. ပါလီ.. ပါလီ”

နံနက် နေရောင်နဲ့အတူ စူးစူးဝါးဝါး အော်လိုက်တဲ့အသံကြောင့် အဆောင်အသီးသီးက အကျဉ်းသားတွေ ကမန်းကတန်း နဲ့ပဲ ကသဲ မယ်တော်ကြီး နတ်ကွန်းနားက မြေကြီးတွေနဲ့ ပေကျံမဲညစ်နေတဲ့ အဝတ်စုတ်အပိုင်းအစတွေကို အလုအယက်

Saturday, May 25, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၁၉)

“မင်းက ဘယ်ကလဲ”
“ဗမာပြည်က”
“မင်းက သူခိုးပဲ”
“ကျနော် သူခိုးမဟုတ်ဘူး၊ တော်လှန်ရေးသမား”
“မင်းဟာ ငါတို့နိုင်ငံကို ခိုးပြီးဝင်လာတာဖြစ်တယ်၊ အဲဒီတော့ သူခိုးပဲ”
“ခိုးဝင်လာတာ မဟုတ်ဘူး၊ ရာဂျစ်ဂန္ဒီ်ခေါ်လို့လာတာ

Thursday, May 16, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၈)

“ဘယ်လိုထင်ထင်ဖြစ်တယ်လေ ××× ထာဝစဉ်မှန်ကန်တဲ့တရားမရှိနိုင်ပါ…. ×× တချပ်မှောက်တဲ့ ကစားကွက်များ ××× အဖြေဟာဝိုင်းသိမ်းတော့မှတွေ့မှာပါ××

ငါဟာ မတည်ငြိမ်မိုးတိမ်ပဲ ×× ဂျစ်ပစီတွေလို ×× မရပ်မနားခရီးနှင်နေ ×× ဘယ်လိုနေထိုင်မှာလဲ ဘ၀ဆိုတာ ×× ပြဇတ်တပုဒ်ပါပဲ ×××

အဆိုတော်သန်းနိုင်ဆိုထားပြီးတေးရေးဆရာ ၀င်းမင်းထွေးရဲ့ ဂျစ်ပစီမိုးတိမ် သီချင်းလေးဟာ ကျနော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က ညည်းဆိုနေကျ

Sunday, May 12, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၇

“ပြောက်ကျား အနုပညာ” 

လပေါင်းများစွာ ဒီမျက်နှာ၊ ဒီမြင်ကွင်း၊ ဒီထမင်း ဒီဟင်းနဲ့ ဒီလေ့ကျင့်ခန်း၊ ဒီစခန်းထဲ အနေကြာလာတော့ ကျနော်တို့တတွေ ငြီးငွေ့နေပြီ၊ တယောက်နဲ့တယောက်လည်း ဟိုလူ့ကို ကြည့်မရ၊ ဒီလူက ဘာဖြစ်တယ် ဒီခေါင်းဆောင်က မျက်နှာလိုက်တယ်၊ အုပ်စုမွေးနေတယ်ဆိုတာတွေနဲ့ မတည့်အတူနေတွေ ဖြစ်ကုန်ပြီ။ ပြဿနာဖြစ်ရင်လည်း အစည်းအဝေးနဲ့ မီးဖိုချောင်က များတယ်။ အစည်းအဝေးတခုပြီးသွားရင် တယောက်နဲ့တယောက် မခေါ်နိုင် မပြောနိုင်

Monday, May 6, 2013

သိန်းစိန် ခါးပတ်ပေါ်က ဆုတံဆိပ်များ သို့သော် လူထုကတော့ နင်းပြားကနင်းပြား


(ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း အပြည့်အစုံ၊ အိမ့်သံစဉ် စုစည်းတင်ပြ)

သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြားတဲ့ ရေဒီယို မိန့် ခွန်းဖြစ်ပါတယ်။ အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည်ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီ အစဉ်များမှ

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား အပိုင်း(၈)



“ကျနော်ဟာ ခင်ဗျားတို့လို တက္ကသိုလ်ပညာလည်းမသင်ဖူးဘူး၊ ဆင်းရဲတယ်။ လေးတန်းအထိပဲ ကျောင်းတက်ဖူးတယ်၊ သူများအိမ်က ကျွဲ နွား၊ ဆိတ်တွေကျောင်းပြီး အိမ်အတွက်ဝင်ငွေရှာခဲ့ရတယ်။ ငယ်ငယ်ကထဲက သူများလို၊ အဝတ်အ စားကောင်းကောင်းမဝတ်ခဲ့ရဘူး၊ ဟင်းကောင်းကောင်းမစားရဘူး၊ အမိုးလုံတဲ့အိမ်နဲ့

သူတို့ခေါ်တော့ဒုက္ခသည်၊ကိုယ့်ကိုယ်ကိုတော့တော်လှန်ရေးသမား (၁၂)


“ဟ ဟ ဟာ ဒါ မိုးရေးဘက်သွားတဲ့လမ်းမဟုတ်ဖူးဗျ..လမ်းလွှဲသွားပြီ ဟာ ဒါ နယူးစန်းသာ ဘက်သွားတာဗျ ကျနော် ကောင်းကောင်းမှတ်မိတယ်”

အိုး အကာအလုံအုပ်ထားတဲ့ထရပ်ကား တာလပတ်မိုးကာရဲ့ တထွာကျော်ကျော်ပြဲနေတဲ့ အပေါက်ကနေ အပြင်ဘက်ကို တောက်လျှောက်ကြည့်လာတဲ့ ကလေးမြို့က ၀င်းကို ရဲ့အသံကြောင့် ကားပေါ်မှာအတွေးကိုစီနဲ့ ငြိမ်ငြိမ်လေးပါလာတဲ့ ကျနော်တို့ အားလုံး တုန်လှုပ်သွားတယ်။

“သူတို့ပြောတော့ မိုးရေးကို ပို့ပေးမယ်ဆို” “ဘယ်လိုဖြစ်တာလဲ ဒီကောင်တွေညာခေါ်လာပြီ”

ပူညံပူညံတယောက်တပေါက်ပြောနေကြပြီ။ မူလက မိုးရေးက ကျနော်တို့ခေါင်းဆောင်တွေဆီပို့ပေးမယ်လို့ ကသဲတပ် ရင်းမှူးက ကတိပြုတဲ့အကြောင်း ကျနော်တို့ သိထားတယ်။ အခုဘယ်လိုဖြစ်တာလဲ?ဲ၊ ဘယ်ကိုပို့မှာလဲ?၊ ဘယ်ခေါ်သွား မှာလဲ? မေးခွန်းတွေနဲ့ အားလုံးဟာ မရေမရာတွေဖြစ်နေတယ်။

၁၉၈၉ ဧပြီလ၂၄ ရက်မှာ ကျနော်တို့အားလုံးကို အမိုးအလုံအုပ်ထားတဲ့ စစ်ထရပ်ကားကြီးနှစ်စီးပေါ် လူ ၈၀ ကျော်လောက်ကိုခွဲတင်ပြီး ကသဲစစ်သားလက်နက်ကိုင် လုံခြုံရေးကား၂စီးနဲ့ ညှပ်ခေါ်လာတာ။ အချိန်က ညနေ နေ၀င်ပြီးစပဲ။ လမ်းမှာ ကျနော်တို့ စခန်းကနေ ထွက်လည်နေကျ ရွာတွေရောက်တော့ လက်ထဲက “ဗမာကျောင်းသားတွေပါ၊ ကျနော် တို့ကို ကယ်ပါ၊ အမှတ်(၈) ရိုင်ဖယ်တပ်က ဗမာပြည်ကိုပြန်ပို့နေပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်စာရွက်အပိုင်းတွေ ပစ်ချခဲ့တယ်။

ပါလဲ လမ်းခွဲရောက်တော့ ခလေးငယ်တွေ ရေပက်နေတာ၊ ဆေးရောင်တွေပေကျံနေတာကို တာလပတ်မိုး ကာကြီးကြား ကနေ လှမ်းမြင်တော့မှ အော်.. ဒီနေ့ အိန္ဒိယသင်္ကြန်ကျနေပါလားလို့ သတိရလိုက်တယ်။ အိန္ဒိယသင်္ကြန်က ကျနော်တို့ ထက် တလပိုစောတယ်။ ဟိုလီပွဲလို့ခေါ်တယ်။ ကျင်းပတဲ့အဓိပ္ပါယ်ကလည်း မြန်မာနဲ့ သိပ်မကွာဘူး။ နွေဦးရာသီ သစ်ရွက်တွေအသစ်ထွက်ပြီး လယ်ယာလုပ်ငန်းခွင်တွေ အနားရတဲ့အချိန်လည်းဖြစ်တယ်။ ရောင်စုံပန်းတွေပွင့်တဲ့ ကာလ လည်းဖြစ်တယ်။ လှပနေတဲ့သဘာဝလောကကြီးကို ပမာထားပြီး ရောင်စုံဆေးမှုန့်တွေသုံးတာလို့ မှတ်သားဖူးတယ်။

သူများတွေ လွတ်လွတ်လပ်လပ်မြူးနေချိန် ကျနော်တို့ကတော့ ကိုယ့်အနာဂတ်ဘယ်ရောက်နေမှန်းမသိဖြစ်နေတာ။ မနက်ဖန် ဘာဖြစ်မလဲဆိုတာ တွေးတောင်မတွေးရဲဘူး။ အရာရာဟာ ဘာမှမသေချာဘူး။ ဘာအလှအပမှလည်း မခံစားနိုင်ဘူး။ ပတ်ဝန်းကျင်ကလည်းတဖြေးဖြေးအမှောင်ဘက်ကိုရောက်လာပြီ။ “ကားရပ်ခိုင်းပါ..ကားရပ်ခိုင်းပါ” ရုတ်တရက် မချိမဆန့်နဲ့ အော်လိုက်တဲ့ သက်ထွေး (ကာတွန်း-ဂျိုကာ) အသံကြောင့် ဘာဖြစ်တာလဲဆိုတဲ့ အကြည့်နဲ့ ဂျိုကာကို ၀ိုင်းကြည့်နေတယ်။ ဂျိုကာမျက်နှာ ရှုံ့မဲ့နေတယ်၊ ခါးကုန်းထားတယ်။ သူ့ဘေးကတယောက်ကပဲ ဖြေလိုက် တယ်။ “ချီးပါချင်လို့တဲ့” အားလုံးပြာသွားတယ်။ ကားဘော်ဒီကို တဒုန်းဒုန်းနဲ့ထုကြတယ်။ ကားသမားက ဘယ်ရပ်ပေးမ ပဲ။ ပိုတောင်မြန်လာသေးတယ်။ အရေးထဲမှာအရာပေါ်တဲ့ ဂျိုကာအဖြစ်ကို ကြည့်ပြီး ပြုံးရမလို မဲ့ရမလို ဖြစ်နေတယ်။ “ကဲကဲ ဂျွတ်ဂျွတ်အိပ်ရှိလားဟေ့” တယောက်ကမေးတယ်။ အာလူးတွေထုတ်ထားတဲ့ ဂျွတ်ဂျွတ်အိပ်တအိပ် ရသွားတော့ ဂျိုကာ ကိုကမ်းပြီး ကားဒေါင့်လေးမှာထိုင်ခိုင်းလိုက်တယ်။ အနားကလူတွေ အားလုံး နှာခေါင်းတွေပိတ်ပြီး တဖက်ကို မျက်နှာလွှဲထားကြတယ်။

“သေချာပြီ ဒါနယူးစန်းသာ သွားတဲ့ လမ်းခွဲ” တချိန်လုံး မျက်နှာကို မိုးကာအပြဲနဲ့အပ်ပြီး အပြင်လောကကို တောက် လျှောက်စူးစမ်းနေတဲ့ ၀င်းကို က ကောက်ချက်ချတယ်။

“ကျနော် ဒီဘက်နွားတွေမောင်းပြီးလာရောင်းဖူးတယ်၊ ဗမာပြည်နဲ့ နီးနီးလေးပဲ”

ဗမာပြည်ဆိုတာနဲ့ ကျနော်လည်းထပြီး ကားပေါ်ထိုင်ပြီးယိမ်းထိုးနေသူတွေကို ဟိုခွ ဒီကျော်ပြီး တာလပတ်အပြဲလေးက နေ အပြင်ကိုကြည့်လိုက်တော့ မီးတလက်လက်နဲ့ သွပ်မိုးအိမ်တချို့ကို လရောင်အောက်မှာတွေ့ရတယ်။ ရွာတရွာဖြတ် နေတာပဲ။ လရောင်အောက်မှာ သရပ်ပင်နဲ့ ကွမ်းသီးပင်၊ ပိန္နဲပင်တချို့တွေ့ရတယ်။ ဟုတ်တယ်၊ ဒီလိုအပင်တွေနဲ့ ကျေး ရွာအနေအထားက ကျနော်တို့ဘက်နဲ့ခတ်ဆင်ဆင်။ နောက်တော့သိပ်မကြာဘူး၊ ထရပ်ကားကြီး ဟိုယိမ်းဒီယိမ်းနဲ့ ရွာ ထဲဝင်လာတယ်။ တအောင့်လောက်မှာ ကားရပ်သွားတယ်။

“Come down, Come down, all..all” ကျနော်တို့ကား တာလဘတ်ကြီးလှန်ပြီး ကသဲအရာရှိတယောက်က ကားပေါ် က အားလုံးဆင်းဖို့ အော်ရင်း တခါးဖွင့်လိုက်တယ်။ ကျနော်တို့အားလုံး အထုပ်အပိုးကိုယ်စီနဲ့ ခုန်ဆင်းလိုက်ကြတယ်။ လရောင်အောက်မှာ မြင်ကွင်းကရှင်းနေတယ်။ အချိန်က ည ၁၁ နာရီကျော်။ ကုက္ကိုပင်ကြီးတွေကိုတွေ့ရတော့ ကိုယ့် မြေကိုယ့်အရပ်ကိုပြန်ရောက်နေသလိုပဲ။ တကယ်တော့ ကျနော်တို့ ဒုက္ခသည်စခန်းမှာနေခဲ့တဲ့ သက်တမ်း ၅ လ လောက်သာရှိပါသေးတယ်။ အခု ဗမာပြည်ကို ညကြီးအချိန်မတော် လူသူမသိ တိတ်တဆိတ် ပြန်မောင်းနှင်ခံလိုက်ရပြီ ဆိုတာ အားလုံးသဘောပေါက်သွားကြတယ်။

“Everybody come here” ကသဲအရာရှိကြီးက အိမ်မြင့်မြင့်ကြီးရှေ့မှာ တန်းစီနေရာယူခိုင်းတယ်။ တပ်ကြပ်တယောက် က လူစစ်တယ်။ အားလုံးပေါင်း ၈၇ ယောက်လောက်ရှိမယ်။ ကျနော်တို့က ဖိုးပါကြီးလို့ နာမည်ပေးထားတဲ့ မျက်မှန်နဲ့ ခတ်၀၀ (ဖိုးပါကြီးနဲ့ ဆင်တယ်) လူဝန်မှုကြီးကြပ်ရေးဌာနအရာရှိက ကျနော်တို့ကို အင်္ဂလိပ်လိုပြောတယ်။ အဓိပ္ပါယ်က တော့ “မင်းတို့ရဲ့သဘောဆန္ဒအရ ဒီနေရာကိုရောက်လာတာ ဖြစ်တယ်။ ဒါဟာ မြန်မာ အိန္ဒိယ နယ်ခြားဖြစ်တယ်။ တ ဘက်မှာ မြန်မာပြည်ပဲ။ မင်းတို့ကိုနယ်စပ်အထိလိုက်ပို့ပေးမယ်။ မင်းတို့နိုင်ငံ မင်းတို့ပြန်နိုင်ပါပြီ၊ ဒီဘက်ကိုပြန်လာရင် တရားဥပဒေအတိုင်းအရေးယူမှာဖြစ်တယ်” ဆိုတာပဲ။ ကျနော်တို့ကလည်း ဘာဖြစ်လို့ဂတိအတိုင်း မိုးရေးမပို့တာလဲ ဆိုပြီး စောဒကတက်ကြသေးတယ်။ ဒါပေမဲ့ သူတို့ဂရုမစိုက်တော့ဘူး။ မိန်းခလေးတွေနဲ့ ကျနော်တို့ထဲက ချာတိတ်လေး ရဲ့ စိုးရိမ်ပူပန်တဲ့မျက်လုံးတွေကို လရောင်အောက်မှာတွေ့ရတယ်။ ကျနော်ကိုယ်တိုင် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။ အားကိုးရာမဲ့သလိုခံစားနေရတယ်။ သွားပြီ ငါတို့ရည်ရွယ်ချက်တွေပျက်စီးပြီဆိုတဲ့အတွေးပဲ စိတ်ထဲရောက်နေတယ်။

တော်လှန်ရေးနဲ့တူတာ ဘာမှတောင်မလုပ်ရသေးဖူး အိမ်ပြန်ရတော့မှာပဲ ရန်သူဆီအညံ့ခံရတော့မှာလား ဆိုတဲ့မေးခွန်း တွေဝင်လာတယ်။ အဲဒီအခိုက်အတန့် ရွာက ချင်းလူကြီးတယောက် မစန်းပွီးနဲ့ တိုးတိုးကြိတ်ပြီး ချင်းစကား (မီဇိုဘာ သာစကား) ပြောနေတယ်။ အသက် ၅၀ ကျော် အဲဒီလူကြီးက သူကြီးဖြစ်ပုံရတယ်။

ခနနေ ကျနော်တို့အားလုံးတန်းစီပြီး တော့ရှေ့နောက်ဝဲယာ  လက်နက်ကိုင်ကသဲစစ်သားတွေခြံရံပြီး စထွက်တယ်။ ရွာ အပြင် လယ်ကွင်းကြီးကိုဖြတ်ကြ တယ်။ လယ်ကွင်းကိုဖြတ်ရမှ လကတော်တော်သာနေတာ သတိထားမိတယ်။ လရောင်အောက်မှာ အိန္ဒိယနယ်ခြားရဲ ကင်းတဲလေးတောင် လှမ်းမြင်နေရတယ်။ ခနနေတော့ ရွာသချိုင်းကုန်းကိုဖြတ်ရ တယ်။ ခရစ်ယာန်ရွာဆိုတော့ လက်ဝါးကပ်တိုင်တွေနဲ့ အုတ်ဂူဖွေးဖွေးတွေ လရောင်အောက်မှာရှင်းနေတာပဲ။ ကျနော် စိတ်ထဲ လန့်နေတယ်။ ဒီကောင်တွေ ဒီမှာ ငါတို့ကိုပစ်သတ်လည်းခံရမှာပဲလို့ ကြောက်စိတ်နဲ့ တွေးမိသေးတယ်။

သိပ်မကြာခင် တောအုပ်အစပ်လေးကိုရောက်လာတယ်။ ချောင်းလေးတခုကိုဖြတ်တဲ့ သစ်လုံးတံတားလေးနားရောက် တော့ စစ်သားတွေကရပ်စောင့်နေတယ်။ ကျနော်တို့ကို ရှေ့ကနေ တံတားကိုမြန်မြန်ဖြတ်ခိုင်းတယ်။ နောက်ဆုံးလူ လည်းဖြတ်ပြီးရော ကသဲစစ်ဗိုလ်က “That is your countary.Go back there.Don’t come back here” အဲဒါ ဗမာပြည်ပဲ၊ သွားတော့၊ ဒီကိုပြန်မလာနဲ့လို့ နှင်ထုတ်တယ်။ စစ်သားတွေပြောပြီး ချက်ချင်းထွက်သွားတယ်။ အခုန ရွာ သူကြီးက ခနရပ်ပြီး မစန်းပွီးနဲ့ ချင်းလိုပြောတယ်။ ကျနော်တို့ကိုလည်း ဗမာစကားဝဲ၀ဲနဲ့ “စန်းပွီးကို ပြောထားတယ်၊ ဒီည ဟိုဘက်ကတောထဲမှာသွားနေပါ။ မနက်ကျရင် ကျနော့ဆီ လူ ၂ ယောက်လွှတ်လိုက်ပါ” လို့မှာတယ်။ “သွားကြသွားကြ ဘုရားကောင်းချီးပေးမှာပါ” တဲ့။

ကျနော်တို့မှောင်မှောင်မဲမဲ တောလမ်းအတိုင်း တန်းစီပြီးသွားကြတယ်။ ရှေ့ဆုံးက လူဝတ်နဲ့ ဦးဇင်း ဦးအာလောကနဲ့ ၀င်းကိုတို့။ ကျနော်က နောက်နားလောက်မှာ။ အတော်လေးသွားလိုက်၊ တောတိုးသံကြားရင် ထိုင်ချပြီးနားစွင့်လိုက်၊ တကုတ်ကုတ်နဲ့ ဆက်သွားလိုက် ရပ်လိုက်နဲ့ အတော်သတိကြီးကြီးထားသွားနေကြတာပါ။ ဘိုက်တွေလည်း ဆာနေပြီ။ ရေလည်းငတ်တယ်။ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေရောနေတယ်။ သွားနေရင်း ကျနော့ရှေ့က သွားနေသူတွေ တဂျွတ် ဂျွတ်နဲ့ဝါးစားနေသံကြားရတယ်။ ဘာစားနေကြမှန်းမသိ။ မနေနိုင်ဘူး၊ ဘိုက်က တဂွီဂွီဖြစ်နေပြီ။ မေးကြည့်တယ်၊ ကျနော့ရှေ့က ဘိုက်ပေါက်ကို (သူ့နာမည်မေ့နေတယ်၊ အောင်ဌေးကျော်လားမသိ၊ သခင်တင်မြမြေးတဲ့၊ ၈၈ ဆန္ဒပြပွဲမှာ ၀မ်းဘိုက် သေနပ်မှန်ပြီး သူ့ကို ဘိုက်ပေါက်လို့ပဲခေါ်ကြတယ်) ဘာစားနေတာလဲ? သူကရီပြပြီး သူ့ကျောပိုးအိပ်ထဲက အသီးတလုံး ထုတ်ပေးတယ်၊ ကျနော်လည်း ဘာမှထပ်မမေးဖူး ချက်ချင်း ကိုက်ဝါးလိုက်တယ်။ စိမ်းရွှင်ရွှင် အရသာနဲ့ စားလို့မကောင်းဘူး၊ ရေငတ်တော့ပြေသလိုလိုပဲ။ တကိုက်ဝါးပြီးထပ်မစားနိုင်ဘူး၊ “ဘာကြီးလဲ” “အာလူး”၊ စိတ်ပျက်ပြီးလက်ထဲကဟာကြီး လွှင့်ပစ်လိုက်တယ်။

ဒီလိုနဲ့ နာရီဝက်ကျော်ကျော်မမြင်မစမ်းနဲ့ လျှောက်နေရင်း တောင်ကုန်းမြင့်လေးတခုကိုရောက်လာတယ်။ လူအားလုံးစု လိုက်တယ်။ ဒီမှာပဲ ညအိပ်ရအောင် ဦးအာလောက ကပြောတယ်။ ကျနော်တို့တတွေ သစ်ပင်အောက်လေး၊ ခြုံလေး တွေလေအကာအကွယ်ယူပြီး ပုဆိုးတွေခြုံအိပ်ကြတယ်။ စိတ်ရောလူရောပင်ပမ်းပေမဲ့ တောင်တွေးမြောက်တွေးနဲ့ ကျနော့မှာ မအိပ်နိုင်ဘူး။ ငါအိမ်ပြန်လို့မဖြစ်ဘူး၊ ကိုယ့်ရဲဘော်တွေကို ဘာပြန်ပြောရမှာလဲ၊ ဒီအတိုင်းဆိုရှက်စရာကြီး၊ ဘာမှလည်းမလုပ်နိုင်သေးဖူး၊ တော်လှန်ရေးလုပ်ရတာမလွယ်ပါလား၊ ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိတ်တွေတုံးက ကျတော့ ကူညီမယ့် နိုင်ငံကအသင့်၊ သူတို့ခေတ် တော်လှန်ရေး လုပ်တာကမှ အဆင်ပြေသေးတယ်။ ရဲဘော်သုံးကျိတ်တွေလို စစ်သင်တန်းရမယ်ထင်လို့ ဒီကိုလာခဲ့တာ။ အိန္ဒိယလာတာမှားပြီ။ ဒီမိုကရေစီနိုင်ငံဆိုပြီး အထင်ကြီးမိတာလွဲကုန်ပြီ။ ငါတို့တတွေကိုယ်က မညီညွတ်တာလည်းပါ ပါတယ်လေ။ ကိုယ်လူတွေက ဒီပုံစံနဲ့ လက်နက်ကိုင်ရလို့တော့ ရန်သူ တောင် ကိုယ့်ကိုတိုက်လိုက်ရမှာမဟုတ်ဖူး၊ အချင်းချင်းဆော်ကုန်တာနဲ့ အကုန်သေမှာ။ ဟိုအပြစ်တင်၊ ဒီအပြစ်မြင်နဲ့ တယောက်ထဲအတွေးပွားရင်း ကျနော်လည်းမှေးကနဲ အိပ်ပျော်သွားတယ်။

ရုတ်တရက် နိုးလာတော့ အရုဏ်တက်နေပြီ။ ဘေးဘီထကြည့်တော့ အားလုံးအိပ်ပျော်နေတယ်။ ကျနော်တို့အိပ်နေတာ တောင်ဂတုံးကုန်းမြင့်လေးတခုမှာ။ အောက်ဖက်မှာ လူသံလိုလို တချက်တချက်ကြားနေရလို့ ကျနော်လည်းတယောက် ထဲ ရှိုထဲကိုဆင်းသွားတယ်။ အတော်လေးသွားမိလေ လူသံတွေက ပိုရှင်းလေပဲ။ မိန်းမနဲ့ ခလေးသံတွေ။ တောင်ကုန်း သစ်ပင်အကွယ်ကနေလှမ်းကြည့်တော့ ချောင်းလေးထဲမှာ မိန်းမ ၂ ယောက် ၃ ယောက်လောက် အ၀တ်လျှော်နေပြီး ခလေးတွေရေချိုးနေတယ်။ ဗမာဘက်အခြမ်းလား၊ အိန္ဒိယဘက်လား ကျနော်မဝေခွဲတတ်ဘူး။ ချက်ချင်း ကျနော်တို့အိပ် တဲ့တောင်ကုန်းဘက် ပြေးတက်လိုက်တယ်။ တယောက်စ ၂ ယောက်စတော့ နိုးနေပြီ။ ကျနော်လည်း ဦးအာလောနဲ့ အားလုံးကို နှိုးလိုက်တယ်။ အောက်နားမှာ ရွာရှိတယ်၊ လူတွေရှိတယ်ဆိုတာရှင်းပြတယ်။

ဒါနဲ့ အားလုံး အထုတ်တွေ ဆွဲပြီး ရှိုကြီးတခုအတိုင်းဆက်သွားကြတယ်။ ရေချောင်းလေးအတိုင်း ဆန်တက်သွားတာ။ အတော်လေးသွားမိတော့ ဦးအာလောကရယ်၊ မစန်းပွီးရယ်၊ ၀င်းကိုရယ် ရွာထဲသွားဖို့ပြင်တယ်။ မစန်းပွီးက သူ့အ၀တ် ထုတ်ကိုဖြည်တယ်။ အဲဒီ ကျမှ မစန်းပွီးမှာ လုံချည်၊ အ၀တ်အထည်တွေ ဒီလောက်များများရှိမှန်း သိရတယ်။ စခန်းမှာ နေတုန်းက ကျနော်တို့ကို ရိက္ခာထုတ်ပေးလေ့ရှိတဲ့ ရိုခူးမားရဲ့ သမီးက အမျိုးသမီးအချင်းချင်းကိုယ်ချင်းစာပြီး၊ အ၀တ် အစားတွေ ပေးထားတာလို့ သိရတယ်။ ရိုခူးမားသမီးကလည်း ကျနော်တို့ထဲက ဦးဇင်း ဦးအာလော ကို ကျနေတာ။ ဦးအာလောက က ကွန်ဖူးသင်ပေးတော့ သူ့ကို ကသဲတွေက ကွန်ဖူးမာစတာလို့ ခေါ်လေ့ရှိတယ်။ ရိုခူးမားကြီးကလည်း ဦးအာလောကိုချစ်တယ်။ ဘုန်းကြီးကလည်းရုပ်က ခတ်ဖြောင့်ဖြောင့်။ သူက လူဝတ်နဲ့ပဲနေတယ်။ တခါတလေ ရိုခူးမားနဲ့ သူ့သမီးစခန်းကိုလာပြီး ဦးအာလောကို အပြင်ခေါ်သွားလေ့ရှိတယ်။ ဦးအာလော က စန်းပွင့်တယ်။ ဦးအာလောမှ မဟုတဘဖူး၊ ကျနော်တို့ကျောင်းသားတွေထဲက တယောက်စ နှစ်ယောက်စ စခန်းရောက်ပြီးလပိုင်းပဲ ရှိသေးတယ်၊ အနီးအနား ကသဲရွာ၊ နာဂ ရွာတွေ သွားလည်ရင်း ရွာက ကျောင်းသူလေးတွေနဲ့ ရီးစား ဖြစ်သွားတာတွေ ရှိတယ်။ ကျနော်တို့ ဗမာ ကျောင်းသားတွေကလည်း ခြေလှမ်းသိပ်သွက်တယ်။ အမျော်အမြင်ကြီးတယ်။

အခု မစန်းပွီးက သူ့ထမီတွေ တထည်ထုတ်လိုက်၊ ပြန်ထားလိုက်၊ နောက်တထည်ထုတ်လိုက် ပြန်ထဲ့လိုက် အခုနထုတ် ပြီးသား အထည်ကြီး ပြန်ထုတ်ကြည့်လိုက်နဲ့ တယောက်ထဲ အလုပ်ရှုတ်နေတယ်။ “မစန်းပွီး ဒီတောကြီးမျက်မဲထဲ အ၀တ်အစားလှလှပပ ၀တ်စရာမလိုဘူးနော်” လို သတိပေးတော့ “မ၀တ်ပါဘူး၊ ရွာထဲက လူတွေဆီက ထမင်းချက်ဖို့အိုး နဲ့ လဲမလို့ပါ” လို့ပြောပြမှ အော်..သူလည်းလေး ငါးလလောက် မ၀တ်ဘဲ အလှကြည့်နေတဲ့ သူ့ထမီလေးတွေ နှမြောရှာ မှာပေါ့လေ လို့တွေးမိတာ။ သူတို့ရွာထဲသွားပြီး အတော်လေးကြာတော့ အိုးတွေခွက်တွေ၊ ဇွန်းတွေအပြင် ရိက္ခာတချို့ ပါလာတယ်။ မစန်းပွီး ထမီထုတ်ကြီးလည်း နည်းနည်းသေးသွားတယ်။

ကျနော်တို့ အုပ်စုလိုက် တပ်စုလေးတွေခွဲလိုက်တယ်။ ထမင်းချက်တပ်စု၊ လုံခြုံရေးတပ်စု၊ ထင်းရှာ၊ ရေခတ်ပေါ့။ လူရှင် သင်္ချိုင်းစာအုပ်ရေးတဲ့ ကိုနေလင်း (သြစတေးလျှား) နဲ့ ကျနော်တို့တဖွဲ့ထဲ။ ထမင်းစားပြီး ကျနော်တို့ဟာရွာသူကြီးရဲ့ အ ကြံပေးချက်အရ ဒီနေရာဟာ မြန်မာတပ်စခန်းရှိတဲ့ ထင်းစင်၊ ဘုတ်ကန်နဲ့ သိပ်နီးတယ်။ ရွာသားတွေလည်း ဟိုဖက် ဒီ ဘက် အသွားအလာတွေရှိတယ်၊ သတင်းရပြီး အဖမ်းခံရနိုင်တယ်။ မိုးရေးကိုသွားဖို့ လမ်းပြတယောက်ထဲ့ပေးမယ်၊ သူနဲ့ အိန္ဒိယဘက်နယ်က ပတ်ပြီး မိုးရေးသွားဖို့အကြံပေးတယ်။

ညနေပိုင်းမှာ ကျနော်တို့အားလုံး အုတ်သယ်တဲ့ကားကြုံနဲ့ အနီးဆုံးရွာတရွာကိုသွားကြတယ်။ ရွာနာမည်မေ့နေပြီ။ ရွာ လူကြီးက ချင်းပဲ။ ဗမာပြည်မှာ စစ်မှုထမ်းဖူးတယ်။ သူ့ဗမာနာမည်တောင်ပြောပြသေးတယ်။ ဦးမောင်ရွှေ တဲ့။ အဲဒီရွာ ရောက်တော့ ကျနော်တို့ထဲက ကိုမြင့်ဆန်း နဲ့ရဲဘော်တချို့က မီဇိုရမ်ဘက်သွားဖို့ လမ်းကြောင်းရှာတယ်။ သူတို့က မဏိပူမှာ မနေချင်တော့ဘူး။ မီဇိုရမ်ကနေ ထွက်ပေါက်တခုရှာချင်တယ်။ မိုးရေးလည်း မသွားချင်ဘူး။ ကျနော်တို့က တော့ မိုးရေးက ခေါင်းဆောင်တွေနဲ့ တွေ့ချင်သေးတယ်။ ဗမာပြည်တော့ဘယ်သူမှမပြန်ချင်ကြဘူး။ နောက်ဆုံး အဲဒီရွာ မှာပဲ ကိုမြင့်ဆန်းတို့နဲ့ လမ်းခွဲခဲ့တယ်။ ဒါပေမဲ့ သူနဲ့ကျနော်ရေစက်မကုန်ဘူး၊ နောင်တချိန် မဏိပူရထောင်ထဲမှာ သွားဆုံ ကြသေးတယ်။

ကျနော်တို့ ဦးမောင်ရွှေတို့ ရွာကနေ လမ်းပြအကူနဲ့ မဏိပူရတောင်တွေကိုကို တတောင်ပြီးတတောင် စပြီးကျော်ဖြတ် တော့တာပဲ။ ဖြတ်လမ်းကသွားရင် နီးပေမဲ့ ဒီလူအုပ်ကြီးနဲ့ ချက်ချင်းကွိသွားနိုင်တယ်။ ဒီတော့လမ်းပြကလည်းစိတ်ချရတဲ့ တောလမ်း၊ တောင်လမ်းကနေပဲ ကျနော်တို့ကို ခေါ်သွားတယ်။ အမျိုးသမီး ၃ ယောက်နဲ့ ဂီလာနတွေအပါအ၀င် လူ ၈၀ လောက်ဟာ ရှေ့ဘာဖြစ်မယ်ဆိုတာမသိတဲ့ မှောင်မဲနေတဲ့ အနာဂတ်ကြီးကို စမ်းတ၀ါးဝါးနဲ့ ချီတက်လိုက်ပြီ။ မကြာခင် ရက်အနည်းငယ်မှာ ကျနော်တို့ထဲက အမျိုးသမီးတွေလည်း မဏိပူထောင်ထဲရောက်၊ ကျနော်တို့လည်း တောကြီးမျက် မဲထဲ တလနီးပါးပုန်းရှိုးကွယ်ရှိုး ခိုအောင်းနေရမယ်၊ တချို့စိတ်ဓာတ်ကျပြီးအိမ်ပြန်၊ တချို့ န၀တစစ်တပ်ရဲ့အဖမ်းခံရမဲ့ ခရီးစဉ်မှန်း ကြိုတင်သိထားမယ်ဆို ကျနော်တို့ အဲဒီ မဏိပူရတောင်တန်းတွေပေါ် ၃ ရက်လောက် ခရီးပြင်းချီတက်မဲ့ အစီအစဉ်ကို စိတ်ကူးထဲတောင်ထည့်မိမယ်မထင်ဘူး။ အနာဂတ်ကို ကြိုမသိတဲ့ ကျနော်တို့ လောကမျက်ကန်းတွေ တစ္ဆေ၊ သရဲကိုစိန်ခေါ်မိတာ သိပ်တော့မဆန်းဘူးထင်တယ်။

ကိုညို
၁၄ ဖေဖ၀ါရီ ၂၀၁၃

သူတို့ခေါ်တော့ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၀)


“သတ်ကုန်ပြီ သတ်ကုန်ပြီ ဆွဲကြပါအုံး လုပ်ကြပါအုံး”
“ကိုအဲကြီး.. အို့.. သေတော့မှာပဲ၊ အောင်ဆန်းလင်းတို့ဆွဲပါအုံး”
စူးစူးဝါးဝါးအော်ဟစ်နေတဲ့ ရွှေဘိုကကိုတင်လှနဲ့ကလေးမြို့က မစန်းပွီးတို့အသံကြောင့် ဘားတိုက်ထဲက ကျနော်တို့အား လုံး အပြင်ပြေးထွက်လာကြတယ်။ မြင်ကွင်းမှာတော့ သန်သန်မာမာနဲ့ မုဆိုးကြီး ကိုအဲကြီး မြေပေါ်မှာမှောက်ရက်လဲလို့။ ကလေးမြို့ကလူငယ်တွေ ၀ိုင်းထုကြတဲ့ ဂဲလုံးတွေက ကိုအဲကြီးဘေးနား ပြန့်ကြဲနေတယ်။ ကိုအဲကြီးတော့ တုပ်တုပ်မျှ မလှုပ်။ 

ကလေးမြို့အဖွဲ့တွေ လူခွဲလို့ ထွက်သွားပြီးတဲ့နောက် ကိုအဲကြီးကို ၀ိုင်းထူမကြတယ်။ နဖူးနဲ့ ခေါင်းကွဲသွားတယ်။ သွေး တွေစီးကျနေတယ်။ မကြာခင် မဏိပူရစစ်သားတွေတက်လာတယ်။ လူကြီးတွေရောပါတယ်။ အခြေအနေမေးမြန်းပြီး ကိုအဲကြီးကို အမြန်ဆုံး ချန်ဒယ်ဆေးရုံကို ကားနဲ့တင်သွားကြတယ်။ စခန်းတခုလုံး ငြိမ်သက်သွားတယ်။ ဘယ်သူမှစိတ် မကောင်းကြဘူး။ တခါမှအခုလိုသွေးထွက်သံယိုဖြစ်အောင် တိုက်တဲ့ခိုက်တဲ့အထိရန်မဖြစ်ဖူးဘူး။ မကြာခဏတော့ စကားများပြီး ထိုးတော့ကြိတ်တော့မလိုဖြစ်နေကျ။ စခန်းကလူတွေ အုပ်စုအုပ်စုနဲ့ တီးတိုးဝေဖန်နေကြတယ်။

ဟိုအရင်နေ့တွေကတည်းက စခန်းအပြင် ရွက်ဖျင်တဲထိုးအိပ်တဲ့ ကလေးအုပ်စုတွေ အိပ်ရာနား တုတ်တွေ၊ ဂဲတွေ စုထား တာတွေ့ဖူးတယ်။ ကိုအဲကြီးကလည်း တောထဲကကောက်ရထားတဲ့ ဂေါ်ရခါးဓားကောက်ကြီးကို ဓားသွေးကျောက်ပေါ် တင်ပြီး လူမြင်ကွင်းမှာ ထက်နေအောင်သွေးပြနေတယ်။ စခန်းမှာက ကြာလေညီညွတ်မှုပြိုကွဲလေပဲ။ အုပ်စုတွေကွဲနေ တယ်။ ကလေးအုပ်စု၊ မန္တလေးအုပ်စု၊ မုံရွာအုပ်စု၊ ရန်ကုန်အုပ်စု ဆိုပြီး။ ပြီးတော့ရှိသေးတယ်၊ ဗကသ အုပ်စု၊ မကသ အုပ်စု၊ ဒီငြိမ်းတို့၊ မျိုးချစ်တို့နဲ့ အရင်ကမကြားဖူးတဲ့နာမည်တွေကြားနေရတယ်။ အခုကွဲသွားတဲ့ ကိုအဲကြီး ဆိုတာလည်း ကလေးနယ်ကပဲ တာဟန်းက မုဆိုး။ တုတ်တုတ်ခိုင်ခိုင် ကြမ်းကြမ်းတမ်းတမ်းပုံစံ။ လက်ရုံးသိတ်အားကိုးတဲ့လူ။ မာန်မဲ ခြိမ်းခြောက်နေလို့ ကလေးနယ်သားတွေ သိပ်မကြည်ကြဘူး။ ဒီလိုနဲ့စကားများပြီး အချင်းချင်းဆော်ကြတာပဲ။

စခန်းမှာ လူကလည်းစုံနေပြီ။ ၈၈နိုဝင်ဘာ၊ ဒီဇင်ဘာလကစပြီး ရန်ကုန်က ကျောင်းသားတွေ ရောက်လာတယ်။ ဗကသ ပြန်ကြားရေးက သူရိန်တို့ ဇော်ထက်တို့။ နောက်ပိုင်း ကိုနေနွယ် (ကဗျာဆရာ) ကိုမြင့်စန်း (စာရေးဆရာ ဌေးမောင်ရဲ့ သား) ကိုဝင်းနိုင်ဦး (နိုင်ငံရေးအကျဉ်းသားဟောင်း၊ အာအက်ဖ်အေ ရေဒီယိုအမှုထမ်းဟောင်း) တို့နဲ့ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်နဲ့ ၁၈ နှစ်တွေသာရှိသေးတဲ့ အခြေခံပညာအထက်တန်းကျောင်း သမဂ္ဂက ကိုနေလင်း (လူရှင်များသမိုင်းရေးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း) နဲ့ အဖွဲ့တွေ၊ ပန်းချီထိန်လင်းတို့ စစ်နိုင်ဦးတို့လို လူရွှင်တော်တွေလည်း ပါလာတယ်။ ယခင် နိုင်ငံရေးသမားဟောင်းတွေနဲ့ ရဲဘော်သုံးကျိတ်ရဲ့အမျိုးအနွယ်တွေလည်း ရောက်လာကြတယ်။ ဒီတော့ စခန်း နိုင်ငံရေးက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာတယ်။ ရန်ကုန်ကလာတဲ့ ကျောင်းသားတွေထဲမှာ တချို့က ရန်ကုန်မှာအခြေစိုက် တဲ့ အိန္ဒိယသံရုံးက လမ်းစရိတ်ပေးပြီး လွှတ်လိုက်သူတွေလည်းပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးသမားတွေနဲ့ နိုင်ငံ ရေးအဖွဲ့အစည်းတွေက စေလွှတ်သူတွေလည်းပါတယ်။ လက်နက်ကိုင်သင်တန်းတွေပေးနေပြီ သတင်းကြားလို့ ထွက် လာသူတွေရော၊ လက်နက်ကိုင်ဖို့မဟုတ်ဘူး နိုင်ငံရေးလုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ နှလုံးရည်ဘက် စိတ်ထက်သန်သူတွေ လည်း ပါကြတယ်။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလာပစေ ဒီဒုက္ခသည်စခန်းထဲကို ရောက်လာတော့တာပဲ။

မိုးရေးမှာရှိတဲ့ ပန်ချာလှမြင့် (မြန်မာပြည်ပေါက် အိန္ဒိယသား၊ ကွယ်လွန်) ကိုကူးမား (မိုးရေးကုန်သည်ကြီးများအသင်း) တို့က အိန္ဒိယဘက်ကမ်းရောက်လာရင်၊ နိုင်ငံရေးခိုလှုံသူမှန်သမျှကို စခန်းထဲသိမ်းကြုံးပို့တော့တာပဲ။ ကျနော်တို့ကသာ ကိုယ့်ဖာသာ တော်လှန်ရေးသမားတွေ၊ ဘယ်အဖွဲ့ကိုယ်စားပြုပြီး ဒီကအခြေအနေလာပြီး လေ့လာတာတွေ၊ အဆက်အ သွယ်လာယူတာတွေ၊ နိုင်ငံရေးလုပ်ဖို့လာတာ၊ သင်တန်းတက်ဖို့လာတာ စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိနေလိမ့်မယ်၊ ဒီစခန်းထဲရောက်ရင်တော့ အားလုံးက ဒုက္ခသည်တွေချည်းပဲ။ ပန်းချီစစ်ငြိမ်းအေးကတောင် အဲဒါကိုရည်ရွယ်ပြီး အနက် ရောင်စက္ကူချပ်ကြီးမှာ ကြောင်မျက်လုံးတွေချည်းဆွဲထားတဲ့ ပန်းချီကားလေးတခုဆွဲပြီး မှတ်တမ်းတင်ထားသေးတယ်။ ခေါင်းစဉ်က “အမှောင်ထဲမှာတော့၊ ကြောင်တိုင်းကအနက်” တဲ့။

ခက်တာက ဒုက္ခသည်တွေအဖြစ်သာ တပြေးတညီထဲရှိချင်ရှိမယ် အတွေးအခေါ်နဲ့ ရည်ရွယ်ချက်တွေ အရည်အချင်းတွေ ခံယူချက်တွေက အမျိုးမျိုးကွဲပြားနေတာကိုး။ ကိုနေနွယ်တို့ ကိုမြင့်ဆန်းတို့က နိုင်ငံရေးသန်လို့ နယူးဒေလီသွားချင်တယ်၊ စခန်းမှာ ယခင်ရှိပြီးသား ရဲဘော်တွေက လက်နက်ကိုင်သင်တန်းရမယ်လို့ ယုံကြည်နေတယ်။ အဲလိုယုံကြည်အောင် လည်း မဏိပူရ အမှတ် (၈) ရိုင်ဖယ်တပ် အကြီးအကဲတွေနဲ့ ထောက်လှမ်းရေးက အယုံသွင်းပြီးချွေးသိပ်ထားတယ်။ “စည်းကမ်းတကျ နေထိုင်ပြီး ကျန်းမာရေးကောင်းအောင် လုပ်ကြပါ၊ မင်းတို့တိုင်းပြည်ကို မင်းတို့လက်နဲ့ ကယ်တင်ရမှာ ပါ” လို့ မိန့်ခွန်းတွေခြွေတာကို ကျနော်တို့ ယုံမှတ်ခဲ့တယ်။ ဒါပေမယ့် အခြေအနေက ကြာလာတာနဲ့အမျှ ပြဿနာတွေ ရှိလာပြီ။ နိုင်ငံရေးလုပ်ဖို့ စိတ်ထက်သန်သူတွေက လက်နက်ကိုင်တွေစောင့်ကြပ်ပြီး သံဆူးကြိုးအပြင်ထွက်ခွင့်မရတဲ့ အကျဉ်းသားဆန်ဆန် ဘ၀တွေကိုမလိုလားဘူး။ စခန်းရဲ့ပုံမှန်စည်းကမ်းတွေနဲ့ သင်တန်းတွေမတက်ဘူး။ အပြင်ထွက် ပြီး လမ်းကြောင်းရှာလာတယ်။

နေ့စဉ် စခန်းကကျောင်းသားတွေ သံဆူးကြိုးကျော်ပြီး တောလမ်းတွေကနေ အပြင်ထွက် ရွာထဲလမ်းဘက်ရေသွား သောက်တယ်။ ချန်ဒယ်သွားပြီး စားစရာဝယ်တယ်။ တချို့ဆိုပါလဲမြို့၊ အင်ဖားမြို့ထဲအထိ ထွက်လည်ကြတယ်။ တချို့လည်း ဒီစခန်းမှာတော့ ဘာမှမဖြစ်နိုင်ဖူး၊ မီဇိုရမ်နယ်ဘက်က ချန်ဖိုင်း စခန်းသွားမယ်ဆိုပြီး ခြေလျှင်ထွက်တယ်။ တချို့အဖမ်းခံရလို့ အင်ဖားထောင်ထဲအပို့ခံရတယ်။ ပိုးဆိုးတာက စခန်းရဲ့ကျန်းမာရေးပဲ။

အိမ်သာမလောက်ငှတော့တောထဲဖြစ်သလို အလေးအခင်းသွားတော့ ယင်တွေထူပြောလာတယ်။ ဒီလောက်များတဲ့ ယင်ကောင်တွေ ကျနော် အဲဒီတခါပဲမြင်ဖူးတယ်။ မီးဖိုချောင်လည်းမဲနက်ပြွတ်ခဲနေတယ်။ ဘားတိုက်ထဲက နံရံနဲ့၊ ခြင် ထောင်ကြိုးတန်းလေးတွေမှာ ညပိုင်းဆို ယင်တွေနဲ့ပြွတ်သိပ်နေတယ်။ အချိန်တိုင်း ယင်တွေကိုလက်ဝါးနဲ့ခတ်ပြီး နှင်နေ ရတယ်။ ယင်နှိမ်နင်းတွေလုပ်ရတယ်။ မြောင်းဖောက် ဆေးဖြန်းတာတွေလုပ်တယ်။ ဒီကြားထဲဝမ်းရောဂါတွေဖြစ်တယ်။ ဆေးရုံပို့ရတယ်။ ဒါနဲ့ လိုအင်ကလည်းမပြည့်၊ စိတ်ထွက်ပေါက်လည်းမရနဲ့ စိတ်ကျဝေဒနာခံစားရတာတို့၊ စခန်းကနေ ခိုးထွက်ပြီး ဗမာပြည်ထဲပြန်ပြေးတာတို့၊ ရန်ဖြစ်တာတို့ ဖြစ်လာတယ်။

တနေ့တော့ အပြင်ထွက်တဲ့ကျောင်းသား ၂ ယောက် မိုးချုပ်မှပြန်လာတော့ အစောင့်အရာရှိစစ်သားက ကြိမ်းမောင်း တယ်။ ဒိုက်ထိုးအပြစ်ပေးတယ်။ ခေါင်းကိုလက်ဝါးနဲ့ ရိုက်ပုတ်တယ်။ နာနာကျင်ကျင်မဟုတ်ပေမဲ့ ကျနော်တို့အားလုံးက မဏိပူရ စစ်သားတွေပါ စိတ်မကြည်လင်တော့ဘူး။ ဒီလူတွေငါတို့ကို ချိုးနှိမ်တယ်၊ ချုပ်နှောင်တယ်လို့ပဲ မြင်နေတော့ တာ။ ဒါနဲ့ ကျနော်တို့ထဲကတယောက်က ကသဲစစ်ဗိုလ်ကိုပြန်ခံထိုးတယ်။ အဲဒီမှာ ကသဲစစ်သားတွေကမကြေနပ်ဘူး။ တောင်ကုန်းအောက်က ကသဲတွေတုတ်တွေကိုင်ပြီးတက်လာတယ်။ စခန်းကကျောင်းသားတွေအားလုံးလဲ ရတဲ့ လက် နက် တုတ်၊ ဓား၊ ခဲတွေကိုင်ပြီး အသင့်ပြင်ထားတယ်။ လူကြီးတွေက ဖြန်ဖြေတယ်။ စစ်တန်းလျှားဘက်က သေနပ် တဒိုင်းဒိုင်းဖောက်ပြီး ခြောက်လှန့်တယ်။ ကျနော်တို့အားလုံး အစောပိုင်းတော့ စခန်းဝင်းထဲမှာစုဝေးပြီး ၀င်းထဲဝင်လာရင် ပြန်ခုခံဖို့ ပြင်ထားကြတယ်။ နောက်တော့ စစ်တပ်အရာရှိ ရောက်လာတယ်။ သူ့ရဲဘော်တွေကို ပြန်ခိုင်းတယ်။ ကျနော်တို့ ကို စည်းကမ်းအသစ်ထုတ်တယ်။ အပြင်ကို အလှည့်ကျ၊ အသုတ်နဲ့ တရားဝင်တပတ်တခါ ဈေးဝယ်ထွက်ရမယ်။ တရား မ၀င်ထွက်ရင် အချုပ်ထဲပို့မယ်ပေါ့။ စခန်းကလူတွေလည်း အစပိုင်းတော့ ဟုတ်သလိုလိုပေါ့၊ နောက်ပိုင်းတော့လည်း ခိုး ထွက်ကြတော့တာပဲ။ ထိမ်းမရ၊ သိမ်းမရ၊ ပြောမရပါဖူး။ ဒီကြားထဲ ကိုရမ်ပေါင် ဆိုတဲ့ မီဇိုချင်းရဲဘော်အဖွဲ့နဲ့ စာရေးဆရာ ကောလ်ထန်မောရိယာယ်လ်တို့ကလည်း အုပ်စုခွဲပြီး ကျနော်တို့စခန်းအောက်က ဘားတိုက်မှာသွားနေတယ်။ နောက် ပိုင်းသူတို့လည်း ဗမာပြည်ထဲပြန်ဝင်သွားတာပါပဲ။

အဲဒီကာလတွေမှာ၊ မြန်မာ န၀တ အာဏာပိုင်တွေကလည်း နယ်စပ်မြို့အသီးသီးမှာ ကျောင်းသားကြိုဆိုရေးစခန်းတွေ ဖွင့်ထားပြီး ပြည်တော်ပြန်တွေ နေရပ်ပြန်ပို့တဲ့ အစီအစဉ်တွေလုပ်နေတယ်။ ကျနော်တို့စခန်းကလူတွေက တမူးနဲ့ ကလေး၊ ကလေးဝ ကြိုဆိုရေးစခန်းတွေမှာ ၀င်ကြတယ်လို့ ကြားရတယ်။ ၀င်လာတဲ့ ကျောင်းသားတချို့ကို နောက် ကြောင်းစစ်ဆေးပြီး အချုပ်ထဲထည့်ထားတာ၊ ထောင်ထဲပို့တာတွေလည်းရှိကြတယ်လို့ ကြားတယ်။ စခန်းကလူတွေ လည်း လူသစ်ဝင်လာလိုက်၊ လူဟောင်းတချို့ထွက်ပြေးသွားလိုက်နဲ့ သံသရာလည်နေတယ်။ ညနေတခါ မနက်တခါ တန်းစီလူစစ်ရင် ကသဲတွေမရိပ်မိအောင် လူစားထိုးတာတို့၊ စားရင်းလိမ်တာတို့ အစောပိုင်းမှာလုပ်ပေမဲ့၊ နောက်ပိုင်းကျ တော့လည်း ဘာမှမပြောတော့ဘူး။ မနက်စာရင်းလာကောက်၊ တန်းစီလူစစ်ရင် Run Away (ထွက်ပြေး) ဘယ်နှစ် ယောက်၊ ဖျားနာ ဘယ်နှစ်ဦးဆိုပြီး စာရင်းမှန်ပဲပေးတော့တာ။ ကသဲတွေကလည်း ထွက်ပြေးသူရှိရင် အရင်ကလို လိုက် လံဖမ်းဆီးတာတွေ မလုပ်တော့ဘူး။

တနေ့မှာတော့…ကျနော်တို့စခန်းမှာ လူပျောက်မှုတခု ဖြစ်သွားတယ်။ ပျောက်တာကလည်း မိန်းခလေး။ မအိတဲ့၊ ကလေးမြို့က။ အသားလတ်လတ်၊ ခန္ဓာကိုယ်ပြည့်ပြည့်၊ မျက်နှာချိုချို၊ ချစ်စရာရုပ်သွင်နဲ့ပါ။

ညနေပိုင်း စခန်းမှာလူစစ်တုန်းကရှိသေးတယ်။ မိုးချုပ်တော့ ပျောက်သွားတာ။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ဆူဆဲပြီးဝိုင်းရှာတယ်။ အမှန်တော့ မအိက ရီးစားနဲ့ချိန်းတွေ့တာ၊ သူ့ရီးစားကလည်း စခန်းထဲက ဗမာကျောင်းသားမှုတ် ဘူး၊ ကသဲစစ်ဗိုလ်။ နာမည်က “ချောင်ဗား” တဲ့။ ကျနော်တို့ကတော့ ဗမာသံနဲ့လွယ်လွယ်ပဲခေါ်တယ် “ကြောင်ပါး” ဆို ပြီး။ မအိကို ကြောင်းပါးကသနားရာကစတာပဲ။ ကလေးမြို့ကကျောင်းသားတွေကလည်း ဘီစကစ်လေးမုန့်လေးစားချင် ရင် မအိ ကို ယူခိုင်း၊ ကြောင်ပါးကလည်း သနားတော့ပေးတယ်။ ဒီလိုနဲ့ နီးစပ်ကုန်တာ။ ကြောင်ပါးက တကယ်မေတ္တာရှိ တယ်ဆိုတာ ကျနော်တို့ နောက်ပိုင်းမှသိရတယ်။ ထားပါတော့ ကျနော်တို့စခန်းက ရဲဘော်အားလုံး မအိကို မြေလှန်ရှာ တယ်။ တောထဲရော၊ စခန်းပတ်ပတ်လည်တင်မက အရာရှိရိပ်သာ တန်းလျှားက အိမ်ထဲအထိ တုတ်တွေကိုင်ပြီး သွားရှာ တာ။ ကသဲအရာရှိတွေက ဘာမှမပြောဘူး။ နောက်ဆုံး ကသဲတပ်မှူးကိုတိုင်တယ်။ အဲဒီနေ့ မအိ ကိစ္စ ဒီအတိုင်းပြီးသွား တယ်။ ရှာမရဘူး။ ဒါပေမယ့် အားလုံးသိလိုက်တာကတော့ မအိ ကသဲစစ်ဘိုနဲ့ ထွက်ပြေးသွားပြီပေါ့။

နောက်နေ့ကျမှ သတင်းရတယ်။ ဟုတ်တယ်။ ကြောင်ပါးနဲ့ မအိ ပြေးတယ်။ ဝေးဝေးမဟုတ်ဘူး၊ ကျနော်တို့ အန္တရာယ် စိုးရိမ်လို့သုံး၊ လေးရက်တော့ တခြားနေရာရှောင်လိုက်တယ်။ သိတ်မကြာခင် မအိ စခန်းထဲပြန်ရောက်လာတယ်။ ဒါပေ မယ့် ကသဲကင်းစခန်းနားကပ်ရက်မှာ သီးခြားရွက်ဖျင်တဲထိုးပြီးနေတာ။ ကသဲအရာရှိတွေက မအိကို ကြောင်ပါးနဲ့ လက် ထပ်ဖို့သဘောမတူဘူး။ ဥပဒေကကိုခွင့်မပြုတာ။ မအိက နိုင်ငံခြားသား၊ ဒုက္ခသည်၊ အစ္စလမ်ဘာသာဝင်၊ ကြောင်ပါးက ကသဲဇာတ်မြင့် ဘရမ္မာန်အမျိုးအနွယ်၊ လူပုံကခတ်ဖြောင့်ဖြောင့်၊အမြဲပြုံးပြီးပါးချိုင့်နဲ့ လူချော။ ပြီးတော့ သူက မဏိပူရ လူမျိုးထဲမှာ ဧ၀ရက်တောင်ကို ပထမဆုံးတက်နိုင်တဲ့ ပုဂ္ဂိုလ်တဲ့။ ဂုဏ်ရှိနေတယ်။ သူပြောပြလို့ နောက်မှသိရတာ၊ သူ့မှာ အဲဒီအချိန်က မိဘတွေက ဆရာဝန်မတယောက်နဲ့ စေ့စပ်ထားတယ်ဆိုပဲ။ ထားပါတော့ ဆိုချင်တာက ကြောင်ပါး ဘက် က အသိုင်းအ၀ိုင်းတွေက လုံးဝသဘောမတူဘူး။ ကျနော်တို့စခန်းကလူတွေကလည်း ဒါဟာ ကျနော်တို့ နိုင်ငံနဲ့လူမျိုးကို စော်ကားတာ။ လက်မထပ်ဘဲပေါင်းသင်းတာ လက်မခံဘူး။ ကိုယ့်ဒုက္ခသည်စခန်းက အမျိုးသမီးကို လှည့်ဖြားပေါင်း သင်းတယ်။ လက်ထပ်ပြီး သီးခြားလည်းမနေဘူး။ ဒီစခန်းဝင်းထဲမှာပဲ သီးသန့်တဲထိုးပြီး အတူနေတယ်။ ကိုယ့်လူမျိုးနဲ့ နိုင်ငံကိုပါ စော်ကားတာလို့ မြင်နေတယ်။

သူတို့နှစ်ယောက်လုံးကို ကျနော်တို့ သိပ်မကြည်ကြဘူး။ မအိတို့ဖြစ်ရပ်ကလည်း တကယ်တော့ ကျနော်တို့စိတ်ထဲက အငုတ်တွေ၊ ခံပြင်းစိတ်တွေပိုတိုးလာတာပါပဲ။ နဂိုကမှ အဆင်မပြေတဲ့ကြား ဒီကိစ္စက ခံပျင်းစရာဖြစ်နေတယ်။ သူတို့ အ ချစ်ဇာတ်လမ်းက အဲဒီမှာတင်မပြီးသွားဘူး။ နောက်ဆယ်နှစ်လောက်အကြာ သူတို့လင်မယားနဲ့ပြန်ဆုံတော့ လင်မယား နှစ်ယောက်လုံး သူတို့ဇာတ်လမ်းကို ပြန်ပြောပြတော့လည်း တကယ့်အဖြစ်အပျက်တွေဟာ ရုပ်ရှင်တွေ၊ စိတ်ကူးယဉ် ၀တ္တုတွေလို အတော်ဆန်းကျယ်တာပဲ၊ ကံအကြွေးတွေနဲ့ ကြမ္မာရဟတ်ကြီးက လည်နေတတ်ပါလားလို့လည်း တွေးမိနေ တော့တယ်။ ကျနော်တို့အားလုံးဟာ အတိတ်ဘ၀၀ဋ်ကြွေးတွေနဲ့ ရေစက်တွေကြောင့် ဒီနေရာကျဉ်းကျဉ်းလေးမှာ လာ ဆုံကြ၊ ပျော်ရွှင်ကြ၊ ပြီးတော့ ကြေကွဲကြ၊ ၀မ်းနည်းကြ၊ ဒေါသတွေထွက်ကြ၊ နာကျည်းကြ၊ ခွင့်လွှတ်ကြ၊ အခဲမကြေတွေ ဖြစ်ကြနဲ့။ တကဲ့ကို ဘ၀ရုပ်ရှင်ကားတကားပါပဲ။

နောက်ပိုင်းဆက်ပြောပြမယ့် ကျနော်တို့ ဘ၀တွေဟာ ပိုပြီးတော့ ရုပ်ရှင်ဆန်နေဦးမလားမသိ…။
ကိုညို
၇ ဖေဖော်ဝါရီ ၂၀၁၃။

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၁)


ကျနော့စိတ်ထဲ ဒုက္ခသည်စခန်းကြီးက ဇရပ်နဲ့တူလာသလိုပဲ။ လာချင်သူတွေလာလိုက် ပြန်ချင်သူတွေထွက်သွားလိုက် ပေါ့။ စခန်းကြီးက ကျက်သရေမရှိတော့ဘူး။ အခြေခံစစ်ရေးလေ့ကျင့်ခန်းတို့ ကျန်းမာရေးလေ့ကျင့်ခန်းတို့လည်း လုပ် ချင်လုပ် မလုပ်ချင်နေ။ ဒေသစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ အစုအဖွဲ့တွေလည်းကွဲနေတယ်။ ခေါင်းဆောင်မှုလည်းပြိုကွဲနေပြီ။ စခန်း ထဲမှာကိုယ့်ဖာသာ နားလည်မှုတွေနဲ့ပဲ နေကြတာ။ မျက်နှာချင်းဆိုင်တွေ့လို့ စကားပြောချင်သူနဲ့တွေ့ရင်ပြောမယ်။ စိတ် မပါရင်မျက်နှာလွှဲနေတယ်။ ကျနော်တို့အများစုကလည်း ခေါင်းဆောင်မှုဆိုတာကို ကိုယ်ဖတ်ဖူးတဲ့စာအုပ်ထဲက ဗိုလ်ချုပ် အောင်ဆန်း ဆိုတဲ့ ပေတံနဲ့ပဲတိုင်းနေတာ။ ဗိုလ်ချုပ်က စံပြပဲ။

ခေါင်းဆောင်ဆိုတာ ဗိုလ်ချုပ်လိုဖြစ်ရမယ်၊ ထက်ရမယ်၊ ဖြောင့်မတ်ရမယ်။ ဒါနဲ့ပဲစံထိုးတာ။ ဥပမာပြောရရင် ခေါင်း ဆောင်ကို ပေတံအရှည်ကြီးနဲ့တိုင်းတယ်။ ပေတံရဲ့နာမည်က ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်စံချိန်ထက် နည်းနည်းလေး ရော့တာနဲ့ အမှတ်လျှော့ချလိုက်တယ်။ ဒီလူခေါင်းဆောင်နဲ့မတန်ဘူးပေါ့။ ဟိုတုန်းက ခေါင်းဆောင်တွေက ဘယ်ပုံဘယ် လိုဆိုတဲ့ ကိုယ်ဖတ်ဖူးတဲ့ ကောင်းပေ့ညွှတ်ပေ့အရည်အသွေးတွေနဲ့ သွားယှဉ်နေတာ။ စာအုပ်ထဲလည်း အကောင်းတွေပဲ ဖတ်ရတာကိုး။ အမှတ်ကိုတိုးပြီးပေးဖို့မစဉ်းစားဘဲ၊ လျှော့ချဖို့ပဲကြည့်တဲ့ စဉ်းစားပုံစဉ်းစားနည်း။ လူတိုင်းမှာခြွင်းချက်ရှိ တယ်ဆိုတဲ့ အရှိတရားကိုလက်ခံဖို့ထက်၊ ခေါင်းဆောင်ဆိုတာ အဲလိုမဟုတ်ရဘူး ဆိုတဲ့အမြင်တွေပေါ့ဗျာ။ ဒါနဲ့ပဲ ကျနော် တို့မှာ ခေါင်းဆောင်ရှာမရတော့ဘူး။ စခန်းမှာ ဒေါက်တာအောင်ကျော်ဦးဆိုတာ ကသဲတပ်ရင်းမှူးနဲ့ စကားပြန်လုပ်ပေး တာ၊ သတင်းယူပေးတာ ဆိုတဲ့အဆင့်ပဲ။ ခေါင်းဆောင်မရှိတော့ဘူး။

အဲလို အီလည်လည်ဖြစ်နေတဲ့နောက် ခေါင်းဆောင်တယောက်ရဖို့ အကြောင်းဖန်လာတယ်။  ကျနော်တို့ကိုဦးဆောင်ခေါ် လာတဲ့ ဆရာထူးလည်း မိုးရေးကိုထွက်သွားတယ်။ ပြည်တွင်းဆက်သွယ်ရေးလုပ်ကြည့်မယ်လို့ တိုးတိုးတိတ်တိတ် ပြော သွားတယ်။ အဲဒီအချိန်က ၁၉၈၉ နွေဦးကာလပဲ။ နယ်စပ်ကို ဟင်္သာတက သပိတ်ခေါင်းဆောင်လည်းဖြစ်၊ တချိန်က ဦးနုဦးဆောင်တဲ့ ပြည်ချစ်တပ်မှာ မြွေဟောက်တပ်ရဲ့ တပ်မှူးဖြစ်တဲ ဒေါက်တာမန်းမြင့်ဆိုင် ဆိုတဲ့ပုဂ္ဂိုလ်ရောက်လာ တယ်လို့ သိရတယ်။ ဆရာဦးရွှေထူး မိုးရေးရောက်တော့ ကျနော့ဆီစာတစောင်လှမ်းပို့တယ်။ “ငါတို့အတွက် အသင့် တော်ဆုံးခေါင်းဆောင်တယောက်ကို တွေ့ထားပြီ။ သူနာမည်က ဒေါက်တာမန်းမြင့်ဆိုင်၊ ငါ့အကိုကြီးနဲ့ သူငယ်ချင်း (ဦးရွှေမှူး၊ မန်းတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန)၊သူဟာ လက်ရုံးရော နှလုံးပါကောင်းတယ်။ အခု ငါတိုက်တွန်းနေလို့ သူ့ရဲ့ ပြောက်ကျားစစ်ဆင်ရေး အတွေ့အကြုံ လေ့လာရေးစာစဉ်ကို ပြုစုနေတယ်၊ မကြာမီ ငါစခန်းပြန်လာခဲ့မယ်၊ ဒီမှာလုပ် စရာတွေလုပ်နေတယ်” လို့ ရေးထားတယ်။ ဒါနဲ့ပဲ ကျနော်လည်း စာကိုအချင်းချင်းဆီလှည့်ပြပြီး ခွန်အားပြန်ယူခဲ့တယ်။ ဆရာမန်းမြင့်ဆိုင်ကလည်း စခန်းကို စာလှမ်းရေးတယ်။ စာထဲမှာ  ပြည်တွင်းနိုင်ငံရေးအခြေအနေကို ရေးပြပြီး၊ ပြည်သူ က စစ်အာဏာရှင်တွေကို ဆော်ချင်နေပြီ။ ဒို့မှာလက်နက်နဲ့ သင်တန်းလိုတယ်။ ဒါတွေရအောင် ကျိုးစားမယ်ဆိုတဲ့ အဓိပ္ပါယ်တွေပါတယ်။

ဒီလိုနဲ့စခန်းထဲမှာ ကိုယ့်ဖာသာ အင်အားတွေပြန်ကျစ်လစ်အောင်လုပ်ကြတယ်။ စိတ်ဓာတ်တွေပြန်တင်းတယ်။ ဒါပေမယ့် လူတော်တော်များများက စိတ်ဓာတ်ကျနေပြီ။ ညီညွတ်မှုကပြိုကွဲနေပြီ။ တနေ့မှာတော့ စခန်းထဲမှာ အံ့မခန်း၊  တကြိမ်တ ခါမှ မရဖူးကြတဲ့ ညီညွတ်မှုကို ရလိုက်ကြပါတယ်။ ညီသလားမမေးနဲ့ တယောက်နဲ့တယောက် အရင်ကကြည့်မရသူတွေ လည်း လက်တွဲမဖြုတ်သစ္စာတွေထပ်ပြီး ဆွေးနွေးကြ စကားပြောကြနဲ့ပေါ့။

အရမ်းကိုညီညွတ်ခဲ့ကြတယ်။ အံ့မခန်းညီညွတ်ခဲ့ကြတယ်။ ကြောက်စရာကောင်းတဲ့ ညီညွတ်ရေး၊

ကျနော်တို့ဒုက္ခသည်စခန်းကလူတွေ တပိုင်းစီ၊ တစစီ ပြိုကွဲသွားစေတဲ့ ညီညွတ်ရေးပါပဲ။ ကျနော်တို့အားလုံး ကောင်း ကောင်းကြီး မှတ်မိနေကြတယ်။ အဲဒီနေ့က မတ်လ ၂၃ ရက် ညနေပိုင်းလေး။

“အမလေး..ဘာဖြစ်ကုန်ပြီလဲ… ၀င်းကို.. ခြေတောက်ကျိုးသွားပြီးလား ..အီး..ဟီး..ဟီး”

ထုံးစံအတိုင်း မစန်းပွီးရဲ့ စူးစူးဝါးဝါးအသံနဲ့ အော်ငိုသံကြီးကိုကြောက်စရာ။ ထမင်းစားပြီးခါစ ဇိမ်နဲ့နှပ်နေကြတုန်း စခန်း က နေအားလုံးပြေးထွက်ကြည့်တယ်။ ဂိတ်အ၀င်ဝကနေ ကလေးမြို့က “၀င်းကို” နဲ့ “အောင်ဆန်းလင်း” ကို ကလေး သားတွေ ပုခုန်းကနေ တဘက်တချင်စီတွဲခေါ်လာကြတယ်။ ထော့နင်းထော့နင်းနဲ့ လမ်းမလျှောက်နိုင်ကြဘူး။ သူတို့ ခြေဖ၀ါးတွေကို ရိုက်ခံထားရတာ။ အဖြစ်စုံရှင်းပြလို့သိရတာက အောင်ဆန်းလင်းတို့ အင်ဖားမြို့အထိသွားလည်တယ်။ ပြန်လာတော့ရဲကမိတယ်။ ရိုက်နှက်ဒဏ်ပေး ခံရတယ်။ လမ်းမလျှောက်နိုင်ဘူး။ ကိုယ့်လူတွေကို အဲလိုရိုက်နှက်ခံရတာ မြင်တော့လည်း ဘယ်သူမှမခံနိုင်ဘူး။ အဲလောက်ရိုက်စရာမလိုဘူးပေါ့။ ဒါနဲ့ပဲ ဆူညံဆူညံတွေ ဖြစ်လာတယ်။ ကသဲစစ် သားတွေကလည်း အကဲခတ်နေတယ်။ စူးစမ်းနေတယ်။ ကျနော်တို့အားလုံး ဘားတိုက်ထဲပြန်ဝင်တယ်။ အစည်းအဝေး ချက်ချင်းလုပ်တယ်။ အားလုံးက ဒီအခြေအနေကိုသဘောမကျဘူး။ အဆိုတင်သွင်းကြတာကတော့ ဒီမှာမနေဘူး။ တခြားစခန်းတခုရွှေ့ပေးပါ။ ဒီမှာသုံ့ပန်းတွေနဲ့တူတယ်။ စစ်တပ်ထဲမှာ သတင်းအဆက်အသွယ် ဖြတ်ခံထားရတယ်။ အိန္ဒိယအစိုးရသိအောင်လုပ်ရမယ်။ သူတို့မတရား ဖိနှိပ်တာမခံတော့ဘူး။ ဒီနေရာမှာ အားလုံးရဲ့ခံစားချက်တွေ ပေါက်ကွဲ ပြီး ညီညွတ်သွားကြတာပဲ။ တုန်လှုပ်စရာကောင်းတဲ့ညီညွတ်မှု။ ညတွင်းချင်း စခန်းကထွက်မယ်၊ တညတောင်မနေတော့ ဘူး။ အစာငတ်ခံဆန္ဒပြမယ်။ အပြင်ကို စည်းကမ်းတကျ တန်းစီထွက်မယ်။ ဂန္ဓီကြီးလမ်းစဉ်အတိုင်း ဘာမှမတုန့်ပြန်နဲ့၊ ရိုက်ရင်လည်းခံမယ်။ အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့အတိုင်း ကသဲစစ်ဗိုလ်ကြောင်ပါးနဲ့ အတူနေတဲ့ မအိကလည်း “ကျမယောင်္ကျားကိုလည်း ပြတ်နိုင်တယ်၊ ကျမ တော်လှန်ရေးအတွက်ထွက်လာတာ၊ ကျမ နိုင်ငံအတွက်ပဲ ကျမ စွန့်ရဲတယ်၊ ကျမ မှားခဲ့တာတွေခွင့်လွှတ်ပါ” လို့ တိုင်တည်တယ်။ အားလုံးက သြဘာပေးကြတယ်။

စခန်းကလူတွေအားလုံး ကိုယ့်အထုတ်ကိုယ်ဆွဲပြီးတန်းစီထွက်တယ်။ အရဲစွန့်ပြီးသာထွက်လာတာ၊ သူတို့သေချာပေါက် တားမယ်ဆိုတာတွက်ပြီးသား။ ဆန်၊ဆီ၊ကြက်သွန် ရိက္ခာခြောက်တွေရော၊ ဆေးဝါးတွေရောပါတယ်။ အစောင့် ကသဲစစ် သားတွေပြာသွားတယ်။ ဘယ်သွားကြမှာလည်းမေးတယ်၊ ဘာမှမဖြေဘူး၊ ဒီမှာမနေဘူးပဲဖြေတယ်။ ၀ီစီမှုတ်သံတွေ ဆူ ညံသွားတယ်။ အောက်က ကသဲစစ်သားတွေပြေးတက်လာတယ်။ သေနပ်ဖောက်သံကြားရတယ်။ စစ်သားတချို့သေနပ် နဲ့၊ တချို့က တုတ်တွေနဲ့။ ကျနော်တို့ရဲဘော်တွေ တချို့တ၀က်က ဂိတ်အပြင်ရောက်နေပြီ။ တပ်ရင်းမှူးရောက်လာတယ်။ အားလုံးကိုပြန်ဝင်ခိုင်းတယ်။ ဘယ်သူမှမ၀င်ကြဘူး။ နေရာမှာတင်ထိုင်ချလိုက်တယ်။ တပ်ရင်းမှူးက တခုခုအမိန့်ပေး လိုက်ဟန်တူတယ်၊ စစ်သားနှစ်ယောက်က တယောက်ပြီးတယောက်ကို လက်ကောက်ဝတ် တဖက်ဆီကနေကိုင်ပြီး ဒရွတ်တိုက်ဆွဲပြီး စခန်းဝင်းထဲပစ်ထည့်တယ်။ ရှေ့ဆုံးက ဘုန်းကြီးဦးအာလောက၊ ကိုအဲကြီး ဘယ်သူမှလက်တုန့်မပြန် ဘူး။ သူတို့ဒရွတ်တိုက်ဆွဲတဲ့နောက်ပါသွားတာပဲ။ ကိုယ့်အလှည့်လည်း ဒီအတိုင်းပဲ ဒရွတ်တိုက်ကြီး။ အဲ..တင်ပါးတော့ ကျိန်းတယ်။ မြေကြီးကကျောက်ခဲအကြေအမွ၊ အဖုအထစ်တွေနဲ့မို့ တင်းပါးတွေပွန်းပဲ့ကုန်တယ်။

ဒါနဲ့ ကျနော်တို့အားလုံး နိုင်ငံတော်သီချင်းဆိုတယ်၊ သွေးမော်ကွန်းသီချင်းဆိုကြတယ်။ အားလုံးမျက်ရည်တွေကျတယ်၊ တချို့ရှိုက်ကြီးတငင်၊ တချို့ကြိတ်ငိုနေတယ်။ ကျနော်လည်းမျက်ရည်တလိမ့်တလိမ့်နဲ့။ ကိုယ့်တိုင်းပြည်ကိုချစ်လွန်းလို့ ဒုက္ခခံပြီး၊ အသက်စွန့်ချင်စွန့်ရပစေဆိုပြီး ဒီနိုင်ငံလာကြတာ၊ ငါတို့ကိုဒီလို လုပ်ရက်တယ်ဆိုပြီး သိပ်ကြေကွဲကြတယ်။ သိတ်ကိုစိတ်နာကြတယ်။ ကျောင်းသားသမဂ္ဂသီချင်းတွေ၊ဇာတိမာန်တက်ကြွတဲ့သီချင်းတွေဆိုကြတယ်။ “ငါတို့ရဲ့ ဦး ခေါင်းများသည် သွေးချင်းချင်းနီပြီ သို့သော်ညွှတ်ကားမညွှတ်ပါသည် ဆိုတဲ့ ကျောင်းသားတပ်ဦး သီချင်းဆိုတာ တခါမှ အဲလောက် ခံစားချက်မပါဖူးဘူး၊ သိပ်ညီတယ်၊ သိတ်မာန်ပါတယ်။ သံဆူးကြိုးအပြင်ကရော၊ ၀င်းထဲမှာရော ကသဲစစ် သားတွေ ကျနော်တို့ကို ၀ိုင်းထားတယ်။ တချို့လည်း ဂရုဏာသက်တဲ့မျက်လုံးတွေနဲ့ ကြည့်နေတယ်။

ကျနော်တို့အားလုံး မျက်ရည်ကျတော့လည်း သူတို့စိတ်ကောင်းကြမယ် မထင်ဘူး။ ကသဲတပ်ရင်းမှူးက ဒေါက်တာ အောင်ကျော်ဦး ကို သူ့ အိမ်ဘက်ခေါ်သွားတယ်။ တပ်ရင်းမှူးအိမ်ကလည်း စခန်းနဲ့တခေါ်လောက်ပဲဝေးတာ။ ခဏနေ ပြန်လာတယ်။ အားလုံးအထဲပြန်ဝင်ဖို့ တပ်ရင်းမှူးကပြောတယ်။ ကျနော်တို့က မ၀င်နိုင်ဘူးလို့တုန့်ပြန်တယ်။ “ဒီနေရာ ဟာ အိန္ဒိယပိုင်ဖြစ်တယ်၊ စစ်တပ်စခန်းဖြစ်တယ်။ ဘယ်နိုင်ငံခြားသားမှ ဒီမှာဆန္ဒပြခွင့်မရှိဘး” လို့ ပြောတယ်။ ကျနော် တို့က အပြင်မှာပဲနေမယ်၊ ဒီစခန်းမှာမနေတော့ဖူး၊ စခန်းရွှေ့ပေးပါ၊ တခြားစခန်းတခုကို သွားချင်တယ်လို့ ပြောတယ်။ သူက မဖြစ်နိုင်ကြောင်းပြောတယ်။ အဲဒီမှာတင် တင်းနေတယ်။ ဒါနဲ့ မိုးချုပ်သွားပြီ။ အပြင်မှာပဲစုပြုံပြီး ညအိပ်ဖို့ပြင်ကြ တယ်။ ကျနော်တို့ ၀ိုင်းဖွဲ့ထိုင်နေတာက ဘော်လီဘောကွင်းမှာ၊ ပတ်ပတ်လည်မှာ ကသဲစစ်သားတွေဝိုင်းထားတယ်။

ညတွင်းချင်း ကပ်ထူစာရွက်တွေမှာ စာတွေရေးကြတယ်။ ပိုစတာတွေကိုင်ပြီး ဆန္ဒပြတယ်။ “ငါတို့တော်လှန်ရေးသမား တွေ၊ ဒုက္ခသည်မဟုတ်ဘူး” တို့ “ငါတို့ဟာ အကျဉ်းသားတွေမှုတ်ဖူး” တို့၊ “ဒီစခန်းဟာ ချွေးတပ်စခန်းနဲ့ တူတယ်” တို့ ရေးထားတယ်။ ဒီလိုနဲ့ ညကတဖြေးတဖြေးနက်လာတယ်။ နွေရာသီဆိုပေမဲ့ တောင်ပေါ်ဆိုတော့ လေတိုက်ပြီးအေး တယ်။ ကိုယ့်မှာရှိတဲ့ စောင်တွေခြုံတယ်။ လေကွယ်အောင် သွပ်ပြားတွေကာတယ်။ အရေးကြီးတာက အခုလိုဖြစ်နေတဲ့ ကိစ္စ မိုးရေးက ဆရာမန်းတို့၊ ဆရာထူးတို့ဆီ အမြန်ဆုံးအကြောင်းကြားဖို့ပဲ။ နောက်ဆုံး စခန်းအပြင်ခိုးထွက်လေ့ရှိသလို၊ နယ်မြေလည်းကျွမ်းကျင်တဲ့ ထိန်လင်း (ပန်းချီထိန်လင်း) နဲ့ အီးရှက် (မန္တလေး)တို့နှစ်ယောက်ကို ဆက်သွယ်ရေးတာဝန် ပေးလိုက်တယ်။ ပျောက်ကြားတပ်ဖွဲ့တွေ ဘယ်လောက်ကျွမ်းလည်းဆိုရင်၊ စစ်သားတွေကင်းစောင့်နေတဲ့ကြားက နှစ် ယောက်လစ်သွားတာ မသိလိုက်ဘူး။ ဗမာကျောင်းသားတွေရဲ့ပရိယာယ်ကိုခံလိုက်ရတာ။ အပေါ့သွားမယ်ဆိုပြီး ၂ယောက် တတွဲ၊ သုံးယောက်တတွဲ၊ တယောက်တလှည့်ဝင်လိုက်ထွက်လိုက်နဲ့ ရှုတ်ယှက်ခတ်သွားအောင်လုပ်တော့ အစောင့်လည်း လူမရေတွက်နိုင်ဘဲ မျက်စေ့လည်သွားတာ။

ခြေမြန်တော်ပျောက်ကြားနှစ်ယောက်ကလည်း ဘယ်လောက်ထိမြန်လည်းဆို မတ်လ ၂၄ ရက် မနက်ကို မိုးရေးရောက် သွားပြီး အဲဒီညမှာ ချက်ချင်းစခန်းပြန်ရောက်လာတယ်။ ဒါပေမယ့် သူတို့ မိုးရေးမြို့ကခေါင်းဆောင်တွေကိုသတင်းပို့တဲ့ ၂၄ ရက်နေ့မှာပဲ ဒီမှာပြဿနာတက်နေပြီ။ မတ်လ ၂၄ ရက်တနေ့လုံး ကျနော်တို့ညှိလို့အဆင်မပြေဘူး။ သူတို့ပြောတာ က ဒီမှာအေးအေးဆေးဆေးနေ၊ ရိက္ခာတွေဘာတွေ ပြန်တိုးပေးမယ်၊ အဆင်ပြေအောင်ထားမယ်။ ဒါပေမဲ့ ကျနော်တို့ အားလုံးက စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ စခန်းမှာမနေချင်ဘူး။ အဲဒီတော့ နောက်ဆုံးအကြိမ် ဒေါက်တာအောင်ကျော်ဦးနဲ့ တပ်ရင်းမှူးညှိပြီးတဲ့နောက် သူတို့ဘက်က ၂ ခုထဲက တခုပဲဆုံးဖြတ်ဆိုပြီး ခုလိုပြောတယ်။ ကျနော်တို့တောင်းဆိုတဲ့ နောက်ထပ်စခန်းတခုဆိုတာ မဖြစ်နိုင်ဘူး။ (၁) ဒီမှာဆက်နေချင်နေ၊ (၂)  ဒီမှာမနေချင်ရင် နယ်စပ်ပြန်ပို့မယ်တဲ့။ ကျနော်တို့ သေချာစဉ်းစားကြတယ်။ ဒီမှာတော့မနေဘူး။ မိုးရေးပဲသွားမယ်။ မိုးရေး (နယ်စပ်မြို့) ကို လိုက်ပို့ခိုင်းတယ်။ သူတို့ကသဘောတူတယ်။ ကျနော်တို့အားလုံးနည်းနည်းတက်ကြွလာတယ်။ မိုးရေးရောက်ရင် ခေါင်းဆောင်တွေနဲ့တွေ့ ပြီး အဖြေတခုခုရမယ်ထင်နေတယ်။ ကျနော်တို့အားလုံးကို သုံးသုတ်ခွဲလိုက်တယ်။ တသုတ်မှာ လူ (၇၀) လောက်ပေါ့၊ ဒေါက်တာအောင်ကျော်ဦးက “ကိုညိုခင်ဗျားက မှတ်တမ်းရေးမှာဆိုတော့ ပထမအသုတ်နဲ့ လိုက်သွားပေါ့” တဲ့။ ပထမ အသုတ်ထဲမှာ အမျိုးသမီးသုံးယောက်နဲ့လူမမာတွေ၊ ကိုမြင့်ဆန်း နဲ့ ကိုနေလင်း (အခသ) တို့လည်းပါတယ်။ ပြောရရင် အကြမ်းအတမ်းသမားတွေမှုတ်ဘူး၊ မျက်မှန်သမားတွေ၊ ချာတိတ်တွေ၊ မိန်းခလေးတွေနဲ့ လူမမာတွေပဲ။ မိန်းခလေးဆိုလို့ ပြောဖို့မေ့နေတယ်။ ကျနော်တို့အဖွဲ့ မိန်းခလေး၃ယောက်ထဲက တယောက်က “နီနီသိန်း” တဲ့။ သူ့ကို ကသဲလုံခြုံရေးအဖွဲ့ တွေက စခန်းကိုလာပို့တာ။ ရန်ကုန်ကလို့ပြောတယ်၊ သူ့အဖေက ရဲမှူးလို့ပြောတယ်။ အရေးအခင်းမှာပါတယ်၊ ထောင် ကျတယ်လည်းပြောတယ်။ ဒါပေမဲ့ သူ့အကြောင်းလည်း သူကရေရေလည်လည်မပြောနိုင်ဘူး။ ကြောင်တောင်တောင်နဲ့။ ဥပဓိကသန့်တယ်။ အတန်းပညာတော်တော်လေးရှိခဲ့ပုံရတယ်။ အင်္ဂလိပ်လိုပြောနိုင်တယ်။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်ပဲ၊ သူ့ကို စိတ်မူမမှန်ဘူးလို့ အားလုံးကသိထားကြတယ်။ စကားပြောရင် ကဘောက်ချိ ကဘောက်ချာ၊ အူကြောင်ကြောင်နဲ့။ သနားစရာကောင်းပါတယ်။

အဲဒီနေ့က မတ်လ ၂၄ ရက်နေ့။ မှတ်မှတ်ရရ ကုလားသင်္ကြန်ကျနေတယ်။ တောင်ကုန်းအောက်က ကသဲစစ်သားတွေရဲ့ အိမ်ထောင်သည်တန်းလျှားဘက်ကနေ မြူးမြူးကြွကြွ ကသဲဗုံသံတွေကြားနေရတယ်။ အစီအစဉ်အရ ကျနော်တို့ကို ပို့ ပြီးရင် နောက်တဖွဲ့ကို ပို့မှာဖြစ်တယ်။ တကယ်လို့ အဆင်ပြေရင် ကားကိုဖုံးကာထားတဲ့ တာရပတ်ပေါ်မှာ အင်္ဂလိပ်လို ယက်စ် (Y) ကိုရေး၊ မပြေလည်ရင် နိုး (N) ကိုရေးဘို့မှာထားတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်ပိုင်းတွေလည်း ဝေ ထားတယ်။ စာထဲမှာ“ကျနော်တို့ မြန်မာကျောင်းသားတွေ ဖြစ်တယ်၊ ကျနော်တို့ကို အမှတ် (၈) ရိုင်ဖယ်တပ်က နယ်စပ် ကို အတင်းပြန်ပို့နေတယ်။ နီးရာသတင်းဌာနကို အကြောင်းကြားပေးပါ” ဆိုတာတွေရေးထားတယ်။

ထရပ်ကား၂ စီး ရောက်လာတယ်။ ကျနော်တို့ပထမအသုတ်က ကားပေါ်တက်ကြတယ်။ ကျနော်တို့ ရှေ့ဆက်ဘာဖြစ် မယ်ဆိုတာ တွေးကြည့်ရသလောက် သိပ်ကောင်းမယ်တော့မထင်ဘူး။ ဒါပေမဲ့ ဖြစ်သမျှအကြောင်းအကောင်းပဲလို့တွေး ပြီး စိတ်ကိုပြင်ဆင်ထားတယ်။ တော်လှန်ရေးဆိုတာ ချောမွေ့တဲ့ဘ၀မှ မဟုတ်တာ။ ဗိုလ်ချုပ်တို့လည်း ဒီလိုပဲ ဘ၀စွန့်ပြီး လုပ်ခဲ့ကြတာပဲလို့ ဖြေတွေးမိတယ်။ အဲဒီအချိန်က ကျနော့်စိတ်ထဲမှာ တခုတော့ပိုင်းဖြတ်ထားတယ်။ ငါ ဗမာပြည်မပြန် သေးဘူး၊ ဒီမှာ ဘာတခုမှမလုပ်ရသေးဘဲ မပြန်ဘူး။ ဘာမှဖြစ်မလာဘဲ အိမ်ပြန်ရမှာ ရှက်စရာကြီး။ တခုခုတော့ ဖြစ် အောင်လုပ်ရမယ် ဆိုတဲ့အသိကရှိနေတယ်။ ရှေ့မှာ ဘာဖြစ်မယ်မှန်းလဲမသိဘဲ စမ်းတ၀ါးဝါးအနာဂတ်ကြီးကို ဘုမသိ ဘမသိလျှောက်ဖို့ ကြိုတင်စိတ်ပိုင်းဖြတ်ထားတာ ငါဟာရူးသွပ်တာပဲလို့ အဲဒီတုန်းက မတွေးမိဘူး။

တကယ်လည်းဘာမှမရေရာ မသေချာတဲ့အနာဂတ်။ ပိုဆိုးတာက အန္တရယ်တောင်ရှိသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျနော်တို့လူငယ်တွေဟာ အာဏာသိမ်းစစ်အစိုးရကို နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ကကြီးစိုးနေတယ်။ နိုင်မယ်လို့လည်း ထင်နေတယ်။ တော်လှန်ရေးနဲ့တူတာကို ပီပီပြင်ပြင် လုပ်ချင်ကြတယ်။ ဘာမှမဖြစ်ဘဲ၊ ဘာမှပြန်မချနိုင်ဘဲ ဒါမှမဟုတ် ရှုံးနိမ့်ပြီး၊ အညံ့ခံပြီး နောက်ကြောင်းပြန်လှည့်ရမှာကို သိပ်ရှက်နေကြတယ်။ ရန်သူ့ဆီမှာ အညံ့ခံပြီးပြန်မ၀င်ချင်ဘူး။ စခန်းမှာတောင် သူများတွေ နောက်ကြောင်းပြန်တဲ့ အချိန်တိုင်း ကျနော်တို့ ကိုယ့်ဖာသာအားပေးပြီး ပြောလေ့ရှိတဲ့ စကားလေး မှတ်မိသေးတယ်။

“ခွပ်ဒေါင်းမှာ ဘက်ဂီယာ မရှိဘူးဟေ့”။

ကိုညို
၈ ဖေဖော်ဝါရီ ၂၀၁၃

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း ၉)


“အာလူးနဲ့ ကြက်သွန် ခိုးစားနေသူတွေက တော်လှန်ရေးလုပ်မှာတဲ့လား”
“အာလူးနဲ့ ပဲ ခိုးစားနေတဲ့သူတွေနဲ့ တော်လှန်ရေး အောင်မြင်ပါ့မလားကွ”
“အာလူးခိုးစားနေသူတွေက တော်လှန်ရေးလုပ်ကြမှာတဲ့လား.. ကွ”

ည ၁၁ နာရီဝန်းကျင်၊ တိတ်ဆိတ်နေတဲ့အချိန်၊ မဏိပူရတောင်နံရံတွေတောင်ပဲ့တင်ခတ်ပြီး စူးစူးဝါးဝါးထွက်လာတဲ့အသံ နက်ကြီးကြောင့်.. ရုံးခမ်းထဲမှာစာဖတ်နေရင်း.. ဦးဇင်း ဦးဝရနဲ့ ကျနော်ဘားတိုက်အပြင်ကို ပြေးထွက်ကြည့်လိုက်တယ်။
ကိုလှစိုးပါ။ မန္တလေးတက္ကသိုလ် မြန်မာစာဌာနက။ ဖျင်တိုက်ပုံထူထူ၊ လုံချည်တိုတိုနဲ့ လည်ပင်းမှာ မာဖလာ ပတ်ထား တယ်။ သူ့ရဲ့ခံစားမှု မီးတောက်က မဏိပူရဆောင်းရာသီအအေးဒဏ်ကို အနိုင်ယူထားတယ်။

“အာလူးနဲ့ပဲခိုးစားနေပြီး တော်လှန်ရေးလုပ်အုံးမှာတဲ့လား”

ဦးဇင်းဦးဝရကိုမြင်တော့ ကိုလှစိုးငြိမ်လိုက်တယ်။ ဘားတိုက်ထဲပြန်ဝင်သွားတယ်။ ကျနော်တို့တတွေအားလုံး မျက်နှာ တွေ မကောင်းကြဘူး။ အားလုံးခေါင်းငိုက်စိုက်တွေ။ လက်ရှိဘ၀အနေအထားတွေကို အားလုံးက မကြေနပ်ကြတာ အ မှန်။ စခန်းကလူကြီးတွေကိုလည်း အားနာတယ်။ သူတို့လည်း ရဲဘော်တွေအားလုံး လုံလုံလောက် လောက်စားနိုင် အောင် စီစဉ်လိုက်တာပဲ။ တခြားနည်းလမ်းလည်းရှာမတွေ့တော့ ငတက်ဖျားနည်း သုံးလိုက်တာ။

ဖြစ်ပုံကဒီလို။ ဒုက္ခသည်စခန်းမှာက ရိက္ခာမလောက်င၊ ထမင်းမ၀၊ ဟင်းမလောက်ပြဿနာက အမြဲကြုံတယ်။ ပြဿနာ တခုခုဖြစ်ပြီဆိုရင် အဲဒီ စားဖိုဆောင်ကနေ စတာများတယ်။ ကသဲအာဏာပိုင်တွေ ရိက္ခာထုတ်ပေးတာက လူတယောက် ဆန်၊ ဆီ၊ ကြက်သွန်ဘယ်လောက်နှုံးဆိုပြီး ပေါင်းပေးတာ။ သူပေးတဲ့ လူဦးရေအမှန်ဆို ကိစ္စမရှိ၊ လူက တိုးလာတာဆို တော့ မလောက်ဘူး။ ဒါတောင် တချို့စိတ်ဓာတ်ကျပြီး ပြန်သွားရင် ရိက္ခာထုတ်ပေးတဲ့ “ရိုခူးမား” ကို အသိမပေးဘဲ မှိန်း ထုတ်နေတာ။ နောက်မှအသိပေးတာ။ ကျနော်တို့ကိုပေးတာ မလောက်ငှတာလည်း ခနခန တင်ပြတယ်။ သူတို့ကလည်း အထက်ကလာတဲ့စာရင်းအတိုင်း ပေးတာလို့ ပြောတယ်။ ကျနော်တို့က မယုံဘူး။ ဒီလူတွေဒုက္ခသည်တွေဆီက ဖြတ်ခိုး နေတယ်လို့ထင်တယ်။ သူတို့ခိုးတာအရေးမကြီးဘူး။ ကိုယ့်ရဲဘော်တွေက မ၀ရေစာစားရတော့ ခဏခဏ ပြဿနာများ တယ်။ ဒါနဲ့ပဲ ငတက်ဖျား အော်ပရေးရှင်းကို ကြံစည်ခဲ့တာ။

ရိက္ခဂိုဒေါင်က ကျနော်တို့ ရုံးခန်းနဲ့ကပ်ရက်ပဲ။သော့ကိုတော့ သူတို့ယူထားတယ်။ သူတို့ကလည်း သော့ ၂ ထပ်ခတ်ထား တာ။ ဒါပေမဲ့ ဂိုဒေါင်အပြင်ဘက် အပေါ်ကလေ၀င်ပေါက် (လေသာပြူတင်းပေါက်) မှန်တခါးလေးရှိတယ်။ လွယ်လွယ်ဝင် လို့မရဘူး။ နံရံကနေ တယောက်ကထမ်းတင်ပေးရင် ခန္ဓာကိုယ်သေးသေးတယောက်က အသာရှိုပြီး ၀င်ရတာ။ ကလေး မြို့က “စန်းနိုင်” က ဘော်ဒီသေးသေးကွေးကွေးလေး။ သူက ပင်တိုင် ရိက္ခာဂိုဒေါင်တက်ခိုးရတယ်။ သိတ်များများယူ လည်းရိပ်မိမှာစိုးတော့ ကြက်သွန်ဥ တပိသာ၊ ဆန်တပီ၊ ဆီအစိတ်သား၊ သကြားနည်းနည်းပေါ့။ မစို့မပို့လေးကို နာမည် ပျက်ခံပြီး အသဲအသန်ခိုးရတာ။ အဲဒါကြီးကို အားလုံးကသိတ်မကြိုက်ဖူး။ အငတ်ခံမယ် မခိုးဘူး၊ အဟာရပြည့်မီအောင် တော့ စားဖို့လိုမယ်ဘာညာနဲ့ သဘောထားအမျိုးမျိုးကို ခေါင်းဆောင်ပိုင်းက ဆွေးနွေးအစည်းအဝေးလုပ် မဲခွဲပြီးဆုံးဖြတ် ကြတာ။

ရိက္ခာအခြေအနေမကောင်းရင် “စန်းနိုင်” တို့ ငတက်ဖျား အော်ပရေးရှင်းလုပ်ရပြီ။ ဒီလိုနဲ့ “အာလူးခိုးစားသူတွေရဲ့ တော် လှန်ရေး” ဆိုပြီး ဝေဖန်သံတွေ ကြားရတော့တာပဲ။ ကျနော်တို့ “ဒီမိုကရက်တစ်ပြောက်ကျားတပ်ဦး” (BDGF) က ရန်သူ ကိုသာ ပြောက်ကျားတိုက်ပွဲမဆင်နွှဲရတာ ကျနော်တို့ပတ်ဝန်းကျင်က အရွက်တွေ၊ အပွင့်တွေ၊ အသီးတွေ၊ တွားသွား သတ္တ၀ါနဲ့ အင်းဆက်ကောင်တွေကိုတော့ မကြာခဏ ပြောက်ကျားစစ်ဆင်ပြီး တိုက်လေ့ရှိတယ်။ ဒီအကြောင်းတွေပြော ပြမယ်။

ပြောက်ကျားအဟာရ၊ပြောက်ကျားဗီတာမင်တွေအကြောင်းပဲ ဆိုပါတော့။ ရီစရာတွေထဲကမောစရာတွေပေါ့။

ကျနော်တို့အားလုံးစခန်းကနေ၊ နေ့လည်တကြိမ်၊ ညနေတကြိမ်၊ တောင်ခြေကချောင်းထဲ ရေချိုးဆင်းတတ်ကြတယ်။ ထုံးစံအတိုင်း လက်နက်ကိုင်အစောင့်တွေနဲ့ အတူပေါ့။ အုပ်စုလိုက် လူရေတွက်ပြီးဆင်းရတာ။ ချောင်းထဲဆင်းရရင် ပျော် တယ်။ တောထဲမှာ ဇီးဖြူသီးပင်တွေပေါတယ်။ ဇီးဖြူသီးတွေကို ဆား၊ ငြုပ်သီးထည့်ထောင်းရင် ဟင်းတခွက်ပေါ့၊ အဲဒီ အချိန် ငပိတွေဘာတွေ ဘယ်ရှိမှာလဲ။ နောက်ချောင်းထဲက ဂဏန်းကျင်းတွေနှိုက်ပြီး မီးဖုတ်စားတယ်။ ကဗျင်းရွက် (ချဉ် ပေါင်လိုချဉ်ပြီး အချဉ်ဟင်းချက်တယ်) နဲ့ ဖလောင်မွှေး၊ သရက်ကင်းရွက်တွေလည်း ရလေ့ရှိတယ်။ တခါတော့ သရက်ဖူး လို အဖူးတွေနဲ့ အပင်တချို့တွေ့တယ်။ တမူးက၊ ၀င်းနောင်နဲ့ ကျနော် ရေးချိုးသွားရင်း အဖူးတွေခူးပြီးမြီးကြည့်တယ်။ ဖန်သက်သက်နဲ့၊ သရက်ဖူးအရသာလိုပဲ၊ အနံ့တော့မရှိဘူး။ လျှာတွေဘာတွေလည်း မယားဘူး။ ဒါနဲ့ပဲ ခူးချလာတယ်။ စခန်းထဲအ၀င်အားလုံးက မေးကြတယ်။ ကျနော်က ခတ်တည်တည်ပဲ “ဖြူဂျီဖူး” လို့ပြောလိုက်တယ်။ ဖြူဂျီဖူးကို ချောင်း ထဲကဖမ်းလာတဲ့ ဂဏန်းလုံးမီးကင်၊ ငါးရေပေါ် ငါးသေးသေးလေးတွေကင်ပြီး ရွှေလှံဘို ငြုပ်သီးစပ်စပ်၊ ဆားထည့် ထောင်း စားရင်..စားမြိန်ကောင်းပဲ။

ကျနော်တို့တတွေ အသားမစားရဘူးဆိုပေမဲ့ ကိုယ့်မှာရှိတဲ့ နာရီ၊ ဆွဲကြိုး၊ လက်စွတ်တွေကို ကသဲ စစ်သားတွေဆီ ထု လိုက်ရင် အမဲခြေတောက်နဲ့ စားစရာတချို့ရလာတာပဲ။ ကျနော့ နာရီလေးဆို တလကျော်တာနဲ့ ကျွဲခြေတောက်ဖြစ်သွား တာပေါ့။ “ချန်ဒယ်မြို့” လေးက ၂ မိုင်ကျော်ဝေးမယ်။ စခန်းကခိုးထွက်ပြီး တောလမ်းအတိုင်း ခြေကျင်လျှောက်ရင် ရောက်တယ်။ ချန်ဒယ်ဈေးထဲကနေ အမွှေးမီးမြှိုက်ထားတဲ့ ကျွဲခြေတောက်တချောင်းဆို လူ ၅ ယောက်စာ အ၀ပဲ။ ကျွဲခြေတောက်ပြုတ်၊ ဖြူဂျီးဖူးသုတ်နဲ့ ထမင်းလုပ်ကို ဘယ်နတ်သုဒ္ဓါနဲ့မှ မလဲဘူး။ ကောင်းမှကောင်း။

ကျနော်တို့ အစောပိုင်းက တလကျော်ကျော် အသားမစားရတော့ သွေးသားအလိုနဲ့.. စိတ်ကပါ အသားဓာတ်ကို တောင်း လာတာ သတိထားမိလာတယ်။ တခါတော့ တပ်ထဲကခွေးတကောင် ကျနော်တို့ တောင်ကုန်းပေါ်တက်လာတယ်။ စိတ် က အကောင်မြင်တာနဲ့ သတ်စားချင်စိတ်ကပေါ်နေတယ်။ ဒါနဲ့ ခွေးလည်းစခန်းနားရောက်လာရော “လိုက်ဟ..လိုက်ဟ.. လိုက်ဟ” ဆိုပြီး ၀ိုင်းလိုက်တာ။ ဘယ်မိမလဲ။ ခွေးကကိုယ့်ထက်လျှင်တာပေါ့။ သူလည်း စားကြွင်းစားကျန်ရမလားဆိုပြီး
နယ်မြေအသစ်ကို သတိနဲ့ချည်းကပ်လာတာ။ ကိုယ့်လူတွေ သံကုန်ဟစ်တာနဲ့ အသက်လုပြီးပြေးတာပေါ့။ ခွေးပြေး ပြေးတယ်ဆိုတာ ကွက်တိ။

ကျနော်တော့ အဲဒီတောင်ကုန်းမှာ မြွေသားကို စပြီးစားဖူးတာပဲ။ တနေ့ကျတော့ ရေချိုးသွားရင်း ကသဲစစ်သားတချို့ မြွေ သတ်ပြီးလွှင့်ပစ်မယ်လုပ်တော့ ကျနော်တို့ထဲက ရဲဘော်တယောက်က တောင်းယူလာတယ်။ ကသဲကမေးတော့ သိပ် စားလို့ကောင်းတယ်။ ဆေးဘက်ဝင်တယ်လို့ ပြောတယ်။ မြွေအရေခွံခွါပြီး ဆီအိုးကပ်လေးနဲ့ ကျော်စားတာ ကောင်းမှ ကောင်း။ နောက်တော့ ကသဲတွေမြွေရပြီဆို တုတ်ကလေးနဲ့ကလော်ပြီး ကျနော်တို့ကို လာ လာပေးတယ်။ မြွေမြင်ရင် လန့်တတ်တဲ့ ကျနော်ကိုယ်တိုင် နောက်ဆိုအပြင်ထွက်တိုင်း တုတ်ကိုင်ပြီး မြက်ခင်းပဲကြည့်လျှောက်တော့တာ။ မြွေတွေ့ လိုတွေငြားပေါ့။

ဒီလိုနဲ့ ပြောက်ကျားရဲဘော်တွေ ရှာစားတတ်လာတယ်။ တောထဲမှာ ပုဇင်းရင်ကွဲတွေ အရမ်းပေါတယ်။ တကျီကျီနဲ့ သိပ် နားညည်းတယ်။ နှိမ်နင်းရမယ်ပေါ့။ ဒါနဲ့ ကလေးမြို့ကတော ကြွမ်းတဲ့ ၀င်းကိုတို့ အုပ်စုတီထွင်တဲ့နည်းအတိုင်း ဖိနပ်စုတ် တွေကိုမီးရှို့၊ ဓာတ်ဆီစိမ် (ကသဲစစ်သားတွေဆီက ဓာတ်ဆီနည်းနည်းတောင်း) ပြီးကော်လုပ်တယ်။ ၀ါးရှည်ရှည်ထိတ် မှာ ဖိနပ်ကော်ကိုကပ်ပြီး ပုဇင်းရင်ကွဲတွေရှာဖမ်းတော့တာပဲ။ သိတဲ့အတိုင်း ပုဇင်းရင်ကွဲဆိုတာ တကျီကျီညံပေမယ့် လူ သံကြားရင်၊ အနားကပ်လာရင် အသံပျောက်သွားတာ၊ ရှာမရဘူး။ သူ့ကိုယ်ရောင်နဲ့ ပင်စည်နဲ့ကတထပ်တည်း။ ရှာရတာ ဘယ်လွယ်လိမ့်မလဲ။ ဒါပေမဲ့ ပြောက်ကျားတွေက သဲကြီးမဲကြီး ပြူးပြဲရှာတာ။ တခါသွားဖမ်းပြီးရင် ပုဇင်းရင်ကွဲတွေ စခန်း တခုလုံးတောင်စားနိုင်တယ်။

နောက်ထပ် အင်းဆက်စစ်ဆင်ရေး တခုက ခါချဉ်နီအော်ပရေးရှင်း။ သစ်ကိုင်းဖျားတွေမှာ သစ်ရွက်တွေစုပြီး အထုတ် လိုက်ကြီးအုံဖွဲ့နေတဲ့ ခါကျင်တွေရဲ့အကိုင်းကို ဒါးနဲ့ခုတ်ဖြတ်ပြီး ရေဖြည့်ထားတဲ့ ရေပုံးထဲထည့်ထားလိုက်တာ။ ခါချဉ် ခေါပဏီတပ်ကြီးကစဥ့်ကလျားဖြစ်တော့ ရေပုံးဆွဲပြန်။ ခါချဉ်ဥနဲ့ အကောင်ပေါက်တွေက ချဉ်တင်တင်လေးအရသာ။ ကျနော်တို့က ကြော်စားတယ်။ ပြောက်ကျားတွေရဲ့ ဗီတာမင်စီပေါ့။

တနေ့ကျတော့ ရဲဘော်တချို့ စခန်းနားကသစ်မြစ်ကြီးကို ညာသံပေးပြီး တူးဆွနေကြတယ်။ ဘာတွေ့လို့လဲမေးကြည့် တော့ ကြွက်တကောင်ဝင်သွားလို့တဲ့ ကျနော်လည်း မြေကြွက်ဆူဆူဖြိုးဖြိုးကြီး စားရတော့မယ်ဆိုပြီး လုပ်အားပေးလိုက် သေးတယ်။ နောက်ဆုံးတော့ နှစ်ကျပ်ခွဲသားလောက်ရှိတဲ့ ကြွက်ကလေးတကောင် ဖြစ်နေတယ်။

နောက်ထပ်ဖြစ်ရပ် တခုက အတော်ဆိုးတယ်။ ပုတ်သင်ညိုတကောင်ကို ၀ိုင်းလိုက်တာ။ အပင်ပေါ်တက်ပြေးတော့ အပင် ပါလှဲမယ်လုပ်လို့ မနည်းတားရတယ်။ နောက်ဆုံး ပုတ်သင်ညိုလည်း ပြောက်ကျားအစာ ဖြစ်ရတာပဲ။ ပုတ်သင်ညိုမီးဖုတ် စားတာ အရာသာကချိုတယ်။ ဒါပေမဲ့ အသားကနည်းတယ်။ နံကြားကပ်နေတဲ့ အသားစနည်းနည်းလေးကို လုယက်စား ကြတာ။

ကျနော်တို့တတွေ အဲလိုဘ၀ကို အဲဒီတခါပဲကြုံဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျနော်တို့လည်း တလ ၂ ခါတော့ အသား စားရပါတယ်။ တော်လှန်နယ်မြေဖြစ်ပေမဲ့ သေးငယ်တဲ့စိတ်ကလေးတွေနဲ့ အလိုမပြည့်နိုငိတဲ့ စရိုက်တချို့လည်း တွေ့ရ တတ်တယ်။ လူပီသတဲ့ လူ့စရိုက်လို့ပဲ ပြောရမလားပဲ။ ရီစရာလေးတခုပါ။ အသားဟင်းချက်ရင် လူတွေက သူ့အသား ကျကြီးတယ်၊ ငါ့ကျတော့ သေးသေးလေးပဲပေးတယ်တို့၊ အသားတုံးဖျက်တာ အတုံးမညီဖူးတို့ ဝေဖန်လွန်းလို့ အသားတုံး အကြီးအသေးမျှတအောင် အပ်ချည်ကြိုးလေးတွေနဲ့ တွဲချီထားပြီးချက်တာ။ ရွှေဉာဏ်တော်စူးရောက်သူတွေ ဖြေရှင်းပုံ လေးကို သဘောကျလို့ပါ။ အဲလိုမှမရှင်းလဲ ပူညံပူညံ အစ်ရှူးတွေက တက်လာအုံးမယ်။ ထမင်းစားရင် အမဲတုံးလေး တွေက အပ်ချီကြိုးတန်းလန်းလေးတွေနဲ့။

တရက်မှာ ကံကောင်းချင်တော့ ကြောင်လျှာသီးပင်တပင် ဂေါ်ရခါးကုန်းမှာသွားတွေ့တယ်။ ကြောင်လျှာသီးတွေ ပြွတ်နေ တာပဲ။ မဏိပူရ လူမျိုးတွေနဲ့၊ အိန္ဒိယက ဇိုမီး၊ မီဇိုချင်းတွေ ကြောင်လျှာသီး မစားတတ်ဘူး။ ဗမာတွေလာမှ စားရကောင်း မှန်းသိတာ။ နောက်ဆို ကြောင်လျှာသီး မကြာမကြာစားရတယ်။

တခါတော့ စခန်းသစ်အောက်က ၀ါးရုံပင်ကနေ ၀ါးမျှစ်စို့တွေ တွေ့လို့ ရဲဘော်တွေချိုးလာတယ်။ သိပ်စားလို့ကောင်း တယ်။ မျှစ်ချဉ်တောင်တည်လိုက်သေးတယ်။ သိပ်မကြာဖူး။ ကသဲ ရဲအရာရှိနဲ့ အရပ်သားတယောက် စခန်းပေါ်ရောက် လာတယ်။ ပါလာတဲ့ အရပ်သားကသူ့ရဲ့ ၀ါးရုံတောက မွေးထားတဲ့ဝါးတွေကို ဒီကဗမာတွေ ခိုးနှုတ်သွားတဲ့အကြောင်း တိုင်ပြောတာ။ ဒီမျှစ်ကနေ ၀ါးဘယ်လောက်ထွက်နိုင်ကြောင်း၊ ၀ါးတလုံးကို ဘယ်လောက်တန်ဘိုးကြီးကြောင်း တွက် ချက်ပြီးရော်ကြေးတောင်းလို့ စခန်းက မရှိမဲ့ရှိမဲ့ အလှူငွေတချို့ပေးရော်လိုက်ရတယ်။

ကျနော်တို့ထဲက ပြောက်ကျားတပ်မှုးကြီး ကိုဘရမ် (ကိုသိန်းဌေး၊ နယူးရောခ်) က ဟင်းချက်ကောင်းရုံတင်မကဘူး၊ လက်သမားအလုပ်၊ လက်နက်ဆင်တဲ့ အလုပ်တွေပါကျွမ်းတယ်။ တရက်တော့ ဘယ်ကသစ်သားတွေ သားရည်ပင်တွေ ရလာလည်း မသိဘူး ဒူးလေးတလက် ကျကျနန လုပ်တော့တာပဲ။ သူ့ဒူးလေးက သိပ်ကောင်းတယ်။ သန်တယ်။ ကျနော် တို့ အားနဲ့ဆွဲပြီးမောင်းမတင်နိုင်ဘူး။ ကိုဘရမ်က ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ (ဂျူးကပြား)၊ အားတောင့် တယ်။ သူ့ဒူးလေး သူတယောက်ထဲကိုင်နိုင်တယ်။ ကိုဘရမ် ဒူးလေးကိုင်ပြီးတောထဲသွားရင် ကျနော်တို့တတွေက “ကိုဘရမ် ယုံပါလာမလား၊ ဂျီပါလားမလား”
“မဆလာထောင်းထားမယ်၊ငြုပ်သီးထောင်းထားမယ်” ဆိုပြီး စနောက်လေ့ရှိတယ်။

သူ့ကို ကျနော်တို့ငယ်ငယ်ကဖတ်တဲ့ ကာတွန်းမောင်စိန်ရဲ့ “မုဆိုးကြီးလုံန္ဒကိ” ဆိုပြီး စနောက်ခေါ်လေ့ရှိတယ်။ သူပြန် လာရင်လည်း “တောက်နာတယ်ကွာ ဂျီပေါက်လေးတကောင် နီးနီးလေးပဲ ဒူးလေးမောင်းတင်တုန်း ပြေးသွားတာ” တို့၊
“မျောက်တွေကွာ အုပ်လိုက်ကြီး၊ ရှိုထဲဆင်းပြေးတာ မမိလိုက်ဘူး” ဘာညာနဲ့ ညည်းပြလေ့ရှိတယ်။ ပြီးတော့ အမဲလိုက် ပြီးပြန်လာတိုင်း သူ့လက်ထဲ အမြဲတမ်းပါလာလေ့ရှိတာက “မြင်းခွါရွက်” တွေချည်းပဲ။ ဒေါက်တာအောင်ကျော်ဦး က သူဒူးလေးကိုင်ပြီး တောထဲထွက်တိုင်း “ကိုဘရမ်..မြင်းခွါရွက်တွေ..ပိုခူးခဲ့နော်” လို့ နောက်ပြောင်လေ့ရှိတယ်။

ကျနော်တို့စခန်းမှာ အမြဲတမ်း သရေစာလိုမပြတ်စားလေ့ရှိတာက “စကပ်သီး” ပဲ။ စကပ်ပင်ကနေရာအနှံ့တောထနေ တာ။ စကပ်သီးက ကြိမ်သီးအသေးစားနဲ့တူတယ်။ သေးသေးလုံးလုံး။ မီးဖုတ်ပြီး အထဲကအဆံကိုစားတာ နည်းနည်းစိမ့် တယ်။ ကြာကြာစားလို့မကောင်းဘူး။ ဖန်လာတယ်။ လျှာတွေဖွယ် လာတယ်။ ဒါပေမဲ့ ၀ိုင်းဖွဲ့မီးလှုံရင်း ဟိုပြောဒီပြောနဲ့ စကပ်သီးလှော်စားရတာ သတိတရပဲ။ ကိုအောင်ကျော်ဦး (ကဗျာမြတ်ထက်) ကတောင် ကဗျာတပုဒ်စပ်ထားသေးတာ အဲဒီတကြောင်း မှတ်မိနေတယ် “စကပ်သီးရလို့ လှော်စဉ်မှာ၊ ငတ်ကြီးကျတို့ပျော်ရွှင်စရာ” ဆိုတာလေး။

တချိန်က ကျနော်တို့ပြောက်ကျားရဲဘော်တွေ အဲဒီလို တောထဲကအဟာရတွေနဲ့ ကြံဖန်စားကြ၊ ပြောင်ကြစကြရင်းငြီးငွေ့ စရာ၊ စိတ်ပျက်စရာကောင်းတဲ့ဘ၀တွေကို နှစ်သိမ့်ပြီး ကျော်ဖြတ်ခဲ့ကြတယ်။
“ငါတို့..ရန်သူ့လက် အောက်ခေါင်းရှိုမ၀င်ဘဲ ဒီနေရာမှာ တရက်တစက္ကန့်ပိုနေနိုင်ရင် တရက်တစက္ကန့် ပိုအသက်ရှည်ရင် တောင် ရန်သူကိုတရက်တစက္ကန့်ကြာ တော်လှန်နေတာပဲ ဖြစ်တယ်”
“ကိုယ်က ဘာမှမလုပ်နိုင်သေးတောင် နယ်စပ်မှာကြံ့ကြံ့ခံ ရပ်တည်နေတာကိုက ရန်သူကိုအာခံတာ၊ တော်လှန်တာ ဖြစ်တယ်”
ဆိုတဲ့အယူအဆတွေနဲ့ ကိုယ့်ဖာသာ စိတ်ဖြေနေခဲ့ကြတယ်။

ကျနော်လည်း ရှားရှားပါးပါး ဒုက္ခသည်စခန်းမှာရှိနေတဲ့ ဂစ်တာအစုတ်လေးတလက်ကိုတီးပြီး ကျော်ဟိန်းရဲ့ “ထာဝရရှင်သန်နေမယ်” ဆိုတဲ့ သီချင်းကိုစာသားပြင်ပြီး မကြာခဏ အော်ဆိုလေ့ရှိတယ်။

“ဟောဒီ လေထန်တောင်ကုန်းကြီးမှာ အာလူးနဲ့ပဲရှိနေသရွေ့ ထာဝရရှင်သန်နေမယ်ဟေ့ ..
ထာဝရရှင်သန်နေမယ်..”

ကိုညို
(၃၀ ဇန်န၀ါရီ ၂၀၁၃)

သူတို့ခေါ်တော့ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၆)

သူတို့ခေါ်တော့ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၆)

ဒီဆောင်းပါးရေးဖို့ပြင်ဆင်နေတဲ့အချိန်မှာ အိန္ဒိယမြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ စာပေ ဟောပြောပွဲလုပ်တဲ့သတင်း ကြားတယ်။ တချိန်က ဒီမြို့လေးကိုရောက်လာတဲ့ တခြားနယ်ကကျောင်းသားမှန်သမျှကို ဖမ်းဆီးစစ်ဆေးပြီး ထောင်ထဲပို့တာ၊ မိဘရပ်ဆီလွှဲပြောင်းတာတွေ ခံခဲ့ရပြီး၊ အခု နှစ်အစိတ်လောက်ကြာတဲ့အခါမှာတော့ ကျောင်းသားခေါင်းဆောင်တွေကိုယ်တိုင် အဲဒီမြို့မှာ ထင်ထင်ပေါ်ပေါ်နဲ့ ဟောပြောမှုတွေ လုပ်နေပြီဆိုတော့..

ကျနော်ဟာ ကံကြမ္မာရဲ့ လှည့်ဖျားမှုတွေကို သွားဆင်ခြင်မိတယ်။ ၁၉၈၈ အာဏာသိမ်းပြီးစ နယ်စပ်မြို့တွေဖြတ်ပြီး တဖက်နိုင်ငံ အစွန်အဖျားတွေကို(ထိုင်း၊ အိန္ဒိယ၊ တရုတ်) ကျနော်တို့ ကျောင်းသားတွေ.. တော်လှန်ရေးလုပ်ဖို့ ထွက်ခဲ့ ကြတယ်။ အဲဒီတုန်းက ဓားကိုဓားချင်း၊ လှံကိုလှံချင်းဆိုတဲ့ စိတ်ဓာတ်တွေနဲ့ပေါ့။

အဲဒီတုန်းက ဒီလိုနယ်စပ်မြို့ပေါ်မှာ ကျောင်းသားအရွယ်လူငယ်မျက်နှာစိမ်းတွေဆို ခိုးကြောင်ခိုးဝှက် သွားလာရတာ။ အ ကြောက်အလန့်ကြီးတဲ့ အဲဒီတုန်းက စစ်အာဏာပိုင်တွေဟာ နိုင်ငံချစ်စိတ်ရှိသူ လူငယ်တွေကို သူခိုးဂျပိုးလို ဆက်ဆံခဲ့ ကြတယ်။ ကျောင်းသားလူငယ်တွေကိုလက်ခံမိရင် အိမ်ရှင်တွေကို ဖမ်းချုပ်တယ်။ ခုခေတ်လိုသာဆို လူကုန်ကူးတဲ့အမှုနဲ့ တရားစွဲမှာသေချာတယ်။

အခု ကွယ်လွန်သွားပြီဖြစ်တဲ့ တမူးမြို့သား ကိုတင်ဝင်း (လူ့ဘောင်သစ်) ဆို အဲဒီတုန်းကတမူမြို့ပေါ်ရောက်လာတဲ့ ကျောင်းသားလူငယ်မှန်သမျှကို ကုန်သိုလှောင်တဲ့ ဂိုဒေါင်တွေမှာ ပုန်းခိုစေပြီး မိုးရေးဘက် တသုတ်ပြီးတသုတ်ပို့နေတာ။ နောက်ပိုင်း အိန္ဒိယဘက် တောခိုဖို့လာသူမှန်သမျှကို တင်ဝင်း ဂိုဒေါင်နဲ့မကင်းဘူး။ ကြာတော့ ကိုတင်ဝင်း ကိုယ်တိုင် လည်း မခံနိုင်တော့ဘူး၊ ပြေးရတော့တာပဲ။ နောက်ဆုံးဒုက္ခသည်စခန်းမှာပဲ ခေါင်းချသွားလေရဲ့။ စခန်းနောက်ဖက်မှာ သူ့ အုတ်ဂူလေးရှိနေတယ်။

တကယ်တော့ စာသင်သားဘ၀ ကျဉ်းကျဉ်းမှာအတွေ့အကြုံနုနုသာ ရှိသူတွေဟာ အင်မတန်မှ ကြမ်းတမ်းခက်ထန်လှတဲ့ တော်လှန်ရေးလမ်းပေါ်ရောက်တဲ့အခါ စိတ်ကူးနဲ့လက်တွေ့ လုံးဝလွဲမှားနေမှန်း နောက်မှသိရတယ်။
………………………………………..

အိန္ဒိယနယ်စပ်ရောက် ကျနော်တို့အယောက် ၄၀ လောက်ကို၊ မဏိပူရပြည်နယ်လုံခြုံရေးတပ် (ချန်ဒယ်ခရိုင်အမှတ် ၈ ရိုင်ဖယ် တပ်ရင်း) က မိုးရေးမှတဆင့် နည်းနည်းအတွင်းပိုင်းကျတဲ့ (ချန်ဒယ်ခရိုင်) ထဲ စစ်ထရပ်ကား ၃စီးနဲ့ ခေါ်သွား ကြတယ်။ ညမိုးချုပ်ကြီးဆိုတော့ ဘယ်ခေါ်သွားမှန်းလဲ မသိဘူး။ ဘယ်ဆီဘယ်ဝယ်သွားပြီး၊ ဘာမှန်းညာမှန်းမသိရပေမဲ့ ကျနော်တို့ ပျော်နေတယ်၊ တက်ကြွနေတယ်။ စိတ်အထင် ၁ နာရီခွဲလောက် မောင်းရမယ်ထင်တယ်၊ လမ်းပိတ်ထားတဲ့ လုံခြုံရေးဂိတ်တချို့ကိုလည်း ဖြတ်ရတယ်။

ကျနော်တို့ ရှမ်းပြည်ကလမ်းတွေအတိုင်းပဲ၊ အကွေ့အကောက်၊ တဘက်ဂျောက်၊ တဘက်တောင်နံရံနဲ့ တောင်ပေါ်လမ်း ဖြစ်တယ်။ မိုးရေးကနေ “ပါလဲ” ဆိုတဲ့မြို့ (ဒုတိယကမ္ဘာစစ်က ဂျပန်တပ်တွေအခြေစိုက်ခဲ့သလို ဗြိတိသျှတပ်တွေ ထိုးစစ် ဆင်ခဲ့တဲ့ သမိုင်းဝင်မြို့) အထိ တောက်လျှောက်တောင်တက်လမ်း ဖြစ်တယ်။

“ပါလဲ” ရောက်တော့ လမ်းခွဲ ၂ခု ရှိတယ်။ တခုက လွင်ပြင်ကြီးဖြစ်နေတဲ့ မဏိပူရမြို့တော် အင်ဖားဘက်သွားတဲ့လမ်းခွဲ၊ နောက်တခုက တောင်ပေါ်လမ်းဖြစ်တဲ့ ချန်ဒယ်ခရိုင်ကိုသွားတဲ့လမ်းခွဲပါ။ ကျနော်တို့ကို ချန်ဒယ်ဘက်ခေါ်သွားတာ ဖြစ် တယ်။ တိတိကျကျပြောရင် ချန်ဒယ်ခရိုင်မြို့လေးမရောက်ခင် ၃ မိုင်လောက်မှာရှိတဲ့ အမှတ် (၈) မဏိပူရ ရိုင်ဖယ်တပ် စခန်းရှိရာ လိုင်ခွန်း (Leikun) စစ်စခန်းဆီကို ဖြစ်တယ်။

အဲဒီ စစ်စခန်းရဲ့ အထက်တောင်ကုန်းမြင့်ကြီးတခုမှာရှိတဲ့ ဆောက်ပြီးစ တပ်ဆေးရုံလေးမှာ ကျနော်တို့ကို ယာယီနေထိုင် ခွင့်ပေးထားတာ ဖြစ်တယ်။ တောင်ကုန်းထိတ်မှာရှိတဲ့ ဆေးရုံဆောင်က သိပ်ကြီးတာတော့ မဟုတ်ဘူး။ ကုတင်ထားမယ် ဆိုရင် အလွန်ဆုံးကုတင် ၃၀ ပဲ ဆန့်နိုင်တဲ့ ဘာမှမရှိတဲ့ ခမ်းမဆောင်ကြီးတခုရယ်၊ ညာဘက်ဘေးကပ်ရက်မှာ ၆ပေx၁၀ ပေ လောက်ရှိတဲ့ ရှည်မျောမျော အခန်းတခုရယ်၊ ဘယ်ဘက်ဘေးမှာ အိမ်သာ၂လုံးရယ်.. ဒါပဲ။ တောင်ကုန်းပေါ်မှာ သွပ် မိုးအုတ်တိုက်နီကျံကျံ ဆေးရုံအသစ်စက်စက်က ထီးထီးကြီးတခုထဲ။

ညကြီး မင်းကြီး ကျနော်တို့ ကားပေါ်ကဆင်း တန်းစီနေရာယူတော့ မဏိပူရ တပ်ရင်းမှူးအရာရှိက ကြိုဆိုတဲ့အကြောင်း နှုတ်ခွန်းဆက်တယ်။ ပြီးတော့ ဒီအဆောက်အဦမှာ ယာယီတည်းခိုဖို့ စီစဉ်ထားတဲ့အကြောင်း၊ နောက်တနေ့မှ အောက်ခံ တမံသလင်းပေါ်၊ ကောက်ရိုးတွေခင်းပြီး နွေးထွေးအောင်စီစဉ်ပေးမယ့်အကြောင်း၊ အစားအသောက်ကို သူတို့က ချက် ပြုတ်စီမံပေးရမလား၊ ကိုယ့်ဖာသာချက်ပြုတ်စီစဉ်မလားမေးတယ်။ ကျနော်တို့ဘက်က မိမိဖာသာစီစဉ်မယ့်အကြောင်း ပြောတော့ သူတို့က နောက်တနေ့မှာ အိုးခွက်ပန်းကန်တွေနဲ့ ရိက္ခာတွေပေးပို့မယ့်အကြောင်းပြောတယ်။ ပြီးတော့ ဒီည တော့ သူတို့ချက်ပြုတ်ထားတဲ့အစီအစဉ်အတိုင်း စားသောက်ဖို့နဲ့ အဆောက်အဦက အသစ်စက်စက်ဖြစ်လို့ သောက်သုံး ရေလှောင်ကန်မရှိသေးတဲ့အကြောင်း လောလောဆယ် အိမ်သာ၂လုံးကို လုံးဝအသုံးမပြုဘဲ ယာယီကျင်းတူးအိမ်သာပဲ အသုံးပြုစေချင်ကြောင်း၊ ဘာဖြစ်လို့လဲဆို အဆောက်အဦဘယ်ဘက်မလှမ်းမကမ်းမှာ ကွန်ကရစ်မြေအောက်မိလ္လာကန် ၂ လုံးကို ယာယီသောက်သုံးရေလှောင်ကန်အဖြစ် သုံးထားတဲ့အကြောင်း အသိပေးပါတယ်။

အရေးကြီးတာတခုက အဆောက်အဦပရ၀ုဏ်သံဆူးကြိုးပတ်ပတ်လည်ကာရံထားပြီး ၀န်းအပြင်မထွက်ဖို့၊လက်နက်ကိုင် လုံခြုံရေးအစောင့်အကြပ်တွေရှိနေတဲ့အကြောင်း၊ သူတို့ခွင့်ပြုချက်နဲ့သာ အပြင်ထွက်ဖို့ဆိုပြီးမှာပါတယ်။

အဲဒီညက ကျနော်တို့တတွေ မိုးရေးမြို့ ကုန်သည်ကြီးများအသင်းကပေးလိုက်တဲ့ ၂ ထပ် ဘာဘူစောင်ကို တထည် အောက်ခံ၊ တထည်ခြုံပြီး မဏိပူဆောင်းညကို အံတုကွေးခဲ့ရတယ်။ စည်းကမ်းထိမ်းသိမ်းရေးမှူး ကိုဂြိုလ်တု (ကွယ်လွန်) ရဲ့ တရွှီရွှီဝီဇီမှုတ်သံနဲ့ ထကြထကြဆိုတဲ့အသံကြောင့် ကျနော်တို့ ကမန်းကတန်းထကြတယ်။ တပ်စု ၄ စု ခွဲပြီး ကိုယ့်အ စုနဲ့ကိုယ် တန်းစီဖို့ အသင့်ပြင်တယ်။ ကျနော်တို့ကိုစောင်ခေါက်နည်း၊ အိပ်ရာသိမ်းနည်းတွေကို ကိုယ့်လူတွေကပဲ စနစ် ကျအောင်သင်ပေးထားတယ်။ ဖိနပ်တွေကို ကိုယ့်တပ်စုနဲ့ကို ညီညီညာညာ ချွတ်ခိုင်းတယ်။ မညီသူကိုအပြစ်ပေး ဒိုက် ထိုးခိုင်းတယ်။

လူကလည်းနည်း၊ စိတ်ဓာတ်တွေကလည်းတက်ကြွနေတော့ သိပ်ညီတယ်။ စည်းကမ်းအတိအကျလိုက်နာတယ်။ မနက် အပြင်ထွက်တန်းစီတော့ မြူတွေပိတ်နေတယ်။ ရာသီကအေးစိမ့်နေတယ်။ ရေခဲမှတ်နီးနီးပဲ။ တခါတလေ ရေခဲအောက် ထိအေးတယ်၊ အပြင်မှာ အင်္ကျီလှမ်းထားရင် ရေခဲမှုံတွေတက်ပြီး အင်္ကျီကချပ်ပြားကြီးလိုတောင့်တောင့်ကြီးဖြစ်နေတယ်။ နေထွက်လာမှပြန်ခြောက်တာ။ ယာယီအိမ်သာကလည်း ကျင်းတူးပြီး ၀ါးကပ်ထရံလေးပတ်လည်ဝိုင်းပြီး ကာထားတာ။ ယောက်ကျားတလုံး၊ မိန်းခလေးတလုံး။ မိန်းခလေးက၂ယောက်ထဲ၊ ယောကျာင်္းက ၃၀ ကျော်။ အိမ်သာမလောက်လို့ သံဆူးကြိုးလေးအသာမပြီး စကပ်ပင်တောထဲ စခန်းသွားကြသူများတယ်။ စကပ်တောကြီးကလည်း ထူထူထပ်ထပ်၊ နောက်တော့လည်း အဲဒီစကပ်ပင်တွေ ဒုက္ခသည်တွေရဲ့ထင်းဖြစ်ကုန်တာပဲ။ အိမ်သာမလောက်လို့ တောထဲဖြစ်သလို သွားကြတော့ နောက်ပိုင်းရက်အတော်ကြာတဲ့အခါ အံ့သြစရာကောင်းလောက်အောင် ယင်ကောင်တွေ၊ ယင်ကောင်တွေ အရမ်းပေါလာတယ်။ ထမင်းချက်တဲ့နေရာနဲ့ အိမ်သာထဲတင်၊ ယင်တွေလုံးခဲနေတာ မဟုတ်ဘူး၊ ညအိပ်ရင်တောင် ယင် ကောင်တွေက အနားမယူဘဲ အွန်ဂျူတီဆင်းပြီး မျက်နှာနဲ့ကိုယ်ပေါ်နားပြီး နှိပ်စက်တာခံရတယ်။ နောက်ပိုင်း စည်းကမ်း ထိမ်းသိမ်းရေးမှူး ကိုဂြိုလ်တုက ယင်ကောင် ၁၀၀ ကို ဘီဒီဆေးလိပ် (ကုလားတွေသောက်လေ့ရှိတဲ့ ပွတ်ချွန်းဆေးလိပ် သေးသေး) တလိတ်နဲ့ နှိမ်နင်းတာတောင်မကုန်ဘူး။ သိတ်မကြာဘူး၊ ၀မ်းရောဂါတွေဖြစ်ကုန်တယ်။ ကျန်းမာရေး ထိခိုက် တော့ စိတ်ဓာတ်အကြီးအကျယ်ကျကုန်တယ်။ အဲဒါ နောက်ပိုင်းကျဖြစ်လာတာတွေပေါ့။

တကယ်တော့ အိန္ဒိယအစိုးရက မြန်မာဒုက္ခသည်တွေကို လက်ခံနေပါပြီလို့ ကမ္ဘာသိ ကျယ်ကျယ်လောင်လောင် ကြေငြာ ခဲ့ပေမဲ့ ဒုက္ခသည်တွေအတွက် ဘာတခုမှ ကြိုတင်မစီစဉ်ထားပါဘူးဆိုတာ ထင်ရှားပါတယ်။ ကျနော်တို့ ဒုက္ခသည်တွေ ဟာ နောက်ပိုင်းမှာ လူဦးရေအရ ၂၀၀ ၀န်းကျင်ပဲ ရှိခဲ့တာပါ။ ကျနော်တို့တတွေကို အစာလုံလောက်အောင် မကျွေးမွေး ဘူး၊ စောင်မလုံလောက်ဖူး၊အိပ်စရာ၊ ကျောခင်းစရာတောင်မလုံလောက်ခဲ့ဘူး။ ဆေးဝါးဆိုလည်းဝေလာဝေးပါ။ ဒီကိစ္စ တွေနောက်ပိုင်းမှာ ရေးပါအုံးမယ်။

ကျနော်တို့ဒုက္ခသည်စခန်းရဲ့ တောင်ကုန်းပတ်ပတ်လည်သံဆူးကြိုးနဲ့ကာထားပြီး အနောက်ဖက်ထွက်ပေါက်မှာ ရွက်ဖျင် တဲ၂ လုံးနဲ့ လက်နက်ကိုင် မဏိပူရစစ်သားတွေ စောင့်နေတယ်။ သတိထားမိတာတခုက အိန္ဒိယနယ်ခြားစောင့် လက် နက်ကိုင်စစ်သားတွေရော၊ အခု ကင်းစောင့် မဏိပူရရဲဘော်တွေရော သူတို့သေနပ်ကို သံကြိုးနဲ့တုတ်ပြီး ကိုယ့်ခါးနဲ့တွဲ ချည်ထားတာပဲ ဖြစ်တယ်။ ခတ်နောက်နောက် တမူးနယ်သားတယောက်ကတော့ ဗမာတွေ သေနတ်လုပြေးတတ်လို့ပါ လို့ ပြောတယ်။ တိုက်ပွဲမှာကျရင် ကိုယ့်လက်နက်ကို ရန်သူက အလွယ်တကူ ကောက်ယူပြေးလို့ မရအောင်လို့ ဖြစ်မှာပါ။

ကျနော်တို့အားလုံး ကျန်းမာရေးလေ့ကျင့်ခန်းတွေ တန်းစီလုပ်ကြတယ်။ တောင်ကုန်းလေးပေါ်မှာပဲ ပတ်ပြေးကြတာ တပ် မတော်က စစ်သားသစ်လေ့ကျင့်ရေးစခန်းမှာ အော်ဟစ်ပြေးသလိုပေါ့. “ဘာလုပ်နေလဲ … လေ့ကျင့်နေတယ်၊ ဘာစိတ် ဓာတ်လဲ ခွတ်ဒေါင်းစိတ်ဓာတ်၊ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်”။

ဘိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီး မောမောပမ်းပမ်းဖြစ်နေပေမဲ့ ကသဲစစ်သားတွေက ထမင်းလာမပို့သေး။ ဗမာတွေက မွန်းမတည့်မီနေ့လည်စာ စားတတ်ပေမဲ့ သူတို့က မွန်းလွဲ ၁ နာရီလောက်မှ ထမင်းစားတတ်တာ။ ကျနော်တို့ ရောက်ပြီးနောက်တရက်ထိ သူတို့ချက်ပြုတ်တာပဲ စားရတယ်။ အိုးခွက်၊ ပန်းကန်နဲ့ ရိက္ခာကိစ္စ စီစဉ်လို့မပြီးတာမို့ပါ။

မှတ်မှတ်ရရ ရှိနေတာတခုပြောရအုံးမယ်။ ညကျတော့ လူကြီးတွေက ထမင်းအရင်စားတယ်။ ကျနော်တို့က ဆရာဦးရွှေ ထူး (မန္တလေး) ဒေါက်တာအောင်ကျော်ဦး (ယခု မဏိပူရ၊ သင်္ကြန်သံချပ်ရေးတဲ့ ကဗျာဆရာမြတ်ထက်) ပန်းချီစစ်ငြိမ်း အေး (ယခုအမေရိကား) စာရေးဆရာ ကောလ်ထန်မောရိယယ်လ် (ကွယ်လွန်) နဲ့ မန်းဆေးတက္ကသိုလ်က ကိုဘရန် (ကိုသိန်းဌေး-အမေရိကား) ကျော်ကျော်ထွဋ် (အမေရိကား) တို့ကို ဦးစီးအဖွဲ့ခေါင်းဆောင်တင်ထားတာ သူတို့က အရင် စားတယ်။ ကျနော်နဲ့ ရဲဘော်တချို့အပြင်မှာ မီးလှုံနေရင်း ဆရာထူးက“မောင်ညိုရေ.. သောက်ရေပြတ်နေတယ်၊ သွား ခတ်လိုက်ပါအုံးကွာ” လို့ ခိုင်းလို့ ရေပုံး ၂ ပုံးဆွဲပြီး အိမ်သာနောက်ဖက် ကွန်ဂရစ်ရေလှောင်ကန်လေးထဲက ရေသွားဆွဲ တယ်။

ကျနော်က မျက်မှန်သမား၊ ညကြီးဆိုတော့သိပ်လည်း မမြင်ရဘူး။ ရေပေါ်ပေါလောပေါ်နေတဲ့ အမှိုက်သရိုက်တွေရှင်းပြီး သောက်ရေဆွဲလာတယ်။ ဦးစီးအဖွဲ့ထမင်းစားပြီး ရေသောက်တယ်။ ကသဲတွေကလည်း သောက်ကြတယ်။ ရေပြတ် သွားလို့ နောက်ထပ်ရေသွားဆွဲဖို့ အိမ်သာနောက်သွားတော့ ဆရာထူးက “မောင်ညို..မင်းဘယ်ကရေသွားခတ်မှာတုန်း” လို့ မေးတယ်။

“အိမ်သာနောက်ကရေလှောင်ကန်လေ” လို့ ဖြေတော့ “အာ..လခွီးမှပဲ..သွားပါပြီကွာ” လို့ပြောပြီး ထွီထွမ်နဲ့ တံတွေးထွေး ပါတော့တယ်။ ကျနော်လည်းကြောင်သွားတယ်။ အားလုံးက“ချီးရေတွေ..ချီးရေတွေ”နဲ့ တ၀ါးဝါးဟားပြီး ၀ိုင်းအော်တယ်။
ဆရာထူးက “သွားသွား ပုံးထဲကရေတွေ မြန်မြန်သွန် သေချာသွားဆေး၊ ၀မ်းရောဂါတွေဖြစ်ကုန်တော့မှာပဲ ဒုက္ခပဲကွာ” လို့ ညည်းတယ်။

မတတ်နိုင်ဘူးလက်လွန်သွားပြီ။ အမှန်က ညနေပိုင်းမှာ ရေတိုင်ကီတွေရောက်လာလို့ သောက်ရေသုံးရေကို နဂိုကသုံး တဲ့ အိမ်သာမိလ္လာရေလှောင်ကန်အသစ်ကို မသုံးတော့ဘဲ အသစ်ရောက်တဲ့ ရေတိုင်ကီကြီးတွေပဲ သုံးတာဖြစ်တယ်။ တခါးပိတ်ထားတဲ့ အိမ်သာအသစ်ကြီးကိုလည်း အသုံးပြုနိုင်ပြီလို့ ညနေကပဲ ဖွင့်ပေးလိုက်တာကြောင့် အမျိုးသမီးနှစ် ယောက်နဲ့ ကျောင်းသားတချို့ဈေးဦးပေါ့က်ဆိုပြီး အခင်းကြီးအခင်းလေးတွေ သွားပြီးကြပြီ။ နောင်အခါ သတင်း ထောက်ဖြစ်မယ့် ကျနော်က အဲဒီ အင်ဖော်မေးရှင်းကို မရလိုက်ဘူး။

ဒါနဲ့ မိလ္လာကန်ထဲကရေခတ်ပြီး ဦးစီးအဖွဲ့ကိုသွားတိုက်မိတာ။ အဲဒီနောက်ပိုင်း ကျနော့နာမည်လည်း လအတန်ကြာထိ ကိုညို ကနေ “အီးညို”လို့ ပြောင်းသွားတယ်။ တခါတလေ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောတိုင်း ကျနော့်ကို ရေခတ် ကူပေးတဲ့ ကိုအောင်ဆန်းလင်း (ကလေးမြို့၊ယခု သြစတေးလျ) က “ကိုညိုရေ.. အဲဒီတုန်းက ခင်ဗျား ခေါင်းဆောင် တွေကို ချီးရေတိုက်ပြီး နာမ်နှိမ်လိုက်လို့ဖြစ်မယ်၊ နောက်ပိုင်းခေါင်းဆောင်ချင်းလည်းမတဲ့၊ အဖွဲ့လည်းကွဲတော့တာ ပဲလေ” လို့ ပြောတယ်။ ဒေါက်တာဘရမ်ဆိုရင်.. နှစ်အတန်ကြာထိကျနော့်ကို “ချီးညို..ချီးညို” နဲ့ နောက်ပြောင်ပြီး ခေါ်တုန်း..။

ကိုညို (အော်စလို)

သူတို့ခေါ်တော့ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၄)

                 
“ဝေး.. ဟေး.. ရွှေဝါဖူး.. ရေသဘင်မဏ္ဍပ်ကြီးက ကြိုဆိုပါတယ်… ပွမ်..ပွမ်.. ရှေ့ကကားလမ်းတွေ မပိတ်ဆို့ပါနဲ့”
“မီးသတ်ပိုက်နဲ့ ပက်တာလောက်တော့.. ရီတာပေါ့.. ရီတာပေါ့”
“မြနန္ဒာ.. နေညိုညို ရေခတ်သမ်းတော့ ရွှေမန်းတောင်ရိပ်.. တူတူခိုမယ်..ပျိုဖြူတွေရယ်”
“ပက်ကြဟေ့.. ပက်ကြဟေ့ .. ဟိုကောင်မလေး မလွတ်စေနဲ့” 

ဝါးတောကြီးတခုလုံး ကျနော်တို့အသံတွေ ဟိန်းနေတယ်။ ချောင်းရေတွေကို လက်ဝါးနဲ့ခတ်ပက်သူတွေ၊ ခြေကန်ပက်သူ တွေနဲ့ ရေစက်ရေမွှားတွေက ၀ါးကွပ်ပြစ်တွေကို ရွှဲရွှဲစိုလို့ ..။

“ပွမ်ပွမ်ပွမ်..သင်္ကြန်ကားကြီးလာနေပြီ.. သင်္ကြန်အလှပြကားကြီး လာနေပြီ”

အောင်ဆန်းလင်းနဲ့ ၀င်းကိုတို့ ချောင်းအလယ်က ကျောက်တုံးမဲကြီးပေါ်ထိုင်ပြီး သင်္ကြန်ကားပုံစံမောင်းနေတယ်၊ ပါးစပ် ကလည်း သင်္ကြန်သီချင်းတွေဆိုလို့..။ အားလုံးက သင်္ကြန်ထဲရောက်ကုန်တယ်၊ တခဏအတွင်းအကုန်လုံး ရူးသွပ်ကုန် တယ်၊ စိတ်ကိုလွှတ်ထားကြတယ်၊ ပြီးတော့ လူသူကင်းမဲ့တဲ့ တောထဲက သင်္ကြန်။ မိမိဖာသာ စိတ်ထင်ရာအော်ဟစ်ပြီး သင်္ကြန်အိပ်မက်ကို ကိုယ်စီမက်နေကြတယ်။ ကျနော်တို့ရဲ့တောကြီးမျက်မဲ ၀ါးပင်တွေယှက်နွယ် နေတဲ့တောထဲက သင်္ကြန်ကို အခုထိလွမ်းနေတုံး။ အဲဒီနေ့ကသင်္ကြန်အတက်နေ့။ တချို့ကပျော် တချို့က လွမ်း၊ တချို့ကငိုနဲ့။ အဲဒီတုန်းက သင်္ကြန်ကိုလွမ်းပြီး စိတ်မထိမ်းနိုင်တော့တဲ့ ကျနော်တို့ထဲက ကိုညွန့်ကြိုင်၊ လူမင်းရှိန်၊ စစ်ကိုင်း ကိုမြင့်အေးနဲ့ မောင်မောင် မြင့်၊ ဝဏ္ဏတို့ကတော့ အားလုံးကိုနှုတ်ဆက်ပြီး ‘ဟိုဘက်ကမ်းကမဏ္ဍပ်ကို သွားလိုက်အုံးမယ်ဟေ့လို့ လက်ကလေးပြပြီး ပြည်တော်ပြန်ဝင်သွားတာ မှတ်မိသေးတယ်။ ကျနော်တို့လည်း ရင်ဘတ်ထဲက သင်္ကြန်ကိုအလွမ်းတွေနဲ့ သရုပ်ဖော်ပြီး တော့ ချောင်းရေကိုကန့်ပြီး ငါးဖမ်းကြတယ်။ အဲဒီနေ့က ငါးခုံးမလေးတွေ ကျောက်ငါးသေးသေးတွေအပြင် ကျောက် တုန်းအောက်က ငါးခူနဲ့ ငါးရံ့ ၃-၄ကောင်တောင် ဖမ်းမိကြသေးတယ်။ အဲဒီနေ့ ငါးပြုတ်၊ ဂဏန်းလုံးနဲ့၊ ယာခင်းထဲက ရွှေဖရုံသီး ချင်းငြုတ်စပ်စပ်နဲ့ သင်္ကြန်ထမင်းဝိုင်းလေး အခုထိ လွမ်းကောင်းတုံး။

ကျနော်တို့ ဘုံရမ်ရွာကိုရောက်ပြီး နောက်၂ရက် အကြာ မိုးရေးကိုလွှတ်လိုက်တဲ့ ဦးအာလောက၊ ပူစီ(မုံရွာ)နဲ့အတူ ထိန် လင်း (ပန်းချီ) နဲ့ ဆရာမန်း (ဒေါက်တာမန်းမြင့်ဆိုင်) တို့ ရောက်လာတယ်။ သူတို့နဲ့အတူ ကုလားပဲ၊ ငါးပိ ရိက္ခာတွေပါ လာတယ်။ ဆရာမန်းကို မြင်တော့ ကျနော်တို့ ပျော်သွားတယ်။ ကိုယ့်ခေါင်းဆောင်ကို အခုမှမြင်ဖူးတာ။ ဆရာမန်းရဲ့ မျက်နှာမှာ အထင်ရှားဆုံးက မျက်လုံးနဲ့ မျက်ခုံးပဲ။ ဟင်္သာတက သပိတ်ခေါင်းဆောင်၊ ပြည်ချစ်တော်လှန်ရေးကာလ မြွေဟောက်တပ်ရင်းရဲ့ တပ်မှူးရဲ့ မျက်လုံးကနည်းနည်းပြူးပြီး စူးရဲတယ်၊ မျက်ခုံးကထူပြီးအဖျားတွေက အပေါ်ကို ကော့နေတယ်။ ဇာတ်ထဲက ဘီလူးမျက်ခုံး၊ ဘီလူးမျက်လုံးမျိုး။ ကြမ်းတမ်းမယ့် ရက်စက်မယ့်ပုံပဲ။ ဒါပေမဲ့ သူရဲ့ ကြမ်း တမ်းခက်ထန်တဲ့ အမူအရာနဲ့ ဒေါသထွက်တဲ့ဟန်ကို ကျနော်တော့ တခါမှမတွေ့လိုက်ဘူး။ မတွေ့ဖူးဘူး။ သူလေသံ အေးအေးနဲ့ ပြောတာ၊ သဘောကျပြီး ကျယ်ကျယ်လောင်လောင်ရီမောတာတွေပဲ တွေ့ဖူးတယ်။ ဆရာမန်းက ကျနော့ကို မောင်ညိုလို့ခေါ်တယ်။ “မင်းက မျက်မှန်ပုလင်းဖင်ကြီးနဲ့ဆိုတော့ သေနတ်ကိုင်ပြီး စစ်တိုက်နိုင်မယ့်ကော င်မဟုတ်ပါဘူး၊ ရေဒီယိုအော်ပရေတာပဲလုပ် ဒါမှမဟုတ်ရင် ၀ါဒဖြန့်ချိရေးပဲလုပ်” လို့ ပြောဖူးတယ်။ ကျနော်ကလည်း အဟုတ်ကြီးထင်ပြီး အတော်ကျေနပ်ခဲ့တယ်။ မနှစ်က ဆရာမန်း အမေရိကားမှာ ကျောက်ကပ် ၂ လုံးစလုံးမကောင်းလို့ ကျောက်ကပ်အလှူ ခံတဲ့ သတင်းတော့ကြားမိတယ်။ သူ့ကို ကျိုးစားဆက်သွယ်သေးတယ်၊ မရဘူး။

ဆရာမန်းက ဘုံရမ်ရွာက ကျနော်တို့ တည်းခိုရာ သူကြီးအိမ်မှာပဲ အခြေအနေကိုရှင်းပြတယ်။ စခန်းကတော့ ပျက်တဲ့သ ဘောဖြစ်နေပြီ၊ လူတွေလည်း ဟိုတဖွဲ့ဒီတဖွဲ့ကောက်သင်းကောက်စုနေရတဲ့အကြောင်း၊ တချို့ဗမာပြည်ထဲပြန်ဝင်ကုန်ပြီ၊ စစ်တပ်ကလည်း သတင်းရလို့စောင့်ဖမ်းနေတယ်၊ စခန်းမှာ ဒေါက်တာအောင်ကျော်ဦးတို့နဲ့ တခြားရဲဘော် ၄-၅ ဆယ်ပဲ ကျန်နေတယ်။ ပြည်တွင်းက ရဲဘော်တချို့လည်း ရောက်နေပြီ၊ (အဲဒီအချိန် ကျောက်ဆည်က ကိုသံဒုတ် (မဲဆောက်) နဲ့ ကိုသံခဲ (ဥက္ကဋ္ဌ-ABSDF) တို့ မိုးရေးကို ရောက်နေတယ်) အထဲက ဒီဘက်လာချင်တဲ့ ကျောင်းသားတွေရှိနေပေမယ့်  လောလောဆယ် မလာဖို့ အကြောင်းကြားထားတယ်လို့ ရှင်းပြတယ်။ အခုခေတ်လို ဆက်သွယ်ရေးကမကောင်း၊ တယ် လီဖုံးတောင် ဆက်ရခက်တော့ တနေရာနဲ့ တနေရာ လူကြုံဆက်သားလွှတ်ပြီး ဆက်သွယ်ရတာမို့ သိပ်လည်းအန္တရာယ် များပါတယ်။ နောက်ဆုံး ဆရာမန်းပြောတာကတော့ ဒီမှာဆက်ပြီးတော်လှန်ရေးလုပ်မယ်၊ နေမယ်ဆို သူဆက်ပြီးဦး ဆောင်မယ်၊ မနေချင်လို့ ဗမာပြည်ပြန်ချင်တယ်ဆိုလည်း ပြန်လို့ရတယ် ဆိုတာပါပဲ။ အဲဒါအမြန်ဆုံး ဆုံးဖြတ်ပြီးရင် မိုးရေးကိုလာခဲ့ဖို့ အဲဒီကနေ ပြန်နိုင်အောင် သူစီစဉ်ပေးမဲ့အကြောင်း ပြောပါတယ်။ နောက်နေ့ ဆရာမန်းပြန်သွားတယ်။ သူ့လက်စွတ်လေးရောင်းပြီး ၀ယ်လာတဲ့ ကုလားပဲ၊ ငပိနဲ့ လိုအပ်တဲ့ဆေးဝါးတွေတော့ ကျနော်တို့အတွက် ထားခဲ့ပါတယ်။

ကျနော်တို့ရွာရောက်ပြီး နောက်တရက်မှာ ဒုက္ခသည်စခန်းက ဒုတိယသုတ်အနေနဲ့ တောထဲပို့ခံရတဲ့ လူ ၇၀ ကျော် အုပ် စုထဲက ကိုကျော်သန်းတို့အုပ်စု ၁၀ ယောက်လောက် ကျနော်တို့ရွာ ရောက်လာကြတယ်။ သူတို့ကိုလည်း နယ်စပ်တနေ ရာ (ကျနော်တို့နဲ့မတူတဲ့နေရာ) ကို ပို့လိုက်တာပဲ။ သူတို့ထဲက ကိုသူရိန် (ဗကသ) တို့ကတော့ ဗမာပြည်ပြန်ဝင်သွားကြ တယ်။ တသုတ်ပြီးတသုတ် အထဲပြန်ဝင်သွားတာ သူတို့ ၁၀ ယောက်ပဲ ကျန်တော့တယ်။ ကျနော်တို့ ဖြတ်လာတုံး နီနီ သိန်း ချန်နေခဲ့တဲ့ရွာလေးမှာ ကိုကျော်သန်းတို့အဖွဲ့နဲ့ နီနီသိန်းတွေ့ပြီး ဒီရွာမှာ ကျနော်တို့ရှိတဲ့အကြောင်း သိရတာလို့ ပြောပြတယ်။ သူတို့ပြောပြတဲ့ အတွေ့အကြုံတခုက စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ ကျနော်တို့ဆီအလာ ၀ါးတော တခုက ချောင်းလေးမှာခဏနားနေတုံး စစ်ဂျာကင်ဝတ်လူ ၃ ယောက်ကို တွေ့တဲ့အကြောင်း၊ အဲဒီ ၃ ယောက်ထဲက တ ယောက်က လာမိတ်ဆက်တော့ ကိုယ့်ထဲက လူငယ်လေးတွေက တောခိုဖို့ထွက်လာတဲ့ ရန်ကုန်က ကျောင်းသားတွေ ဖြစ်တဲ့အကြောင်း၊ စစ်အစိုးရကို လက်နက်နဲ့ပြန်တိုက်ဖို့ အိန္ဒိယကိုလာအကူအညီတောင်းတာဖြစ်တယ်လို့ အာဘောင် အာရင်းသန်သန်နဲ့ပြောတော့တာပေါ့။ လူစိမ်း၃ယောက်ထဲက ဖြူဖြူနွဲ့နွဲ့နဲ့ အသက်၄၀ အရွယ်တယောက်က ထလာပြီး သူတို့က ၀ါးကုန်သည်တွေဖြစ်တဲ့အကြောင်းရှင်းပြပြီး သူတို့ကို ၉၀ကျပ်တန် ၂ရွက် ပေးသွားတယ်လို့ သိရတယ်။

နောက်မှ ပြန်သိရတာအဲဒီလူတွေက တမူးနဲ့ကလေး-ကလေးဝတ၀ိုက် နာမည်ကြီးဓားပြမောင်ရွှေ တို့ဆိုတာပဲ။ ဓားပြက ငွေလှူသွားတယ်ဆိုတော့ အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေအပေါ် ပြည်သူက ဘယ်လောက်ထိ မေတ္တာထား ပြီး ကူညီစောင့်ရှောက်သလဲ၊ အုပ်ချုပ်သူတွေကို ဘယ်လောက် မုန်းတီးရွံရှာသလဲဆိုတာ သက်သေပြနေတာပေါ့။

ဓားပြဆိုလို့ ကျနော်တို့အဖွဲ့ထဲက ဂိုင်စီ (အောင်သန့်မင်း-ကနေဒါ) တို့ အတွေ့အကြုံလေးကလည်း အဲဒီခေတ်ကာလ အခြေအနေတခုမို့ ဒီနေရာမှာပြောပြချင်သေးတယ်။ ဂိုင်စီတို့က ၈၈ အာဏာသိမ်းပြီး ၃ ပတ်လောက်အကြာ လမ်း ကြောင်းရှာရင်း ကလေးဘက်ကားနဲ့တက်အလာကြုံရတဲ့ အဖြစ်အပျက်ပါ။ တနေရာ ရောက်တော့ သူတို့ကားကို ဓား လွတ်တွေကိုင်ထားတဲ့ လူတစု လမ်းကဖြတ်တားတယ်။ ဓားပြခေါင်းဆောင်က တူမီးသေနတ်နဲ့ ကားပေါ်မှာ ဆန်ပါလား လို့ ရေးကြီးသုတ်ဖြာနဲ့ မေးသတဲ့။ ကားပေါ်မှာပါတဲ့လူတွေက သူတို့ပါလာတဲ့ ပိုက်ဆံတွေ လက်စွတ်၊ လက်ကောက်တွေ ကို ပေးဖို့ ချွတ်နေပြီ။ ကားသမားက ဆန်တအိပ်ပါလာတယ်ဆိုတာနဲ့ အဲဒီဆန်အိပ်ကို ဆွဲထုတ်ပြီး ထမ်းသွားကြတယ်။ ဘာပိုက်ဆံ၊ လက်ဝတ်လက်စားမှမယူသွားဘူး။ ဓားပြတွေက ဘိနပ်တောင်မပါဘူး။ တကယ်တော့ ဓားပြအစစ်တွေ မှုတ်ဘူး၊ အနီးအနားရွာက လယ်သမားတွေ၊ စားစရာဆန်ပြတ်လို့ ဆန်အိပ်ဓားပြတိုက်တာဖြစ်တယ်။ ဂိုင်စီပြောပြတာခု ထိစိတ်ထဲမကောင်းတာ ရှိသေးတယ်။ “ဓားပြတွေက ကျနော်လက်ပတ်နာရီလေးချွတ်ပေးတာလည်း မယူသွားဘူး၊ ပြော သွားသေးတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော်တို့က ဆန်ပဲလိုတာပါ၊ ရွာမှာ ခလေးတွေနဲ့ မိန်းမတွေ အခုထိဘာမှ မစားရသေးဘူး၊ သာဓုပါဗျာ..တဲ့” ကျနော် အဲဒီအဖြစ်အပျက်လေးအပေါ် သိတ်ခံစားရလွန်းလို့ ရေဒီယိုဇာတ်လမ်းလေး တောင် ရေးဖြစ်ခဲ့သေးတယ်။

ဘုံရမ်ရွာမှာ ၃ ရက်လောက်ကြာတော့ ကျနော်တို့ကို ဒီမှာဆက်နေဖို့မကောင်းတဲ့အကြောင်း၊ မဏိပူရ စစ်တပ်ကလည်း နောက်က လိုက်ရှာနေတဲ့အကြောင်း ရွာသူကြီးက ပြောတယ်။ သူကြီးက ရွာနဲ့အလှမ်းဝေးပြီး အန္တရာယ်ကင်းတဲ့ လျှိုကြီး တခုမှာ ယာယီသွားခိုနေဖို့၊ အဲဒီမှာ တောင်ယာခင်းတွေလည်းရှိတာမို့ အဆင်ပြေကြောင်း၊ အမျိုးသမီး၂ယောက်ကိုတော့ (မအိ၊ မစန်းပွီး) ရွာမှာပဲနေခဲ့စေလိုတဲ့အကြောင်း ပြောပါတယ်။ ကျနော် သူငယ်ချင်း ဂျိုကာနဲ့ ရဲဘော်တချို့လည်း ပြည် တော်ပြန်ဝင်သွားတယ်။ အခုချိန်ထိ သူတို့နဲ့ အဆက်ပြတ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က မန္တလေးက ကျနော့သူငယ်ချင်းဂျိုကာရဲ့ ကာတွန်းလက်ရာလေးတွေ မဂ္ဂဇင်း၊ ဂျာနယ် တချို့မှာတွေ့ရတော့ အတော်ပီတိဖြစ်မိတယ်။ တော်လှန်သူဆိုတာ ဘယ်နေရာရောက်ရောက် ပြည်သူတွေ အကျိုးရှိစေဖို့၊ ပြည်သူတွေကိုမျက်နှာမူတဲ့ကိုယ်တတ်နိုင်တဲ့ အလုပ် (သေးသည်ဖြစ်စေ အကျိုးသက်ရောက်မှု နည်းသည်ဖြစ်စေ) ဘာပဲဖြစ်ဖြစ် ဆက်လုပ်နေရမယ်မဟုတ်လား။ “ငါတို့ နိုင်သလောက် လုပ်ပြီးပြီ၊ တော်ပြီ၊ နောက်လူတွေ ဆက်လုပ်လိမ့်မယ်” ဆိုပြီး ထိုင်နေလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ တော်လှန်သူတိုင်းကို အဲလိုမနေစေချင်ဘူး။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ပြီး ဆုံးတဲ့အထိ၊ မရောက်သေးလည်း ရောက်တဲ့အထိ ဇွဲနဲ့ မလျှော့တမ်းဝီရိယနဲ့ သွားဖို့လိုတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောဖူးတယ်။

တောင်တွေတတောင်ပြီးတတောင်၊ရှိုတွေတမြှောင်ပြီးတမြှောင် ကျနော်တို့ ကျော်ဖြတ်ပြီးသွားကြတယ်။ စိတ်ထဲတော့ ကြေကွဲစိတ်တွေနဲ့။ ထိုင်းနယ်စပ်သွားရတာမှ လက်နက်လေး ကိုင်ရအုံးမယ်၊ အခုတော့ လက်နက် မကိုင်ရယုံမက လူ လည်း ခွေးနေရာမရ ဟိုပြေးဒီပြေးနဲ့ ဆိုတော့ ဘာကိုဒေါသထွက်ရမှန်းလည်းမသိ။ တကယ်တော့ အဲဒီကာလတွေက မဏိပူရမှာ ခွဲထွက်ရေးလက်နက်ကိုင် သူပုန်အဖွဲ့တွေ အများကြီးရှိနေတယ်။ ဇိုမီးသူပုန်၊ နာဂသူပုန်၊ ကူကီးသူပုန်၊ ကသည်းသူပုန် တွေခြေချင်းလိမ်နေတာ။ မဏိပူရ အာဏာပိုင်တွေက အစောပိုင်းမှာ ကျနော်တို့တတွေ စခန်းကိုလာတဲ့ သတင်းထောက်တယောက်စ နှစ်ယောက်စနဲ့ တွေ့တိုင်း “ကျနော်တို့လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ အပြင်ထွက် လာတာ ဖြစ်တယ်၊ လက်နက်အားကိုးတဲ့ အစိုးရ ကြောက်တဲ့အရာဟာ လက်နက်ပဲဖြစ်တယ်” ဆိုတဲ့အယူအဆကို ထုတ်ပြောလေ့ရှိတယ်။ ဒါကို မဏိပူရအာဏာပိုင်တွေက စိုးရိမ်တယ်။ လက်နက်ကိုင်ချင်နေသူတွေ သူတို့ဆီက သူပုန် အဖွဲ့တွေနဲ့ ပူးပေါင်းသွားမှာစိုးရိမ်တယ်။ ရှုတ်ကုန်မှာကို မလိုလားဟန်တူတယ်။ တကယ်တော့ မဏိပူရက အင်အားကြီး တဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေဆိုတာကလည်း ကချင်ပြည်နယ်သွားပြီး KIA ထံက သင်တန်းသွားတက်ကြရတာ ဖြစ်တယ်။ နောက်ပိုင်း ကျနော်နဲ့ မဏိပူရထောင်ထဲမှာတွေ့ခဲ့တဲ့ ကသဲမြေအောက်သူပုန်တွေဟာ မြန်မာစကားကို ပြော တတ်လို့ စပ်စုကြည့်တော့ အားလုံးလိုလိုက KIA သင်တန်းဆင်းတွေ။ ကျနော်တို့တတွေကို နယ်စပ်က မြန်မာပြည်ထဲ မောင်းတာ မပြန်ဘဲ မဏိပူနယ်မြေထဲရှိနေတာဟာ မဏိပူရအာဏာပိုင်တွေအတွက် စိုးရိမ်စရာဖြစ်တယ်။ ဒီတော့ မဏိပူ ရ ရိုင်ဖယ်တပ်က ကျနော်တို့ကိုပြန်ပြီး ခြေရာခံတယ်။ ကျနော်တို့ဘယ်ရောက်နေသလဲဆိုပြီး လိုက်ရှာတယ်။ သူတို့ရှာတဲ့ သတင်းကိုရွာသူကြီးကကြားလို့ ကျနော်တို့ကို တောထဲသွားခိုခိုင်းတာ ဖြစ်တယ်။

ကျနော်တို့အားလုံး ဧပြီလပထမပတ် (သင်္ကြန်မတိုင်ခင် တပတ်ကျော်မှာ) တောထဲပြောင်းနေကြတယ်။ ဘုံရမ်ရွာ လမ်း ပြတယောက် အကူအညီနဲ့ပဲ ကျနော်တို့ခိုလှုံရမဲ့ လျှိုတခုကိုရောက်တယ်။ နေရာလေးကကောင်းတယ်။ တောင်ယာ တောလေးနဲ့လည်းနီးတယ်။ ချောင်းလေးတခုလည်း ဖြတ်စီးနေတယ်။ ထူထဲတဲ့ ၀ါးတောကြီးပဲ။ နည်းနည်းတော့စိမ့် တယ်။ အေးတယ်။ စခန်းချမဲ့လျှိုထဲ ကျနော်တို့ရောက်တော့ မိုးမချုပ်သေးပေမဲ့တောင်တွေနဲ့ကွယ်လို့ နေရောင်မရတော့ ဘူး။ ထမင်းအိုးမရှိဘူး၊ ၀ါးဆစ်ပိတ်ခုထဲ ဆန်နဲ့ရေရောထည့်ပြီး ကောက်ညှင်းကျည်တောက်လိုမျိုး မီးမြှိုက်တယ်။ ကျနော့်ဝါးကတော့ မီးတူးထမင်းတပိုင်း၊ မနပ်တာတပိုင်း၊ ဆန်တပိုင်းပဲရတယ်။ ကိုယ့်ဝါးကျည်တောက်နဲ့ကိုယ်ပေါ့၊ ကျနော် မီးကျွမ်းထမင်းတွေစားတာမြင်တော့ ကလေးမြို့က ရဲဘော်တွေ သူတို့ထမင်းမျှကျွေးတယ်။ ညကျတော့ အဲဒီဝါးတောထဲမှာပဲ အိပ်ဖို့ပြင်တယ်။ မြေကို ယက်ပြီးကျင်းနည်းနည်းတူးတော့ အောက်က မြေကနွေးတေးတေးလေး။ လုံချည်အဟောင်းတထည်ကိုခင်းပြီး ပါလာတဲ့စောင်ပါးလေးခြုံပြီး အိပ်လိုက်တယ်။ ပင်ပမ်းတော့ အိပ်လို့လည်းကောင်း။ တောထဲကကျေးငှက်တွေရဲ့ အသံနဲ့အတူ နိုးလာတယ်။ မနက် ၅ ခွဲလောက်မှာ အားလုံးထပြီး ချောင်းမှာ မျက်နှာသစ် တယ်။ “ကိုညို ခင်ဗျားမျက်နှာတွေ ရောင်နေတယ်၊ ဘာဖြစ်တာလဲ” လို့ ကလေးက ကိုထွန်းကြည်က မေးတယ်၊ ကျနော် ရေငြိမ်နေတဲ့ ချောင်းရေစပ်ဘက် ကိုယ့်ရုပ်သွင် ကိုယ်ပြန်ကြည့်ပြီး အံ့သြသွားတယ်။ ကျနော့မျက်နှာတွေ ခတ်အမ်းအမ်း ဖြစ်နေတယ်၊ ဖောယောင်နေတယ်။ “မြေကိုင်တာနေမှာပေါ့၊ အောက်က၀ါးကပ်ခင်းမအိပ်ဘူးလား” လို့ တောတွင်း အ တွေ့အကြုံရှိတဲ့ ကလေးနယ်က ကိုစိန်အေး ပြောမှ ကျနော် သဘောပေါက်သွားတယ်။ မြေကြီးမှာ တညလုံး အခင်းမ ပါဘဲအိပ်ရင် အခုလိုဖြစ်တတ်တာကို သတိထားမိတယ်။ နောက်တနေ့တော့ ကျနော်တို့ ချောင်းတဖက် ၀ါးတောခပ် စိတ်စိတ်ရှိပြီး တောင်ကုန်းတွေနဲ့လေကွယ်တဲ့နေရာကို အားလုံးကိုရွှေ့တယ်။ ကျနော်တို့ အားလုံးလည်း အင်အား ၃၀ ကျော်ပဲရှိတော့တာ။

တရက် ညမိုးချုပ်ခါနီးရွာထဲကို ရိက္ခာဆန်သွားသယ်တဲ့ ကိုအဲကြီးနဲ့ ကိုထွန်းကြည်တို့ ဆန်အိပ်သယ်ပြီး ရေးကြီးသုတ်ဖြာ နဲ့ အားလုံးလူစုကြဟေ့၊ မြန်မြန်၊ မြန်မြန်လို့ ဆော်သြတယ်။ ကျနော်တို့လည်း ဘာများအရေးသလဲဆိုပြီး စိတ်တထင့်ထင့် နဲ့ပေါ့။ ကိုအဲကြီးက ကျနော်တို့ ဒီကနေ့ သတိနဲ့နေကြဖို့၊ မနေ့ညက ရွာထဲကို ကသဲစစ်သားတွေ ရောက်လာပြီး မစန်းပွီး နဲ့ မအိတို့ ၂ ယောက်လုံးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတဲ့အကြောင်း ရွာသူကြီးက သတိနဲ့နေထိုင်ဖို့ ရွာထဲပြန်မလာကြဖို့ သတိပေးတယ်လို့ ပြန်ရှင်းပြတယ်။ ကျနော်တို့နေတဲ့ ၀ါးတောစခန်းဟာ ရွာနဲ့ အတော်ဝေးတဲ့ ရှိုကြီးထဲမှာမို့ စိတ်မပူရ ပေမဲ့ အဲဒီညက စိတ်တထင့်ထင့်နဲ့ အိပ်ရေးပျက်ခဲ့တယ်။

သိပ်မကြာဘူး မိုးရေးက ဆရာမန်းကလည်း အားလုံးမိုးရေးမြို့ပေါ်လာခဲ့ဖို့ ခေါ်လိုက်တယ်။ ကျနော်တို့လည်းတလနီးပါး ခိုလှုံခဲ့တဲ့ ၀ါးတောကြီးကို လွမ်းလွမ်းဆွတ်ဆွတ် နှုတ်ဆက်ပြီး မိုးရေးမြို့ကိုပြန်ချီတက်လာကြတယ်။ ကိုယ့်ကိုယ်ကို သတိထားမိတာတခုက စိတ်ခံစားမှုက ထုံတုံတုံ ဖြစ်နေတယ်။ စက်ရုပ်တခုလိုပဲ ဘာမှလည်း လေးလေးနက်နက် မစဉ်း စားချင်တော့ဘူး။ မိုးရေးကိုသွားနိုင်ဖို့ ကျနော်တို့ ဒုက္ခသည်စခန်းမှာ တောင်းဆိုသပိတ်မှောက်ခဲ့တယ်။ နယ်စပ်ကို ပို့ပြီး မောင်းနှင်ခံရတယ်၊ တောထဲမှာပြေးလွှားနေထိုင်ရတယ်။ အမျိုးမတူ၊ ဘာသာမတူ၊ စကားလည်းမတူတဲ့ တိုင်းတပါးက တောင်ပေါ်တိုင်းရင်းတွေက ကျနော်တို့ကို မိသားစုလို ကူညီစောင့်ရှောက်ခဲ့တယ်။ မေတ္တာတွေပြခဲ့တယ်။ ကျနော်တို့ သိပ်ကိုလုံခြုံခဲ့တယ်၊ လွတ်လပ်ခဲ့တယ်။ အခု ကျနော်တို့ ကိုယ့်ဇာတိနိုင်ငံနဲ့ ပိုပြီးနီးတဲ့အရပ်ဒေသကို သွားရတော့မယ်။ စိတ်ထဲ လေးလံနေတယ်။ မတက်ကြွဘူး၊ မပျော်ရွှင်ဘူး။

ဘယ်လောက်များ သဘာဝမကျလိုက်သလဲဆို ကိုယ့်နိုင်ငံနဲ့ဝေးလံပြီး တောကြီးမျက်မည်းထဲ နေရတာက လွတ်လပ် တယ်၊ အန္တရာယ်ကင်းတယ်၊ ပျော်ရွှင်တယ်လို့ခံစားနေရပြီးကိုယ့် မွေးရပ်နိုင်ငံနဲ့ အနီးဆုံးကို ပြန်သွားမှာကိုတော့ သားရဲ တွင်းထဲ ခုန်ဆင်းရတော့မလို ကြောက်ရွံ့နေရတယ်။ မပျော်ဘူး၊ ပူပန်စိုးရိမ်စိတ် ရှိနေတယ်။ တခါတခါ လောကကြီးဟာ ဟားတိုက်ရီမောလိုက်ဖို့ကောင်းလောက်အောင် အလွဲလွဲအချော်ချော်တွေနဲ့ပါလား…။

ကိုညို။
၂ ဧပြီ ၂၀၁၃

သူတို့ခေါ်တော့ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၄)


                   
“ဝေး.. ဟေး.. ရွှေဝါဖူး.. ရေသဘင်မဏ္ဍပ်ကြီးက ကြိုဆိုပါတယ်… ပွမ်..ပွမ်.. ရှေ့ကကားလမ်းတွေ မပိတ်ဆို့ပါနဲ့”
“မီးသတ်ပိုက်နဲ့ ပက်တာလောက်တော့.. ရီတာပေါ့.. ရီတာပေါ့”
“မြနန္ဒာ.. နေညိုညို ရေခတ်သမ်းတော့ ရွှေမန်းတောင်ရိပ်.. တူတူခိုမယ်..ပျိုဖြူတွေရယ်”
“ပက်ကြဟေ့.. ပက်ကြဟေ့ .. ဟိုကောင်မလေး မလွတ်စေနဲ့” 

ဝါးတောကြီးတခုလုံး ကျနော်တို့အသံတွေ ဟိန်းနေတယ်။ ချောင်းရေတွေကို လက်ဝါးနဲ့ခတ်ပက်သူတွေ၊ ခြေကန်ပက်သူ တွေနဲ့ ရေစက်ရေမွှားတွေက ၀ါးကွပ်ပြစ်တွေကို ရွှဲရွှဲစိုလို့ ..။

“ပွမ်ပွမ်ပွမ်..သင်္ကြန်ကားကြီးလာနေပြီ.. သင်္ကြန်အလှပြကားကြီး လာနေပြီ”

အောင်ဆန်းလင်းနဲ့ ၀င်းကိုတို့ ချောင်းအလယ်က ကျောက်တုံးမဲကြီးပေါ်ထိုင်ပြီး သင်္ကြန်ကားပုံစံမောင်းနေတယ်၊ ပါးစပ် ကလည်း သင်္ကြန်သီချင်းတွေဆိုလို့..။ အားလုံးက သင်္ကြန်ထဲရောက်ကုန်တယ်၊ တခဏအတွင်းအကုန်လုံး ရူးသွပ်ကုန် တယ်၊ စိတ်ကိုလွှတ်ထားကြတယ်၊ ပြီးတော့ လူသူကင်းမဲ့တဲ့ တောထဲက သင်္ကြန်။ မိမိဖာသာ စိတ်ထင်ရာအော်ဟစ်ပြီး သင်္ကြန်အိပ်မက်ကို ကိုယ်စီမက်နေကြတယ်။ ကျနော်တို့ရဲ့တောကြီးမျက်မဲ ၀ါးပင်တွေယှက်နွယ် နေတဲ့တောထဲက သင်္ကြန်ကို အခုထိလွမ်းနေတုံး။ အဲဒီနေ့ကသင်္ကြန်အတက်နေ့။ တချို့ကပျော် တချို့က လွမ်း၊ တချို့ကငိုနဲ့။ အဲဒီတုန်းက သင်္ကြန်ကိုလွမ်းပြီး စိတ်မထိမ်းနိုင်တော့တဲ့ ကျနော်တို့ထဲက ကိုညွန့်ကြိုင်၊ လူမင်းရှိန်၊ စစ်ကိုင်း ကိုမြင့်အေးနဲ့ မောင်မောင် မြင့်၊ ဝဏ္ဏတို့ကတော့ အားလုံးကိုနှုတ်ဆက်ပြီး ‘ဟိုဘက်ကမ်းကမဏ္ဍပ်ကို သွားလိုက်အုံးမယ်ဟေ့လို့ လက်ကလေးပြပြီး ပြည်တော်ပြန်ဝင်သွားတာ မှတ်မိသေးတယ်။ ကျနော်တို့လည်း ရင်ဘတ်ထဲက သင်္ကြန်ကိုအလွမ်းတွေနဲ့ သရုပ်ဖော်ပြီး တော့ ချောင်းရေကိုကန့်ပြီး ငါးဖမ်းကြတယ်။ အဲဒီနေ့က ငါးခုံးမလေးတွေ ကျောက်ငါးသေးသေးတွေအပြင် ကျောက် တုန်းအောက်က ငါးခူနဲ့ ငါးရံ့ ၃-၄ကောင်တောင် ဖမ်းမိကြသေးတယ်။ အဲဒီနေ့ ငါးပြုတ်၊ ဂဏန်းလုံးနဲ့၊ ယာခင်းထဲက ရွှေဖရုံသီး ချင်းငြုတ်စပ်စပ်နဲ့ သင်္ကြန်ထမင်းဝိုင်းလေး အခုထိ လွမ်းကောင်းတုံး။

ကျနော်တို့ ဘုံရမ်ရွာကိုရောက်ပြီး နောက်၂ရက် အကြာ မိုးရေးကိုလွှတ်လိုက်တဲ့ ဦးအာလောက၊ ပူစီ(မုံရွာ)နဲ့အတူ ထိန် လင်း (ပန်းချီ) နဲ့ ဆရာမန်း (ဒေါက်တာမန်းမြင့်ဆိုင်) တို့ ရောက်လာတယ်။ သူတို့နဲ့အတူ ကုလားပဲ၊ ငါးပိ ရိက္ခာတွေပါ လာတယ်။ ဆရာမန်းကို မြင်တော့ ကျနော်တို့ ပျော်သွားတယ်။ ကိုယ့်ခေါင်းဆောင်ကို အခုမှမြင်ဖူးတာ။ ဆရာမန်းရဲ့ မျက်နှာမှာ အထင်ရှားဆုံးက မျက်လုံးနဲ့ မျက်ခုံးပဲ။ ဟင်္သာတက သပိတ်ခေါင်းဆောင်၊ ပြည်ချစ်တော်လှန်ရေးကာလ မြွေဟောက်တပ်ရင်းရဲ့ တပ်မှူးရဲ့ မျက်လုံးကနည်းနည်းပြူးပြီး စူးရဲတယ်၊ မျက်ခုံးကထူပြီးအဖျားတွေက အပေါ်ကို ကော့နေတယ်။ ဇာတ်ထဲက ဘီလူးမျက်ခုံး၊ ဘီလူးမျက်လုံးမျိုး။ ကြမ်းတမ်းမယ့် ရက်စက်မယ့်ပုံပဲ။ ဒါပေမဲ့ သူရဲ့ ကြမ်း တမ်းခက်ထန်တဲ့ အမူအရာနဲ့ ဒေါသထွက်တဲ့ဟန်ကို ကျနော်တော့ တခါမှမတွေ့လိုက်ဘူး။ မတွေ့ဖူးဘူး။ သူလေသံ အေးအေးနဲ့ ပြောတာ၊ သဘောကျပြီး ကျယ်ကျယ်လောင်လောင်ရီမောတာတွေပဲ တွေ့ဖူးတယ်။ ဆရာမန်းက ကျနော့ကို မောင်ညိုလို့ခေါ်တယ်။ “မင်းက မျက်မှန်ပုလင်းဖင်ကြီးနဲ့ဆိုတော့ သေနတ်ကိုင်ပြီး စစ်တိုက်နိုင်မယ့်ကော င်မဟုတ်ပါဘူး၊ ရေဒီယိုအော်ပရေတာပဲလုပ် ဒါမှမဟုတ်ရင် ၀ါဒဖြန့်ချိရေးပဲလုပ်” လို့ ပြောဖူးတယ်။ ကျနော်ကလည်း အဟုတ်ကြီးထင်ပြီး အတော်ကျေနပ်ခဲ့တယ်။ မနှစ်က ဆရာမန်း အမေရိကားမှာ ကျောက်ကပ် ၂ လုံးစလုံးမကောင်းလို့ ကျောက်ကပ်အလှူ ခံတဲ့ သတင်းတော့ကြားမိတယ်။ သူ့ကို ကျိုးစားဆက်သွယ်သေးတယ်၊ မရဘူး။

ဆရာမန်းက ဘုံရမ်ရွာက ကျနော်တို့ တည်းခိုရာ သူကြီးအိမ်မှာပဲ အခြေအနေကိုရှင်းပြတယ်။ စခန်းကတော့ ပျက်တဲ့သ ဘောဖြစ်နေပြီ၊ လူတွေလည်း ဟိုတဖွဲ့ဒီတဖွဲ့ကောက်သင်းကောက်စုနေရတဲ့အကြောင်း၊ တချို့ဗမာပြည်ထဲပြန်ဝင်ကုန်ပြီ၊ စစ်တပ်ကလည်း သတင်းရလို့စောင့်ဖမ်းနေတယ်၊ စခန်းမှာ ဒေါက်တာအောင်ကျော်ဦးတို့နဲ့ တခြားရဲဘော် ၄-၅ ဆယ်ပဲ ကျန်နေတယ်။ ပြည်တွင်းက ရဲဘော်တချို့လည်း ရောက်နေပြီ၊ (အဲဒီအချိန် ကျောက်ဆည်က ကိုသံဒုတ် (မဲဆောက်) နဲ့ ကိုသံခဲ (ဥက္ကဋ္ဌ-ABSDF) တို့ မိုးရေးကို ရောက်နေတယ်) အထဲက ဒီဘက်လာချင်တဲ့ ကျောင်းသားတွေရှိနေပေမယ့်  လောလောဆယ် မလာဖို့ အကြောင်းကြားထားတယ်လို့ ရှင်းပြတယ်။ အခုခေတ်လို ဆက်သွယ်ရေးကမကောင်း၊ တယ် လီဖုံးတောင် ဆက်ရခက်တော့ တနေရာနဲ့ တနေရာ လူကြုံဆက်သားလွှတ်ပြီး ဆက်သွယ်ရတာမို့ သိပ်လည်းအန္တရာယ် များပါတယ်။ နောက်ဆုံး ဆရာမန်းပြောတာကတော့ ဒီမှာဆက်ပြီးတော်လှန်ရေးလုပ်မယ်၊ နေမယ်ဆို သူဆက်ပြီးဦး ဆောင်မယ်၊ မနေချင်လို့ ဗမာပြည်ပြန်ချင်တယ်ဆိုလည်း ပြန်လို့ရတယ် ဆိုတာပါပဲ။ အဲဒါအမြန်ဆုံး ဆုံးဖြတ်ပြီးရင် မိုးရေးကိုလာခဲ့ဖို့ အဲဒီကနေ ပြန်နိုင်အောင် သူစီစဉ်ပေးမဲ့အကြောင်း ပြောပါတယ်။ နောက်နေ့ ဆရာမန်းပြန်သွားတယ်။ သူ့လက်စွတ်လေးရောင်းပြီး ၀ယ်လာတဲ့ ကုလားပဲ၊ ငပိနဲ့ လိုအပ်တဲ့ဆေးဝါးတွေတော့ ကျနော်တို့အတွက် ထားခဲ့ပါတယ်။

ကျနော်တို့ရွာရောက်ပြီး နောက်တရက်မှာ ဒုက္ခသည်စခန်းက ဒုတိယသုတ်အနေနဲ့ တောထဲပို့ခံရတဲ့ လူ ၇၀ ကျော် အုပ် စုထဲက ကိုကျော်သန်းတို့အုပ်စု ၁၀ ယောက်လောက် ကျနော်တို့ရွာ ရောက်လာကြတယ်။ သူတို့ကိုလည်း နယ်စပ်တနေ ရာ (ကျနော်တို့နဲ့မတူတဲ့နေရာ) ကို ပို့လိုက်တာပဲ။ သူတို့ထဲက ကိုသူရိန် (ဗကသ) တို့ကတော့ ဗမာပြည်ပြန်ဝင်သွားကြ တယ်။ တသုတ်ပြီးတသုတ် အထဲပြန်ဝင်သွားတာ သူတို့ ၁၀ ယောက်ပဲ ကျန်တော့တယ်။ ကျနော်တို့ ဖြတ်လာတုံး နီနီ သိန်း ချန်နေခဲ့တဲ့ရွာလေးမှာ ကိုကျော်သန်းတို့အဖွဲ့နဲ့ နီနီသိန်းတွေ့ပြီး ဒီရွာမှာ ကျနော်တို့ရှိတဲ့အကြောင်း သိရတာလို့ ပြောပြတယ်။ သူတို့ပြောပြတဲ့ အတွေ့အကြုံတခုက စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ ကျနော်တို့ဆီအလာ ၀ါးတော တခုက ချောင်းလေးမှာခဏနားနေတုံး စစ်ဂျာကင်ဝတ်လူ ၃ ယောက်ကို တွေ့တဲ့အကြောင်း၊ အဲဒီ ၃ ယောက်ထဲက တ ယောက်က လာမိတ်ဆက်တော့ ကိုယ့်ထဲက လူငယ်လေးတွေက တောခိုဖို့ထွက်လာတဲ့ ရန်ကုန်က ကျောင်းသားတွေ ဖြစ်တဲ့အကြောင်း၊ စစ်အစိုးရကို လက်နက်နဲ့ပြန်တိုက်ဖို့ အိန္ဒိယကိုလာအကူအညီတောင်းတာဖြစ်တယ်လို့ အာဘောင် အာရင်းသန်သန်နဲ့ပြောတော့တာပေါ့။ လူစိမ်း၃ယောက်ထဲက ဖြူဖြူနွဲ့နွဲ့နဲ့ အသက်၄၀ အရွယ်တယောက်က ထလာပြီး သူတို့က ၀ါးကုန်သည်တွေဖြစ်တဲ့အကြောင်းရှင်းပြပြီး သူတို့ကို ၉၀ကျပ်တန် ၂ရွက် ပေးသွားတယ်လို့ သိရတယ်။

နောက်မှ ပြန်သိရတာအဲဒီလူတွေက တမူးနဲ့ကလေး-ကလေးဝတ၀ိုက် နာမည်ကြီးဓားပြမောင်ရွှေ တို့ဆိုတာပဲ။ ဓားပြက ငွေလှူသွားတယ်ဆိုတော့ အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေအပေါ် ပြည်သူက ဘယ်လောက်ထိ မေတ္တာထား ပြီး ကူညီစောင့်ရှောက်သလဲ၊ အုပ်ချုပ်သူတွေကို ဘယ်လောက် မုန်းတီးရွံရှာသလဲဆိုတာ သက်သေပြနေတာပေါ့။

ဓားပြဆိုလို့ ကျနော်တို့အဖွဲ့ထဲက ဂိုင်စီ (အောင်သန့်မင်း-ကနေဒါ) တို့ အတွေ့အကြုံလေးကလည်း အဲဒီခေတ်ကာလ အခြေအနေတခုမို့ ဒီနေရာမှာပြောပြချင်သေးတယ်။ ဂိုင်စီတို့က ၈၈ အာဏာသိမ်းပြီး ၃ ပတ်လောက်အကြာ လမ်း ကြောင်းရှာရင်း ကလေးဘက်ကားနဲ့တက်အလာကြုံရတဲ့ အဖြစ်အပျက်ပါ။ တနေရာ ရောက်တော့ သူတို့ကားကို ဓား လွတ်တွေကိုင်ထားတဲ့ လူတစု လမ်းကဖြတ်တားတယ်။ ဓားပြခေါင်းဆောင်က တူမီးသေနတ်နဲ့ ကားပေါ်မှာ ဆန်ပါလား လို့ ရေးကြီးသုတ်ဖြာနဲ့ မေးသတဲ့။ ကားပေါ်မှာပါတဲ့လူတွေက သူတို့ပါလာတဲ့ ပိုက်ဆံတွေ လက်စွတ်၊ လက်ကောက်တွေ ကို ပေးဖို့ ချွတ်နေပြီ။ ကားသမားက ဆန်တအိပ်ပါလာတယ်ဆိုတာနဲ့ အဲဒီဆန်အိပ်ကို ဆွဲထုတ်ပြီး ထမ်းသွားကြတယ်။ ဘာပိုက်ဆံ၊ လက်ဝတ်လက်စားမှမယူသွားဘူး။ ဓားပြတွေက ဘိနပ်တောင်မပါဘူး။ တကယ်တော့ ဓားပြအစစ်တွေ မှုတ်ဘူး၊ အနီးအနားရွာက လယ်သမားတွေ၊ စားစရာဆန်ပြတ်လို့ ဆန်အိပ်ဓားပြတိုက်တာဖြစ်တယ်။ ဂိုင်စီပြောပြတာခု ထိစိတ်ထဲမကောင်းတာ ရှိသေးတယ်။ “ဓားပြတွေက ကျနော်လက်ပတ်နာရီလေးချွတ်ပေးတာလည်း မယူသွားဘူး၊ ပြော သွားသေးတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော်တို့က ဆန်ပဲလိုတာပါ၊ ရွာမှာ ခလေးတွေနဲ့ မိန်းမတွေ အခုထိဘာမှ မစားရသေးဘူး၊ သာဓုပါဗျာ..တဲ့” ကျနော် အဲဒီအဖြစ်အပျက်လေးအပေါ် သိတ်ခံစားရလွန်းလို့ ရေဒီယိုဇာတ်လမ်းလေး တောင် ရေးဖြစ်ခဲ့သေးတယ်။

ဘုံရမ်ရွာမှာ ၃ ရက်လောက်ကြာတော့ ကျနော်တို့ကို ဒီမှာဆက်နေဖို့မကောင်းတဲ့အကြောင်း၊ မဏိပူရ စစ်တပ်ကလည်း နောက်က လိုက်ရှာနေတဲ့အကြောင်း ရွာသူကြီးက ပြောတယ်။ သူကြီးက ရွာနဲ့အလှမ်းဝေးပြီး အန္တရာယ်ကင်းတဲ့ လျှိုကြီး တခုမှာ ယာယီသွားခိုနေဖို့၊ အဲဒီမှာ တောင်ယာခင်းတွေလည်းရှိတာမို့ အဆင်ပြေကြောင်း၊ အမျိုးသမီး၂ယောက်ကိုတော့ (မအိ၊ မစန်းပွီး) ရွာမှာပဲနေခဲ့စေလိုတဲ့အကြောင်း ပြောပါတယ်။ ကျနော် သူငယ်ချင်း ဂျိုကာနဲ့ ရဲဘော်တချို့လည်း ပြည် တော်ပြန်ဝင်သွားတယ်။ အခုချိန်ထိ သူတို့နဲ့ အဆက်ပြတ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က မန္တလေးက ကျနော့သူငယ်ချင်းဂျိုကာရဲ့ ကာတွန်းလက်ရာလေးတွေ မဂ္ဂဇင်း၊ ဂျာနယ် တချို့မှာတွေ့ရတော့ အတော်ပီတိဖြစ်မိတယ်။ တော်လှန်သူဆိုတာ ဘယ်နေရာရောက်ရောက် ပြည်သူတွေ အကျိုးရှိစေဖို့၊ ပြည်သူတွေကိုမျက်နှာမူတဲ့ကိုယ်တတ်နိုင်တဲ့ အလုပ် (သေးသည်ဖြစ်စေ အကျိုးသက်ရောက်မှု နည်းသည်ဖြစ်စေ) ဘာပဲဖြစ်ဖြစ် ဆက်လုပ်နေရမယ်မဟုတ်လား။ “ငါတို့ နိုင်သလောက် လုပ်ပြီးပြီ၊ တော်ပြီ၊ နောက်လူတွေ ဆက်လုပ်လိမ့်မယ်” ဆိုပြီး ထိုင်နေလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ တော်လှန်သူတိုင်းကို အဲလိုမနေစေချင်ဘူး။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ပြီး ဆုံးတဲ့အထိ၊ မရောက်သေးလည်း ရောက်တဲ့အထိ ဇွဲနဲ့ မလျှော့တမ်းဝီရိယနဲ့ သွားဖို့လိုတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောဖူးတယ်။

တောင်တွေတတောင်ပြီးတတောင်၊ရှိုတွေတမြှောင်ပြီးတမြှောင် ကျနော်တို့ ကျော်ဖြတ်ပြီးသွားကြတယ်။ စိတ်ထဲတော့ ကြေကွဲစိတ်တွေနဲ့။ ထိုင်းနယ်စပ်သွားရတာမှ လက်နက်လေး ကိုင်ရအုံးမယ်၊ အခုတော့ လက်နက် မကိုင်ရယုံမက လူ လည်း ခွေးနေရာမရ ဟိုပြေးဒီပြေးနဲ့ ဆိုတော့ ဘာကိုဒေါသထွက်ရမှန်းလည်းမသိ။ တကယ်တော့ အဲဒီကာလတွေက မဏိပူရမှာ ခွဲထွက်ရေးလက်နက်ကိုင် သူပုန်အဖွဲ့တွေ အများကြီးရှိနေတယ်။ ဇိုမီးသူပုန်၊ နာဂသူပုန်၊ ကူကီးသူပုန်၊ ကသည်းသူပုန် တွေခြေချင်းလိမ်နေတာ။ မဏိပူရ အာဏာပိုင်တွေက အစောပိုင်းမှာ ကျနော်တို့တတွေ စခန်းကိုလာတဲ့ သတင်းထောက်တယောက်စ နှစ်ယောက်စနဲ့ တွေ့တိုင်း “ကျနော်တို့လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ အပြင်ထွက် လာတာ ဖြစ်တယ်၊ လက်နက်အားကိုးတဲ့ အစိုးရ ကြောက်တဲ့အရာဟာ လက်နက်ပဲဖြစ်တယ်” ဆိုတဲ့အယူအဆကို ထုတ်ပြောလေ့ရှိတယ်။ ဒါကို မဏိပူရအာဏာပိုင်တွေက စိုးရိမ်တယ်။ လက်နက်ကိုင်ချင်နေသူတွေ သူတို့ဆီက သူပုန် အဖွဲ့တွေနဲ့ ပူးပေါင်းသွားမှာစိုးရိမ်တယ်။ ရှုတ်ကုန်မှာကို မလိုလားဟန်တူတယ်။ တကယ်တော့ မဏိပူရက အင်အားကြီး တဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေဆိုတာကလည်း ကချင်ပြည်နယ်သွားပြီး KIA ထံက သင်တန်းသွားတက်ကြရတာ ဖြစ်တယ်။ နောက်ပိုင်း ကျနော်နဲ့ မဏိပူရထောင်ထဲမှာတွေ့ခဲ့တဲ့ ကသဲမြေအောက်သူပုန်တွေဟာ မြန်မာစကားကို ပြော တတ်လို့ စပ်စုကြည့်တော့ အားလုံးလိုလိုက KIA သင်တန်းဆင်းတွေ။ ကျနော်တို့တတွေကို နယ်စပ်က မြန်မာပြည်ထဲ မောင်းတာ မပြန်ဘဲ မဏိပူနယ်မြေထဲရှိနေတာဟာ မဏိပူရအာဏာပိုင်တွေအတွက် စိုးရိမ်စရာဖြစ်တယ်။ ဒီတော့ မဏိပူ ရ ရိုင်ဖယ်တပ်က ကျနော်တို့ကိုပြန်ပြီး ခြေရာခံတယ်။ ကျနော်တို့ဘယ်ရောက်နေသလဲဆိုပြီး လိုက်ရှာတယ်။ သူတို့ရှာတဲ့ သတင်းကိုရွာသူကြီးကကြားလို့ ကျနော်တို့ကို တောထဲသွားခိုခိုင်းတာ ဖြစ်တယ်။

ကျနော်တို့အားလုံး ဧပြီလပထမပတ် (သင်္ကြန်မတိုင်ခင် တပတ်ကျော်မှာ) တောထဲပြောင်းနေကြတယ်။ ဘုံရမ်ရွာ လမ်း ပြတယောက် အကူအညီနဲ့ပဲ ကျနော်တို့ခိုလှုံရမဲ့ လျှိုတခုကိုရောက်တယ်။ နေရာလေးကကောင်းတယ်။ တောင်ယာ တောလေးနဲ့လည်းနီးတယ်။ ချောင်းလေးတခုလည်း ဖြတ်စီးနေတယ်။ ထူထဲတဲ့ ၀ါးတောကြီးပဲ။ နည်းနည်းတော့စိမ့် တယ်။ အေးတယ်။ စခန်းချမဲ့လျှိုထဲ ကျနော်တို့ရောက်တော့ မိုးမချုပ်သေးပေမဲ့တောင်တွေနဲ့ကွယ်လို့ နေရောင်မရတော့ ဘူး။ ထမင်းအိုးမရှိဘူး၊ ၀ါးဆစ်ပိတ်ခုထဲ ဆန်နဲ့ရေရောထည့်ပြီး ကောက်ညှင်းကျည်တောက်လိုမျိုး မီးမြှိုက်တယ်။ ကျနော့်ဝါးကတော့ မီးတူးထမင်းတပိုင်း၊ မနပ်တာတပိုင်း၊ ဆန်တပိုင်းပဲရတယ်။ ကိုယ့်ဝါးကျည်တောက်နဲ့ကိုယ်ပေါ့၊ ကျနော် မီးကျွမ်းထမင်းတွေစားတာမြင်တော့ ကလေးမြို့က ရဲဘော်တွေ သူတို့ထမင်းမျှကျွေးတယ်။ ညကျတော့ အဲဒီဝါးတောထဲမှာပဲ အိပ်ဖို့ပြင်တယ်။ မြေကို ယက်ပြီးကျင်းနည်းနည်းတူးတော့ အောက်က မြေကနွေးတေးတေးလေး။ လုံချည်အဟောင်းတထည်ကိုခင်းပြီး ပါလာတဲ့စောင်ပါးလေးခြုံပြီး အိပ်လိုက်တယ်။ ပင်ပမ်းတော့ အိပ်လို့လည်းကောင်း။ တောထဲကကျေးငှက်တွေရဲ့ အသံနဲ့အတူ နိုးလာတယ်။ မနက် ၅ ခွဲလောက်မှာ အားလုံးထပြီး ချောင်းမှာ မျက်နှာသစ် တယ်။ “ကိုညို ခင်ဗျားမျက်နှာတွေ ရောင်နေတယ်၊ ဘာဖြစ်တာလဲ” လို့ ကလေးက ကိုထွန်းကြည်က မေးတယ်၊ ကျနော် ရေငြိမ်နေတဲ့ ချောင်းရေစပ်ဘက် ကိုယ့်ရုပ်သွင် ကိုယ်ပြန်ကြည့်ပြီး အံ့သြသွားတယ်။ ကျနော့မျက်နှာတွေ ခတ်အမ်းအမ်း ဖြစ်နေတယ်၊ ဖောယောင်နေတယ်။ “မြေကိုင်တာနေမှာပေါ့၊ အောက်က၀ါးကပ်ခင်းမအိပ်ဘူးလား” လို့ တောတွင်း အ တွေ့အကြုံရှိတဲ့ ကလေးနယ်က ကိုစိန်အေး ပြောမှ ကျနော် သဘောပေါက်သွားတယ်။ မြေကြီးမှာ တညလုံး အခင်းမ ပါဘဲအိပ်ရင် အခုလိုဖြစ်တတ်တာကို သတိထားမိတယ်။ နောက်တနေ့တော့ ကျနော်တို့ ချောင်းတဖက် ၀ါးတောခပ် စိတ်စိတ်ရှိပြီး တောင်ကုန်းတွေနဲ့လေကွယ်တဲ့နေရာကို အားလုံးကိုရွှေ့တယ်။ ကျနော်တို့ အားလုံးလည်း အင်အား ၃၀ ကျော်ပဲရှိတော့တာ။

တရက် ညမိုးချုပ်ခါနီးရွာထဲကို ရိက္ခာဆန်သွားသယ်တဲ့ ကိုအဲကြီးနဲ့ ကိုထွန်းကြည်တို့ ဆန်အိပ်သယ်ပြီး ရေးကြီးသုတ်ဖြာ နဲ့ အားလုံးလူစုကြဟေ့၊ မြန်မြန်၊ မြန်မြန်လို့ ဆော်သြတယ်။ ကျနော်တို့လည်း ဘာများအရေးသလဲဆိုပြီး စိတ်တထင့်ထင့် နဲ့ပေါ့။ ကိုအဲကြီးက ကျနော်တို့ ဒီကနေ့ သတိနဲ့နေကြဖို့၊ မနေ့ညက ရွာထဲကို ကသဲစစ်သားတွေ ရောက်လာပြီး မစန်းပွီး နဲ့ မအိတို့ ၂ ယောက်လုံးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတဲ့အကြောင်း ရွာသူကြီးက သတိနဲ့နေထိုင်ဖို့ ရွာထဲပြန်မလာကြဖို့ သတိပေးတယ်လို့ ပြန်ရှင်းပြတယ်။ ကျနော်တို့နေတဲ့ ၀ါးတောစခန်းဟာ ရွာနဲ့ အတော်ဝေးတဲ့ ရှိုကြီးထဲမှာမို့ စိတ်မပူရ ပေမဲ့ အဲဒီညက စိတ်တထင့်ထင့်နဲ့ အိပ်ရေးပျက်ခဲ့တယ်။

သိပ်မကြာဘူး မိုးရေးက ဆရာမန်းကလည်း အားလုံးမိုးရေးမြို့ပေါ်လာခဲ့ဖို့ ခေါ်လိုက်တယ်။ ကျနော်တို့လည်းတလနီးပါး ခိုလှုံခဲ့တဲ့ ၀ါးတောကြီးကို လွမ်းလွမ်းဆွတ်ဆွတ် နှုတ်ဆက်ပြီး မိုးရေးမြို့ကိုပြန်ချီတက်လာကြတယ်။ ကိုယ့်ကိုယ်ကို သတိထားမိတာတခုက စိတ်ခံစားမှုက ထုံတုံတုံ ဖြစ်နေတယ်။ စက်ရုပ်တခုလိုပဲ ဘာမှလည်း လေးလေးနက်နက် မစဉ်း စားချင်တော့ဘူး။ မိုးရေးကိုသွားနိုင်ဖို့ ကျနော်တို့ ဒုက္ခသည်စခန်းမှာ တောင်းဆိုသပိတ်မှောက်ခဲ့တယ်။ နယ်စပ်ကို ပို့ပြီး မောင်းနှင်ခံရတယ်၊ တောထဲမှာပြေးလွှားနေထိုင်ရတယ်။ အမျိုးမတူ၊ ဘာသာမတူ၊ စကားလည်းမတူတဲ့ တိုင်းတပါးက တောင်ပေါ်တိုင်းရင်းတွေက ကျနော်တို့ကို မိသားစုလို ကူညီစောင့်ရှောက်ခဲ့တယ်။ မေတ္တာတွေပြခဲ့တယ်။ ကျနော်တို့ သိပ်ကိုလုံခြုံခဲ့တယ်၊ လွတ်လပ်ခဲ့တယ်။ အခု ကျနော်တို့ ကိုယ့်ဇာတိနိုင်ငံနဲ့ ပိုပြီးနီးတဲ့အရပ်ဒေသကို သွားရတော့မယ်။ စိတ်ထဲ လေးလံနေတယ်။ မတက်ကြွဘူး၊ မပျော်ရွှင်ဘူး။

ဘယ်လောက်များ သဘာဝမကျလိုက်သလဲဆို ကိုယ့်နိုင်ငံနဲ့ဝေးလံပြီး တောကြီးမျက်မည်းထဲ နေရတာက လွတ်လပ် တယ်၊ အန္တရာယ်ကင်းတယ်၊ ပျော်ရွှင်တယ်လို့ခံစားနေရပြီးကိုယ့် မွေးရပ်နိုင်ငံနဲ့ အနီးဆုံးကို ပြန်သွားမှာကိုတော့ သားရဲ တွင်းထဲ ခုန်ဆင်းရတော့မလို ကြောက်ရွံ့နေရတယ်။ မပျော်ဘူး၊ ပူပန်စိုးရိမ်စိတ် ရှိနေတယ်။ တခါတခါ လောကကြီးဟာ ဟားတိုက်ရီမောလိုက်ဖို့ကောင်းလောက်အောင် အလွဲလွဲအချော်ချော်တွေနဲ့ပါလား…။

ကိုညို။
၂ ဧပြီ ၂၀၁၃

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၁၆)




“ဒိုင်း..ဒိုင်း..ဒိုင်း. ဒက်ဒက်ဒက်..ဒက်ဒက်ဒက်”
“ထုန်း.ထုန်း..ထုန်း.ဒိုင်း ဒိုင်းဒိုင်း..ဒိုင်း”

အဆက်မပြတ်..ပစ်ခတ်နေတဲ့ အသံတွေက မဏိပူရဒုက္ခသည်စခန်းသစ် နောက်ကျောက နို့နှစ်လုံးတောင်ကြောတခု လုံးကို ပဲ့တင်ရိုက်ပြီး တတောလုံးဆူညံနေတယ်။ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဟာ သိတ်ကိုပြင်းထန်တယ်။ ပစ်ခတ်သံတွေ တော်တော်ကြာလာတော့ ထင်းရူးပင်အကွယ်က ကိုရဲမြင့်စိုး ထွက်လာပြီး

Thursday, May 2, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၅)

ကျနော်တို့ တောထဲကနေ မိုးရေးမြို့ပေါ် ပြန်ရောက်လာတယ်။ ကိုကူးမားဆိုင်နောက်က မြေကွက်လပ်ကြီးမှာ စတည်းချကြတယ်။ မိုးရေးမြို့က ပူတော့ ညဆိုရင် ဆိုင်နောက်က ကွက်လပ်မြေကြီးပေါ်မှာပဲ ဖျာခင်းအိပ်ကြတယ်။ နေ့ခင်းလည်း ထင်ထင်ပေါ်ပေါ် အပြင်မထွက်ရဘူး။ ရဲဖမ်းမှာကြောက်လို့။ စားလည်း အဲဒီမှာ၊ အိပ်လည်း အဲဒီမှာပဲ။ လူစိမ်းတွေလာရင်

Thursday, December 13, 2012

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၅)

ကျနော်တို့ မန္တလေးကရဲဘော်တွေ မိုးရေးနယ်စပ် မရောက်ခင်ကတည်းက တမူးနဲ့ ကလေးမြို့က ကျောင်းသား သုံးဆယ်နီးပါး မိုးရေးမှာ ရောက်နေကြပြီ။ ကျနော်တို့ကို မိုးရေးမြို့အခြေစိုက်တဲ့ Sunrise Youth Club (တက်နေဝန်း လူငယ်များအသင်းလို့ ဘာသာပြန်ရမလားမသိ၊ ကာလသားလူငယ်တွေနဲ့ စုဖွဲ့ထားတာ) အဖွဲ့နဲ့

Tuesday, December 4, 2012

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၄)

ဒီဆောင်းပါးရေးဖို့ အတိတ်ကို စဉ်းစားနေချိန်ပြီးခဲ့တဲ့ တနင်္ဂနွေ (နိုဝင်ဘာ၂၅) မှာ မန္တလေးကနေ အိန္ဒိယနယ်စပ်အထိ တလှေထဲစီး တခရီးထဲအတူလာခဲ့တဲ့ ကိုဂြိုလ်တု (ကိုအောင်ကျော်ထူး) တယောက် အသဲအသန်ဖြစ်လို့ အိန္ဒိယနယ်စပ် မိုးရေးမြို့ကနေ ဗမာပြည်အပြန် ကလေးမြို့ဆေးရုံမှာ တိမ်းပါးသွားတဲ့သတင်းဆိုးကို ကြားလိုက်ရတယ်။ သူ့ကို မန္တလေး ချက်ချင်းခေါ်သွားဖို့ ခွင့်ပြုချက်မရသေးတာကို စောင့်ဆိုင်းနေတုန်း

Thursday, November 22, 2012

သူတို့ကခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၃)

တလောတုန်းက အကျဉ်းသားဟောင်း ဦးခင်ညွန့် (စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်) က မီဒီယာတခုမှာ အမျိုးသားနိုင်ငံရေးပြန်လုပ်မယ်လို့ အသံပြုလိုက်တာနဲ့ မြန်မာ့နိုင်ငံရေးလောကကြားမှာ ကြွက်စီကြွက်စီ ဖြစ်ကုန်တယ်။ ဒီလူစားတွေပြောတဲ့ အမျိုးသားနိုင်ငံရေးဆိုတာ လူလူချင်းကျွန်ပြုတဲ့ နိုင်ငံရေး၊ ပြည်သူတွေ မျက်စေ့ပိတ် နားပိတ်၊ ပါးစပ်ပိတ်ပြီး အမြင်ကျဉ်းအောင် ဘောင်ခတ်ထားတဲ့ နိုင်ငံရေး၊ သူတို့ တလျောက်လုံးကြွေးကြော်လာတဲ့ အမျိုးသားနိုင်ငံရေးဆိုတဲ့ ပြည်သူကို