Monday, February 7, 2011

“အရပ်မကြိုက်တဲ့ ထိုးဇာတ်”


ယန်းပေါဆတ်* ကပြောခဲ့တယ်
လူတွေမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်
ကိုယ်ရွေးချယ်တာကို ကိုယ်တာဝန်ယူရဲဖို့ပဲလိုတယ်… တဲ့
အဲ့ဒ်ီမှာ လူ့ဂုဏ်သိက္ခာတွေ ဆုတ်ဖဲ့ခံနေကြ
ကိုယ်က မရွေးဘဲ အရွေးချယ်ခံနေကြ
မလှပလိုက်ပလေ။


နှစ်ခါသေလိုသူများ ယှဉ်ပြိုင်ပွဲမှာ
တာထွက်ကောင်းဖို့ ပန်းဝင်ကောင်းဖို့
တချို့သာလိကာ ဖြစ်
နှစ်ချို့ခြုံတွေပေါ်က မြွေဆိုးများ
ကြောင်ဖားကြီးများ က
အခါတော်ကျ တွင်းဝင်ဖြောင့်ရေး
ကြွက်ချေးတို့ကို မြေစာချ
ဆွေးနွေးနေကြပုံ။

အဲဒီအမှိုက်ပုံမှာ
ယုန်သူငယ်တို့သာ
နာတာရှည် နှာစေးနေကြရုံ။ ။

No comments: