Showing posts with label စိုးနေလင်း. Show all posts
Showing posts with label စိုးနေလင်း. Show all posts

Saturday, December 31, 2011

“ မျှော်လင့်ခိုးထဲက ၂၀၁၁”


၂၀၁၀ ဟာ သူ မထွက်ခင်
(နိုဝင်ဘာ ၁၃ ရက်၊ မြန်မာနိုင်ငံအတွက်)
တချက်မင်္ဂလာရှိသွားခဲ့ရတယ်။

တနှစ်လုံးကတော့
တိမ်ဖုံးပါလို့ လ မသာ
ရင်ဆာငတ်မွန်း မှောင်လွန်းသောညတို့ချည်းသာ
ကြက်ပန်းသွားသော ယာတောများ လမ်းမများပေါ်
မွန်ခ်ျ့ရဲ့အော်သံပန်းချီကားတို့ပုံထပ်
မိုးခါးမုန်တိုင်းလိုက်လို့တိုက်ပြန်ရဲ့
(မျက်လှည့်ဆရာကတော့)
ပဲ့စင်ယိုင်ယိုင်ကြီးကို တွယ်ကုတ်
အစွန်ထုတ်ထားတဲ့နိုင်ဖဲလိမ်တချပ်ကိုချခင်း
အပင်းသွင်းဖို့ကြိုးစားနေစဉ်…

Tuesday, December 13, 2011

“လင်းလုလု…”

ခုထိ မျှော်လင့်ခိုးပဲရှိသေးရဲ့
ပဲ့ကိုဘယ်သူက ဘယ်လိုကိုင်မှာလဲ
ရေကလည်း နည်းပါဘိသနဲ့
အဲဒီ ဒီရေမြင့်သစ်ဆိုတာကို တောင့်တမိ
ထက်မြိတဲ့ဓားတစင်းရဲ့စွမ်းအား
မြားတစင်းရဲ့စွမ်းအားနဲ့
ပစ်မှတ်ကို တည့်တည့်ပစ်နိုင်ဖို့သာ။   ။

Sunday, March 27, 2011

“လှိုင်းလုံးကဗျာ”

 လမ်းကမဆုံးသေးဘူး
နောက်ဆုံးရထားကတော့ ထွက်သွားပြီ
ခါတော်မီ အလုအယက်ကျားမြီးဆွဲလိုက်ကြသူများက
အော့ဇ၀စ်* သွား တောလားအလိုက်
အိပ်မငိုက်၊ ထိပ်မတိုက်ရဲ
ငုတ်မိသဲတိုင်ဆင်း

Monday, February 7, 2011

“အရပ်မကြိုက်တဲ့ ထိုးဇာတ်”


ယန်းပေါဆတ်* ကပြောခဲ့တယ်
လူတွေမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်
ကိုယ်ရွေးချယ်တာကို ကိုယ်တာဝန်ယူရဲဖို့ပဲလိုတယ်… တဲ့
အဲ့ဒ်ီမှာ လူ့ဂုဏ်သိက္ခာတွေ ဆုတ်ဖဲ့ခံနေကြ
ကိုယ်က မရွေးဘဲ အရွေးချယ်ခံနေကြ
မလှပလိုက်ပလေ။

Monday, January 24, 2011

“ရေ စာ”


‘အော့နှလုံး’ * ကိုဖတ်ပြီးဆန်တက်သွားတဲ့ သိစိတ်က
တိမ်လိပ်တခုကို တုပချင်ခဲ့ပုံ။
ဘယ်တုံးကမှ မလုံခြုံခဲ့တဲ့ဘ၀မှာ
ကြာကြာဝါးကြည့်နေကြဆဲ
ထူးကဲအအေးလှိုင်းအောက်
နောက်နှစ်လှမ်းဆုတ် သွားကြ။