Thursday, February 17, 2011
“ချောက်နက်ထဲက ခြောက်အိပ်မက်”
ခပ်ညံ့ညံ့အထူးပြုလုပ်ချက်နဲ့
အရှက်မဲ့ ပုံပြောင်း
ရေဆိုးမြောင်းထဲပေါလောမျှောကြ
ခေါင်းပေါင်းစတွေပေါ့လေ။
မြေသားနဲ့ကောင်းကင်ကြား
ပလွှားတံလျှပ်တို့ရောင်ပြောင်းတောက်
ကျည်တောက်များ စွပ်ထားရုံ
အဲဒီခြုံကိုယုံ စုပြုံတိုးလိုက်ကြပုံများ။
ကြမ်းကြား လေကြား
ပြောမှားဆိုမှား…
(ကြားသွားမှဖြင့်ဆိုပြီး)
ဖုတ်ပြီးသားငါးခြောက်တို့ချည်းသာ
ရွာမရှိတဲ့ လမ်းဆုံးကိုလျှောက်
အညှောက်ပေါက်ဖို့မျှော်နေဆဲ။
သဲသဲကွဲကွဲ နင်းချေခံမြက်ခင်းတွေကတော့
ခေါင်းမမော့နိုင်အား
ကြွေကျသွားတဲ့ ဦးခေါင်းတို့ကိုစိတ်ပျက်
ညဥ့်နက်နေကြလေရဲ့။ ။
Labels:
poem,
ကဗျာ,
စိုးနေလင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment