Saturday, April 19, 2014

ကေသရာဇာ


ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေတထောင် ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။

ကမ္ဘာမကြေနေ့များ


သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။

ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇ၀င်ထဲမှာ ၀င်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။

ခြင်္သေ့ကြီး
အချုပ်အချာ၊ နန်းရပ်ထီးဖြူ၊
အလံထူလွှင့်၊ သင့်လက်ထဲမှာ။

ခြင်္သေ့ တထောင်
ခေါင်းပြန်လည့်မော့ချိန်ပါလား။ ။

(အဘခြင်္သေ့ နိုးထ ကျန်းမာပါစေ)

မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၄

No comments: