ဥဒါန်း
“သားလုတာ အလျော့ပေးလို့ရတယ်၊ အမေလုတာ အလျော့ပေးလို့ မရဘူး” (ဟံသာဝတီ ဦးဝင်းတင်)
ဆရာကြီး ဦးဝင်းတင်ကို ခမ်းခမ်းနားနား လူထုဈာပန ဖြစ်စေချင်တာ
ကျနော့်ဆန္ဒပါ။ တတ်နိုင်ရင် သူ့ခန္ဓာကို ယုဒသန်ခန်းမမှာ လူထုဈာပနအဖြစ်
ကျင်းပချင်ပါတယ်။ ယုဒသန်ခန်းမက သိက္ခာတော်ရ ဆရာတော်ကလဲ ခွင့်ပြုပါတယ်။
ဒါပေမဲ့ ကျနော့်ဆန္ဒ မပြည့်ဝခဲ့ဘူးပေါ့နော်။ တကယ်က ဆရာကြီးရဲ့
ရုပ်အလောင်းကို မိုးပြာရောင်ပိတ်စပတ်ပြီး ဧရာဝတီမြစ်ကမ်းပါးမှာ
ဈာပနအခမ်းအနား ကျင်းပချင်ပါတယ်။ ဆရာကြီးအတွက် အမှတ်တရဂူဗိမာန်ကိုလဲ
တနေ့နေ့ တနေရာမှာတော့ ဖြစ်အောင် ကျနော်တို့ ကြိုးပမ်းရပါမယ်။
(၁) ရေဖြင့်ကန်တော့ခြင်း
ကျနော် ဆရာ့ရုပ်ကလာပ်ကို ရေဝေးက ရေခဲတိုက်သွင်းတော့ ကျနော်
လိုက်ဝင်သွားမိတယ်။ ကျနော့်ရင်ထဲက ဆရာကြီးကို ဂါရဝပြု ဖြစ်စေချင်တဲ့ဆန္ဒတွေက
လွှမ်းမိုးနေပါတယ်။ ပူလောင်နေပါတယ်။ ဆွေမျိုးတွေ နောက်ဆုံးဂါရဝပြု ပြီး၊
ဝန်ထမ်းတွေက ရေချိုးပေးဖို့ စီစဉ်တော့
Showing posts with label ဦးဝင်းတင်. Show all posts
Showing posts with label ဦးဝင်းတင်. Show all posts
Friday, April 25, 2014
Wednesday, April 23, 2014
ခုတာ့လည်း ကျနော်တို့ ဗမာပြည် “ခ - လေးလုံးခေတ်” ကို တကယ်ရောက်နေပြီလား
၁၉၇၃ -
၇၄ ခုနှစ်မှာ ကျနော့ဇာတိရပ်မြေ မူလတန်းကျောင်းလေးမှာ လေးတန်းမြို့နယ်စစ်
စာမေးပွဲဖြေအပြီး ပညာခရီးဆက်ဖို့ ကိုရင်လူထွက်ဘဝ ပုပုလုံးလုံး ကတုံးလေးနဲ့
ရောက်လာချိန်မှာ ရန်ကုန်ဟာ အလုပ်သမားသပိတ် ကျောင်းသားသပိတ်တွေနဲ့
ပြည့်လျံနေပါတယ်။ ကျနော် နေခဲ့တဲ့နေရာကနေ ဆင်မလိုက်သင်္ဘောကျင်းရုံက
အလုပ်ဆင်းအလုပ်တက်ဥသြသံကို ကြားရတယ်။ ဆင်မလိုက်သင်္ဘောကျင်း
အလုပ်သမားတွေရဲ့ဆန်တောင်းတဲ့သပိ တ်တိုက်ပွဲကို
ဝဲစားကြီး ဗိုနေဝင်းက ဆန်အစားကျည်ဆံတွေနဲ့ ရက်ရက်စက်စက်
သတ်ဖြတ်ချေမှုန်းခဲ့စဉ် ထွက်ပေါ်လာတဲ့ မရဏမင်းရဲ့အူသံလို မရပ်မနားအူထွက်နေတဲ့
ဆင်မလိုက်သင်္ဘောကျင်းက ဥသြသံကိုအခုထိ ကြားယောင်နေဆဲပါ။ ကြားယောင်မိတိုင်း
အိမ်မက်ဆိုးတခုလို ခြောက်လှန့်ခံနေဆဲပါ။
အဲဒီကာလ အဲဒီတိုက်ပွဲတွေမှာ
အဲဒီကာလ အဲဒီတိုက်ပွဲတွေမှာ
Tuesday, April 22, 2014
ငြိမ်းချမ်းရေးရဲ့အရောင် ဆံပင်အုံကြီးအောက်မှာ
တိုင်းကျိုပြည်ဆောင်
လူထုဘက်တော်သားကြီးဆရာကို
နိုင်ငံတော်က ရလိုက်တယ်
ဆရာ့ဘဝတခုလုံး
နိုင်ငံတော်ကို ပေးအပ်ခဲ့တယ်
ဆရာ့ဘဝဟာ လူထုဘဝ
ဆရာ့ခံစားမှုဟာ
လူထုဘက်တော်သားကြီးဆရာကို
နိုင်ငံတော်က ရလိုက်တယ်
ဆရာ့ဘဝတခုလုံး
နိုင်ငံတော်ကို ပေးအပ်ခဲ့တယ်
ဆရာ့ဘဝဟာ လူထုဘဝ
ဆရာ့ခံစားမှုဟာ
ဆရာကြီး ဦးဝင်းတင် သို့
ပိတောက်တွေ
ဖူးသစ်ဝေခွင့်မရတဲ့ ဒီကာလ
ကျနော်တို့ နှလုံးသားက
ယုံကြည်ရတဲ့
ကဗျာတပုဒ်ကိုမှ
သေမင်းက
ဖူးသစ်ဝေခွင့်မရတဲ့ ဒီကာလ
ကျနော်တို့ နှလုံးသားက
ယုံကြည်ရတဲ့
ကဗျာတပုဒ်ကိုမှ
သေမင်းက
Labels:
ကဗျာ,
မိုးသီးဇွန်,
ဦးဝင်းတင်
ဦးဝင်းတင် အတွက် ရင်ဖွင့်ကဗျာ
ရင်ဖွင့်ကာ အော်ဟစ်လိုက်မယ်
နှမျောတယ်.. လွမ်းတယ်။
အမှောင်မည်းမည်းထဲ နိမ့်ကျသူတို့ မျက်ရည်စက် ဖယ်ရှားချင်သူ
ခုတော့... ပိန်းပင်တွေထက် သူ့အတွက်
ပြည်သူ့မျက်ရည်စက်တွေသီးလို့။
မဟာပထ၀ီမြေမှာ အမြစ်တွယ် နက်ရှိုင်းသူ
ခုတော့...
Monday, April 21, 2014
ကျားရဲ
နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။
အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။
အခန်းကျဉ်းကျဉ်း
အလင်းမ၀င် လေမ၀င်
Labels:
ကဗျာ,
ဦးဝင်းတင်
ဦးဝင်းတင် ရှင်ပြန်ထမြောက်ပြီ
ကင်ဆာကျဆုံးပါစေ
ဖိနှိပ်အုပ်ချုပ်တဲ့ခေတ်မှာ
လွတ်မြောက်ရေး လှုပ်ရှားခဲ့တဲ့သူများ
ကြွေးကြော်ခဲ့တဲ့ စကား
ကြားခဲ့တာ နားမဆံ့ပေါ့။
ဖိနှိပ်အုပ်ချုပ်တဲ့ခေတ်မှာ
လွတ်မြောက်ရေး လှုပ်ရှားခဲ့တဲ့သူများ
ကြွေးကြော်ခဲ့တဲ့ စကား
ကြားခဲ့တာ နားမဆံ့ပေါ့။
ဦးဝင်းတင်
လွတ်မြောက်ရေး ဦးဆောင်သူ
အမှန်တရားကို ပြောသူ
လူထုဘက်က ရပ်တည်သူ
လမ်းမမြင် ကမ်းမမြင်
လွတ်မြောက်ရေး ဦးဆောင်သူ
အမှန်တရားကို ပြောသူ
လူထုဘက်က ရပ်တည်သူ
လမ်းမမြင် ကမ်းမမြင်
Labels:
ကဗျာ,
ဦးဝင်းတင်
အမှောင်ခေတ်ကြီးတခုလုံးကို စိမ်ခေါ်ခဲ့သူ ကွယ်လွန်ခြင်း ဂုဏ်ပြုကဗျာ
ငါတို့ခေတ်မှာ
သူလိုလူတယောက် ရှိနေခဲ့တာကိုက
ငါတို့ခေတ်ရဲ့ မာန်မာနကိုပြတဲ့ မဟာသင်္ကေတပါပဲ။
သူဟာ
ဘယ်လောက်အထိ အသက်ရှင် နေထိုင်နိုင်မလည်း
သူဟာ
မသေခင်ကတည်းက မသေဆေးကို စားနိုင်ခဲ့တယ်
သေဆုံးသွားသည့်တိုင်
Labels:
၂၀၁၄,
ကဗျာ,
ဟံသာဝတီ,
ဦးဝင်းတင်
ဦးဝင်းတင် (၁၉၃၀-၂၀၁၄) ၂၁-၄-၂၀၁၄ ရက် နံနက် (၆း၃၀) တွင်ကွယ်လွန်
အမည် - ဦးဝင်းတင်
အဖအမည် - ဦးပု
အမိအမည် - ဒေါ်အမာ
မွေးသက္ကရာဇ် - ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်
ဇာတိ - ပဲခူးတိုင်း ကြို့ပင်ကောက် မြို့
ပညာအရည်အချင်း - ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။
ကလောင် အမည်ခွဲများ - မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦး
ဦးဝင်းတင်သည် သား သမီး ၃ ဦး အနက် အကြီးဆုံး ဖြစ်သည်။ ဦးဝင်းတင်ဟာ အိမ်ထောင် မပြူဖူးပါ၊ လူပျိုကြီး အဖြစ် နေထိုင် နေသူ တဦး ဖြစ်သည်။ တက္ကသိုလ်မှာ အင်္ဂလိပ် စာပေ၊ ခေတ်သစ် သမိုင်းနဲ့ နိုင်ငံရေး သိပ္ပံ ဘာသာတွဲကို ယူခဲ့ပြီး၊ ၁၉၅၃ မှာ
အဖအမည် - ဦးပု
အမိအမည် - ဒေါ်အမာ
မွေးသက္ကရာဇ် - ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်
ဇာတိ - ပဲခူးတိုင်း ကြို့ပင်ကောက် မြို့
ပညာအရည်အချင်း - ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။
ကလောင် အမည်ခွဲများ - မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦး
ဦးဝင်းတင်သည် သား သမီး ၃ ဦး အနက် အကြီးဆုံး ဖြစ်သည်။ ဦးဝင်းတင်ဟာ အိမ်ထောင် မပြူဖူးပါ၊ လူပျိုကြီး အဖြစ် နေထိုင် နေသူ တဦး ဖြစ်သည်။ တက္ကသိုလ်မှာ အင်္ဂလိပ် စာပေ၊ ခေတ်သစ် သမိုင်းနဲ့ နိုင်ငံရေး သိပ္ပံ ဘာသာတွဲကို ယူခဲ့ပြီး၊ ၁၉၅၃ မှာ
Labels:
ဦးဝင်းတင်
Saturday, April 19, 2014
ကေသရာဇာ
ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေတထောင် ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။
ကမ္ဘာမကြေနေ့များ
Labels:
ကဗျာ,
ဟံသာဝတီ,
ဦးဝင်းတင်
Thursday, November 7, 2013
ဘာနဂါးမှ မကြောက်ဖူးမှတ်၊ ဇာတ်ဓါးကို မတုန် စက္ကူကျားကို မဖြုံ
ဟံသာဝတီ ဦးဝင်းတင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃
တတိုင်းတပြည်လုံး ဖိန့်ဖိန့်တုန်ကြောက်ချေးပါအောင်
ဟိန်းဟောက် မာန်မဲလိုက်တဲ့ ခြိမ်းခြောက်သံကွဲကြီး နားနဲ့
ဆတ်ဆတ်ကြားလိုက်ကြရဲ့နော်။ မကြားသနော်ရယ်လို့ မရှိရအောင် ကျုပ်က
ပြည်သူတွေကို နားကလော်လို့ ဖော်ထုတ်ပေးပါရစေဗျား။
တ၀ါကျွတ်တွင်းမှာ ဘယာညွတ်ကွင်းက ငါလွတ်ကင်းအောင်ဟဲ့ဆိုတဲ့ သဘောလေးလား။ ၀ါကျွတ်မှာ ဆရာဖွတ်ကြီး အဲလေယောင်လို့ ဆရာကြံ့ကြီးကို တောပြောတောင်ပြော လုပ်အောင်ဆိုတဲ့ သဘောလေလား တော့မသိ။ စစ်အာဏာရှင်ဟောင်းဆီကို သူ့တပည့်ရင်းတွေက ယောဝစန အသံကြားရအောင် သြ၀ါဒခံသွားကြသတဲ့။ သခွပ်ပင်ရင်းမှာ
တတိုင်းတပြည်လုံး ဖိန့်ဖိန့်တုန်ကြောက်ချေးပါအောင
တ၀ါကျွတ်တွင်းမှာ ဘယာညွတ်ကွင်းက ငါလွတ်ကင်းအောင်ဟဲ့ဆိုတဲ့ သဘောလေးလား။ ၀ါကျွတ်မှာ ဆရာဖွတ်ကြီး အဲလေယောင်လို့ ဆရာကြံ့ကြီးကို တောပြောတောင်ပြော လုပ်အောင်ဆိုတဲ့ သဘောလေလား တော့မသိ။ စစ်အာဏာရှင်ဟောင်းဆီကို သူ့တပည့်ရင်းတွေက ယောဝစန အသံကြားရအောင် သြ၀ါဒခံသွားကြသတဲ့။ သခွပ်ပင်ရင်းမှာ
Labels:
သရော်စာ,
ဦးဝင်းတင်
Subscribe to:
Posts (Atom)