Monday, April 21, 2014

ဦးဝင်းတင် ရှင်ပြန်ထမြောက်ပြီ


ကင်ဆာကျဆုံးပါစေ
ဖိနှိပ်အုပ်ချုပ်တဲ့ခေတ်မှာ
လွတ်မြောက်ရေး လှုပ်ရှားခဲ့တဲ့သူများ
ကြွေးကြော်ခဲ့တဲ့ စကား
ကြားခဲ့တာ နားမဆံ့ပေါ့။
 
ဦးဝင်းတင်
လွတ်မြောက်ရေး ဦးဆောင်သူ
အမှန်တရားကို ပြောသူ
လူထုဘက်က ရပ်တည်သူ
လမ်းမမြင် ကမ်းမမြင်
စစ်အာဏာရှင်တော်လှန်ရေး
ဒီမိုကရေစီ အရိပ်အယောင်တောင်
တွေ့ရတယ် သူမပြောခဲ့ဘူး။
-
သစ္စာဖောက်တွေ များတယ်
နောက်ဆုံးခရီး
အဘ အနီးမှာ သားတပည့်အပေါင်း
ငိုကြွေးနေတဲ့အချိန်
အဘ မှာတဲ့စကား
ချစ်သားတို့ ငါ့လမ်းစဉ်အတိုင်းသွား
လူထုမပါဘဲ
ဒီလမ်း ဒီခရီး
ဝင်းတင် ဆိုတဲ့ ငါရှိမှာမဟုတ်ဘူး။
-
ငါမရှိရင် လူထုရှိတယ်
လူထုအတွက် တိုက်ပွဲဝင်ကျ
ဝင်းတင် ၀တ်ထားတဲ့ အပြာရောင် အင်္ကျီ
ဒါဟာ ငြိမ်းချမ်းရေး ဖြစ်တယ်
ဒါဟာ တိုက်ပွဲခေါ်သံ ဖြစ်တယ်
ဒီနေ့ ငါသေတယ်
မနက်ဖန်
ငါဟာ ရှင်ပြန်ထမြောက်တယ်
မနက်ဖန်
လူထု ဟာ ရှင်ပြန်ထမြောက်တယ်။
-
မောင်ကြီးငြိမ်းချမ်း

No comments: