Showing posts with label Tamar Khin. Show all posts
Showing posts with label Tamar Khin. Show all posts

Friday, February 8, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၁၁)



နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၁၁)

သက်ဆိုင်သူများသို့

အမှန်တရားကို ဦးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း တော်လှန်ရေး ဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှု ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးဘဲနဲ့ နန်းအောင် ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီနဲ့

Wednesday, February 6, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး အပိုင်း(၁၀)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၁၀)

သက်ဆိုင်သူများသို့

ရဲဘော်ရဲမေတွေ ပုံစံကျအောင်လုပ်ယူရာမှာ စစ်သင်တန်းကိုအခြေခံထားပြီးမှ ပြဋ္ဌာန်းတွေကို အသုံးပြုခဲ့ကြတာပါ။ လူ ကြီးတွေနဲ့ ဆက်ဆံတဲ့အခါ မတ်တပ်ရပ် သတိဆွဲ အလေးပြုကိစ္စ တွေက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ဦးဆောင်တဲ့ မြောက်ပိုင်းဗဟိုဖွဲ့ပြီးမှ စနစ်တကျဖြစ်အောင်
နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၁၀)

သက်ဆိုင်သူများသို့

ရဲဘော်ရဲမေတွေ ပုံစံကျအောင်လုပ်ယူရာမှာ စစ်သင်တန်းကိုအခြေခံထားပြီးမှ ပြဋ္ဌာန်းတွေကို အသုံးပြုခဲ့ကြတာပါ။ လူ ကြီးတွေနဲ့ ဆက်ဆံတဲ့အခါ မတ်တပ်ရပ် သတိဆွဲ အလေးပြုကိစ္စ တွေက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် ဦးဆောင်တဲ့ မြောက်ပိုင်းဗဟိုဖွဲ့ပြီးမှ စနစ်တကျဖြစ်အောင်

Tuesday, February 5, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး အပိုင်း( ၉ )

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း( ၉ )

သက်ဆိုင်သူများသို့

ဘာကြောင့်လည်းဆိုတော့ အပတ်စဉ် (၅) ဆန္ဒပြတာနဲ့ ပတ်သက်ပြီး “ခင်ဗျာ့တယောက်လုံးရှိရဲ့နဲ့ ဒီလိုဖြစ်ရသလားဗျာ လို့” ကိုရဲလင်းကို အပြစ်ဆိုချင်ဟန်နဲ့ တောထဲရောက်လာခါစမှာပဲ ပြောခဲ့တဲ့ ကိုထွန်းအောင်ကျော် (ကိုရဲလင်း မှတ်တမ်း အရ)၊ ဆန္ဒပြပွဲမှာလည်းမပါ ဗဟိုကော်မတီ ဖြစ်မြောက်ရေးမှာလည်း မပါခဲ့တဲ့ ရဲဘော်ဟောင်းတွေက

Monday, February 4, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၈)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၈)

အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက် ထွက်ပြေးလွတ်မြောက်သွားချိန်က တာဝန်ကျခဲ့တဲ့ ရဲဘော်လှမျိုးအောင်နဲ့ ရဲဘော်အောင် နိုင် တို့ကို တာဝန်ပေါ့လျော့မှုနဲ့ သေဒဏ်ပေးခဲ့ကြတယ်။ “မသေခင် ဘာလုပ်သွားချင်တဲ့ ဆန္ဒရှိသလဲ ပြောပါ” ဆိုတော့ “အရက်တဝကြီး သောက်သွားချင်တယ်” တဲ့။ သြော် .. ရဲဘော်တွေ အရက်ကြိုက်တတ်ပုံများ

Sunday, February 3, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၇)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၇)

“ငါ့ရှေ့ကို ဗဟိုကော်မတီ စာရင်းလစ်ကြီးလာချပေးတယ်။ ငါတော့ သေသာသေလိုက်ချင် တယ်။ ဒါပေမဲ့ ကိုစိုးလင်းက လောလောဆဲ ဒီမှာမရှိတော့ တောင်ပိုင်းမှာ ဒါမျိုးတွေတော့ ရှိမှာမဟုတ်ဘူး တွေးမိပြီး ကိုစိုးလင်းကို

Friday, February 1, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၆)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၆)

အရင်တုန်းက ကျမနဲပတ်သက်ပြီး ကျမ မေးခဲ့တုန်းက “မင်းနဲ့ပတ်သက်ပြီး သိပ်မမေးဘူး၊ တချက်နှစ်ချက်လောက်ပဲ။ မင်းရဲ့ငါးနှစ်စီမံကိန်းဆိုတာလေ ငါးနှစ်အတွင်းမှာ ကျမနဲ့ချိတ်တဲ့သူ ရောက်လာမှာမို့ ခင်ရွှေလှိုင်များ ဖြစ်နေမလားလို့

Thursday, January 31, 2013

နန်းအောင်ထွေးကြည် ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၅)

နန်းအောင်ထွေးကြည် ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့) မေခွန်းထုတ်စရာများ အပိုင်း(၅)

“မင်းလုပ်ခဲ့တဲ့ (၅) နှစ်စီမံကိန်းဆိုတာလေ ငါဘယ်လိုဖြေခဲ့သလဲ သိလား။ “cs (ကိုသံချောင်း) တို့ လူကြီးတွေကို အနု နည်းနဲ့ ဆွဲဆောင်ပြီးဖြိုခွဲဖို့လို့ ငါဖြေလိုက်တယ်” နန်းအောင်ထွေးကြည် ကိုယ်တိုင်ပြောခဲ့တဲ့

Wednesday, January 30, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး အပိုင်း(၄)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး (သို့မဟုတ်) မေခွန်းထုတ်စရာများ အပိုင်း(၄)

မြောက်ပိုင်းအဖြစ်အပျက်တွေ ပြန်ဖော်တဲ့အခါမှာလည်း သူ့ကိုလုပ်မဲ့ဟန်နဲ့ ခြိမ်းခြောက်ခဲ့တာကလွဲလို့ အမှန်တကယ် အ နှိပ်စက်ခံခဲ့ရတာ သိပ်မရှိခဲ့ သူ့ဘာသာသူ ထွက်ဆိုခဲ့တာတွေပဲဖြစ်တော့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့သူတွေ ဘယ်လိုပုံစံ မျိုးတွေနဲ့ နှိပ်စက်ခံခဲ့ရတဲ့အကြောင်းတွေကိုသာ ထပ်ခါတလဲလဲ ရေပက်မဝင်အောင်

Tuesday, January 29, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၃)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၃)

တော်လှန်ရေးနယ်မြေတွေမှာ သူလျှိုလို့ သံသယအဖြစ်ခံရသူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့တာတွေ ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကိုယ့်ဘာသာကိုယ်ပဲ အသားအနာခံခဲ့ကြရုံသာမက အသတ်ခံပါခံလိုက် ကြရတဲ့အဖြစ်တွေလည်း ရှိခဲ့ကြပါတယ်။

အသားနာတာကို အကြောင်းပြပြီး နန်းအောင်ထွေးကြည်လို “စစ်ဆင်ရေး” ဆိုတဲ့ ခေါင်းစဉ်အကြီးကြီး တပ်ဖြေခဲ့တဲ့ သူ မျိုး၊ ဥက္ကဋ္ဌ အပါအဝင် ရဲဘော်ရဲမေတွေ တပြုံတမကြီး ဆွဲထည့်သွားနိုင်ခဲ့တာမျိုးကို ဘယ်သူများ ကြားဖူးခဲ့ကြပါသလဲ။ ဒါကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ လုပ်ခဲ့ပါတယ်လို့ မပြောရင် ဘယ်လိုပြောရမှာပါလဲ။

ဘယ်သူက သူ့ကိုယ်သူ အဖမ်းခံ၊ အသားအနာခံ၊ အသေခံပြီး လုပ်ပါ့မလဲ။ စွပ်စွဲတဲ့လူနဲ့ စွပ်စွဲခံရ သူ ဘယ်သူက အစီစဉ် ကျကျ လုပ်ဖို့လွယ်မလဲ။

ဖြစ်သွားတဲ့အဖြစ်အပျက်ဟာ ဒီလောက်ရိုးရှင်းနေတာမျိုး မဟုတ်ပါဘူး။ ဒီရေလှိုင်းစစ်ဆင်ရေး ဆိုတာကို နန်းအောင် ထွေးကြည် အဖမ်းခံရတဲ့အချိန်ကျမှသာ သူလုပ်ခဲ့တာဖြစ်ခဲ့တဲ့အပြင် ဒီဇာတ်လမ်းတွေ စကတည်းက နန်းအောင်ထွေး ကြည်ဟာ သူတော့ သေချာပေါက်ပါနိုင်တယ်ဆိုတာကို ကြိုသိနေခဲ့ပါတယ်။ ဒီလိုတွေလုပ်ပြီးတာနဲ့ ထွက်ပေါက်အသင့် ရှိထားတယ်ဆိုတာ သိနေရင်လည်း လုပ်ဖို့က မခက်ပါဘူး။

ထူးခြားတာက ကေအိုင်ကေဘက်က လူတွေကိုဆွဲထည့်တာလည်း နန်းအောင်ထွေးကြည် တယောက်ပဲဖြစ်သလို အား လုံးထဲမှာမှ နန်းအောင်ထွေးကြည် တယောက်တည်းကိုသာ ကေအိုင်အေကရွေးထုတ်ပြီး ကျောင်းသားရဲဘော်တွေမပါ ဘဲ သီးသန့်ခေါ်ထုတ် မေးမြန်းခဲ့ကြတဲ့ ကိစ္စတွေပါ။ အဲဒီမှာလည်း သူဘာတွေပြောခဲ့ပြန်သလဲ။ သူရေးထားတာတွေရှိပေ မဲ့ ဗြောင်လိမ်ရဲတဲ့သတ္တိက မသေးတော့၊ ကေအိုင်အေလူကြီးတွေကလွဲလို့ ဘယ်သူမှ အမှန်အတိုင်း မသိနိုင်ပါဘူး။

နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးနဲ့ ဒီလိုင်းတွေကို ယုံကြည်လက်ခံလုပ်ခဲ့တဲ့ သူတွေကလည်း နန်း အောင်ထွေးကြည် ပြောခဲ့တဲ့စကားအတိုင်း ပြန်ပြောရရင် “မန္တလေး ကျောင်းသားလှုပ်ရှားမှုအကြောင်း ကောင်းကောင်း မသိတဲ့ စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ ဒီလောက်တောင်တုံးရသလား” ဆိုရမလို ပါပဲ။

၈၈ မှာ တက်ကြွလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေ ထုနဲ့ဒေးရှိခဲ့သလိုပဲ အဲဒီလိုလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ် တွေကြားမှာ တန်ပြန်ထောက်လှမ်းရေးသဘောမျိုးနဲ့ သတင်းယူပို့ ပေးရတာတွေကို အကြီးအကျယ် စွန့်စားမှုကြီးတခု အဖြစ် ကိုယ်ဘာသာကိုယ် ဂုဏ်ယူကျေနပ်စွာ လုပ်ကိုင်နေကြတဲ့ ကျောင်းသားလူငယ်တွေလည်း အများကြီးရှိနေခဲ့ကြ တာတွေကိုတော့ သတိရကြပါလိမ့်မယ်။

ဖြစ်ခဲ့တဲ့အချိန်တုန်းကလည်း ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ ယုံကြည်လက်ခံသွားလောက်အောင် သူ့ကိုယ်သူ တကယ့် ထောက် လှမ်းရေးမတယောက်အသွင်မျိုးနဲ့ နန်အောင်ထွေးကြည် မင်သေသေ ပြောခဲ့လုပ်ခဲ့တယ်။ အခုကျ သေသွားတဲ့ မဖြေရှင်းနိုင်တော့တဲ့ ကိုမျိုးဝင်းအပေါ် အားလုံးပုံချပြီး အသားအနာမခံနိုင်လို့ပါ အကြောင်းပြ ကျောင်းသားတပ်ကို မစွန့် ခွာချင်ပါဘဲ စွန့်ခွာခဲ့ရတဲ့ အင်မတန် သနားဖွယ်ရာကောင်းတဲ့ ရဲမေလေး ပြန်ဖြစ်နေပြန်တယ်။

ဒီအမျိုးသမီးဟာ မဟုတ်ခဲ့ရင်တော့ အတော်လေးကို သနားကြင်နာဖို့ကောင်းတာ အမှန်ပါ။ ဟုတ်ခဲ့ရင်တော့ အတော် လေးကို ကြောက်စရာကောင်းတဲ့ အနေအထား မီးစတဘက်- ရေမှုတ် တဘက်ကိုင်ထားတဲ့ တော်လှန်ရေးမပြောနဲ့ ကျောင်းသားစိတ်ဓါတ်မျိုးတောင်မရှိတဲ့ ရပ်တည်ချက်မမှန်တဲ့ မိန်းမမျိုးထဲကပါ။

(ဘယ်သူဘယ်ဝါမှန်းမသိ လမ်းမှာတွေ့တဲ့သူနဲ့ စကားပြောမိရာက အဲဒီလူနဲ့အတူ ရှစ်လေးလုံး လှုပ်ရှားမှုတွေမှာ ပါဝင် လာခဲ့တယ်တဲ့။ ကြားမကြားဖူးခဲ့တဲ့ ရှားရှားပါးပါးပုံပြင်လေး တပုဒ်ပါပဲ။ ဒါလည်း တကယ်မရှိတဲ့ လူတယောက်ကိုသုံးပြီး ဇာတ်လမ်းဖော်ထားတဲ့ ပုံပြင်ပဲ ဖြစ်ရမယ်၊၊)

အဖမ်းခံခဲ့ကြရသူတွေအားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ခဲ့ကြချိန်မှာ အိမ်တန်းမပြန်ပဲ နိုင်ငံခြားမှာ အကြာကြီးသောင်တင် နေတဲ့ နန်းအောင်ထွေးကြည်နဲ့ ကေအိုင်အေမှာ ဆက်နေပြီး တာဝန်ထမ်းဆောင်နေခဲ့ပါတယ်ဆိုတဲ့ ကိုညီညီ ဆမား၊ သူ တို့နှစ်ယောက် လျှောက်တဲ့လမ်းကိုက တခြားခံရသူတွေနဲ့မတူဘဲ သီးခြားကွဲထွက်နေခဲ့တာကလည်း စဉ်းစားစရာတ ချက်။

အထဲပြန်ဝင်သွားကြသူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ သဘောမျိုး ဖြစ် နေပါတယ်။

(ဒီလောက် အိမ်လွမ်းလှပြီဆိုတဲ့သူက အားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ကြတဲ့အချိန်မှာ ဘာအကြောင်းကြောင့် အဲဒီအ ချိန်က အိမ်တန်းမပြန်ရဲခဲ့ရတာပါလဲ။ တောထဲမှာ ဒီလောက် ဆင်းရဲဒုက္ခရောက်ခဲ့ရသူတယောက်အတွက် ပြန်စရာ အဖေ အမေအိမ်ထက် ပိုကောင်းတဲ့နေရာဆိုတာ ရှိနေသေးလို့လား။ ရိုးသားရင် အဲဒီအချိန်ကတည်းက အိမ်ပြန်ရောက်နေရမဲ့ ကိစ္စ။ အိမ်တော့မပြန်နဲ့ သွားချင်ရင် မင်းအကိုဆီသွားဆိုပြီး ကေအိုင်အေက ဘန်ကောက်ပို့ပေးခဲ့တာပါတဲ့။ ဟနေတဲ့အ ချက်မှန်သမျှ သူသိပါတယ်၊ အကုန်လိုက်ပိတ်ထားပြီး မေးလို့မရတော့တဲ့ သူတွေကို လက်ညိုးထိုးညွန်ပြလိုက်တာချည်း ပဲ။)

အထဲပြန်ဝင်သွားတဲ့ ရဲဘော်အများစုကတော့ သူတို့ပြောသလိုပါပဲ၊ ဘာမှန်းညာမှန်းမသိဘဲနဲ့ကို ခံလိုက်ကြရတာပါ။ နောက်တခုက ဒီဇာတ်လမ်း အစပျိုးချိန်က အမှန်တရားဖော်ထုတ်ပေးဖို့ ကိုထွန်းအောင်ကျော် မှာသွားလို့ပါဆိုတဲ့ သူနှစ် ယောက်ကလည်း ထူးထူးခြားခြား နန်းအောင်ထွေးကြည်နဲ့ ကိုညီညီဆမားပဲ ပြန်ဖြစ်နေပြန်ပါတယ်။ အခုကျတော့ ဒီလိုပဲ ကျမတို့အားလုံး တယောက်ကိုတယောက် မှာကြတယ်နဲ့ ပြန်လျှောချသွားတယ်။ ကိုထွန်းအောင်ကျော် သူ့ကို ဒီလိုမှာ သွားလို့ လုပ်ရတာပါဆိုတာနဲ့ အစပျိုးလာချိန်ကတည်းက ရှင်းရှင်းပြောရရင် ကျမကတော့ မယုံကြည်ခဲ့ပါဘူး။

နန်းအောင်ထွေးကြည် ဖော်ခဲ့လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီလိုင်းတွေအရပဲ လုပ်တဲ့သူတွေက ထောက်လှမ်းရေးတွေအဖြစ်နဲ့ ညှာတာမှုမရှိဘဲ လုပ်ခဲ့ကြတဲ့အတွက် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် လူတော် တော်များများဟာ မဟုတ်ဘဲနဲ့ ခံလိုက်ရသလို မရှိဘဲနဲ့ လုပ်ကြံဖြေထားတဲ့အပေါ် လက်နက်တွေ၊ အဆိပ်တွေ၊ ဆက် သွယ်ရေးစက်တွေ ထုတ်မပေးမချင်း ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရတယ်။ မရှိလို့ ထုတ်မပေးတာကို ခေါင်း မာတယ်ထင်ပြီး ထပ်ခါထပ်ခါ ညှဉ်းဆဲမေးမြန်းရင်း တချို့စစ်ကြောရေးမှာပဲ သေဆုံးသွားခဲ့ရတယ်။

ရုပ်ပိုင်းဆိုင်ရာအရ သူ့ထက်အဆပေါင်းများစွာ နာကျင်ခဲ့ရတဲ့သူတွေထက် သူဆင်လိုက်တဲ့ ဇာတ်လမ်း သူလုပ်ခဲ့တဲ့ လုပ် ရပ်တွေအတွက် တခြားလူတွေရဲ့ဘဝတွေ ဘယ်လောက်တောင် ထိခိုက်နစ်နာသွားခဲ့ရသလဲဆိုတာ သူကိုယ်တိုင်သာ အသိဆုံးမို့ စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုယ်ကို ဒဏ်ခတ်ချောင်ပိတ်မိနေခဲ့တဲ့အထိ ဆောက်တည်ရာမရ နန်းအောင်ထွေး ကြည် ခံစားနေခဲ့ရတာတွေဟာ ဒါတွေကြောင့်ပါ၊ (သို့မဟုတ်) အချိန်အခါတခုကိုစောင့်ပြီး သူ့ဆင်ခဲ့တဲ့ဇာတ်လမ်းကို သူ ပြန်ပြီးဆက် “က” နေခြင်းမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ အဲဒီအ ချိန်က သွေးခွဲလှုံ့ဆော်တွန်းပို့ပေးခြင်းကို ခံခဲ့ကြရတာဟာ ဒီအဖြစ်အပျက်တခုလုံးရဲ့အရင်းခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

နန်းအောင်ထွေးကြည်ရဲ့ တွန်းပို့ခဲ့မှုအပေါ် ကိုမျိုဝင်း ယုံကြည်လက်ခံသွားအောင် ထပ်ဆင့်တွန်းပို့ချောက်တွန်းလုပ်ခဲ့သူ နောက်တယောက်ကတော့ ကိုမျိုးဝင်း ယုံကြည်လို့ အဖမ်းခံရသူတွေကြား တမင်ထည့်ထားခဲ့တဲ့ ခို (ခ) ကိုခင်မောင်ဇော် (စစ်ရုံးအုပ်၊ မန္တလေး) ဆိုတာတော့ အသေအချာပါပဲ။

နန်းအောင်ထွေးကြည်ရဲ့ မင်သေသေနဲ့ ဖြေကြားချက်တွေ (သူ့စကားအရပြောရရင် သူရေးပေးလိုက်တဲ့ ဝတ္ထုဇာတ်လမ်း တွေအပေါ်) ကျောင်းသားထောက်လှမ်းရေးဘက်ကလူတွေ ဘယ်လောက်တောင်ယုံကြည်ပြီး လုပ်ဆောင်ခဲ့ကြသလဲ ဆိုတဲ့ သာဓကတွေပါ။ ဘာကြောင့်မို့ သူပြောတာတွေကို အလွယ်တကူယုံကြည် လက်ခံခဲ့ကြပါသလဲ စဉ်းစားကြည့်နိုင် ပါတယ်။ သူက ထောက်လှမ်းရေးမှူးတယောက်ရဲ့သမီး ဖြစ်နေခဲ့တဲ့အပြင် စရောက်လာကတည်းက သူတို့ရဲ့ ပြောဆိုပြု မူ လုပ်ကိုင်ခဲ့ပုံတွေအရကို သံသယအဖြစ်ခံခဲ့ရတဲ့ သူတယောက်၊ ဒါ့အပြင် အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အခြေအမြစ်ရှိတဲ့ အချက်တွေကို ဆွဲယူသုံးခဲ့လို့ပဲ ဖြစ်ပါတယ်။


(ဆက်ရန်)

ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)

Monday, January 28, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး အပိုင်း(၂)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၂)

အဲဒီတော့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့နာမည်ဟာ ကျောင်းသားထောက်လှမ်းရေးအဖွဲ့က လူတွေက “ဟုတ်တယ်” လို့ ဝန်မခံမချင်း ရိုက်နှက် လိုင်းတင်ပေးထား လုပ်ထားခဲ့တဲ့ နာမည်မဟုတ်ဘူး၊ စတင်အဖမ်းခံခဲ့ရတဲ့ စိုးမင်းအောင် ပြော သွားခဲ့တဲ့ နာမည်လည်း မဟုတ်ပါဘူး။ နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့ အချိန်ကျမှ

Sunday, January 27, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့) မေးခွန်းထုတ်စရာများ

(အပိုင်း ၁)

ကျမ ရေးသမျှ ကျမရဲ့ဖြတ်သန်းမှု၊ ကျမရဲ့ ကိုယ်၊ စိတ်၊ နှလုံး၊ သုံးပါးနဲ့သာ ဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်း အစစ်အမှန်ကိုသာ ရှာလို၍ ဖြစ်ပါကြောင်း။

ကိုမောင်မောင်က မေးတယ်။ “ဒီလောက်လူတွေအများကြီး ထောက်လှမ်းရေးတွေ ဖြစ်နိုင်ပါ့မလား” တဲ့။
ကျမ မေးချင်တာက