Showing posts with label ၀တ္ထုတို. Show all posts

Friday, July 29, 2011
တိုက်ရေယာဉ် ၁၁၂
ပထမတခေါက် ကျနော်တောခိုစဉ် မုတ္တမကိုသွား၊ မော်လမြိုင်မှာနား မောင်ငံ မှာညအိပ်၊ ရေးရထားခေါင်မိုးပေါ်ကလိုက်စီး၊ ဇီးဖြူသောင် မှာ လှေပြောင်း၊ ဘိတ်မှာ ခဏရပ်။
Labels:
ဝတ္ထုတို
Wednesday, December 1, 2010
မေတ္တာတရား ရှာပုံတော်
(၁) “မေမေ ဒီနေ့အားလားဟင်”
“မအားဘူး သမီးရဲ့၊ မေမေ သွားစရာရှိတယ်”
“မေမေကလဲ အမြဲတမ်း အလုပ်တွေနဲ့ ပြည့်နေတာချည်းပဲ”
“မအားဘူး သမီးရဲ့၊ မေမေ သွားစရာရှိတယ်”
“မေမေကလဲ အမြဲတမ်း အလုပ်တွေနဲ့ ပြည့်နေတာချည်းပဲ”
Labels:
ဝတ္ထုတို
Sunday, November 28, 2010
အငတ်စာ – မောင်လှဝင်း (မြင်းခြံ) – ၁
“ခင်ဗျားရဲ့ ပုဂံပြတိုက်က ဝန်ထမ်းအမျိုးသမီးတွေကတော့ VIP တွေလာရင် ရှင်းပြဖို့ အ တွက်ခန့်ထားတာ ထင်ပါရဲ့ဗျာ … လူကြီးတွေလာမှ ‘ပဲများပြီး’ ပျာယာခတ်နေကြတာ၊ ရုပ်သံလွှင့်တဲ့ မင်းသမီးတွေလို
Labels:
ဝတ္ထုတို
Friday, November 26, 2010
အငတ်စာ
တရပ်တည်းသားပေမယ့် ကျွန်တော်နှင့် ဦးဖြူမင်းကတော့ နည်းနည်းမှ အစေးမကပ်။ သူ က အဖြူဆို ကျွန်တော်က အမည်း။ ကျွန်တော်က အရှေ့ဆို သူက အနောက်။ ကျွန်တော်နဲ့သာ မဟုတ်၊ သူက ဘယ်သူနဲ့မှ သိပ်အစေးမကပ် လှတဲ့ လူ့ဂွ(ခွ)စာကြီး။ သူများတွေက ‘ဝ’ လုံး ရေးထားလျှင်တောင်မှ သူက လမင်းကြီးနဲ့ တူတယ်ဆိုပြီး ‘လ’ လို့ ဖတ်တတ်သည့် သူ။
Labels:
ဝတ္ထုတို
Friday, October 22, 2010
မျက်စိတဆုံး
အခုတလော ငယ်ငယ်တုန်းက ကစားဖူးတဲ့ ကျားကစား ပွဲလေးတွေကို သတိသွားရမိနေ တတ်ပါတယ်။ ဖိုးဖိုးက အားရင် ကျားကွက်လေးတွေ ရွှေ့ပြီး တယောက်တည်း ကစား လေ့ ရှိပါတယ်။
Labels:
ဝတ္ထုတို
Saturday, July 17, 2010
မေးခွန်းများ
လူတယောက်ကို မေးခွန်းတခုမေးလိုက်ရင် အဲဒီမေးခွန်းနဲ့လိုက်ဖက်တဲ့ အဖြေကိုရနိုင်ပါတယ်။ တခါတလေကြတော့ အဖြေဟာ မုသား အဖြေဖြစ်နိုင်သလို၊ တခါတရံကျတော့ မေးခွန်းမေးသူမလိုချင်တဲ့ (ဒါမှမဟုတ်) မကြိုက်နှစ်သက်တဲ့ အဖြေတခုဖြစ်နေတတ်ပါတယ်။ သိပ်ကိုဖြစ်ခဲတဲ့ အဖြစ်ကတော့ တခုခုကိုဖြေလိုက်ဖို့ သိပ်ခက်ခဲနေတတ်တာပါ။
Labels:
ဝတ္ထုတို
Saturday, July 10, 2010
ဝမ်းအန်ဟက် ပီပီစီ ရော့ကက်
လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံတွေက တမျိုးပါပဲ။ အမျိုးမျိုးအဖုံဖုံ “မိမိတို့က တိုက်ရရင်ပြီးရော၊ တိုက်တတ်တတ် မတိုက် တတ်တတ်” ပြန်ချရရင်တော်ပြီဆိုတဲ့ တက်ကြွလွန်စိတ်ဓာတ်နဲ့ ခံစားချက်ပြင်းထန်နေတဲ့ အချိန်တွေမှာလဲ။
Labels:
ဝတ္ထုတို
Monday, July 5, 2010
မိုးမခရိုင်း
၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်၊မွန်ပြည်နယ်၊ ယင်းတိန်ကျေးရွာ၊
ဦးသိန်းစိုးသည် ထမင်းငုံ့စားနေသော သားဖြစ်သူကို စေ့စေ့ကြည့် ရင်းရင် ထဲ၌ စိုးရိမ်ပူပင်နေမိသည်။ နေလောင်ထားသော အသားအရေ၊ မုတ်ဆိတ် မွှေးများ၊ နှုတ်ခမ်းမွှေးများ၊ ပင်ပန်းနွမ်းလျမှုတို့ကြောင့် ညှိုးနွမ်းနေသော မျက်နှာ၊ ပိန်ချုံးသွားသော ကိုယ်ခန္ဓာတို့က သားဖြစ်သူ ရင်ဆိုင် ဖြတ်သန်း နေသော ဘဝသရုပ်မှန်ကိုတစေ့တစောင်း ဖေါ်ပြနေခဲ့သည်။

Monday, June 28, 2010
မွှေးသည့်ပန်းများထဲမှ ဦးငြိမ်း
ဒီနေ့ ဒီအချိန်အထိ ဦးငြိမ်းအမည်ကို ကြားဖူးသူ နည်းပါလိမ့် မယ်။ နာမည်တူကတော့ များလှတယ်။
Labels:
ဝတ္ထုတို
Saturday, May 15, 2010
မွှေးသည့်ပန်းများ (၂)
ကျောက်ညှပ်ဘက်ကို စစ်ကူတက်ဖို့ ပြင်ဆင်နေရင်း ရဲဘော်မြင့်သိန်းကျဆုံးခဲ့တာမို့ ခံပြင်းဒေါသတွေထွက်နေကြသည်။ တပွဲတွေ့ဦး မယ်လေ။
Labels:
ဝတ္ထုတို
Tuesday, May 4, 2010
Sunday, May 2, 2010
ကိုငြိမ်းသို့ …
၁။ ဧပြီလ (၂၉) ရက်နေ့၊ ၂ဝ၁ဝ ခုနှစ်။ မနက်ကိုးနာရီလောက် ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်တယ်။ တဘက်က ဆက်လာသူက ကဗျာဆရာ ကိုလွမ်းဏီ။
Labels:
ဝတ္ထုတို
Tuesday, April 13, 2010
ဝေဒနာ …. ပိတောက်
ပိတောက်ကို ကျနော်ချစ်သည်။ ပိတောက်ပန်းကို ကျနော်ချစ်သည်။ ကျနော် ငယ်စဉ်ကတည်းက ပိတောက်ပန်းကို ချစ်သက် မြတ်နိုး ခဲ့ရ သည်ဆိုလျင် လွန်မည်မထင်ပါ။
Labels:
ဝတ္ထုတို
Sunday, April 11, 2010
ကျပျောက်သွားသော သင်္ကြန်များ
ဧပြီလကတော့ ထုံးစံအတိုင်း ပြင်းပြင်းပြပြပူလောင် နေပါ တယ်။ နေပူပူထဲမှာပဲ ငုဝါတွေက ထိန်လင်းစွာ ပွင့်နေပါပြီ်။ မဆီမဆိုင် ရင်ထဲမှာ ရန်ကုန်တက္ကသိုလ်ကိုလည်း လွမ်းမိသေး ၏။ အခုအချိန်ဆိုရင် စိန်ပန်းပွင့်တွေ ရဲရဲတောက်နေလောက် ပြီ။
Labels:
ဝတ္ထုတို
Saturday, April 10, 2010
အသည်းနှင့်ရင်းရွေ့
မေလဆန်းစ တညမှာ မိုးတွေရွာပါတယ်။ သဲကြီးမဲကြီး မဟုတ် ပေမဲ့ အတော်အတန်ရွာသည်။ အပူလွန် နေ့ရက်များ ကုန် လွန်ရော့ထင့်။ ပြီးတော့ ဒီမိုးထဲကပဲ ပိတောက်တွေကို ပွင့် လန်းကြစေတော့မည်။
Labels:
ဝတ္ထုတို
Sunday, March 28, 2010
အက်တလတ်စ် သို့မဟုတ် မိုးကောင်ကင်ကို အောင်နိုင်သူ
Labels:
ဝတ္ထုတို
Wednesday, March 24, 2010
ရှင်သန်ခွင့်
(၁)
“ကိုကြီးသဘောကတော့ သူ့ကို ဆက်ပြီး မဆန့်ကျင်ကြစေချင်ဘူး။ သူစီမံခန့်ခွဲပေးတာတွေကိုပဲ လိုက်နာစေချင်တယ်”
“ရှင်”
“ဗျာ”
အာမေဋ္ဋိတ်သံများထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ဧည့်ခန်းတခုလုံး အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ် သွားသည်။
Labels:
ဝတ္ထုတို
Friday, February 5, 2010
စာမျက်နှာအဟောင်းများ
ငွေကြေး ဖောင်းပွမှုတွေ တဖြည်းဖြည်း တိုးလာတိုင်း ကျမတို့ရဲ့ ငယ်ဘဝအကြောင်းကို ခဏခဏပြန်ပြော မိကြပါတယ်။ ဒီလိုပြောဖြစ်တာ ကျမတို့ တဦးတည်း မဟုတ်ဘဲ၊ သာမန်ပြည်သူ အတော်များများ လွမ်း
Labels:
ဝတ္ထုတို
Monday, January 25, 2010
ကျောက်ဖြစ်သွားတဲ့ .. နှင်း
စင်စစ် ကျနော်နှင့် ခင်မောင်ထွန်းတို့ အကြောင်း က ဒီမှာပင် နိဂုံးချုပ်သင့်သည်။ ငယ်စဉ်တုန်းက ကလေးကလားကိစ္စတွေ စိတ်ကူးယဉ်တွေ ထား လိုက်ပါတော့ဟု ပြောကောင်း ပြောနိုင်မည်ဖြစ် သည်။
သို့သော် ပြဿနာက ကျနော်ကိုယ်တိုင်ပင်။ ဘာ ဖြစ်လို့မှန်းမသိ၊ ကျနော့်စိတ်ထဲတွင် ခင်မောင်ထွန်းနှင့် အကြောင်းသည် တိုက်ဆိုင်မှု တခုခုနှင့် ကြုံရလေတိုင်း လွမ်းလွမ်းကြဉ်ကြဉ်ဖြစ်ကာ တ မြမြ ခံစားနေရဆဲ။ လွတ်လပ်ရေးနေ့ရက်များ တွင်ဆိုလျှင် ခင်မောင်ထွန်းကို ကျနော် သတိမရ မိဘဲမနေ။
ကျနော်ကိုယ်ကျနော် မရင့်ကျက် သေးသူဟုပင် ပြန်မြင်နေမိသည်။ လူတို့သည် အသက်အရွယ် ရလာကြသည့်အခါ တခုခုသော ကိစ္စရပ်အပေါ် တွေးမြင်ခံစားပုံ ပြောင်းလဲသွားတတ်လေသော်ငြား ကျနော့်မှာ ငယ်စဉ်ကျောင်းသားဘဝက ခင်မောင်ထွန်း တောင်း ခံခဲ့သည့် ကတိတခုကို ယခုအသက် ၄ဝ ဝန်းကျင်ရောက်သောအခါမှ ကျနော်မှာ ပို၍တလေးတနက် ခံစားနေမိသည်။
ငယ်ဘဝစိတ်ကူးများကို အလေးထားမှုထက် ကတိဆိုသည့်စကားတွင် ကျနော့်မှာ လေးနက်နေမိခြင်းဖြစ်သည်။ ပြီးတော့ ခင်မောင်ထွန်း က ဘယ်လိုစိတ်ကူးနှင့် လွတ်လပ်ရေးနေ့တနေ့ကို ချိန်းဆိုခဲ့မှန်းမသိသော်လည်း (သူက မှတ်ရလွယ်၍ဟုဆိုခဲ့သည်) ကျနော်က လွတ်လပ်ရေး၏ အနက်အဓိပ္ပာယ်ကိုပါ ယှဉ်တွဲခံစားနေမိခဲ့သည်။
အကယ်၍ ခင်မောင်ထွန်းချိန်းဆိုခဲ့သော နေ့တနေ့သည် လွတ်လပ်ရေးနေ့မဟုတ်ခဲ့ပါက ကတိဆိုသော စကားလုံးပေါ်တွင်လည်း ဤ ၍ဤမျှ ကျနော်ခံစားနေခဲ့မည် ဟုတ်မဟုတ် မသေချာတော့။
ထို့ကြောင့်ပင် ထိုနေ့ကို ကျနော့်ဘက်မှ ကတိရှိခဲ့သည့်အတိုင်း သွားခဲ့ပြီးပြီ။
ခင်မောင်ထွန်း ရောက်မလာခဲ့သော်လည်း ကိစ္စတခုပြီး သွားပြီဟု ကျနော်မထင်မိ။
ကတိဆိုသောစကားတလုံးက ရင်ထဲထိတိုင်ကျယ်လောင်စွာ ပဲ့တင်ဂယက်များထနေဆဲ။ ကျနော့်စိတ်မှာ မချင့်မရဲခံစားနေရဆဲ။ သူရောက်လာခဲ့ခြင်းမရှိသည့်အပေါ် ကျနော် စိတ်ခုခြင်းကွက်ခြင်းမျိုး အလျဉ်းမဖြစ်ခဲ့။ နှစ်ပေါင်း ၂ဝ ဆိုသော အချိန်သည် လူတယောက်၏ဘဝကိုထားတော့၊ ခေတ်ရေစီးခေတ်သမိုင်းများကိုပင် တသွင်သွင် စီးဆင်းပြောင်းလဲသွားကြပြီ မဟုတ် ပေလား။
သည်လိုနှင့် ထိုနှစ်၏မတ်လတနေ့တွင် ရန်ကုန်တဖက်ကမ်းမှ မိုင် ၃ဝ လောက်ကွာလှမ်းသည့် ကျနော့် သူငယ်ချင်းတိရစ္ဆာန် ဆရာဝန် ရှိရာမြို့ကလေးဆီသို့ ကျနော်အမှတ်မထင်ရောက်ဖြစ်သွားအောင် အခြေအနေတခု ဖန်လာခဲ့လေသည်။
ကျနော်တို့မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာက သူ့မွေးရပ်မြေသို့ ကိစ္စတခုနှင့်ပြန်စရာရှိသည်။ “မောင်ရင် လိုက်ခဲ့ပါလား၊ ကိုယ်တို့လက်ခုပ် ကုန်းဘက်လည်း သွားကြတာပေါ့” ဟုဆိုလာ၍ မြို့ပြ၏မွန်းကျပ်မှုများအကြား လက်ပမ်းကျချင်ချင်ဖြစ်နေသည့်ကျနော့်အတွက် အ ဆင်သင့်သွားခဲ့ရသည်။ ပို၍အဆင်သင့်ခဲ့လေသည်က ထိုမြို့လေးမှာ ကျနော့်သူငယ်ချင်း လောကကြီးရှိနေသည့် မြို့။
မြို့ကလေးသို့ဆိုက်ရောက်သည့် ထိုနေ့ညနေခင်းလေးမှာပင် ကျနော်တယောက်ထဲ ခင်မောင်ထွန်းအိမ်ကိုရှာရန် ထွက်လာဖြစ်သည်။ ပင်လယ်နှင့်နီးသောအရပ်မို့ ပင်လယ်၏ရနံ့သည် မြို့ကလေးဆီ၌ပျံ့သင်းနေသည့်အပြင် လေညင်းသည်လည်း လတ်ဆတ်လွန်းလှ သည်ဟု ခံစားမိ၏။ အိမ်တိုင်းလိုလိုတွင် အုန်းလက်ဖားဖားများ လွှမ်းခြုံနေရာ တမြို့လုံးသည် စိမ်းမြလျက်။
ကျနော့်သူငယ်ချင်း တိရစ္ဆာန်ဆရာဝန်၏အိမ်သည် ကျနော့်ကိုလွယ်လွယ်ကူ ဆိုက်ရောက်စေပါသည်။ သူ့ဂုဏ်သတင်းကား ကျယ် ကျယ်ပြန့်ပြန့်ရှိလှသည်။ သူ့ဘဝအခြေအနေညွှန်းကိန်းကလည်း လမ်းမပေါ်ကကြည့်ရုံမျှနှင့်ပင် မှန်းဆနိုင်ပြီ။ ခြံဝန်းကျယ်ကြီးတခု အ လယ်တွင် သူ့ရိပ်မြုံတိုက်ဝါဝါကြီးက ထည်ဝါလှဘိ၏။ ဆင်ဝင်တွင် အမိုးကိုင်းတပ် အဖြူရောင်ပါဘလစ်ကာ ကားတစီးထိုးရပ်ထား သည်။
“ဆရာရှိလိမ့်မယ်ဗျ၊ သူ့ကားရှိတယ်” ဟု ဆိုက္ကားဆရာလေးကပြောတော့ ရင်မှာ သိမ့်ခနဲလှိုက်သည်။ နှစ်ပေါင်း ၂ဝ ကျော်ဝေးကွာ လှမ်းခဲ့ပြီဖြစ်သည့် ငယ်သူငယ်ချင်းတယောက်နှင့် ဆုံတွေ့ရမည်မဟုတ်လား။
“ ဘာကိစ္စ ရှိလို့လဲရှင့်”
စိနတိုင်းသွေးနှောဟန်ရှိသည့် အသားဖြူဖြူအမျိုးသမီးတဦးက ဆင်ဝင်ပေါက်ရှေ့ရပ်နေသည့် ကျနော့် ကိုမေးသည်။ ကျနော် ကိုခင်မောင်ထွန်းနဲ့တွေ့ချင်လို့ပါဟု ဖြေတော့ ထိုအမျိုးသမီးကအိမ်ဘက်သို့ခေါင်းကိုငဲ့ကာ ..
“ဆရာရေ၊ ရှေ့မှာ ဧည့်သည်ရောက်နေတယ် ” ဟုဆိုကာ အိမ်တွင်းသို့ပြန်လှည့်ဝင်သွား၏။
ခဏနေတော့ အထဲကနေ သူထွက်လာသည်။ ခင်မောင်ထွန်း၊ ကျနော့်သူငယ်ချင်း လောကကြီး။ သူ့ အကြည့်သူ့မျက်လုံးများက ခပ်ငယ်ငယ်ကနှင့် မယွင်းမခြား။ အနည်းငယ်ဝလာသည်မှအပ မမှတ်မိစရာတစက် လေးမှမရှိသည့်ငယ်ရုပ်။
“ဘာ ဘာ ဘာကိစ္စ”
သူက ခပ်အမ်းအမ်းအမူအရာနှင့်ကျနော့်ကို အကဲခပ်သလိုကြည့်ကာ မေး၏။
“သူငယ်ချင်း၊ ကိုယ်လေ မမှတ်မိဘူးလား၊ သေသေချာချာကြည့်ပါအုံး”
ကျနော်က သူ့ကိုမချင့်မရဲဖြစ်ကာ ရင်းချာသည့်လူချင်းမှတ်မိလွယ်မည့် ကျနော့်မူဟန်နှင့် ဆိုလိုက်၏။
သို့တိုင် သူဝေခွဲနိုင်ပုံမရ။ ခဏနေမှ ..
“အော် .. သိ သိ သိပြီ မင်း မင်း မျောက်ပေါ”
“သေလိုက်ပါတော့ လောကကြီးရာ ကိုယ်မျောက်ပေါမဟုတ်ပါဘူး မျောက်ညိုလေ၊ ဘဖေငြိမ်းလေကွာ”
ကျနော့်၏ ဖက်လှဲတကင်းရှိလှသည့်ပြောပုံကြောင့် သူ့မျက်နှာအနေခက်သွားသလိုဖြစ်ရာမှ ..
“ဝင်ပါ ဝင်ပါ အိမ်ထဲဝင်ပါ” ဟု ဆိုသည်။ သို့တိုင် သူ့အသံက မိုင်ပေါင်းများစွာဝေးရာမှ ခက်ခဲလှစွာ လွင့်လာခဲ့ရသည့်နှယ် တိုး တိုး လ် လ်။
ဧည့်ခန်းဆက်တီတွေပေါ် ထိုင်ဖြစ်ကြတော့ ဧည့်ခန်းမလယ်တွင် ဘွဲ့ဝတ်စုံနှင့် လောကကြီး၏ဓာတ်ပုံကြီးက ကျွန်းသားဘောင်ခံလျက် တဖိတ်ဖိတ်တောက်ကာ ခန့်ညားထယ်ဝါနေသည်ကို သတိထားမိ၏။ အခြားဓာတ်ပုံများဆီ အကြည့်ရောက်တော့ စောစောက ကျနော့် ကိုထွက်မေးသည့်အမျိုးသမီးမှာ လောကကြီး၏ ချစ်မငြီးသည့် ဇနီးသည်ပေပါတကားဟု အသိရောက်၏။ အခြားဓာတ်ပုံများမှာတော့ သူတို့ဇနီးမောင်နှံနှင့်အတူ သားနှင့်သမီးဟု ထင်ရသည့် ကလေးငယ် ၂ ဦးတို့စုလျက် ရိုက်ထားသည့်ပုံများ။ ခင်မောင်ထွန်း၏ ဘွဲ့ဝတ် စုံနှင့် ဓာတ်ပုံကြီးနှယ် တဖိတ်ဖိတ်လဲ့နေသည့် အခြားဓာတ်ပုံကြီး ၂ ပုံတွင်မူ သူ့ဇနီးကျော့ကျော့၏ မိဘများဖြစ်ပုံရသည့် စိနတိုင်းရုပ် သွင်အပြည့်ရှိ သက်ကြီးပိုင်းမောင်နှံနှစ်ဦးတို့၏ပုံ။ ဓာတ်ပုံကားချပ်ကြီးများအောက်တွင်ရှိသော မဟော်ဂနီသွေးထနေသည့် ကျွန်းစားပွဲ ပေါ်တွင်မူ တယ်လီဖုန်းနှင့် ပန်းအိုးတလုံးကိုယှဉ်တွဲထားသည်။
ခင်မောင်ထွန်းမှာ ချမ်းသာကြွယ်ဝသော မိသားစုတခု၏အလည်ဗဟိုတွင် နေသားကျနေခဲ့ပြီဟု မှန်းရ၏။
“ မင်း မင်း ကိစ္စရှိလို့လား မျောက် မျောက်၊ အဲ မင်းနံမည် အဲ ဟို ဘ ဘ ဘ”
သူ ကျနော့်အမည်ကိုမေ့မေ့လျော့လျော့ဖြစ်နေကာ ပင်ကိုယ်ထစ်ရသည့်အထဲ အခက်တွေ့နေပုံရသည်။
“ ကိုယ် ဘဖေငြိမ်းလေကွာ၊ မျောက်ညိုလေ ”
“ အော် အေးအေး၊ ပြော ပြောကွာ သူငယ်ချင်း၊ မင်း မင်းကိစ္စ ”
ခင်မောင်ထွန်းဖြစ်နေပုံကိုကြည့်ကာ မှန်တာပြောရလျှင် ကျနော် တော်တော်စိတ်ညိုသွားသည်။ ကျနော့် အပေါ် သူ့မှာ စိမ်းစိမ်းစက် စက်နိုင်လှသည်ဟု ထင်မိ၏။ စကားပင် ဘယ်လိုဆက်ရမှန်းမသိ ဖြစ်ရသည်။
ဒါပေမင့် ကျနော် စိတ်ကိုရှည်ရှည်ထားကာ ငယ်ဘဝ ငယ်အကြောင်းလေးတွေ တစချင်းပြန်ပြောရသည်။ မြောက်ဥက္ကလာပ အထက (၁) ကျောင်းတော်ကြီးမှအစချီကာ ကိုးတန်းဆယ် တန်း ကျနော်တို့ အတူနေခဲ့ကြပုံ ဆုံခဲ့ကြရပုံတွေကို ပြောပြရသည်။ ကျနော့်မှာ အတိတ်ကိုမေ့နေသူနှင့် ပြောဆိုနေရဘိသည့်အလား ဟု ဘာသာထင်နေမိသည်။
“ငါ ငါ မှတ်မိပါတယ်၊ ငါက မင်း မင်း တမင်လာလည်တာလားလို့ သိ သိချင်လို့ပါ”
“တမင်လာလည်တယ်ပဲဆိုပါတော့သူငယ်ချင်း၊ ငါ မင်းဆီ တလောက စာရေးသေးတယ်လေ၊ ရလား ”
သူ ခဏတွေသွား၏၊ ပြီးမှ “ အော်..ကျော့ကျော့တော့ ပြောပြောတယ်ကွ၊ ငါ သိပ်မအားတာနဲ့ မ မ မဖတ်မိဘူး၊ အင်း ဆို ဆိုပါအုံး မင်းဘာတွေ ရေး ရေးထားလဲ ”
သို့နှင့်ကျနော်က လွန်ခဲ့သည့် နှစ် ၂ဝ လောက်က အော်တိုစာအုပ်တွင် သူနှင့် ကျနော် အချိန်းအဆက်ပြုခဲ့သည့် အကြောင်းပြောပြဖြစ် သည်။ ထိုချိန်းဆိုမှုအတိုင်း ကျနော်ရောက်လာပါမည်ဟုလည်း ထိုစာတွင် ထည့်ရေး ထားသည်ကို ပြောပြဖြစ်သည်။
“ကိုယ်စိတ်ထဲမှာ ငယ်ငယ်တုန်းက စကားပေမယ့် စွဲနေတယ်ကွာ၊ ဒါကြောင့် မင်းကိုသွားစောင့်ခဲ့တာ”
သူ ကျနော့်ကိုတွေတွေကြီးကြည့်နေသည်။ တော်တော်ကြာကြာအထိ ငေးငူကာကြည့်နေခဲ့သည်။
ဧည့်ခန်းမျက်နှာကျက်ဆီမှ ပန်ကာသည် တဝှီးဝှီးမြည်ကာ လည်နေ၏။ ခင်မောင်ထွန်းသည် ဘာမှမဆို နိုင်သေး။ သူ့စိတ်အစဉ်သည် အတိတ်တနေရာသို့ရောက်ကာ ပန်ကာရဟတ်များနှယ် လည်နေပြီလားမဆိုနိုင်။
အတန်ကြာတော့မှ သူ ပြောလာ၏။
“အေးကွာ ငါ မင်း မင်းနဲ့ချိန်းထားတာ ရေးတေးတေး မှတ် မှတ်မိသလိုပဲ၊ စောရီးကွာ”
သည့်နောက်မှာတော့ သူစကားတွေ ပြောသည်။ ကျနော့်အကြောင်း ကျနော့်အခြေအနေကိုလည်း မေးသည်။ အော် မင်းက တကယ်ပဲ စာရေးဆရာ ဖြစ်နေတာကိုး ဟုပြောတော့ ကျနော့်မှာ လိပ်ပြာမလုံလှ။ ကျနော်က စာရေးခြင်းထက် စာပေထုတ်ဝေးရေးလုပ်ငန်းမှာ သာ ပိုပြီးကျင်လည်ရသူ မဟုတ်လား။
အိမ်ထောင်မကျသေးတာလည်း တမျိုးကောင်းတာပေါ့ကွာ ဟုဆိုတော့ ကျနော်ပြုံးနေလိုက်သည်။
ထို့နောက်မှာတော့ ကျနော့်သူငယ်ချင်း လောကကြီးသည် သူမြင်သည့်လောကကြီးအကြောင်းကို ပြောပါလေသည်။ ကျနော်က နား ထောင်သမားသက်သက်။
သူ တက္ကသိုလ်ကို ဆင်းဆင်းရဲရဲတက်ခဲ့ရပုံ ဘဝနာခဲ့ပုံတို့မှအစချီကာ နောက်ဆုံး တိမွေးကုဆရာဝန်တယောက် မဖြစ်ဖြစ်အောင်ကြိုး စားခဲ့ပုံတွေကို ပြောပြသည်။ သူ့လို ငယ်ဘဝက ဂုဏ်ဒြပ်မဲ့ခဲ့သူတယောက်အဖို့ အရာရာရှုံးနိမ့်ခဲ့ရမှုများအတွက် နိဂုံးချုပ်ချင်ပြီ၊ လူစေ့ တန်းစေ့မက ရှိချင်သည်။ ဂုဏ်ရှိလျှင် ဓနတို့ဥစ္စာတို့က အလိုလိုယှဉ်တွဲဖက်အဖြစ် နောက်မှပါလာမြဲဟု သူမြင်သည်။
“ မင်းကိုပြောခဲ့သလို ခေတ်စနစ်ကြီးပြောင်းဖို့အထိက ငါလဲ မတတ်နိုင်ဘူး သူငယ်ချင်း ဒီတော့ ..”
သူ တက္ကသိုလ်တက်နေစဉ်က ကျနော့်ဆီရေးသည့်စာများတွင် ခေတ်စနစ်ကြီးပြောင်းလဲပစ်ပါမှ ကျနော်တို့လို လူတန်းစားများလည်း မည်သည့်ပညာရေးကိုမဆို တန်းတူညီတူ တက်နိုင်မည်ဟု သူပြောဖူးခဲ့သည်။ ဒါကို သူ မှတ်မှတ်ရရပြန်ပြောခြင်းဖြစ်၍ ကျနော် ကျေ နပ်ရသည်။
ထိုစဉ် ကားကြီးတစီးက သူ့ခြံထဲသို့ မောင်းဝင်လာခဲ့သည့်အတွက် စကားကိုခေတ္တဖြတ်ထား၏။ သူ ထိုင်ရာမှထကာ ကားပေါ်ပါလာ သူတွေနှင့် စကားစမြည်ပြောသည်။
ညနေရီသည် အမှောင်ပျိုးစပြုလာပြီ။ နွေညနေခင်းဆိုသော်လည်း ပင်လယ်လေညင်းနုများက မြို့လေးဆီသို့ တိုးဝှေ့ဝင်လာနေကြရာ အေးအေးမြမြ။ အပြင်ကိုမြင်နေရသည့်ပြတင်းဝမှလှမ်းကြည့်လျှင် မိုးသားပြာပြာတွင် တိမ်ခိုးဖြူတို့ တအိအိမျောလွင့်နေကြ၏။ အိပ် တန်းပြန်ငှက်ကလေးများ လေဟုန်နှင့်အတူ စီးခိုပျံသန်းလာနေ ကြသည်။
ကျနော်သည်လည်း အတိတ်ဆီသို့အတွေးများဆန့်တန်းကာ ခင်မောင်ထွန်းကို ပြန်မြင်နေမိသည်။ ထိုအတွေးထဲမှာတော့ ကထိန်ပဒေ သာပင်ကြေး ငွေ ၂ ကျပ်ကိုမပေးနိုင်၍ အတန်းပိုင်ဆရာမကို ပြန်တိုက်ပွဲဝင်နေသည့် လောကကြီး၏ပုံရိပ်ကို မြင်နေရ၏။
“ဒီလိုပဲသူငယ်ချင်း၊ စီးပွားရေးလုပ်ငန်းတွေကများတော့ ကိုယ်ခွဲပြီးလုပ်နေရတယ်”
သူဆိုလိုသည်ကိုကျနော်သိဖို့ စကားဆက်ပြန်သည်။ သူက တိရစ္ဆာန်ဆရာဝန်အဖြစ်သာမက ဇနီးဘက်က မိဘများပေးသည့် ဆန် စက်လုပ်ငန်းအပြင် ပင်လယ်ထွက်ပစ္စည်းပွဲရုံတို့ကိုလည်း အာရုံစိုက်ရ၊ လယ်ဧကများစွာကိုလည်း အငှားချလုပ်ထားရတော့ စိတ်များသူ ဖြစ်နေရသည်။ အားလပ်သည်ဟူ၍ မရှိလှ။
“မင်းလိုစိတ်ကူးယဉ်နေနိုင်တဲ့ဘဝမျိုးက ငါ့မှာမရှိတော့ဘူးကွာ၊ ငါ့အလုပ်က ငါ့ဘဝပဲ၊ ဒါ အဓိကလေ၊ တကယ်တော့ လောကကြီးဟာ ကိုယ်ခူးမှကိုယ်ရတာကွ၊ ငါရတုန်းခူးမယ်၊ ခူးဖို့စိုက်မယ်၊ ခုဆို မင်းမြင်တဲ့အတိုင်း ငါ့ဘဝက အားလုံးပြီးနေပြီ၊ ငွေကွာ၊ ဓနကွာ၊ ဂုဏ်ကွာ၊ ဇနီးမယားသားသမီးကွာ၊ နောက်ဆုံး ငါ့အမေကို သူတခါမှမနေဘူးတဲ့ အခြေအနေနဲ့ထားနိုင်ပြီကွာ၊ အိုရေးသေရေး မပူရ ဘူးကွာ။ ကိုင်း ဒါတွေထက် ဘာအရေးကြီးသေးလဲ”
လောကကြီးက ပြောရှိန်ရလာပြီ။ စကားပင် ထစ်ငေါ့နေခြင်းမရှိတော့ဘဲ တသွင်သွင်စီးခဲ့ပြီ။ သူ့မျက်လုံး အစုံမှာလည်း စူးစူးလဲ့လဲ့ အ ရောင်တောက်နေသည်ဟု ထင်ရ၏။
“လူဆိုတာ ကိုယ့်ဘဝကို ပြည့်စုံနေဖို့ တောင့်တင်းနေဖို့က အဓိကသူငယ်ချင်းရ၊ ငါတို့မိဘများက ဆင်းရဲခဲ့တော့ ငါတို့ငယ်ငယ်တုန်းက လူတကာရဲ့နင်းဖတ် ဖြစ်ခဲ့တယ်မဟုတ်လား၊ ကိုယ့်ဘဝက အောက်တန်းကျနေတော့ ဟိုဟာအပြစ်မြင်၊ ဒီဟာ အပြစ်မြင်နဲ့ စွဲချက် တင်နေတာကိုးကွ ဟားဟား၊ လောကကြီးကပဲ မျက်နှာလိုက်နေတော့သလိုလို ခေတ်စနစ်ကြီးကပဲ ပျက်စီးနေတော့သလိုလို၊ ဒီလို ရမယ်ရှာကြတာလေ၊ တကယ်က ကိုယ့် ကိုယ်ကို အဲဒီ့နွံ့ထဲက တနည်းနည်းနဲ့ရုန်းထွက်ဖို့ကြိုးစားရမှာ၊ ခု ငါ့ဘဝကိုကြည့်သူငယ်ချင်း”
သူက တိရစ္ဆာန်ဆရာဝန်တဦးအဖြစ်လည်း ဂုဏ်ဒြပ်ရှိနေသလို စက်ဆန်သူဋ္ဌေး၊ လယ်ပိုင်ရှင်ယာပိုင်ရှင်ကြီး၊ ပြီးတော့ ပွဲရုံလုပ်ငန်းက လည်းရှိသေး။ မြို့လေး၏ကိုးကွယ်ရာတန်ခိုးကြီးဘုရားတွင်လည်း ဘုရားဒါယိကာ။
“မင်းတော့ ဘယ်လိုမြင်မယ်မသိဘူး၊ ကိုယ့်ဘဝက ပြီးနေပြီကွာ။ ဒါဟာ ဘဝရဲ့အန္တိမပဲလို့ဆိုဆို ကိုယ့်ဘဝက ပြီးနေပြီ၊ ကိုယ့်အတွက် တခြားအရာတွေအားလုံးက သိပ်လိုအပ်မယ်လို့ ငါတော့ မမြင်မိဘူး”
သူ စကားကိုခေတ္တဖြတ်ကာ ပြတင်းဘက်ဆီကြည့်လျက် ထိုစကားကိုပင် လေးလေးတွဲ့တွဲ့ထပ်ဆိုသည်။
“ကိုယ့်ဘဝရိပ်မြုံက ပြည့်စုံနေပြီကွာ၊ ငါ ကျေနပ်ပြီ၊ ငါဘာတွေ ထပ်ကြိုးစားနေရအုံးမှာလဲ၊ ပြီးသွားပြီ သူငယ်ချင်း ဒါပါပဲ”
သူက စကားကိုနိဂုံးသတ်လိုက်သလိုပြောပြီး ကျနော့်ဆီ အကြည့်ရွေ့သည်။
“မင်းလဲ ဘဝကိုတည်ဆောက်ပါသူငယ်ချင်း၊ ကိုယ်မနိုင်တဲ့ဟာတွေတွေးရင် လောကကြီးက လေးပင်လှပါတယ်ကွာ၊ ငါကြည့်ရတာ မင်းစိတ်က ငယ်ငယ်တုန်းကလို စိတ်ကူးယဉ်ဆန်ချင်တုန်းကိုး၊ ဒါကြောင့်လဲ မင်း ငါချိန်းတဲ့နေ့ကို သွားတာပေါ့၊ အင်း..ကျေးဇူးတော့ တင်တယ်ကွာ၊ ဒါပေမယ့် ဒါတွေက ဘာမှအရေးမကြီးပါဘူး၊ ကတိတို့ဘာတို့ဆိုတာလဲ ပေးရမယ့်ဟာ တည်ရမယ့်ဟာမဟုတ်ရင် အလေးအနက်မထားစေချင်ဘူး၊ ငါ့ကိုမှမဆို လိုပါဘူး၊ အရာအားလုံး၊ ကိစ္စအားလုံး”
သူက စကားကို တိခနဲဖြတ်၏။ ကျနော်တို့အကြည့်ချင်း ဆုံသည်။ ကျနော့်မှာ စကားများများပြောစရာ မရှိ။ ပြောချင်တာတခုကိုတော့ ပြုံးလျက်သာ ဆိုဖြစ်လိုက်၏။
“အေးကွာ၊ ငါက မင်းချိန်းထားခဲ့တဲ့နေ့က လွတ်လပ်ရေးနေ့ဖြစ်နေတော့ ခံစားမှုရှိတယ်လေ၊ ဒီအပေါ် အလေးအနက်ဖြစ်ခဲ့တယ်၊ ဒါ လွတ်လပ်ရေးဆိုတဲ့အပေါ် ငါ့ခံစားမှုပါသူငယ်ချင်း”
ဧည့်ခန်းမီး ဖြတ်ခနဲလင်းလာ၏။ ညဦးပိုင်းသို့ရောက်လာပြီ။ ခင်မောင်ထွန်းလည်း သူ့စကားကိုအနား သတ်ခဲ့ပြီးပြီ။ သူ့ရင်ထဲတွင် ပြော စရာတောင်ကျန်မည်မထင်တော့။ ရှိလည်းရှိတော့မည် မထင်တော့။
စင်စစ် အားလုံးက ပြီးနေပြီ၊ ပြီးသွားခဲ့ပြီ။ နှစ်ပေါင်း ၂ဝ ကျော်ကြာဝေးကွာနေခဲ့ရသည့် လောကကြီးခေါ် ခင်မောင်ထွန်းမှာလည်း သူ့ စကားအဆုံးမှာပင် ကျနော့်ရင်ထဲ၌အပြီးသတ်သွားခဲ့ပြီ။ သူက ပြည့်စုံခြင်းများနှင့်အပြီး သတ်ခဲ့သလို ကျနော်က ထိုပြည့်စုံခြင်းများ အပေါ် မေးခွန်းများစွာတင်ကျန်လျက် အပြီးသတ်ခဲ့ခြင်းသာ ဖြစ်၏။
ထိုမေးခွန်းများက ခင်မောင်ထွန်းခေါ် ကျနော့်ငယ်သူငယ်ချင်း လောကကြီးပေါ်မှာတော့မဟုတ်။
လူ့လောကကြီးတခုလုံးကို မေးကြည့်ချင်သည်။ ကမ္ဘာလောကကြီးကို မေးကြည့်ချင်သည်။ ပြည့်စုံခြင်း အပြီးသတ်ခြင်းဆိုသည်တို့၏ အဓိပ္ပာယ်များ။ လူတို့၏အန္တိမ နိဂုံးများ။
ခင်မောင်ထွန်းအိမ်ကထွက်လာတော့ ပင်လယ်ကမ်းနီးမြို့ကလေးသည် လေထဲတွင် တရှဲရှဲမြည်နေသည့် အုန်းပင်ဖျားမှ ရွက်ခတ်သံတို့အကြား နစ်ဝင်နေသလိုအောက်မေ့ရလေသည်။
ခင်လွန်း

Subscribe to:
Posts (Atom)