Saturday, March 12, 2011

ထိုင်းဘီလျံနာတွေ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာပါ

အထူးသဖြင့် အာရှနိုင်ငံက လူချမ်းသာ စာရင်း ၀င်အသစ်တွေ များလာပေမဲ့ လည်းထိုင်းလုပ်ငန်းရှင် ကြီး ၃ဦးဟာ ဒီနှစ် ထုတ်ဝေတဲ့ ဖော့စ်မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့ဘီလျံနာစာရင်းထဲမှာ သူတို့ရဲ့ အ ဆင့်အနေအထားကို ဆက်လက်ထိန်း ထားနိုင် ခဲ့ပါတယ်။ ထိုင်းဘီလျံနာကြီး ၃ ယောက်ရဲ့ပိုင်ဆိုင် မှုပမာဏဟာ လည်း ပြီးခဲ့နှစ်ကထက်တိုးတက် များပြားလာပါတယ်။ ချာရိုအန်းပေါ့ ဖန်းအုပ်စုကြီးရဲ့ ဒါနင်ချီရာလာ ၀မ်နွန့်နဲ့ သူ့မိသား စုဟာ ဖော့စ်မဂ္ဂ ဇင်းကြီး ရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ ၂၅ ကြိမ်မြောက် ကမ္ဘာ့အချမ်းသာဆုံး စာရင်းထဲမှာ အဆင့် ၁၅၂ နေရာမှာရှိပြီး အသားတင် ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၆.၅ ဘီလျံ( ထိုင်းဘတ် ၁၉၇ ဘီလျံ)နဲ့ ထိုင်းနိုင်ငံမှာဆို နံပတ် ၁ေ နရာမှာ ရှိနေတာ ၂ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ် က အသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံ ကမ္ဘာ့အဆင့် ၄၆၃ ယောက်မြောက်မှာ ရှိခဲ့ပါတယ်။

ချာလီယိုယူးဝိဒယဟာ ကမ္ဘာ့အဆင့် ၂၀၈ မှာရှိပြီး မနှစ်တုန်းကလိုပဲ မပြောင်းလဲပါဘူး။ ဒါပေမဲ့ သူ့ရဲ့အသားတင် ပိုင် ဆိုင်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၄.၁ ဘီလျံကနေ ၅ ဘီလျံထိ တိုးသွားပါတယ်။ ချာရိုအန်းဆီရိဝါဒနာဖာ့ဒီး က အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံနဲ့ အဆင့် ၂၄၇ မှာ ရှိနေပါတယ်။ သူ့ရဲ့အသားတင်ပိုင်ဆိုင်မှု ကတော့ မနှစ်က အဆင့် ၃၄၂ နဲ့ အမေရိကန်ဒေါ်လာ ၂.၉ ဘီလျံကနေ ထူးထူးခြားခြားကို တိုးလာပါတယ်။ မဂ္ဂဇင်း အ ဆိုအရ သူတို့ရဲ့အကြီးဆုံးအစုရှယ်ယာပိုင်ဆိုင်မှုထဲမှာ ဒါနင်းနဲ့ သူ့မိသားစုရဲ့စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုဟာ မနှစ်က ထက် ၂ ဆကျော် တိုးလာတယ်လို့ ဆိုပါတယ်။
ဆဲဗင်းအလဲဗင်းစတိုးဆိုင်လုပ်ငန်းရှင် စီပီအောကုမ္ပဏီကလည်း အမြတ်ငွေနှုန်း မြင့်တက်လာနေပါတယ်။ စားသောက် ကုန် ထုတ်လုပ်သူတွေဖြစ်တဲ့ ချာရိုအန်းပေါ့ဖန်းအစားအစာနဲ့ PT ချာရိုအန်းပေါ့ဖန်းကုမ္ပဏီကလည်း တရုတ်ပြည်က ၀ယ်လိုအားတွေ မြင့်တက်နေပြီး စားသောက်ကုန်တွေ အရောင်းမြင့်တက်လာနေပါတယ်။ ဒီမိသားစုတွေဟာ တိုင်း ပြည်ရဲ့တတိယအကြီးဆုံး မိုဘိုင်းဖုန်းကုမ္ပဏီကြီးတခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မကြာခင်ကပဲ Hutchison Telecom ရဲ့ ထိုင်းပိုင်လုပ်ငန်းကိုလည်း သိမ်းပိုက်လိုက်ပါတယ်။ ဘီလျံလောက်ရှိမယ်လို့ ယုံကြည်ရတဲ့ ဒါနင်းညီ အစ်ကို ၃ ယောက်ရဲ့ ဥစ္စာဓနကိုလည်း သူ့ရဲ့ စုစုပေါင်းဓနထဲကို ပေါင်းထဲ့ထားပါတယ်။
ချာလီယိုဟာ ခွန်အားမြှင့် အချိုရည်ထုတ်လုပ်သူ TC ဆေးဝါးလုပ်ငန်းက အမြတ်ငွေတွေကိုလည်း ဆက်လက်ရနေပါ တယ်။ ဒီလုပ်ငန်းဟာ လွန်ခဲ့တဲ့၂ နှစ်က Austrian Dietrich Mateschitz ကုမ္ပဏီနဲ့ပူးပေါင်းပြီး နွားရိုင်းနီတံဆိပ် အချို ရည်ကို ထူထောင်ခဲ့ပါတယ်။ တဦးစီဟာ ကုမ္ပဏီရဲ့ အစုရှယ်ယာ ၄၉% ကို ပိုင်ဆိုင်ပါတယ်။ အာရှရဲ့အဓိက ၀ိုင်ထုတ် လုပ်တဲ့ကုမ္ပဏီတခုဖြစ်တဲ့ Siam Winery ကို ပိုင်ဆိုင်တဲ့ ချာလီယိုရဲ့သား ချလမ်က ကျန်တဲ့ ၂% ကို ပိုင်ပါတယ်။ နွား ရိုင်းနီ အချိုရည်ကုမ္ပဏီကို ထူထောင်ရာမှာ ချာလီယိုက ဖော်မြူလာကိုပေးပါတယ်။ Mateschitz ကုမ္ပဏီက ဈေးကွက် မှာ တာဝန်ယူပါတယ်။ မနှစ်က TC ဆေးဝါးကုမ္ပဏီက အချိုရည်ဗူး ၄.၂ ဘီလျံ ရောင်းချခဲ့ပါတယ်။ ချာလီယို မိသားစု ဟာ ဖီယာဗိတ် (Piyavate) ဆေးရုံမှာ အစုရှယ်ယာအတော်များများကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဘန်ကောက်က ခေါင်းရွက်ဗျတ်ထိုး ပျံကျဈေးသည်တယောက်ရဲ့သားဖြစ်တဲ့ ချာရိုအန်းဟာ ဈေးပေါတဲ့ဘီယာနဲ့ ၀ီစကီ ကို ရောင်းပြီး စီးပွားရှာခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့အကြီးဆုံးဖြစ်တဲ့ ဘီယာချန်းလို့ လူသိများတဲ့ ဘီယာနဲ့အရက်ထုတ်လုပ်တဲ့ ထိုင်းအဖျော် ယမကာလုပ်ငန်းကို သူပဲ ချုပ်ကိုင်ထားပါတယ်။ ထိုင်းအဖျော်ယမကာလုပ်ငန်းကို ၂၀၀၆ခုနှစ်က စင်္ကာပူ မှာ စာရင်းသွင်းထားခဲ့ပါတယ်။ ချာရိုအန်းရဲ့ ပုဂ္ဂလိကပိုင်ဖြစ်တဲ့ TCC Land ဟာ ဘန်ကောက်ရဲ့ နာမည်ကြီးတဲ့ ပန်ထစ် ပလာဇာ (Pantip Plaza) နဲ့ မန်ဟက်တန်ရပ်(Manhattan)က ဟိုတယ် ပလာဇာအန်သင်နီး (Hotel Plaza Athenee) ကို ပိုင်ဆိုင်ပါတယ်။ စင်္ကာပူနဲ့ထိုင်းက လူနေအဆောက်အဦးတွေနဲ့စီးပွားရေးအဆောက်အဦးတွေအပြင် အာရှ၊ အမေ ရိကားနဲ့ သြစတြေးလျက တခြားဟိုတယ်တွေကိုလည်း ပိုင်ပါတယ်။
မက္ကဆီကိုက တယ်လီကွန်းလုပ်ငန်းရှင်ကြီး ကားလို့စ်ဆလင်းဟဲလူက  ဒီနှစ်မှာတော့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံ ပတ် ၂ ပေါက်ပါတယ်။ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၄ဘီလျံရှိပါတယ်။ မနှစ်ကထက် ၂၀.၅ ဘီ လျံ တိုးလာပါတယ်။
မတ် ၁၁၊ ၂၀၁၁ (The Nation)

No comments: