Wednesday, December 16, 2015

အသက်စတေး၍ လမ်းပြပေးခဲ့ကြသည့် စစ်ကိုင်းသားကြယ်နီကြီးများ၏ သွေးစာရင်း

အောက်တွင်ဖော်ပြပါရှိသည့် စစ်ကိုင်းမြို့သား ရဲဘော်ကြီးများသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲတို့တွင် ပါဝင်ခဲ့ကြသူများဖြစ်သည့်အပြင် ဗမာပြည် အုပ်စိုးသူအဆက်ဆက်အား တဗိုလ်ကျ တဗိုလ်တက်၍ နောက်ဆုံးထွက်သက်အထိ အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြသည့် တိုင်းချစ်ပြည်ချစ် မျိုးချစ်တွေဖြစ်ကြတဲ့ ကွန်မြူနစ်တွေ ဖြစ်ကြပါသည်။

ထိုရဲဘော်ကြီးများထဲမှ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း

Sunday, May 10, 2015

ရေနဲ့ ငါး၊ ရဲနဲ့ ပြည်သူ


ရဲတပ်ဖွဲ့ဝင်တွေ ဥပဒေဘောင်အပြင်က ကျူးလွန်မှုတွေကြောင့် သေဆုံးကြရတဲ့သတင်းတွေ မကြာခနလိုလို ပြည်တွင်း သတင်းဂျာနယ်တွေမှာ တွေ့ရတတ်တယ်။  တလောကပဲ ရန်ကုန်ရွှေပြည်သာမြို့နယ်မှာ မူးယစ်ဆဲဆိုနေသူတယောက် ကို ရဲ ၂ ယောက်က ပြောဆိုမရတာကြောင့် ထိုးကြိတ်နှိပ်ဆက်လို့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့သတင်း ကြားခဲ့ရတယ်။  အဲလိုမူးလို့ ရဲကဖမ်းဆီးနှိပ်ဆက်ပြီး လက်လွန်သေဆုံးတဲ့သတင်းတွေ ဗမာပြည်မှာခနခနဖြစ်တာ မဆန်း တော့သလိုပဲ။  ရဲမှမဟုတ်ဘူး၊  ထောက်လှမ်းရေးကလက်လွန်လို့၊  တပ်မတော်သားတွေက ပစ်ခတ်လို့၊  ထောင်ဝန်ထမ်း တွေနှိပ်စက်လို့.. စ တဲ့.. စ တဲ့ 

ရေတွင်းလေးသို့အပြန်



ကျနော်ရန်ကုန်ရောက်တော့ ကျနော် ကြီးပြင်းခဲ့တဲ့ရပ်ကွက် ကိုသွားကြည့်တယ်။ ရပ်ကွက်က သင်္ဃန်းကျွန်း မိကျောင်းကန် အပိုင်း ၁ ရပ်ကွက်။ ၁၉၉၁ ခုနှစ်မှာ ကျနော်တို့ ရပ်ကွက်ကို ဦးသန်းရွှေ အစိုးရလက်ထက်မှာ သိမ်းဆည်းသွားတယ်။ 

ကျနော်တို့ကို ကျူးကျော်သူတွေလို့ သတ်မှတ်ခဲ့တယ်။ ရပ်ကွက်ကို အမြန်ဖျက်ကြဖို့ နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့ကြတယ်။ အနိုင်ကျင့်ခဲ့ကြတယ်။ လူတွေပထမတော့ တောင့်ခံသေးတယ်။ နောက်တော့ တယောက်ချင်းရွေ့ပေးခဲ့ကြရတယ်။ အဖေနဲ့ နိုင်ချစ်သောင်းတို့ နှစ်အိမ် သုံးအိမ်ပဲကျန်တော့တယ်။ ဘယ်သူမှမရှိတော့ဘူး။ နောက်တော့ ဘူဆိုဇာတွေနဲ့ လာထိုးတော့မှာ ကျနော့်အဖေနဲ့ နိုင်ချစ်သောင် (မွန်) ကိုစိုးမင်း(ရခိုင်) တို့ဟာ လက်လျော့ပေးလိုက်ကြရတယ်။ 

၁၉၇၀ ခုနစ်ခန့်မှာ အဖေဟာ

Wednesday, January 21, 2015

မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့် မိုင်အကွာအဝေးများ

ရန်ကုန် _ ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် _ ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် _ ဖဒို ၁၁၅ မိုင်
ရန်ကုန် _ မဒေါက် ၁၁၀ မိုင်
ရန်ကုန် _ ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် _ ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် _ ဖြူး ၁၄၂ မိုင်
ရန်ကုန် _ ဇေယျဝတီ ၁၄၄ မိုင်

Wednesday, November 12, 2014

ကိုပါကြီး ကိစ္စ စုံစမ်းဖော်ထုတ်ရာတွင် သက်သေအဖြစ် ဆောင်ရွက်ပေးသူတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖိအားပေးဆင့်ခေါ်မှုများရှိနေ

10 Nov 2014 | Yamounnar

ကိုပါကြီး ကိစ္စနဲ့ပတ်သက်ပြီး လူပျောက်အမှုဖွင့်ရာမှာ ကာယကံရှင်ဘက်က သက်သေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ ဘားအံသတင်းထောက် ကိုအောင်ပ အား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆင့်ခေါ်စာထဲတွင် ဖိအားပေးမှုတွေ ပါဝင်နေတာ တွေ့ရှိရတယ်။

ကိုပါကြီ ကိစ္စ စုံစမ်းစစ်ဆေးရန်အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကိုအောင်ပ ကို ဆင်ခေါ်တဲ့ နိုဝင်ဘာ ၇ ရက် ရက်စွဲတပ်ထားတဲ့ စာထဲမှာ ပုဒ်မ ၃၅ အရ

Wednesday, October 29, 2014

ကရင်ပြည်နယ်အတွင် အမျိုးအမည်မသိအဖွဲ့တွေ တိုက်ခိုက်မှု

၂၉ စက်တင်ဘာ

ဒီရက်ပိုင်းအတွင်း ဒီကေဘီအေနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား စစ်ရေးအရ တင်မာမှုတွေ ဖြစ်ပေါ်နေချိန်မှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာပြီး ချောင်းမြောင်း တိုက်ခိုက်တာတွေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ဖြစ်နေပြီး၊ ဖြစ်လာတဲ့ အမည်မသိအဖွဲ့ရဲ့ တိုက်ခိုက်တာတွေကို အစိုးရရဲ့ နယ်ခြားစောင့် BGF

Wednesday, October 8, 2014

ဂဠုန်တွေကို ရိုက်တဲ့ပွဲ

ကျနော် အသက် ၁၉ နှစ်လောက်တုံးက လူက သိပ်တက်နေတာ။ သွေးက သိပ်ဆူသပေါ့။ မဟုတ်မခံ။ လက်ကလည်း မြန်တယ်။ အမေတို့ အမတို့ ဆိုရင် တဟဲ့ဟဲ့နဲ့ ရင်တမမ။ အဘိဓမ္မာကလည်း ရှင်းရှင်းပဲ။ မတရားမှုဆိုရင် လက်ပိုက်ကြည့် မနေနဲ့ ပြန်ဆော်ပစ်။

မဆလ အာဏာပိုင်တွေက ကန့်ကော်တန်း ဈေးလေးကို ဖျက်သိမ်း လိုက်တဲ့အခါမှာ မတရားမှုအတွက် တိုက်ပွဲဝင်ဖို့ အကြောင်း ဖန်လာတော့သဗျို့။ ဘဝမှာ ပထမဆုံး လက်နက်ကိုင် တော်လှန်ရေး လို့တောင် ဆိုနိုင်လား ဆိုနိုင်ရဲ့။ ကန့်ကော်တန်းဈေး ဆိုတာက တောင်ဥက္ကလာ ၁၆ ရပ်ကွက်တွင် တည်ရှိတယ်။

ဈေးကြီးကို ကျနော်တို့ မိကျောင်းကန်၊ ၁၆ရပ်ကွက် နဲ့ (ဈ) တောင် ရပ်ကွက် သုံးရပ်ကွက်က လူထုတွေက အများဆုံး ဝယ်ကြတယ်။ ဈေးသည်တွေကလည်း တခြားသူတွေ မဟုတ်ဘူး။ ဒီရပ်ကွက် သုံးရပ်ကွက်က လူတွေပဲ။ ကန့်ကော်ပင် တန်းကြီးတွေကို အစွဲပြုပြီး ကန့်ကော်တန်းဈေးလို့ ခေါ်တယ်။ ဧရာမ ကန့်ကော်ပင် တန်းကြီးတွေ။ ဈေးက နေရာလည်းကျယ်၊ မြေလည်းကောင်း၊ ဈေးရုံတွေနဲ့ သပ်သပ်ယပ်ယပ် ရှိတယ်။ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ ဆိုတော့ ဈေးသည်တွေနဲ့ လူထုတွေလည်း ရင်းနှီးကြတယ်။ ကျနော် ငယ်ငယ်က ကျောင်းပိတ်တဲ့ ရက်တွေမှာ ဈေးကိုသွားရင်

Thursday, October 2, 2014

ဒီကနေ့ မနက် ကျိုက်မရောအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

၂၇ စက်တင်ဘာ ၂၀၁၄

မြန်မာအစိုးရ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကြား မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး

လူထုတိုက်ပွဲ မြေအောက်လက်စွဲ (မိုးသီးဇွန်)

နိဒါန်း

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့ ဖြစ်တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန် လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။ လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ