Sunday, June 23, 2013

အရှောင်အတိမ်း ဂျက်စီဂျိမ်း

တော်လိုက်တဲ့ကောင်တွေ ဘယ်လောက်တော်သလဲတောင် ချီးမွမ်းရခက်သပ။
- ၁၉၆၂ အာဏာ သိမ်းပြီးထဲက ဖမ်းလိုက် သတ်လိုက် တာကို ခံရတဲ့ လူသားတွေ တောရောမြို့ပါမကျန် သိန်းနဲ့ ချီရှိလောက်ပြီထင်ပါရဲ့။
- ၇၂ သတ်ပြန်တယ်။
- ၇၄ သတ်တာပဲ။
- ၈၈ ထပ်သတ်တယ်။ ၉၀ မှာ ဖမ်းပြီး ထောင်ထဲမှာ သတ်တယ်။
- ၉၆ သတ်တုန်းပဲ။
- ၂၀၀၃ ဒီပဲယင်း သတ်လျက်ပဲ ။
- ၂၀၀၇ သတ်ပြလိုက်တာ ဂျပန်တယောက်တောင် အပိုပါသေးတယ်။
- ၂၀၁၁ ပြည်တွင်းစစ် သေလိုက်တာ သောက်ကျိုးကို နဲလောက်တယ်။ အသက်တွေသေတာ ဘယ်လောက်လဲဆိုရင် မုန်တိုင်းဝင်လာပြီး
သပြေသီးမှည့်တွေ ကြွေကျသလိုမျိုး။

လက်ပန်တောင်း မီးလောင်ဗုံး ဘုန်းဘုန်းတွေ အတုန်းအရုံးပဲ ကံကောင်းလို မသေခဲ့ကြတာ။
မလက်တိုရွာ မမြင်ရက်စရာပါဘဲ သွေးသံရဲရဲတွေနဲ့ နောက်ဆုံးဖြေရှင်းတော့ ရွှေည၀ါ ကို ဆင့်တုံး ခုတုံးလုပ်ပြလိုက်တယ်။

ဒေါ်နိုဘယ်ကလဲ တုတ်တုတ်မျှမလှုပ် ရိုးရာဝတ်စုံ ဒီဇိုင်းပညာရှင်တွေနဲ့ အလှုပ်ရှုပ်နေသတဲ့။

ကဲ ဒီလောက်ဆို သဘောပေါက်ကြပြီထင်တယ်။
ဆရာတော် ဝီရသူ ကို ကျနော် စာရေးဖူးတယ် တရားဟောရင် ဗုဒ္ဓသားတော်တွေဟာ ပိဋကတ်သုံးပုံထဲက ၀ိနည်း သုတ္တံ အဘိဓမ္မာ သုံးခု၏ တခုထဲမှ တရားတော် တခုခုအား အခြေခံဟောသင့်ကြောင်း လျောက်ထားဖူးသည်။ ဆရာတော်က အကြောင်းမပြန်ပါ။

အကြောင်းမှာ ဆရာတော်သည် ခန္ဓာမှာ ဝေဒနာအား အသေခြာ မဆန်းစစ်သလား မစစ်တာကို မဆန်းဘူးဟု သတ်မှတ်သလား မပြောတတ်ပါ။

၂၀၀၁ ခုနှစ်လောက်က ပညာတော် အထက်သံဃာလိုင်းပေါ်တွင် ကျော်ကြားမှုကြောင့် ဗိုလ်ချုပ်တွေနဲ့နီးစပ်ပြီး ဆရာတော်က ဗိုလ်ချုပ်တွေ နားချသမျှ နားပါးဝခဲ့လေသလားပဲ။

ခွင့်လွှတ်ပါဘုရား၊ လိပ်ပြာငယ်လေး ပျံကာသွား ဟိုမှာ သည်မှာနား ...
အတွင်း အဇ္ဇတ္တ မစင်ကြယ်ဘဲ အဆင်းတွင်ကျယ်ကြောင်းပြနေတဲ့ အစိုးရက လူသတ်မှု၊ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေက မဟာသြကာသလောက်ကို ကြီးမားတွင်ကျယ်ပြီး ဘင်လာဒင်နဲ့ ထိုးယှဉ်ပြီး နှိုင်းရင်တောင် အနောက်နိုင်ငံတွေက နှုတ်ခမ်းစူစူနဲ့ စာသားကို အက်ဒစ်ပြန်ယူပါအုံးဆိုပြီး ကျနော့ကို ပြောခဲ့ကြတယ်။

ခုတော့ မှတ်ကရောလား ဘယ်ကြယ်ပွင့်မှ ပုခုံးပေါ်မတင် ဘယ်စစ်ဆင်ရေးမှ ဗုံးမကြဲဖူးသူ ဆရာတော်တပါးကို အကြမ်းဖက်သမားလို့ ဘာသာရေး အထိကရုဏ်းရဲ့ က၀ိတဆူလို့ တင်စားပြလိုက်တာ နေပြည်တော်က အူမြူးကြသတဲ့။

ဆရာတော် ဝီရသူကို ခိုင်လုံစွာတပည့်တော်မှာ အထောက်ထားမရှိသောကြောင့် အပြစ်မပြောပါ။ တိုင်းမဂ္ဂဇင်းကို ဆန္ဒလဲ မပြနိုင်ပါ။ အကြောင်းမှာ တကယ့်အကြမ်းဖက် သမားများသည် လက်ရှိ အောင်သောင်းအုပ်စုနှင့် ယခင် သန်းရွှေ၊ ခင်ညွန့် ဦးဆောင်သော စစ်အာရှင်များသာ ဖြစ်ပါကြောင်း ကျနော့တွင် တိကျသော အထောက်ထားများရှိပါသောကြောင့် စွပ်စွဲရ၏။

သို့သော် ၎င်းတို့သည် အရှောင် အတိမ်း ဂျက်စီဂျိမ်း နည်းလမ်းများဖြင့် လွတ်မြောက်သွားလေသည်။
ကျေးဇူးတင်ပါသည်။

ဂိုလ်ရှယ်လေး

2 comments:

Unknown said...

Ye Baw Go shal lay, Your article is direct Heart hti tae.I respect for your true vision upon these wicked,sly Regime group,that used to play with human lives,are so cruel and cunning.

Unknown said...

နိုင်ငံ့တာဝန်ဆို အပ်တိုတစ်ချောင်းတောင်မထမ်းဘူးတဲ့
ကိုယ်ကျိုးသမားများ
မင်းတို့လဲအတူတူပဲ