Saturday, March 19, 2011
အမေရိကန်အစိုးရအနေနဲ့ သူ့ရဲ့နိုင်ငံသားတွေ ဂျပန်ကထွက်ခွာဖို့ တိုက်တွန်း
ဖူကူရှီးမားတွင်ဖြစ်ပွားသော ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်ပျံ့နှံ့မှုဟာ အဲဒီဒေသတင်မက ဂျပန်ရဲ့ တခြား ဒေသတွေကို ခြိမ်းခြောက်ရာရောက်တယ်လို့ အမေရိကန်အစိုးရက ယူဆတဲ့အတွက်
အမေရိကန်နိုင်ငံသားတွေနဲ့ သူတို့ရဲ့ ဇနီးခင် ပွန်းသားသမီးတွေကို ဂျပန်ကနေထွက်ခွာဖို့ အကြံပေးတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရဟာ သူ့ရဲ့နိုင်ငံသား တွေကို ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ပို့ဆောင်ဖို့အတွက် စင်းလုံးငှားလေယာဉ်တွေကို မတ်လ ၁၇ ရက် ညနေ ၆ နာ ရီကနေစပြီး နာရီတာလေဆိပ်အသင့်ပြင်ထားတယ်လို့ သိရပါတယ်။ အဲဒါဟာလည်း အကန့်အသတ်နဲ့လို့ ဆိုပါတယ်။ ဘေးကင်းရာနေရာတွေထဲမှာ ထိုင်ဝမ်။ တောင်ကိုရီးယား။ ဟောင်ကောင်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒီသတင်းဟာ အမေရိကန်နိုင်ငံသားတဦးနဲ့ အိမ်ထောင်ပြုထားသူ မြန်မာနိုင်ငံသားတဦးက မတ်လ ၁၇ ရက် ည ၉ နာရီ ကျော်က ကျနော့်ထံပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ကျော်ကျော်စိုး
၂း၅၀ နာရီ
မတ်လ ၁၈ ရက်
Labels:
11March2011,
earthquake,
Japan,
USA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment