Wednesday, March 16, 2011
ဂျပန်မှာ အနုမြူစက်ရုံ ဒုတိယအကြိမ်ပေါက်ကွဲပြန်ပြီ
လူတသောင်းကျော်သေစေခဲ့တဲ့ဆူနာမီငလျင်လှိုင်း ကပ်ဘေးအပြီးမှာ ဓါတ်ပေါင်းဖိုပျော်ကျနေတာကို ကာ ကွယ်တား ဆီးဖို့အသဲအသန်လုပ်နေချိန်မှာပဲ အနုမြူစွမ်းအင်စက်ရုံမှာ နောက်ထပ် ပေါက်ကွဲမှုတခု ထပ်ဖြစ် လာပါတယ်။
ဂျပန်နိုင် ငံရဲ့အရှေ့မြောက်ဒေသဖြစ်တဲ့ မီယာဂျီမြို့မှာတင် အလောင်း ၂၀၀၀ လောက် ရှာဖွေရေးသမားတွေက တွေ့ခဲ့ပါတယ်။ ရှင်ကျန်နေတဲ့ သန်းပေါင်းများစွာလူထုမှာလည်း ရေမရှိ၊ မီးမရှိ၊ လောင်စာဆီမရှိ၊ အစားအစာအလုံအလောက် မရှိ ဖြစ် နေပါတယ်။ ဆူနာမီကြောင့်တမြို့လုံးရေနစ်အပြီးမှာ နောက်ထပ် သိန်းဂဏန်းလောက်လူတွေဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေ ကြပါတယ်။ လျှပ်စစ်ဓါတ်အားမလုံလောက်မှုကြောင့် မီးတွေဖြတ်တောက်ပစ်လိုက်ရပြီး ငလျင်ထိတဲ့ဒေသတွေက စက်ရုံ တွေလည်း ပိတ်ထားရလို့ ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကြီးမှာ စတော့ရှယ်ယာဈေးနှုန်းတွေ ထိုးကျ ကုန်ပါတယ်။
လူဦးရေ ၁၆၅,၀၀၀ လောက်ရှိတဲ့ ငလျင်ဒဏ်အဆိုးဝါးဆုံးခံရတဲ့ အီရှီနိုမာကီမြို့မှာ အပျက်အစီးပုံတွေအောက်မှာ ပိတ် မိနေတဲ့သူတွေကိုကယ်ဖို့ အချိန်နာရီနဲ့လုပြီး အသဲအသန်ကြိုးပမ်းနေရပါတယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ အာရှ-ပစ္စဖိတ်ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ဖူလာ က ပြောပါတယ်။ “ကြက်ခြေနီဆေးရုံမှာလည်း လူနာထားစရာ နေရာမရှိ တော့ဘူး၊ ပင်ပန်းနွမ်းနယ်နေတဲ့ ဆေးမှူးတွေတောင် ဒဏ်ရာရသူတွေဘေးမှာပဲ ၀င်အိပ်နေရတယ်” လို့ ဖူလာ က ပြော ပါတယ်။
မီယာဂျီဒေသက ရဲမှူးကတော့ သူ့ဒေသမှာ လူတသောင်းကျော်လောက် သေတယ်လို့ ပြောပါတယ်။ လောလော ဆယ် ဆယ် ဂျပန်မှာအနည်းဆုံး လူပေါင်း ၁.၄သန်းလောက်ဟာ ရေပြတ်နေကြပြီး ၅၀၀,၀၀၀ ကျော်လောက်ဟာ ကယ်ဆယ် ရေးဌာနတွေမှာ ယာယီတဲတွေနဲ့ နေနေကြရပါတယ်လို့ ကုလသမဂ္ဂလူမှုရေးရာညှိနှိုင်းမှုအဖွဲ့က ပြောပါတယ်။ တိုကျိုရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၂၅၀ အကွာမှာရှိတဲ့ ဖူကူရှီးမားအနုမြူစက်ရုံမှာရှိတဲ့ ဓါတ်ပေါင်းဖို ၂ ဖိုဟာ ငလျင်ဒဏ် ကြောင့် ပေါက်ကွဲမှုတွေဖြစ်ပြီး အအေးခံစနစ်တွေ ပျက်စီးသွားတာကြောင့် အပူလွန်ကဲမှုတွေ ဖြစ်လာနေပါတယ်။ ဒါ ကြောင့် စက်ရုံကနေ ကီလိုမီတာ ၂၀ အတွင်းနေရာကို သီးသန့်ဇုံအဖြစ် အာဏာပိုင်တွေက ကြေညာလိုက်ပြီး လူပေါင်း ၂၁၀,၀၀၀ ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စက်ရုံတွေပေါက်ကွဲရာကနေ ထွက်လာတဲ့ အနုမြူရောင်ခြည် ဖြာထွက်မှုကတော့ အလွန်ကို နည်းပါသေးတယ်။ ကျန်းမာရေးအန္တရာယ် မဖြစ်နိုင်ပါဘူးလို့ အမေရိကန် အမှတ် ၇ ရေတပ်က ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။
သူတို့အနေနဲ့ ဂျပန်ကလာတဲ့ အစားအသောက်တွေထဲမှာ ဓါတ်ရောင်ခြည် ပါမပါကို စစ်ဆေးကြရမှာ ဖြစ်တယ်လို့ အာ ရှအစိုးရတွေက ပြောပါတယ်။ “ဓါတ်ပေါင်းဖိုကို ဖျက်ဆီးနိုင်တဲ့ အနုမြူပေါက်ကွဲမှုမျိုး ဖြစ်မှာမဟုတ်ပါဘူးဆိုတာ ကျွမ်း ကျင်သူတွေကလည်း ယုံကြည်ပါတယ်” လို့ ပြောကြပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တကမ္ဘာလုံးက ကယ်ဆယ်ရေးလုပ်သားတွေနဲ့ရှာဖွေရေးအဖွဲ့တွေဟာ ဂျပန်စစ်သား ၁၀၀,၀၀၀ နဲ့ ပူးပေါင်းကူညီနေကြပါတယ်။ ဆူနာမီကြောင့် ထိခိုက်တာမပါဘဲ ငလျင်တခုတည်းနဲ့တင် စီးပွားရေးထိခိုက် မှုက အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလျံနဲ့ ၃၄.၆ ဘီလျံကြားမှာ ရှိနိုင်တယ်လို့ အန္တရာယ်စစ်ဆေးရေးကုမ္ပဏီက ပြောပါ တယ်။
ဂျပန်နိုင်ငံဟာ ပစ္စဖိတ်မီးကွင်းကြီးပေါ်မှာ ထိုင်ထားတာပါ။ တိုကျိုက အန္တရာယ်အများဆုံဒေသတွေထဲက တခုပါ။ ဒီမီး ကွင်းကြီးထဲမှာ မြေထုချပ်ကြီး ၃ခု ဟာ တခုနဲ့တခု ဖြေးဖြေးချင်း ပွတ်ကြိတ်နေပြီး အရမ်းကြီးတဲ့ ငလျင်ဖိအားတွေကို ဖွဲ့တည်နေစေတာ ဖြစ်ပါတယ်။
မတ် ၁၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment