Tuesday, March 15, 2011

ဂျပန်ငလျင်ရေလှိုင်းဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်မှာ ကြုံရတဲ့ အဆိုးဆုံးပါ


ငလျင်ကြီးကြောင့်အပျက်အစီးတွေဖြစ်အပြီး၊ တိုင်းပြည်ကို စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုလိုက်ပြီး ဂျ ပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၆၅ နှစ်မှာ အဆိုးဝါးဆုံးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ် လို့ ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် ကတနင်္ဂနွေနေ့က ပြောပါတယ်။

ရစ်ခ်ျတာစကေး ၈.၉ ပြင်းအား ရှိတဲ့ ငလျင်နဲ့ အဖျက်စွမ်းအားကြီးမားတဲ့ ဆူနာမီလှိုင်းတွေကြောင့် အင်ဂျင်နီယာတွေ ဟာ အနုမြူပေါက်ကွဲမယ့် အရေးအပေါ်အခြေအနေတရပ်နဲ့ စစ်ခင်းနေရလို့ ပျက်စီးသွားတဲ့ အနုမြူစွမ်းအင်စက်ရုံတွေ ရဲ့အခြေအနေတွေကလည်း အတော်ကြီးဆိုးဝါးနေပါတယ်လို့ ခန် က ပြောပါတယ်။
“လက်ရှိငလျင်၊ ဆူနာမီလှိုင်းနဲ့အနုမြူစက်ရုံအခြေအနေတွေဟာ ဒုတိယကမ္ဘာစစ်အပြီး ၆၅ နှစ်တာကာလမှာ အဆိုးဝါး ဆုံး အကြပ်အတည်း အခြေအနေမှာ ရောက်နေပါတယ်” လို့ ခန်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောဆိုပါတယ်။
“ဒီကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီလှိုင်းကို အတူတကွ လက်တွဲပြီး ကျနော်တို့ ကျော်နင်းနိုင်မယ်လို့ အခိုင်အမာယုံကြည်တယ်” လို့ ခန်က ပြောပါတယ်။
အခြေအနေတွေအရ အစီအစဉ်ရှိရှိ လျှပ်စစ်ဖြတ်တောက်မှုတွေကို ပြည်သူတွေ နားလည်ပေးကြဖို့ ခန် က ပန်ကြားပါ တယ်။ လျှပ်စစ်တွေကို ဒီလိုမှ ဖြတ်တောက်မထားဘူးဆိုရင် ပိုမိုကြီးမားတဲ့ အပျက်အစီးတွေနဲ့ ကြုံရနိုင်တယ်လို့ ခန် က ပြောပါတယ်။ လောလောဆယ်ဆယ် အနုမြူဓါတ်ပေါင်းဖို ၂ ခုဟာ အရည်ပျော်ကျ လာနေပါတယ်။ ငလျင်နဲ့ ရေလှိုင်း ဒဏ်ကြောင့် အရှေ့မြောက်ဒေသမှာ ခန့်မှန်းခြေ လူပေါင်း ၁၀,၀၀၀ ကျော် သေကုန်ပါပြီ။
မတ် ၁၄၊ ၂၀၁၁ (Online News: Asia)


No comments: