Saturday, March 19, 2011
ကျတုပေါန်စွပ်စွဲချက်ကို ဒုဝန်ကြီးချုပ် ဆူထဲ့ပ် ငြင်းပယ်
မနှစ် ဧပြီလနဲ့မေလ အကြမ်းဖက်မှုမှာရှပ်နီဆန္ဒပြသမားတွေ အသေအပျောက်အများဆုံးဖြစ်ရမှုနဲ့စင်ထ ရယ် ၀ါးလ် ကုန်တိုက်ကြီးမီးလောင်မှုဟာ အစိုးရအာဏာပိုင်တွေကြောင့် ဖြစ်ရတာဆိုတဲ့ကြာသ ပတေးနေ့ ညက ပြောဆိုလိုက်တဲ့ ဖုအက်ထိုင်းပါတီအမတ်
ကျတုပေါန်ဖရွမ်ဖန်နဲ့တခြားအတိုက်အခံအမတ်တွေရဲ့ထုတ်ဖော်ပြောဆိုချက်ကို ဒုဝန်ကြီးချုပ် ဆူ ထဲ့ပ်ထီးရော့ဆူဘန်းက သောကြာနေ့မနက်က အကြောက်အကန် ငြင်းလိုက်ပါတယ်။
ပါလီမန်တွင်းအခြေအတင်ဆွေးနွေးပွဲ၊ စတုတ္ထမြောက်နေ့မှာ မစ္စတာဆူထဲ့ပ်ဟာ ပထမဆုံး ပြောရတဲ့လူ ဖြစ်ပါတယ်။ သူ ဟာ အရေးပေါ်အခြေအနေဆုံးဖြတ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးဟောင်းအနေနဲ့ ယူဒီဒီ ရှပ်နီအုပ်စုတွေရဲ့ ဆန္ဒပြပွဲကို နှိမ်နှင်းတဲ့ စစ်ဆင်ရေးတွေမှာ တာဝန်ရှိတဲ့သူဖြစ်ပါတယ်။ စစ်သားတွေနဲ့ရှပ်နီတွေ တိုက်ခိုက်မှုထဲမှာ အမဲရောင် ၀တ် ထားတဲ့ အုပ်စု ၄ စု လည်း အတူပါတယ်လို့ သူကပြောပါတယ်။
ဗီဒီယိုခွေတွေမှာကြည့်တော့ ဒီ အုပ်စု ၄ စုကတော့ ကွယ်လွန်သွားတဲ့ ဗိုလ်ချုပ်ခတ္ထိယဆာဝါ့စ်ဒီပိုလ်းဦးဆောင်တဲ့ ရိုနင်း စစ်သည်များအုပ်စု၊ အရင် စစ်ရေးကျွမ်းကျင်သူဟောင်း ဒုတိယဗိုလ်ချုပ်ကြီးထီးရော့ထုံဆူဝဏ္ဏထပ်နဲ့ ရှပ်နီခေါင်းဆောင် အာရီးခရိန်နာရ ဦးဆောင်တဲ့ ကျားနက်အုပ်စု၊ ဗုံးလုပ်ရာမှာအထူးကျွမ်းကျင်တဲ့ ရှပ်နီအမာခံ ဆာမင်းဒမ်အုပ်စုနဲ့ လျှို့ဝှက် စစ်ဆင်ရေးအတွက် တာဝန်ယူရတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူအုပ်စုတို့ ဖြစ်ပါတယ်။ ဒီလက်နက်ကိုင်အုပ်စုတွေရဲ့ အဖွဲ့ ၀င်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် အထူးလေ့ကျင့်ထားပြီး သူတို့ စစ်ဆင်ရေးတွေကို စနစ်တကျနဲ့ အစီအစဉ် တကျ လုပ်ဆောင်ကျတာ ဖြစ်ပါတယ်။ “ဒါကြောင့် ကျတုပေါန်ရဲ့အမိန့်အရ အဲဒီစစ်ဆင်ရေးတွေဟာ ပြည်သူတွေ၊ စစ် သားတွေနဲ့ သတင်းထောက်တွေ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ပြောနိုင်ပါ တယ်” လို့ ဆူထဲ့ပ်က ပြောပါ တယ်။
ခေါက်ဝါလမ်းဆုံမှာ ဧပြီလ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ အနက်ရောင်ဝတ်စုံနဲ့လူတွေဟာ ဆူပွက်နေတဲ့လူအုပ်ကြီးထဲကို ၀င်ရောဖို့ ဗင်ကားတစီးနဲ့ မြင်ကွင်းထဲကို ရောက်လာပါတယ်။ သူတို့အထဲကတယောက်က ဖရာချင်ဘူရီပြည်နယ်က ချာ ခရာဖုန်စခန်းကလာတဲ့ အမှတ်၂ ခြေလျင်တပ်မ၊ ဒုစစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ရွမ်ခလောက်သူဝါထမ်းကို သေနတ်နဲ့ အ သေပစ်သတ်ခဲ့ပါတယ်လို့ ဆူထဲ့ပ်က ပြောပါတယ်။ စင်ထရယ်ဝါးလ်ကုန်တိုက်ကြီးကို မီရှို့တာ စစ်သားတွေလုပ်တာ ဖြစ် တယ်ဆိုတဲ့ အတိုက်အခံတွေရဲ့ ထုတ်ဖော်ပြောဆိုချက်ကိုလည်း သူက ငြင်းပါတယ်။ စင်ထရယ်ဝါးလ် ကုန်တိုက်ကြီးကို မီးရှို့ရာမှာ သံသယရှိသူတွေ အတော်များများကို ဖမ်းထားပြီးပါပြီ။ နောက် ၉ ယောက်ကိုလည်း လိုက်ဖမ်းနေပါတယ်။ သံသယရှိသူတဦးဖြစ်တဲ့ ဆိုချိုလ်းဖဲဘူဝါကို ဘန်ကောက်တောင်ပိုင်းရာဇ၀တ်မှုတရားရုံးက ထုတ်ပြန်တဲ့ ဖမ်းဝရမ်းအရ ဖမ်းခဲ့ပါတယ်လို့ သူက ပြောပါတယ်။ ယူဒီဒီအဖွဲ့တွေ ဆန္ဒပြပွဲအဆုံးသတ်အပြီး မေလ ၁၉ ရက်နေ့က ဖထွမ်ဝမ်နာရမ် ဘုန်းကြီးကျောင်းထဲမှာ လူ ၆ ယောက် အသတ်ခံရတုန်းက အဲဒီအထဲက ၂ ယောက်ရဲ့ လက်ထဲမှာ သေနတ်တွေ တွေ့ပါ တယ်။ ဒီ ၆ ယောက်ကတော့ စစ်တပ်ရဲ့ကျည်ဆံနဲ့သေတာဖြစ်ကြောင်း ဆူထဲ့ပ်က ၀န်ခံပါတယ်။ ဒါပေမဲ့ ကျည်ဆံတွေ က ဧပြီလ ၁၀ ရက်က တိုက်ခိုက်မှုမှာ စစ်သားတွေဆီက ခိုးသွားတဲ့ လက်နက်တွေထဲက တစိတ်တပိုင်းဖြစ်တယ်လို့ ဆူ ထဲ့ပ်က ထပ်ပြောပါတယ်။
လုံခြုံရေးတာဝန်ယူထားတဲ့ ဒုဝန်ကြီးချုပ်ကလည်း ၀ရုန်းသုန်းကားဖြစ်အောင်လုပ်နေတဲ့၊ အစိုးရအိမ်တော်ရှေ့နဲ့ ၀န်ကြီး ချုပ်နေအိမ်ရှေ့မှာသွေးတွေဖြန်းနေတဲ့၊ ကာကွယ်ရေးဝန်ကြီးရုံးကို လောင်ချာနဲ့တိုက်ခိုက်နေတဲ့၊ အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်ရုံးကို လက်ပစ်ဗုံးနဲ့ပစ်နေတဲ့၊ ချူလာလောင်ခွန်းဆေးရုံထဲကို အတင်းဝင်နေတဲ့၊ ထိုင်းကွန်း ရုပ်သံလွှင့် ရုံ ၀င်းထဲကို အတင်းဝင်နေတဲ့ ရှပ်နီတွေရဲ့ ဓါတ်ပုံနဲ့ဗီဒီယိုခွေတွေကို ပြသခဲ့ပါတယ်။
မတ် ၁၈၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment