လစ်ဗျားအာဏာရှင် ကဒါဗီရဲ့ တပ် များ ပြန်လည်ဆုတ်ခွာပေးဖို့နှင့် လူသားချင်းစာနာသည့် အထောက်အပံ့များ ပေးပို့နိုင်ရန် ဒုတိယအဆင့် စစ်ဆင်ရေးများ ပြုလုပ်ဖို့ နိုင်ငံစုံတပ်များ ပြင်ဆင်နေကြပါပြီ။ ယင်း ဒုတိယအဆင့် စစ်ဆင်ရေးမှာ နိုင်ငံစုံမှ တိုက်လေယာဉ် အစင်း ၁၀၀ ကျော့်ဖြင့် ၂၄ နာရီလုံးလုံး လစ်ဗျားလေကြောင်းကို ထိမ်းချုပ်ထားမယ်လို့ သိရပါတယ်။ ပထမ အဆင့် စစ်ဆင်ရေးမှာ B2 (ဘီ ၂) ဗုံးကြဲလေယာဉ် ၄ စင်းလည်း ပါဝင်ခဲ့ပြီး၊ တစင်းလျှင် ဗုံး ၁၆ လုံးစီ ဖြင့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။
လူစိတ်မရှိတဲ့ အာဏာရှင်တွေ နှစ်ပေါင်းများစွာ အာဏာချုပ်ကိုင်ပြီး အာဏာမလွှဲပေးချင်တော့တဲ့ အာဏာရှင်တွေ၊လက် နက်အားကိုးပြီး တိုင်းပြည်ရှိ ပြည်သူတွေကို နည်းမျိုးစုံ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာရှင်တွေအတွက်ကတော့ သူတို့ အာဏာအတွက် တိုင်းပြည်နှင့် ပြည်သူက ဓားစာခံ ဖြစ်ခဲ့ရလေပြီ
အခုတော့ နှစ်ပေါင်း ၄၀ ကျော်ကြာ အာဏာထိမ်းချုပ်ခဲ့တဲ့ လစ်ဗျားအာဏာရှင် ကဒါဗီ ကြွက်တကောင်လို ပုန်းအောင်း နေရပါပြီ။ သူနဲ့ သူ့မိသားစုဝင်များကို ပစ်မှတ်များအဖြစ် ထားလာတော့မှာမို့ နေ့စဉ်ပြောင်းရွှေ့ အိပ်နေရသလို၊ ဘယ်နေ ရာမှာ ရှိတယ်ဆိုတာကိုတောင် ထွက်မပြရဲတော့ပါဘူး။
No comments:
Post a Comment