Wednesday, March 23, 2011

ဆူလဖုန် အာဏာအလွဲသုံးစားလုပ်မှုနဲ့ တရားရင်ဆိုင်ရ

၂၀၀၈ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူလဖုန်ဆွဲ့ဘ်ဝေါင်လီး ပါ ၀င်ခဲ့တဲ့ အာဏာအလွဲသုံးစားလုပ်မှုအတွက် အပြစ် ရှိကြောင်ကိုး အ မျိုးသားအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဆုံး အဖြတ်ပေး လိုက်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်က ဆူလဖုန်အမှုကို အမှုပြင်ဆင်ချက်လုပ် ဖို့အ တွက် ရှေ့ နေချုပ်ရုံးကို လွှဲပေးလိုက်ပါတယ်။ ဆူလဖုန်ကို ဗဟိုတရားရုံးချုပ် ရဲ့ နိုင်ငံရေးရာထူးယူ ထားသူများဆိုင်ရာပြစ်မှုဌာန မှာ တရားစွဲဆိုထားတာ ဖြစ် ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အစီရင်ခံစာပေါ် အခြေခံ ပြီး ဆူလဖုန်ကိုဝန်ကြီးချုပ် ဆမတ်အစိုးရကာလက ထိုင်းနိုင်ငံဘဏ် အက်ဥပဒေချိုးဖောက် မှုနဲ့တရားစွဲထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ဆူလဖုန်ဟာ ဗဟိုဘဏ်ဘုဒ်အဖွဲ့အတွက် လျာထားတဲ့လူတွေ အမည်စာရင်းတင်ဖို့ ဖွဲ့စည်းထားတဲ့ ၇ ဦး ပါ  ရွေးချယ်ရေးကော်မတီ ခန့်အပ်ရေးမှာ တာဝန်ခံဖြစ်တယ်။


သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်တွေအရ ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်တွေဟာ နိုင်ငံရေးရာထူး မယူရဘူး၊ အကျိုးစီး ပွား ပဋိပက္ခလည်း မရှိရဘူး။ ဒီမှာ ဆူလဖုန်က နာမည်စာရင်းတင်တော့ အကျိုးစီးပွားပဋိပက္ခ ရှိနေပေမဲ့လည်း ကော်မ တီ အဖွဲ့ဝင် ၃ ဦးကို စာရင်းတင်သွင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီ ၃ ဦးကတော့ ကော်မတီ ဥက္ကဋ္ဌ၊ ၀ိကျစ်ဆူဖိနစ်နဲ့ တခြား ၂ ဦးက ချိုင်ဝပ်နဲ့ ဆသစ်လင်ဖုန်ဖန် တို့ ဖြစ်တယ်။ ဒီအချိန်မှာ ၀ိကျစ်က ထိုင်းစစ်တပ်ဘဏ်ရဲ့ ဘုဒ်အဖွဲ့ဝင် ဖြစ်နေတယ်။ နောက်ပြီး ချိုင်ဝပ်က ခရွမ်ထိုင်းဘဏ်ရဲ့ဘုဒ်အဖွဲ့ဝင်တွေ ဖြစ်နေပြီး ဆသစ်က ထိုင်းစစ်တပ်ဘဏ်ရဲ့ ဥက္ကဋ္ဌ ဖြစ်နေ တယ်။
မတ် ၂၃၊ ၂၀၁၁ (The Nation)

No comments: