Friday, March 25, 2011
တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ ၀န်ထမ်း ၃ ဦး ဓာတ်ရောင်ခြည်သင့်ခံရ
မတ်လ ၂၄ ရက်နေ့မနက်ပိုင်းကစပြီး တိုကျိုမြို့တော်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကနေ ကလေး ငယ်လေးတွေရှိတဲ့ အိမ်ထောင်စုတွေကို mineral water ရေသန့်ဘူး ၂ လီတာ ၂ ဘူး စီဝေပေးတာ
တွေကိုစတင် လုပ်နေပြီလို့ သိရပါ တယ်။
တိုကျိုမြို့ ရှင်းဂျုကုမြို့နယ်၊ စိုင်းတမာ့မြို့၊ ချီးဘားခရိုင် အိချိဟာရာ့မြို့များတွင် ရေဒီယိုဓာတ်သတ္တိကြွမှုဟာ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ တနာရီကြာတိုင်းတာမှုတွေအရ ပုံမှန်ထက်မြင့်မားနေတယ်ဆိုတာကို အဲန်အိပ်ခ်ျကေတီဗွီ မွန်းတည့် ၁၂း၀၀ နာရီသတင်းမှာ ထုတ်ပြန်ကြေညာသွားပါတယ်။
ဂျပန်က ညူကလီယားအကျပ်အတည်းကြောင့် ဟင်းသီးဟင်းရွက်တွေမှာ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်းပါဝင်မှုတွေ ရှိနေတာကြောင့် ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသထွက် ဟင်းသီးဟင်းရွက်တွေကို ဟောင်ကောင်က တင်သွင်းတော့မှာ မ ဟုတ်ဘူးလို့ ပြောဆိုပါတယ်။
မီယားဂိခရိုင် ဆဲန်းဒိုင်မြို့ကိုသွားတဲ့ အဝေးပြေးလမ်းမကြီးလည်း ပြန်ဖွင့်ပြီဖြစ်တဲ့အတွက် သာမန်ခရီးသွား ကားများ လည်း ပြေးဆွဲနေပြီလို့ သိရပါတယ်။
ဒီနေ့မနက် စိုင်းတမာ့ခရိုင် ကာဝါ့ဂုချိမြို့နဲ့ ချီးဘားခရိုင် မတ်ဆုဒိုးမြို့မှာရှိတဲ့ ရေသန့်စင်စက်ရုံတွေက ရေတွေမှာ ရေဒီ ယိုသတ္တိကြွအိုင်အိုဒင်းပါဝင်မှုအဆင့်ဟာ လျော့ကျလာနေတယ်လို့ သိရပါတယ်။ ဒီအဆင့်ဟာ သောက်သုံးရင် ကျန်းမာ ရေးထိခိုက်ဖို့ရာမရှိဘူးလို့ မြို့အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ညူကလီယားစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံရှိရာ ဖူကူရှီးမားခရိုင်မှာရှိတဲ့ ရေသန့်စင်စက်ရုံတွေမှာ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်းပါဝင်မှုအ ဆင့် မြင့်မားနေတာကိုတွေ့ရတယ်လို့ သိရပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ သိရတဲ့သတင်းအရ တိုကျိုမြို့ ခတ်ဆုရှီကာ့မြို့နယ်ရှိ ရေသန့်စင်စက်ရုံမှာ ရေဒီယိုဓာတ် သတ္တိကြွမှုအဆင့် ကျဆင်းသွားပြီဖြစ်ကြောင်းနဲ့ ကလေးငယ်များကို ပိုက်လိုင်းကလာတဲ့ရေတိုက်ရင် ကျန်းမာရေးထိခိုက် နိုင်တဲ့အဆင့်ထက် နိမ့်သွားပြီဖြစ်ပါတယ်။ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အရာရှိတဦးက ရေသောက်သုံးမှုနှင့် ပတ် သက်ပြီး သတိပေးတားမြစ်ချက်တွေကို တိုကျိုမြို့တော်နယ်နိမိတ်အတွင်း ရုပ်သိမ်းမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ ရေ သန့်စင်စက်ရုံမှာ စမ်းသပ်စစ်ဆေးမှုတွေကို ဆက်လုပ်ဦးမယ်လို့ ဆိုပါတယ်။
တိုကျိုမှာ ရေဒီယိုဓာတ်သတ္တိကြွဒြပ်တွေပါဝင်နေတဲ့ ပိုက်လိုင်းရေကို သောက်သုံးမှုနဲ့ပတ်သက်ပြီး ကြေညာချက်ထွက် ပေါ်လာတော့ တိုကျိုရှိမြန်မာတွေကြားမှာ အတော်လေးကို စိုးရိမ်သွားခဲ့ကြပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးသံ တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ ရေကိုကြိုချက်သောက်ရင် ဘယ်လိုနေမလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေက ရေကြိုချက်သောက်ရင် အန္တရာယ်မရှိဘူးဆိုတာ မဟုတ်ပါ ဘူးလို့ ရှင်းလင်းမှုတွေ ပြုခဲ့ပါတယ်။
ဒီအတောအတွင်း တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီရဲ့ဝန်ထမ်း ၃ ဦး ညူကလီယားဓာတ်ရောင်ခြည် သင့်ခံရတယ်လို့ ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီက ကြာသပတေးနေ့ ၁၅း၀၀ နာရီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီဝန်ထမ်း ၃ ဦးဟာ နံပတ် ၃ ဓာတ်ပေါင်းဖို အနီးမှာ အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။
ကျော်ကျော်စိုး
ဝး၄၅ နာရီ
မတ်လ ၂၅ ရက်။ ၂၀၁၁ ခုနှစ်
Labels:
Japan,
Nuclear Melted down,
radiation
Subscribe to:
Post Comments (Atom)
No comments:
Post a Comment