Wednesday, March 16, 2011

“ပင်လယ်အော်သံ”

တံလျှပ်ရောင်
ပုံရိပ်ယောင်တွေက
သဲရှပ်ရှပ်လေစ အနည်းအပါးကိုပဲ
ကျားကုတ်ကျားခဲတွယ်ဖက်
တက်ဖဲများကောင်းလာခဲ့ရင်ဆိုပြီး …။
ယိုယီးလေး ယီးလေးယို
မှိုလည်းမရ ပျားလည်းမစွဲ
ကျွဲပြဲစီးမယ့် ခါတော်မီများ
ခွေးနဲ့မျောက်နဲ့ ညားသွားကြမယ့်ပုံ။

မယုံ ပုံပြင်မှတ်
သပ်သပ်ရပ်ရပ် ပိပြားသွားနိုင်ဖို့
နှစ်ချို့အာဏာစက်တွေနဲ့ ကာရံ
ကုရာနတ္ထိ ဆေးမရှိ
မှောင်အတိကျနေဆဲ။
ကဲ… မြေထဲပင်လယ်ကြီးရုန်းကြွ
နိုးထဒီရေ မြင့်သစ်လှိုင်းအဟုန်မှာ
ဧရာဝတီကို
ပါဝင်စီးဆင်းပစ်လိုက်ကြရုံသာ။   ။

No comments: