Sunday, March 6, 2011

လစ်ဗျားသူပုန်တွေ တိုက်ပွဲအရှိန်ရလာပြီ


မြို့တော်ရဲ့ အနောက်ဘက် အချက်အချာကျတဲ့မြို့ကို အပြင်းအထန်တိုက်ခိုက်ရတာ နှစ်ဖက်စလုံးမှာ အသေအပျောက် များပါတယ်။ စနေနေ့က အရှေ့ပိုင်းကမြို့တမြို့ကို သိမ်းပိုက်လိုက်ပြီး
၊ သူတို့စစ်ဆင်ရေးဟာ ထရီပိုလီမြို့နားပိုနီးလာပြီ။ လို့ လစ်ဗျားသူပုန်တွေက ပြောပါတယ်။ မိုမာကဒါဖီကို ဖယ်ရှားရေးတိုက်ပွဲကို အရှိန်မြှင့်ဖို့ မကြာမီကမှ ဖွဲ့လိုက်တဲ့ အ တိုက်အခံတွေရဲ့ ကနဦးအစိုးရဖြစ်တဲ့ အမျိုးသားကောင်စီဟာ အရှေ့ဖက်ပိုင်းက သူတို့သိမ်းထားတဲ့ အခိုင်အမာစခန်း တခုဖြစ်တဲ့ ဘင်ဂါဇီမြို့မှာ ပထမဆုံး အစည်းအဝေးတခု ကျင်းပခဲ့ပါတယ်။
သူပုန်တွေဟာ ကဒါဖီရဲ့မွေးရပ်မြေဖြစ်တဲ့ ဆာ့တ်မြို့ကို နောက်ထပ်ချီတက်မှာလား ဆိုတာကို မေးကြည့်တဲ့အခါ ရာသီ ဥတုအခြေအနေနဲ့ စစ်ကူတွေ အပေါ်မှာ မူတည်နေတယ်လို့ သူပုန် စစ်သားတဦးက ပြောပါတယ်။ စနေနဲ့က သဲမုန် တိုင်းတွေ နေရာအနှံ့တိုက်နေပါတယ်။ ဆာ့တ်မြို့ထဲကို ကျနော်တို့ အလွယ်တကူ ၀င်နိုင်မှာပါ၊ ဒါပေမဲ့ အသက်ဆုံးရှုံးမှု တွေကို ရှောင်ချင်တယ်။ ဒါကြောင့် မတိုက်ရဘဲနဲ့ ဆာ့တ် ကို သွားဖို့ စေ့စပ်ဆွေးနွေးနေတာ ဖြစ်တယ်။ ပြီးရင် ထရီပိုလီ ကို ဆက်သွားမယ်လို့ ရာ့စ်လန်နုဖ်က သူပုန် ခေါင်းဆောင်၊ နမီးလ်မာရှာ့က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ သောကြာနေ့က အပြင်းအထန် တိုက်ခိုက်မှုဖြစ် အပြီးမှာ သူပုန်တွေက ရာ့စ်လာနုဖ်မြို့ကို ထိန်းချုပ်ခဲ့ပါတယ်။ ဒီမြိ့က အဓိက ရေနံချက် စက်ရုံတွေနဲ့ ရေနံ ဓါတုလုပ်ငန်းတွေရှိတဲ့ မြေထဲပင်လယ်ကမ်းခြေပေါ်က ရေနံပိုက်လိုင်းတွေရှိတဲ ဗဟိုချက်မနေရာ ဖြစ်ပါတယ်။
မတ် ၅၊ ၂၀၁၁။ (The Nation)

No comments: