ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ ဆရာမစင်သီယာမောင်ဆေးခန်းကိုထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် Kristie Kenney ဟာသွားရောက်လည်ပတ်ခဲ့ပြီး၊
ဆေးခန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံးစကားပြောခဲ့ပါတယ်။
မဲဆောက်မြို့ပေါ်ရှိ၊ ပညာရေး၊ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ BMWEC, BMA, နယ်လှည့်ကျောပိုးအိတ် ကျန်းမာ ရေးလုပ်သားအဖွဲ့၊ KWO စတဲ့အဖွဲ့တွေကို ကျောင်းသားဆေးခန်းမှာ တွေ့ဆုံခဲ့ပါတယ်။
နေ့လည် ၁၁ နာရီမှာတော့ ထုံထောင်းရပ်ကွက်ရှိ SAW အဖွဲ့ဆီကို ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရောက်ရှိလာ ခဲ့ပါတယ်။
SAW အဖွဲ့က စောင့်ရှောက်ထားတဲ့ ကလေးများဂေဟာ၊ လူကုန်ကူးခံထားရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ဂေဟာတွေကို လာရောက်လည်ပတ် ကြည့်ရှုခဲ့ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Kristie Kenney ဟာ ထိုင်းနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၂ လ ရှိခဲ့ပြီ ဖြစ် ပါတယ်။ ဒီကနေ့ မဲဆောက်မြို့ပေါ်က မြန်မာပြည်သာတွေရဲ့ အရေးကို ကူညီဆောင်ရွက်နေတဲ့ လူမှုရေး ပညာရေး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ဟွေးကလုပ် နဲ့ မယ်လဒုက္ခသည် စခန်းတွေကိုလည်း ဒီကနေ့ သွားရောက်ကြည့်ရှုမယ်လို့လဲ သိရှိရ ပါတယ်။
No comments:
Post a Comment