မြန်မာနိုင်ငံရဲ့ လက်ငင်းနိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေး စတဲ့ နိုင်ငံရေးဖြစ်ပေါ်မှုများနဲ့ ပတ်သက်ပြီး အဖွဲ့အ စည်း အမျိုးမျိုး၊ လူပုဂ္ဂိုလ် အမျိုးမျိုး၊ မီဒီယာ အမျိုးမျိုးတို့ဟာ အာဘော်အမျိုးမျိုးကို ဖော်ပြခဲ့ကြ၊ ဖော်ပြကြဆဲပဲ ဖြစ်ပါ တယ်။ ဒီဖော်ပြချက်များကို စုစည်းကြည့်လိုက်ရင်
အလွန်ကို သံတမန် ဆန်ပါတယ်။ diplomatic ဖြစ်လွန်းပါတယ်။ ဒီ အာဘော်များဟာ ပြည်ခိုင်ဖြိုး အစိုးရထံမှလာပါတယ်။
ဒုတိယကတော့ ဒီချုပ်ကို မဏ္ဍိုင်ပြုထားတဲ့
ပါတီစုံနယ်ပယ်ကလည်း လာပါတယ်။ တတိယကတော့ ပြည်တွင်း ပြည်ပ အာဘော်ပိုင်းက
လာတာဖြစ်ပါတယ်။ ဒီမှာပင် ပြည်တွင်းအာဘော်နဲ့ ပြည်ပနိုင်ငံတကာ အာဘော်ပိုင်းကို ခွဲခြားကြည့်ရ
ပါတယ်။ နိုင်ငံတကာ
အာဘော်ပိုင်းကတော့ နှိုင်းယှဉ်ရင် ပိုပြီးလွတ်လွတ် လပ်လပ် ပြောခဲ့ကြပါတယ်။
သူတို့ အတွက် နောက်ပိုင်းရှင်းပါတယ်။
ပြည်တွင်းအာဘော်ပိုင်းမှာပင် (၂) ပိုင်းရှိတယ်လို့ ယူဆချင်ပါတယ်။ တစ်ပိုင်းက ဒီချုပ်နဲ့ပါတီစုံ နယ်ပယ်က လာတာပါ။ ဒီအစုထဲမှာပင် ပေါ်လစီကိုပြောနိုင်သူက အများကြီး မရှိပါဘူး။ ကျန်တာတွေက ထမင်းမစား ဟင်းမစားပါ။ ဒီချုပ်အပြင် စူးစူးရှရှပြောနိုင်တဲ့ အခြားပါတီများ မတွေ့မိသေးပါဘူး။
တိုင်းရင်းသားအမျိုးသားပါတီများအနေနဲ့ သူတို့ပြောမှဖြစ်မယ့်
ကိစ္စမျိုး၊
ပြဿနာမျိုးကျမှပဲ ပြောကြတယ်။ လျှပ်တစ်ပြက် ဂျာနယ် ကိစ္စကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့
မီဒီယာပြဿနာကိုကြည့်ပါ။ လစ်ဘရယ် ဒီမိုကရေစီစနစ်ရဲ့ ဝိညာဉ်သုံး
ပါးထဲမှာ တပါးဖြစ်တဲ့ လွတ်လပ်စွာ သဘောထားအမြင် ထုတ်ဖော်ခွင့်
(ဝိညာဉ်) ဟာ အကျဉ်းစံဘဝက မလွတ်မြောက် နိုင်ဘူး ဖြစ်နေပါတယ်။
ဒီနေရာမှာ သတိပြုမိတဲ့ အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က မြန်မာ့လူ့အဖွဲ့အစည်းဟာ အခုမှ ပြုပြင်ရေးလမ်း ကြောင်း ပေါ်တက်ခါစပဲ ရှိပါသေးတယ်။ ရှိသမျှ တံခါးတွေ အကုန်ဖွင့်ပေးလို့ မဖြစ်သေးပါဘူး။ တခုချင်း ဖြည်းဖြည်းပဲဖွင့် ရမယ်ဆိုတဲ့ လောဂျစ်ပါ။ ဒီလောဂျစ်က မိမိကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်ကိုရော မယုံကြည်တာပါ။ အပျိုဖော်ဝင်စမိန်း ကလေးလို သူ့ပတ်ဝန်းကျင်က ယောက်ျားလေးမှန်သမျှ သူ့အပေါ် ဟိုလုပ်နိုး၊ ဒီလုပ်နိုး ထင်နေတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် မလုံ မလဲဖြစ်တာမျိုး၊ guilty conscious ဖြစ်တာမျိုး မိမိကိုယ်ကိုယ် မိမိမယုံကြည်တာပါ။
ဒုတိယ အချက်ကတော့ democratic reform in Burma ဆိုတာဟာ
အခြားတိုင်းပြည်များနဲ့ မတူညီနိုင်ပါဘူး။ ကိုယ့်ပုံစံ နဲ့ကိုယ် ဖြစ်ရပါမယ်ဆိုတဲ့
သဘောထားပါ။ ဒါက
Burmese way to
democracy ပါ။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေ စီပေါ့။ The Burmese Way to Socialism
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတာရဲ့ လှည့်ဖြားမှုအောက်မှာ ၂၆ နှစ်တိုင်တိုင်
တွေ့ကြုံဖြတ်သန်းပြီးတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းဟာ
တိုင်းပြည်ရော လူထုပါ LDC
နိုင်ငံ(အဆင်းရဲဆုံး နိုင်ငံ) ဘဝကို ကျရောက်ခဲ့ကြရပြီးပါပြီ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာရဲ့ (တကယ့်အဓိပ္ပာယ်က)
အစိုးရလက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကျင့်သုံးတာပါပဲ။ ဒီ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်
ကို ပြည်တွင်းက Legal
Marxist များဖြစ်ကြတဲ့ ‘မလညပ’ (မြန်မာ နိုင်ငံအလုပ်သမား ညီ ညွတ်ရေးပါတီ အင်အားစုများ)က
ကြိုဆို ထောက်ခံခဲ့ကြပါတယ်။ နိုင်ငံပြင်ပက ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့ မဏ္ဍိုင်နိုင်ငံကြီး
ဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုကလည်း မဆလ စစ်အစိုးရကို ထောက်ခံခဲ့ပါတယ်။
မဆလလမ်းစဉ်ကို
Non-Capita- list’s
Way လို့ အဓိပ္ပာယ် ကောက်ယူပြီး ထောက်ခံခဲ့ကြတာပါ။
အခုအခါမှာတော့ ဆိုဗီယက်လည်း မရှိတော့ပါဘူး။ မလညပ (ဝိဓူရ)
လည်း မရှိတော့ပါဘူး။
‘မဆလ
ပါတီ’ လည်း မရှိ တော့ပါဘူး။ မဆလ ဗဟိုနိုင်ငံရေးတက္ကသိုလ်ရဲ့
နည်းပြချုပ်ကြီးကတော့ ‘မဆလ’ သမိုင်းစာမျက်နှာပေါ်မှာ
မရှိတော့တာ ကိုတော့ သူနဲ့မဆိုင်သလိုနေပြီး ဟိုလူကို ဝေဖန်၊
ဒီလူကို ဝေဖန်တာမျိုး အရူးဘုံမြှောက်တာမျိုး လုပ်နေတာမျိုးတွေ
တွေ့နေရပါ သေးတယ်။ The Burmese Way to Socialism ရဲ့ ဒုက္ခမျိုးအောက်က လွတ်မြောက်ဖို့ မြန်မာအမျိုးသား ပေါင်းစုံလူထုကြီးဟာ အသက်သွေးချွေးနဲ့ ဘဝတွေကိုပါ မြှုပ်နှံပေး ဆပ်ပြီး ၂၆ နှစ်တိုင်တိုင် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရ ပါတယ်။

၂ဝဝ၈ ခုနှစ် မေ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက
မွေးထုတ်ပေးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင် ပြည် ခိုင်ဖြိုး
အစိုးရနဲ့သူ့ State
Apparatus များ သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့၊
အမျိုးသားတန်းတူခွင့် များရရှိဖို့၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးများဖော်ဆောင်ဖို့
မြန်မာဆင်းရဲသား လူထုကြီး ဆင်းရဲတွင်းက (တက်ခွင့်နဲ့
ထွက်ခွင့်ရဖို့) အလင်းရောင်ကလေးများ ထွက်ပြူစမှာ The Burmese Way to Democracy တွေးခေါ်ပုံကို စာနယ်ဇင်း မျက်နှာစာနဲ့ မီဒီယာ မျက်နှာစာများမှာ ဒီ Line of Thinking ကို ပြန်တွေ့နေ ကြရပါတယ်။ လူ့ အာရုံငါးပါးအမှု ‘ဓမ္မာရုံ’ ဆိုတဲ့ ‘ဆဋ္ဌမအာရုံ’ (တွေး ကြံခြင်းအမှု)၊ စုစုပေါင်းအာရုံ ၆ ပါးအမှုမှန်သမျှကို ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်ဖို့ဆိုတဲ့ လှုံ့ ဆော်မှုများကို attentive ဖြစ်တဲ့သူတိုင်း သတိပြုချင်စရာ ဖြစ်လာနေပါတယ်။

The Burmese Way to (ဘာ)၊
The Burmese Way to (ညာ)
ဆိုတာတွေကို
မြင်ရကြားရတိုင်း ခေါင်းစွပ်တွေ၊ လက် ထိပ်တွေ၊ ခြေကျင်းတွေ၊ ပုံစံပေးသံတွေ၊
ကြိမ်းမောင်း မာန်မဲသံတွေ၊ သံချေးနံ့ တွေ၊ ကြယ်လမမြင်ရတဲ့ နေ့ရက်တွေ၊
ငို သံရှိုက်သံတွေ၊ နှုတ်ဆက်သံတွေ၊… ဒီအနိဋ္ဌာရုံတွေ အားလုံးက မိမိတို့ကို
မျက်စိမှိတ်၊ လျှာထုတ်ပြနေကြသလိုပါပဲ။
မြန်မာ့လူ့အဖွဲ့အစည်းဟာ ဒုတိယ ကမ္ဘာစစ်ကြီးပြီးစမှာ
ဆိုရှယ်လစ်စနစ်လှိုင်း အပုတ်ခံရပါတယ်။ ဆိုရှယ်လစ်စနစ်လှိုင်း ဟာ စစ်ပြီးခေတ်ကမ္ဘာကြီးမှာ နိုင်ငံတည်ဆောက်ရေး
လမ်းတသွယ်ဖြစ်လာခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ တရုတ် ပြည်တို့ဟာ
အမာခံ ဆိုရှယ်လစ်စနစ် နိုင်ငံကြီးများ ဖြစ်လာခဲ့ကြပါတယ်။ စစ်ပြီးခေတ်မှာ
လွတ်လပ်ရေးရလာခဲ့ကြတဲ့ လွတ်လပ်စနိုင်ငံအများစုဟာ ဆိုရှယ်လစ်
စနစ်ဆိုတာကို စိတ်ဝင်စားလာခဲ့ ကြပါတယ်။ နာဆာ (အီဂျစ်) ဆိုရှယ်လစ်စ
နစ်၊ နေရူး (အိန္ဒိယ) ဆိုရှယ်လစ်စနစ်၊ ဆူကာနို(အင်ဒိုနီးရှား) ဆိုရှယ်လစ်စနစ်
ဆိုတာမျိုးတွေ ရေပန်းစားလာကြပါတယ်။
မြန်မာ့ဆိုရှယ်လစ်စနစ် (၁၉၆၂) ဆိုတာမျိုးတွေ ကြွေးကြော်လာခဲ့ကြပါတယ်။ မြန်မာက သာမန်ကြွေးကြော်တာ မဟုတ် ပါဘူး။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် (၂) ချက် ဆိုတာကို
ဖော်ထုတ်ပါတယ်။ အညမည အတွေးအခေါ်ကို ဖော်ထုတ်ခဲ့ပါ တယ်။ မဆလပါတီ
ဗဟိုနိုင်ငံရေး တက္ကသိုလ်ဆိုတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ရှိရှိသမျှ
စီးပွားရေး လုပ်ငန်းများအား လုံးကို နိုင်ငံပိုင်လုပ်ခဲ့ပါတယ်။
နိုင်ငံပိုင်လုပ်တာဟာ ဆိုရှယ်လစ်စနစ် မဟုတ်ဘူးလို့ တရုတ်ကထွက်ပြောခဲ့ပါတယ်။ သိ ကြတဲ့အတိုင်းပါပဲ။
၂၆ နှစ် ကြာတဲ့အခါ လူ၊ လမ်းစဉ်၊ ပါတီ အစိုးရအဖွဲ့ အားလုံး ဇူလိုင်
၂၃၊ ၁၉၈၈ မှာ တခန်းရပ် သွားခဲ့ ရပါတယ်။
မဆလ ဇာတ်ခေါင်းကွဲပြီး ၂၄ နှစ်အကြာမှာ The Burmese Way to Democracy ဆိုတာမျိုး
(တည့်တည့် မပြောပေ မယ့်) ထုတ်ဖော်ချက်များက ဒီလို Line of Thinking မျိုး
ဖြစ်နေတာကို သတိပြုမိပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုက ရေစီဆိုတာမျိုးကို
၂ဝ၁ဝ ခုနှစ်မတိုင်မီ အထိ ကြားနေရပါတယ်။ ဒီလို Line of Thinking ဟာ ဘယ်လိုရင်းမြစ်မျိုးက
လာနေတယ်ဆိုတာ လတ်ဆတ်တဲ့အတွေးအခေါ်ရှိသူတိုင်း သတိပြုမိကြမှာ သေချာပါတယ်။ ဒီလို Theory နဲ့
Practise အနီးအဝေးဖြစ်ကြတာကြောင့် နှာခေါင်းကျည်ပွေ့ တွေ့သွားကြရတာမျိုးကို မာ့က်စ်ဝါဒကိုင်စွဲခဲ့ကြတဲ့ နိုင်ငံရေး အင်အားစုများအတွင်းမှာလည်း တွေ့ကြရပါတယ်။
Practise အနီးအဝေးဖြစ်ကြတာကြောင့် နှာခေါင်းကျည်ပွေ့ တွေ့သွားကြရတာမျိုးကို မာ့က်စ်ဝါဒကိုင်စွဲခဲ့ကြတဲ့ နိုင်ငံရေး အင်အားစုများအတွင်းမှာလည်း တွေ့ကြရပါတယ်။
မာ့က်စ်ဝါဒယုံကြည်တဲ့ နိုင်ငံရေးအင်အားစု
လေးစုဖြစ်ပေါ်ခဲ့ကြောင်း သမိုင်းလက်တွေ့မှာ တွေ့ရပါတယ်။
(၁) (မူလ) ဗမာပြည်ကွန်မြူနစ် ပါတီ (၁၉၃၉)၊
(၂) အလံနီကွန်မြူနစ်ပါတီ
(သခင်စိုး/၁၉၄၇)၊
(၃) ပြည်သူ့ရဲဘော်အဖွဲ့(၁၉၄၆)၊ ပြည်သူ့ရဲဘော်ပါတီ(၁၉၅၃/၁၉၆ဝ)၊
(၄) ဗမာပြည်အလုပ်သမား/ လယ်သမားပါတီ (၁၉၅၁)
ဗမာပြည်အလုပ်သမားပါတီ (၁၉၅၆) ‘မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီ’ (၁၉၆ဝ) [မူလအလုပ်သမားပါတီအစု
(ဝိဓူရ)၊ ပြည်သူ့ရဲဘော်ပါတီ
(၁၉၅၉ အစု)၊ ဦးသိန်းဖေမြင့်၏ 'ပြည်သူ့ညီညွတ်ရေးပါတီ အစုများကို
စုစည်းထားသည့် ပါတီ] (၁၉၆ဝ/၁၉၆၄) စသည့်ပါတီများဟာ မာ့က်စ်ဝါဒကို
ယုံကြည်ကိုင် စွဲခဲ့ကြတဲ့ ပါတီများဖြစ်ပါတယ်။
ဆရာကြီး သခင်စိုးခေါင်းဆောင်တဲ့ အလံနီ
ကွန်မြူနစ်ပါတီဟာ မာ့က်စ်ဝါဒကို တရားသေဝါဒ၊ မင်းမဲ့ဝါဒ၊ ဂိုဏ်းဂဏ ဝါဒ၊
စွန့်စားရေးဝါဒများအဖြစ် ကျင့်သုံးခဲ့တဲ့အတွက် လူရောအဖွဲ့အစည်းပါ
စခန်းသိမ်းခဲ့ရပါတယ်။ (ဒုတိယ အစုကတော့)
ဝိဓူရ သခင်ချစ်မောင် (အဓိက) ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံ အလုပ်သမား ညီညွတ်ရေးပါတီ အစုပါ။ ဒီအစုဟာ (ပမည တ) (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု) ၁၉၆ဝ ခုနှစ်များအတွင်းက ဥပဒေအတွင်း ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီရေး တိုက်ပွဲများအတွင်းမှာ လူထုများအပေါ် အလွန်သြဇာကြီးပါ တယ်။ ၁၉၅၆ အထွေထွေ ရွေး ကောက်ပွဲမှာ ကိုယ်စားလှယ် ၄၆ ယောက် အရွေးခံရပြီး လူထုထံမှ ထောက်ခံမဲ ၁ ဒသမ ၅ သန်းကျော် ရရှိခဲ့ဖူးပါတယ်။

၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက ပြည်ထောင်စုပါတီ အစိုးရထံမှ
အာဏာကို သိမ်းယူလိုက်ပါတယ်။ ဒီအစုဟာ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ကိုပါ ဘုံလုပ်ငန်းစဉ်အဖြစ် သဘောထားပြီး ထောက်ခံရုံသာမက
၃၃ ဦး အကြံပေးအဖွဲ့အတွင်းပါဝင်ပြီး အကြံပေးချက်များကို ထပ်မံ ထောက်ခံပြီး
ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၄ ခု၊ မတ်လ ၂၈ ရက်နေ့မှာ
ထုတ်ပြန်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဥပဒေအရ ပါတီစုံစနစ်ကို
တော်လှန်ရေး ကောင်စီ က ဖျက်သိမ်းခဲ့ပါတယ်။ မာ့က်စ်ဝါဒကို ဥပဒေတွင်းဝါဒ
Legalism အဖြစ်
ခံယူရပ်တည်ခဲ့တဲ့ ‘မလညပ’ နဲ့ ဝိဓူရသခင် ချစ်မောင်ဟာ
ဥပဒေတွင်းဝါဒီအဖြစ်နဲ့ ဘဝကို နိဂုံးချုပ်ခဲ့ရပါတယ်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲရဲ့ အမာခံကျောရိုး အဖွဲ့အစည်းကြီး တခုအဖြစ်နဲ့ ပါဝင်ခဲ့တဲ့ ဗကပ ဟာလည်း ကိုယ်ထူး ကိုယ်ချွန် မရပ်တည်နိုင်ခဲ့မှုနှင့် တိုင်းရင်းသား အမျိုးသားများရဲ့ လမ်းခွဲမှု၊ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ လက်ဝဲ၊ လက်ျာလမ်း စဉ်အမှားများကြောင့် ဂျပန်ခေတ်ကလို ယူဂျီပါတီအဖြစ် ရပ်တည်နေရပါတယ်။
Theory
and Practise ကို အသုံးချရာမှာ ဝင်ကစွပ်လုပ်တာရော၊ ဖိနပ်နဲ့မတော်လို့ ဖနောင့်ကို လှီးတာရော၊ အားလုံးဟာ
အကျိုးမရှိကြောင်း၊ မြန်မာ့နိုင်ငံရေး ဘဝလက်တွေ့များက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ မာ့က်စ်ဝါဒဆိုတာ (Eclecticism) ‘လိုရာအသုံးချရေး ဝါဒ’ မဟုတ်ကြောင်း နားလည် သဘောပေါက်ကျင့်သုံးနိုင်မှ မျှော်လင့်တဲ့ အကျိုးရ လဒ်များ အကောင်အထည် ဖြစ်မှာပါ။ “Liberty, Equality and Justice” ဆိုတာ လောကပါလ တရားကြီးများပါ။ ကမ္ဘာ စောင့် တရားကြီးများပါ။ ပထဝီအကန့်အသတ်၊ လူမျိုးအကန့်အသတ်၊ ယဉ်ကျေးမှု အကန့်အသတ် မရှိပါဘူး။ လွတ်လပ် မှုဆိုတာ ဒီမိုကရေစီပါ။ လွတ်လပ်မှုမရှိရင် ကျန် လောကပါလ တရားကြီးများ မရှင်သန်နိုင်ပါဘူး။ အလားတူပါပဲ။ တန်းတူ မှုနဲ့ တရားမျှတမှု ကင်းမဲ့နေရင်လည်း လွတ်လပ်မှုဟာ မေးခွန်းကြီးတခု ဖြစ်နေပါလိမ့်မယ်။

အောင်သာ
(ပီသုံးလုံး)
(ပီသုံးလုံး)
(မာယာဘလောခ့်မှ
ကူးယူဖေါ်ပြပါတယ်)
No comments:
Post a Comment