နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ အပိုင်း(၂)
အဲဒီတော့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့နာမည်ဟာ ကျောင်းသားထောက်လှမ်းရေးအဖွဲ့က လူတွေက “ဟုတ်တယ်” လို့ ဝန်မခံမချင်း ရိုက်နှက် လိုင်းတင်ပေးထား လုပ်ထားခဲ့တဲ့ နာမည်မဟုတ်ဘူး၊ စတင်အဖမ်းခံခဲ့ရတဲ့ စိုးမင်းအောင် ပြော သွားခဲ့တဲ့ နာမည်လည်း မဟုတ်ပါဘူး။ နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့ အချိန်ကျမှ
“သူ လုပ်ထားတာပါ” လို့ “သူကိုယ်တိုင် ဝန်ခံထားတဲ့အတွက်” သူပေးထားခဲ့တဲ့ နာမည်။
မြန်မာစာ မြန်မာစကားတတ်သူတိုင်း “ရေလှိုင်း” ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကောင်းကောင်း နားလည်ပါလိမ့်မယ်။ “အင်နဲ့အားနဲ့ အလုံးအရင်းနဲ့ ရိုက်ခိုက်ဖြိုခွဲတတ်တဲ့သဘော”
ဘာကြောင့် “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့အမည်ကို နန်းအောင်ထွေးကြည် ပေးခဲ့ပါသလဲ။
“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့နာမည်ကိုလည်း ငါအသားအနာမခံနိုင်တော့လို့ ကြားဖူးနားဝရှိတဲ့ ပါးစပ်ထဲတွေ့ရာအမည်ကို ငါလျှောက်ပြောခဲ့တာပါ” လို့ အသားနာခဲ့ရတာကိုပဲလွဲချ နှစ်သိမ့်ပြောပြောလာရင် ကိုယ်ချင်းစာ နားလည်မှုအပြည့်နဲ့ လက်ခံပေးလိုက်ပါ့မယ်။
ဒါပေမဲ့ နောက်ထပ် မေးခွန်းတခုတော့ ထပ်မေးရပါလိမ့်မယ်။
“ဒါဆို မင်းပါးစပ်ထဲတွေ့ရာ လျှောက်ပေးခဲ့ လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ နာမည်နဲ့ရော အဓိပ္ပါယ်နဲ့ပါ တထပ် တည်း ထပ်တူကျအောင် ကိုက်ညီသွားခဲ့ရတဲ့အထိ အဖွဲ့ရဲ့သုံးပုံတပုံသောလူဦးရေ ဥက္ကဋ္ဌအပါအဝင် လူပေါင်းအယောက် တရာနီးပါးလောက် ဘာကြောင့် ရေလှိုင်းအသွင် အလုံးအရင်းနဲ့ကို ထောက်လှမ်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာပါလဲ”
ဒီမေးခွန်းကို “ရေလှိုင်းစစ်ဆင်ရေးက ငါလုပ်ထားတာ” ဆိုတဲ့ နန်းအောင်ထွေးကြည် ဘယ်လိုများ ဖြေမှာပါလဲ။
ပါးစပ်ထဲတွေ့ရာ လျှောက်ပြောခဲ့တာမှန်ရင် ပေးထားတဲ့ ခေါင်းစဉ်နဲ့ ထွက်လာတဲ့ရလဒ်တွေဟာ ကိုက်ညီနေဖို့မရှိပါဘူး။
တလွဲတချော်တွေ ကမောက်ကမတွေပဲ ဖြစ်နေကြရမှာပါ။
လက်တွေ့မှာ နန်းအောင်ထွေးကြည်လုပ်ခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ခေါင်းစဉ်နဲ့ ရဲဘော်ရဲမေတွေ တပုံတ ခေါင်းကြီး ရေလှိုင်းအသွင်နဲ့ကို ထောက်လှန်းရေးတွေ ဖြစ်သွားခဲ့ကြရတဲ့ အခြေအနေရလဒ်က ညီမျှခြင်းချကြည့်လို့ ရနေ ပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ အကျိုးရလဒ်တွေဟာ နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ အကြောင်းအရာခေါင်းစဉ်နဲ့အညီကို ဖြစ်ပျက်သွား ခဲ့ကြတာတွေပါ။
နန်းအောင်ထွေးကြည် ပါးစပ်ထဲက တွေ့ရာလျှောက်ပြောခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ အမည်နာမအ တိုင်း ဘာကြောင့် အရာအားလုံးဟာ အံဝင်ခွင်ကျ ဖြစ်ပျက်သွားခဲ့ကြရပါသလဲ။
“ရေလှိုင်းစစ်ဆင်ရေး” လို့ နန်းအောင်ထွေးကြည် ထုတ်ပြောလိုက်တာနဲ့ ….။
ရေလှိုင်းစစ်ဆင်ရေးဆိုတာ ဘာလဲ။
ဘယ်လိုပုံစံမျိုးလဲ။
ဘာတွေလုပ်ကြဖို့ အစီအစဉ်ရှိနေလဲ။
ဒီမေးခွန်းတွေကို နန်းအောင်ထွေးကြည် ဘယ်လိုဖြေခဲ့ပါသလဲ။
ကိုသံချောင်းကို သူရေးပေးလိုက်ပါတယ်ဆိုတဲ့ ဝတ္ထုဇာတ်ညွန်းက ဘယ်လိုပုံစံမျိုးလဲ။
“ရေလှိုင်းစစ်ဆင်ရေးဆိုတာ…..။ ဘယ်သူတွေလဲတော့ ကျမ မသိဘူး၊ ဒါပေမဲ့ စစ်ဆင်ရေးဆိုတော့ လူအတော်များများ တော့ ရှိနေလိမ့်မယ်။ ဒေသတခုစီမှာ လူတယောက်စီတော့ ရှိနိုင်တယ်၊ အဲဒီတယောက်စီမှာ အနည်းဆုံး သူ့အဆက် အသွယ် ငါးယောက်လောက်တော့ အကြမ်းဖျင်းရှိတယ်။ ကျမ အဆက်အသွယ်တွေကတော့ ကိုထွန်းအောင်ကျော်၊ ကို စိုးလင်း၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကေအိုင်အေဘက်မှာက မမညို၊ မမနှင်းမေတို့” လို့ သူပြောခဲ့၊ ဖြေခဲ့ပါသလား။ ဒါကြောင့် လူတယောက်ကို ဖမ်းမိတိုင်း နောက်ထပ်လူငါးယောက် နာမည်မရမချင်း ရိုက်စစ်ခဲ့ကြတာလား။
ဒါပေမဲ့ ကြောင် (ခ) ကိုကျော်နိုင်ဦး(သယာဝတီ) ပြောခဲ့တယ်။ သူကတော့ တယောက်မှဆွဲမထည့်ခဲ့ဘူးလို့ ဆိုပါတယ်။ ကိုညီညီကျော် ကတော့ ငါးယောက်အနည်းဆုံး ဆွဲထည့်ရတယ်လို့ ဆိုပါတယ်။ သူတို့ အချင်းချင်းကြားမှာကို ကွဲလွဲနေပါ တယ်။
နန်းအောင်ထွေးကြည် ပြောခဲ့ဖူးသလို “သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ် (ခ) သန်းထွန်းစိုးပါ” ဆိုပြီး အားလုံးကို ထွက်ပြေးသွားတဲ့ သန်းထွန်းစိုး အပေါ်ပဲ အကုန်လွဲချခဲ့တယ်။” ဆိုတဲ့ စကားအရ ထည့်ပေါင်းရရင် နန်းအောင်ထွေး ကြည် ဆွဲထည့်ခဲ့တာ ငါးယောက် မကပါ။ သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ်ပါလို့ဖြေခဲ့တယ်လည်းပြောတယ်။ သူတို့ ပေးထားတဲ့ ရာထူးအရ နောက်ထပ် (ဗိုလ်မှူးလား ဗိုလ်ကြီးလားတော့ ကျမ မသိ။ ဒါတွေက အခုချိန်မှ သူတို့ဘာသာ သူတို့ထုတ်ပြောလာလို့သာ ကျမတို့ ရဲဘော်ရဲမေ အများစုက သိခဲ့ရတဲ့အရာတွေ) အဆင့်ရှိတဲ့ ဥက္ကဋ္ဌ ကိုထွန်းအောင် ကျော် ကိုလည်း ငါပဲဆွဲထည့်ခဲ့တာ ပြောခဲ့ပြန်တယ်။
သူပြောတဲ့စကားအရဆို သူ့အထက်မှာ အရာရှိက နှစ်ယောက်တောင်ဖြစ်နေပြီး၊ သူက တော်တော်လေးအရေးပါခဲ့တဲ့ အ နေအထားမျိုးကနေ ထွက်ဆိုထားခဲ့တာကို တွေ့မြင်နိုင်သလို မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့စဉ်ကလည်း သူက အဓိကကျတဲ့ ဇာတ်ဆောင် မင်းသမီးတယောက်လည်း ဖြစ်ခဲ့ပါတယ်။
ကေအိုင်အေ အဆောင်မှာ ကျမ သူ့ကိုသွားတွေ့တုန်းက “ကိုယ်မလုပ်ပဲနဲ့ ဘာတွေလုပ်သလဲ မေးရင် ဘယ်လိုလုပ်ဖြေ မလဲ” ဆိုတဲ့ ကျမရဲ့မေးခွန်းကို နန်းအောင်ထွေးကြည် ဒီလိုဖြေခဲ့တယ်။
“အဲဒါက ငါတို့တယောက်နဲ့ တယောက်မတူဘူး။ လိုင်းတွေခွဲထားတယ်။
၁။ ရဲဘော်နဲ့ လူကြီးတွေကြား ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာက တလိုင်း (အပတ်စဉ် (၅) ဆန္ဒပြပွဲမှာ ဒီနည်း ကိုသုံးပြီး တိုက်ပိတ်ဦးဆောင်ခဲ့တယ်။ အဲဒီအပတ်စဉ် (၅) ဆန္ဒပြပွဲကိုပဲ ပြန်လည်အသုံးချဖြေထားခြင်း)၊
၂။ ဦးဆောင်တဲ့နေရာတွေ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ဘက်ကို ခေါ်သွားမှာက တလိုင်း၊ (အပတ်စဉ် (၅) ဆန္ဒပြပွဲက တဆင့် ကိုထွန်းအောင်ကျော် အပါအဝင် ရန်ကုန်၊ မန္တလေးက လူအတော်များများ ဗဟိုကော်မတီဖြစ်လာကြခြင်းကို ဆွဲ ထည့်ဖို့ ခိုင်လုံလောက်တဲ့အကြောင်းပြချက်အဖြစ်နဲ့ ပြန်လည်အသုံးချဖြေထားခြင်း၊ အသားအနာမခံနိုင်လို့ ရှာကြံဇာတ် လမ်းတွေ ရေးခဲ့ဖြေခဲ့ရပါတယ်ဆိုရင်တောင် ဒီလိုလိုင်းမျိုး ရေးဖို့ ဖြေဖို့ အမှန်တကယ် လိုအပ်ခဲ့ပါသလား။ ဘယ်လိုစိတ် ကူးမျိုးနဲ့ပါလိမ့်)
၃။ ဒါမှ မရရင် လက်နက်နဲ့ အာဏာသိမ်းမယ်။
၎။ နောက်ဆုံးမရတော့ရင် လူကြီးတွေကို အဆိပ်ခပ်သတ်မယ်။ (ဒီလိုင်းတွေကြောင့်ပဲ မရှိတဲ့အဆိပ်ကို ရှာကျန်ဖန်တီး ထုတ်ပေးခဲ့ကြတာတွေ ဖြစ်လာခဲ့တာပါ။)
ဒီဖြစ်ရပ်မှာ ဒီလိုင်းတွေချထားတာကိုက ထူးခြားမှု တခုပါ။ တင်ထားတဲ့ လိုင်းတွေအရကို အပတ်စဉ် (၅) ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တဲ့သူတွေရော အဲဒီကတဆင့် ဗဟိုကော်မတီ ဖြစ်လာကြတဲ့သူတွေကိုပါ ဦးဆောင်တဲ့နေရာရအောင်ယူပြီး ကိုယ်လိုချင်တဲ့လိုင်းရောက်အောင် ခေါ်သွားမယ့် ရန်သူ့လူတွေအဖြစ်နဲ့ ညွှန်းဆိုဖြေထားတဲ့သဘောကို တွေ့ရပါတယ်။
လက်နက်နဲ့ အာဏာသိမ်းမယ့်သူတွေအဖြစ် ညွှန်းဆိုအဖြေခံခဲ့ရတဲ့ သူတွေကတော့ ဘယ်လိုမှ ရှာကြံထုတ်ပေးလို့ မရ တဲ့အရာဖြစ်လို့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ရတဲ့ ကိုကျော်ဝေ၊ ကိုကျော်ဌေး၊ အောင်ဖိုး တို့လို လူတွေဖြစ်ဖို့ အလားအ လာရှိနေပြီး အဆိပ်ခပ်သတ်မယ့် သူတွေကတော့ သူတို့ကိုယ်တိုင် ပြောခဲ့ရေးခဲ့ကြသလို ဓါတ်ခဲအဟောင်းတွေထဲက အ မှုန့်တွေထုတ်ပေးတာမျိုး၊ ပန်းချီဆွဲတဲ့ မင်ပုလင်းထုတ်ပေးလိုက်တာမျိုးတွေ လုပ်နိုင်လို့ သက်သာရာရသွား ခဲ့ကြတယ် ထင်ပါတယ်။
ဒီလိုင်းတွေကို ကျောင်းသားထောက်လှမ်းရေးဘက်က လူတွေ လုပ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်သာ လက်နက်တွေ၊ ဆက်သွယ်ရေးစက်တွေ၊ အဆိပ်တွေ မရမချင်း ထုတ်မပေးမချင်း နန်းအောင်ထွေကြည် ပြောခဲ့သလိုဆို ရိုးရိုး ရိုက်နှက် စစ်တာမျိုးတောင်မဟုတ် မိုင်ကပ်၊ လက်ဖြတ်၊ ခြေဖြတ် ရက်စက်တဲ့နည်းပေါင်းစုံကိုသုံးပြီး ရိုက်နှက် စစ်မေးမြန်းနေခဲ့ကြ တယ် ဆိုတာတွေက ထင်ရှားနေပါတယ်။
ဒါတွေတက်လာတဲ့အချိန် နန်းအောင်ထွေးကြည် ပြောခဲ့တဲ့ ဒီလိုင်းတွေခွဲထားခဲ့တာနဲ့ ပတ်သက်ပြီး ကျမ သူ့ကိုထပ်မေး တဲ့အခါ သူမဖြေတော့ဘဲ စကားလမ်းကြောင်းလွဲခဲ့တယ်။ ဘာကြောင့် သူရိုးသားပွင့်လင်းမှု မရှိခဲ့ပါသလဲ။ ဒီကိစ္စကို အ မှန်အတိုင်းဖြစ်အောင် ဖော်ထုတ်မယ်ဆိုတဲ့သူမှာ ဖုံးကွယ်ထိမ်ချန်ထားစရာ ဘာအကြောင်းတွေများ ရှိနေပါသေးသလဲ။
“ငါမင်းကို ပြောခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ” ဆိုတဲ့စကားအရ ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့ နာမည်ကို ထည့်မပြောဘဲ ကျမကို သူပြောခဲ့တဲ့ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည်ပဲ လုပ်ထား ဖော်ထားခဲ့ခြင်း ဖြစ်ပါ တယ်။
ကျောင်းသားထောက်လှမ်းရေးဘက်က ချပေးပြီး ဝန်မခံမချင်း ရိုက်နှက် စစ်ဆေးထားတဲ့လိုင်းတွေ မဟုတ်ဘူးဆိုတာ ပိုပြီး ရှင်းသွားပါတယ်။
“ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ အမည်နာမနဲ့အတူ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည် ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ဖော်ခဲ့ လုပ်ခဲ့ရတာပါလဲ။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
(Tamar Khin .. facebook)
No comments:
Post a Comment