Wednesday, March 27, 2013

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)

(၁)

မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …

ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုးမလာကြတဲ့ ‘မ’ တထောင်သားတွေကြောင့် မိအေးနှစ်ခါမက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု
ဖြိုခွဲခံခဲ့ရတယ်ဆိုတာ ကျောင်းသားတပ်မတော်အနေနဲ့ရော တော်လှန်ရေးအတွက်ပါ ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေအတွက်တော့ သားသမီးရတနာများအား တူညီသော ဆုံးရှုံး မှု၊ ဒီအဖြစ်အပျက်တွေမှာ အတွင်းကျကျအနေအထားမျိုးနဲ့ သိရှိပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေး မြန်းခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့ အရိုးရှင်းဆုံးအနေအထားကနေ အစအဆုံး ကြုံတွေ့ ခဲ့ရတဲ့ သာမန် ရဲမေတယောက်အနေနဲ့ ကျမရဲ့အမြင်ကို ပြောပြခွင့်ရှိမယ်ထင်ပါတယ်၊ မပြောခင်မှာ ကျမရဲ့ နောက်ခံ သ မိုင်းကြောင်းကို သိချင်တဲ့သူတွေ ရှိနေနိုင်ပါတယ်။

အမေပေးထားတဲ့ ကျမရဲ့နာမည်က ခင်ရွေလှိုင်၊ ဖြတ်သန်းခဲ့တဲ့တလျှောက် အခုချိန်ထိ ဒီနာမည်နဲ့ပဲနေပါတယ်။ မမွေးခင် ကတည်းက “လူထု” ဆိုတဲ့ စကားလုံးက ကျမနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီ စကားလုံးလေးကို ကျမအဖေ မြတ်နိုးလွန်းလို့ လူထု ဦးလှနဲ့ဒေါ်အမာတို့ဆီက ခွင့်ပြုချက်တောင်းပြီး မိသားစုနာမည်အဖြစ် အသုံးပြုခဲ့တာမို့ မန္တလေး၊ နန်းရှေ့၊ လူထုမိ သားစုကလို့ သိလိုရင် မေးကြည့်နိုင်ပါတယ်။

၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ မန္တလေးတက္ကသိုလ် (ပင်မ) မှာ ပူးပေါင်းပါဝင်ချီတက် ဆန္ဒပြခဲ့ တယ်၊ အာဏာသိမ်းပြီးတဲ့နောက် “အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်းပုဒ်အောက်မှာ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊ ဒီမိုကရက်တစ် ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါစတာ) တို့နဲ့ လက်တွဲပြီး အဖွဲ့ရဲ့လှုပ်ရှားမှု။ ဗကသ လှုပ်ရှားမှု။ ယူဂျီလုပ်ငန်းတချို့မှာ ပါဝင်ဆောင်ရွက်ခဲ့တယ်။ တောထဲမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းက ရဲဘော်တွေ။ မြောက်ပိုင်းကချင် ကျောင်း သားတပ်မတော်က ရဲဘော် ရဲမေတွေကို မေးကြည့်နိုင်ပါတယ်။

ကေအိုင်အေ အပစ်အခတ်ရပ်ဆဲပြီးနောက် (၁၉၉၆ ၉၇) မှာ ကျမ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်ကလာ ခေါ်တဲ့အတွက် မြောက်ပိုင်းမှာ လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက်အရ အမှောင်ပြန်ဝင်ခဲ့ တယ်။ အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့တွေ့ခဲ့တယ်၊ “မင်းမှာလည်း တာဝန်ရှိတယ် ဘာလို့မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင်လာနေကြည့်မှပဲ သိနိုင်မယ်” လို့ ဖြေခဲ့တယ်။

“မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့အပေါ် “အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေးမပေးနိုင်ဘူး” လို့ဖြေခဲ့တယ်၊ သိချင်လို့ မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့ ဖြေခဲ့တယ်။

၁၉၉၈ မှာ အိန္ဒိယ (မဏီပူကန့်) ကို ရောက်တယ် ( လူလိမ္မာ အခါခါမိုက်)၊ အေဘီ (အနောက်ပိုင်း) တာဝန်ရှိသူက ရဲမေ လုပ်မလား အိမ်ထောင်သည်လုပ်မလား မေးခဲ့တဲ့အပေါ် အထဲကိုပြန်ဝင်ခဲ့တဲ့သူတယောက်အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်၊ နောက်ပိုင်းမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ။ ထိုင်းနယ်စပ် လက်ရှိကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ ဒုက္ခသည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့ ကလေးတွေကို မေးနိုင်ပါတယ်။

၂၀၁၀ လက်ရှိမှာ ကျမသမီးရဲ့ ပညာရေးနဲ့အနာဂတ်အတွက် သြစတေးရီးယားကို ရောက်တယ်၊ ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI မန္တလေး၊ အသတ်ခံရ) ကိုအောင်နိုင်(MC မန္တလေး၊ လက်ရှိချင်းမိုင်) ကိုစိုးလင်း (RIT မန္တလေး၊ တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ လက်တွဲလုပ်လာခဲ့သူတယောက်ဖြစ်သလို သူတို့ (၃) ယောက် ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကိုသွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေးခဲ့ကြတာပါ။ တောထဲကိုလာခဲ့တုန်းက တယောက်တည်းပါ။ ဘယ်အ ဖော်မှ မပါပါဘူး။ တောထဲရောက်မှ ကိုသံချောင်း (မြစ်ကြီးနားတက္ကသိုလ် မိုးညှင်း မိုဟန်)။ ကိုမျိုးဝင်း(RIT မိုးညှင်း၊နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ စုံတွေ့ခဲ့တယ်။

ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ။ လုပ်တဲ့သူတွေဘက်ကလည်း ဒီလူတွေအားလုံးဟာ ရန်သူ့သူလျှိုတွေပါလို့ စွပ်စွဲခဲ့သလို သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေရှိတယ်။ တချိန်ချိန်မှာ ဒီအတွက် ကြိုးစင်တက်ရမယ်ဆိုရင်လည်း ကြိုးစင်တက်မယ်လို့ ပြောခဲ့ကြတယ်။

ခံရသူတွေဘက်ကလည်း ငါ့တို့အားလုံးဟာ တယောက်မှ ရန်သူ့သူလျှိုမဟုတ်ဘူး မတရားလုပ်တာခံခဲ့ကြရတဲ့ ကျောင်း သား အစစ်အမှန်တွေပါလို့ ပြောခဲ့ကြတယ်။

ကျမကတော့ နှစ်ခုစလုံးကို လက်မခံချင်တဲ့သူ။ ၅၀၀ လောက်ရှိတဲ့တပ်ကိုဖြိုဖို့ ရန်သူ့သူလျှို ၅ ယောက်တောင်မလိုသလို  ရန်သူ့လူ အမှန်တကယ် မပါခဲ့ရင် ဒါတွေလည်းဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျမ ယူဆတယ်။ ရန်သူ့သူလျှို တ ယောက်မှမပါဘဲ သူတို့အချင်းချင်း တောထဲမှာ အာဏာလုခဲ့ကြတာပါဆိုတဲ့ ပုံပြင်က ရိုးစင်းလွန်းအားကြီးပါတယ်။ အာ ဏာလုတာမှန်ရင် အမျိုးသမီးရဲမေတွေနဲ့ အောက်ခြေက ရဲဘော်တွေအများကြီးကို ဖမ်းစရာအကြောင်း မရှိပါဘူး။

သေချာတာကတော့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ ကိုယ့်လူကိုယ်ပြန်စားနည်း (ရန်သူ့သူလျှိုကို ထွက်ပေါက်အသင့်ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ ဆင်ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ။

အစီစဉ်ရှိရှိလုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ်အသင့်နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွန်ပြနေပါ တယ်။

မြောက်ပိုင်းရဲ့ နိဒါန်းအစ

မြောက်ပိုင်းဟာ ရှစ်လေးလုံးနောက်ပိုင်း တက်လာခဲ့တဲ့ ဗန်းမော်အုပ်စု၊ မြစ်ကြီးနားအုပ်စု၊ မိုးကောင်းအုပ်စု၊ မိုးညှင်းအုပ်စု ကော်လင်းဝန်သို၊ စစ်ကိုင်းအုပ်စု စတဲ့ ဒေသခံကျောင်းသားတွေစုဆုံရင်း ဖြစ်တည်လာတဲ့ အဖွဲ့အစည်းတခုပါ။ အုပ်စု တွေကို ဦးဆောင်လာခဲ့ကြသူတွေကတော့ ထုံးစံအတိုင်း ကျောင်းသားအရွယ်ကို ကျော်လွန်နေပြီဖြစ်တဲ့ လုပ်ငန်းခွင်ပိုင်း က လူကြီးတွေပါပဲ။ အုပ်စုတစုစီမှာကို ဦးဆောင်လာတဲ့လူကြီးတွေကြား ပုံသ္ဂန်ချင်းလည်းမတူ အမြင်ချင်းလည်းမတူ ကွဲ ပြာခြားနားမှုတွေ ရှိခဲ့ကြတဲ့အတွက် အုပ်စုတစုစီအတွင်းမှာရော  အုပ်စုလိုက်အနေနဲ့ရော နေရာလုပွဲတွေ ရှိခဲ့ကြတယ်။ ယူဂျီလမ်းကြောင်း ပွင့်ပြီးတဲ့နောက် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မုံရွာ၊ ရေကျပ်ဘို ကျောင်းသားတွေ တဖြေးဖြေး ၀င်ရောက် လာခဲ့ကြတယ်။

ဒေသခံကျောင်းသားဦးရေ တော်တော်များများပါဝင်တဲ့ စစ်သင်တန်းအပတ်စဉ် (၄) အထိ ပြဿနာအကြီးကြီးမားမား မ ရှိခဲ့ပေမဲ့ နန်းအောင်ထွေးကြည်နဲ့ အတူတူလာခဲ့တဲ့ တိုက်ပိတ် (ဒေါ်အောင်ဆန်းဆုကြည် ခြံထဲမှာ အမြဲလာရှုပ်ပြီး၊ ဖွဖွနေ လို့ ခြံလုံခြုံရေးတာဝန်ကျသူတွေက မသင်္ကာဖြစ်ပြီး ခြံထဲက တိုက်ပျက်ထဲကို ခေါ်စစ်ရာက တွင်ခဲ့တဲ့နာမည်) နာမည်အ ရင်းက သန်းထွန်းစိုး (မြောက်ပိုင်းမှာ သူတို့ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဒေါ်အောင်ဆန်းဆုကြည်ထံ သွားပေးခဲ့လို့ ဒေါ် အောင်ဆန်းဆုကြည် တောတွင်းဆက်သွယ်မှုနဲ့ ပထမဆုံးစွပ်စွဲခံခဲ့ရသလို၊ မြောက်ပိုင်းရဲ့ တောတွင်းဓါတ်ပုံတွေကို မျက် ခင်းသစ်မှာ ဖော်ပြနိုင်အောင် ပထမဆုံး ဖန်တီးပေးခဲ့သူ။ ကိုသံချောင်းနဲ့ ရဲဘော်တွေ တိုက်ပွဲဝင်ရင်း အဖမ်းခံရစဉ်က အ စိုးရဘက်တော်သားလုပ်ခဲ့သူ) နဲ့ သူခေါ်လာခဲ့တဲ့ ရန်ကုန်၊ ပဲခူး၊ မြို့ပြကျောင်းသားတွေ အတော်များများပါဝင်ခဲ့တဲ့ စစ် သင်တန်းအပတ်စဉ် (၅) မှာမှ သင်တန်းသားတွေကြား အုပ်ချုပ်သူတွေအပေါ် ဆူပူမှုတွေ မကျေနပ်မှုတွေ စတင်ဖြစ်ပွား လာခဲ့တယ်။ ရဲဘော်ရဲမေတွေ အားလုံးကို ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ ရွေးကောက်ပွဲတွေ ပြန်လုပ်ခဲ့ ကြတယ်။

အဲဒီရွေးကောက်ပွဲကနေ ရန်ကုန် မန္တလေးက ကျောင်းသားတွေ အတော်များများ နေရာရလာကြတယ်။ ရွေးကောက်ပွဲပြီး မှ ကိုထွန်းအောင်ကျော်။ ကိုအောင်နိုင်။ ကိုစိုးလင်းတို့ နောင်ရာပါမှာ စစ်သင်တန်း အပတ်စဉ် (၆) ကို တက်ခဲ့ကြတယ်၊ ကျမ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းကနေ မြောက်ပိုင်းကချင်ကို ရောက်လာချိန်မှာ အပတ်စဉ် (၆) သင်တန်းပြီး ခါနီးချိန်ဖြစ်လို့ နောင်ရာပါမှာလုပ်တဲ့ ကိုထွန်းအောင်ကျော်တို့ရဲ့ သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တယ်။ စစ်သင်တန်း ဆင်းပြီးချိန်၊ ရှေ့တန်းစခန်းအသီးသီးက ရဲဘော်ရဲမေတွေ တဖွဲဖွဲပြန်ရောက်လာကြပြီးနောက် ရွေးကောက်ခံရသူ ဗဟို ကော်မတီဝင်အချင်းချင်း ပြန်လည်ရွေးချယ် နေရာချထားခြင်းအားဖြင့် (၁၉၉၀ ၁၉၉၁) ကျောင်းသားတပ်မတော် (မြန်မာ ပြည်မြောက်ပိုင်း) ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ ဒါကို စစ်ရုံးမှာ မှတ်တမ်းလိုက်ယူခဲ့ရတဲ့ထဲမှာ ကျမ ကိုယ်တိုင်ပါခဲ့တဲ့အ တွက် အဲဒီအချိန်ထိ သူတို့ကြားမှာ ပြဿနာတစုံတရာမရှိ အားလုံးပျော်ပျော်ရွင်ရွင် တက်တက်ကြွကြွ ကျေကျေနပ်နပ်ပဲ ပြောဆို ဆွေးနွေးခဲ့ကြတာကို ကျမ တွေ့မြင်ခဲ့ရသလို၊ အဲဒီအချိန်တုန်းကပါဝင်ခဲ့တဲ့ ဗဟိုကော်မတီတွေ ကိုယ်တိုင်လည်း သိပါလိမ့်မယ်။

ရဲဘော်ရဲမေတွေ အနေအထား

“တော်လှန်ရေး” ဆိုတဲ့ စကားလုံးလေးက သုံးလုံးလေးပဲရှိပါတယ်။ ဒါပေမဲ့ တဆင့်ပြီးတဆင့် စာမေးပွဲစစ်သလို အမျိုးမျိုး သော စစ်ဆေးစမ်းသပ်စိန်ခေါ်ဆွဲဆောင်မှုတွေကို မကျော်ဖြတ်နိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားပါလို့ ဘယ် သူမှ မပြောရဲအောင် သူ့ပင်ကိုယ်သဘာဝအရကို အစွမ်းသတ္တိရှိနေပြီးသား စကားလုံးလေးပါ။

“တောခိုတယ်” ဆိုတဲ့ စကားလုံးလေးကလည်း သုံးလုံးပဲရှိသလို တောင်တက်တယ်ဆိုတဲ့ စကားလုံးလေးကလည်း သုံး လုံးလေး ပါပဲ၊ ဒါပေမဲ့ မြို့ပြကလာခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဒီစကားလေးသုံးလုံး နောက်ကွယ်က စစ်ဆေး စမ်းသပ်စိန်ခေါ်မှု အမျိုးမျိုး အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရတာပါ။

မြောက်ပိုင်းမှာ မြို့ပြကလာတဲ့ ရဲဘော်ရဲမေအများစုဟာ ကိုယ့်ရဲ့ခံနိုင်ရည်နဲ့ ပါလာတဲ့အရည်အချင်းလေးတွေအရ စစ်ရုံး။ ကော်မတီရုံး၊ ဆေးတပ်၊ စက်တပ်နဲ့ နောက်ပိုင်းထောက်ပံ့ရေး၊ ၀ါဒဖြန့်ချိရေး လုပ်ငန်းတွေ၊ စခန်းရုံး၊ ဂိတ်စောင့် ကင်း စောင့်၊ အဆောက်အဦဆောက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ အနည်းစုလောက်သာ ရှေ့တန်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတယ်။

ဒေသခံကျောင်းသား အများစုကတော့ သူတို့ရဲ့ ခံနိုင်ရည်နဲ့ နယ်မြေကျွမ်းကျင်မှု၊ တောတောင်တွေနဲ့ရင်းနှီးပြီး လုပ်တတ် ကိုင်တတ် ရှာဖွေစားသောက်တတ်ပြီးသားအပေါ် မူတည်ပြီး ရှေ့တန်းထွက်တိုက်ခိုက်တဲ့ ရဲဘော်တွေ ဖြစ်လာတယ်။ အဲဒီ ရဲဘော်တွေကြားမှာမှ တိုက်ရဲခိုက်ရဲရှိပြီး အမြဲလျှင်မြန်ဖြတ်လတ်တက်ကြွနေတဲ့ ရဲဘော်တွေက ကွန်မန်ဒိုရဲဘော်တွေ ဖြစ် လာတယ်။

ကျမဟာ နောက်တန်းရုံးတွေမှာ လုပ်ကိုင်နေတဲ့ရဲဘော်တွေကြားမှာ ကျင်လည်နေထိုင်ခဲ့သူတဦးဖြစ်သလို ဒီ ရဲဘော်တွေ နဲ့အတူ ရှေ့တန်းလည်း ထွက်ခဲ့ဖူးသူတဦးဖြစ်လို့ ရှေ့တန်းမှာ သူတို့အောက်က ရဲဘော်ရဲမေ အငယ်တွေကို ရန်သူကို တိုက်နေရင်း တဘက်နဲ့ သူတို့ဘယ်လို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတယ်ဆိုတာကိုလည်း ကိုယ်တိုင် ခံစားဖူးခဲ့ပါ တယ်။

ဒေသခံ ကျောင်းသားတွေက ရန်ကုန်၊ မန္တလေးကျောင်းသားတွေကို ငပျင်းတွေလို့ မြင်တယ်။ ရန်ကုန်၊ မန္တလေးကျောင်း သားတွေကလည်း သေရင်တောင် လေတော့မလျော့ထဲကဆိုတော့ “မင်းတို့ ၀ါးအလုံးတရာကို တနာရီ ခုတ်နိုင်ရင် ငါတို့ နှစ်နာရီ သုံးနာရီ ခုတ်လို့ရပေမဲ့ ငါတို့ရေးတဲ့ စာတကြောင်းကို မင်းတို့ တနှစ်လည်းမရေးနိုင်ဘူး၊ နှစ်နှစ်လည်း မရေးနိုင် ဘူးလို့ ဆိုတတ်တယ်။ အဲဒီလို စကားလေးတွေ အောက်ခြေကရဲဘော်တွေကြား တခါတလေ အငြင်းအခုန်ရှိကြတာက လွဲလို့ သူအလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် ရှိနေကြတာမို့ ရဲဘော်ရဲမေတွေ ကြားမှာလည်း ပြဿနာရယ်လို့ ကြီးကြီး ကျယ်ကျယ် လက်ညှိုးထိုးပြစရာ မရှိခဲ့သလို တွေ့လည်းမတွေ့မိခဲ့ဘူး။

ဦးဆောင်သူများနဲ့ ရဲဘော်ရဲမေတွေ အခြေအနေ

သေချာတာကတော့ မြောက်ပိုင်းက ရဲဘော်ရဲမေတွေကို အပြန်အလှန်နားလည်မှုနဲ့ အထက်အောက် အမိန့်နာခံတတ်သူ တွေ ဖြစ်လာအောင် စည်းကမ်းချက်တွေ တမျိုးပြီးတမျိုး ပြဋ္ဌာန်းပြီး ပုံသွင်းယူနိုင်ခဲ့ကြတယ်။ ရှေ့တန်းမှာလည်း ရှေ့တန်း အလျှောက် နောက်တန်းမှာလည်း နောက်တန်းအလျှောက် စနေ၊ တနင်္ဂနွေကလွဲရင် မနက် (၆) နာရီ အလံတင်ချိန် က စပြီး ညနေ (၄) နာရီ အလံချချိန်ထိ အားလုံးဟာ ယူနီဖောင်းကိုယ်စီ တာဝန်ကိုယ်စီ အလုပ်ကိုယ်စီ (အနည်းဆုံး မြေ ပေါက် မြေညှိ၊ ၀ါးခုတ်၊ တိုင်ခုတ်၊ ထင်းဖြတ်၊ ထမ်းကြသယ်ကြ၊ အဆောက်အဦတွေဆောက်၊ ရိက္ခာရှာ) တွေနဲ့ပါ။

ဦးဆောင်တဲ့သူတွေဟာ အပြောသမားသက်သက် အခွင့်အရေးခံစားနေသူတွေသက်သက် အာဏာရူးနေတဲ့လူတွေသက် သက် ဖြစ်နေလို့ကတော့ ဘယ်လိုနည်းနဲ့မှ ဒီလိုပုံစံတကျ ဖြစ်အောင် မဖော်နိုင်ပါဘူး။ သူတို့ပြောတဲ့အတိုင်း သူတို့ကိုယ် တိုင်လည်း လုပ်ခဲ့တဲ့သူတွေဖြစ်လို့ ရဲဘော်ရဲမေတွေ အားလုံးကလည်း သူတို့နဲ့အတူ လိုက်ပါခဲ့ကြတာပါ။ ဒီခေါင်းဆောင် တွေ သူတို့ရဲ့ ရဲဘော်ရဲမေတွေအပေါ် ဘယ်လိုသဘောထားခဲ့ ဆက်ဆံခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်သိမြင် ခံစားခဲ့ဖူး သလို ဗဟိုကော်မတီ ၀င်တွေဖြစ်တဲ့ ကိုညီညီကျော်၊ ကိုရဲလင်းတို့ကအစ အဖမ်းခံရတဲ့ထဲမှာပါဝင်ခဲ့တဲ့ အောက်ခြေ ရဲ ဘော် ရဲမေတွေအဆုံး ဒီအဖြစ်အပျက်တွေ မဖြစ်သေးခင်ထိ ဒီခေါင်းဆောင်တွေ သူတို့ရဲ့ရဲဘော်ရဲမေတွေဖြစ်တဲ့ သူတို့ တွေအပေါ် ဘယ်လိုသဘောထားခဲ့ကြတယ်၊ ဘယ်လိုတွေ ဆက်ဆံခဲ့ကြတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း သိနား လည်နေကြလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်။ ဘိုဘို၊ ကျော်ခိုင်ဝင်း၊ ၀ဏ္ဏဇော်၊ နန်းစော၊ အီးတီ၊ ထက်ထက်၊ အန်း၊ သင်း သင်း တို့ဆိုတာ လူကြီးတွေအားလုံးက သာမက ရဲဘော်ရဲမေတွေအားလုံးကပါ ၀ိုင်းချစ်တာကို ခံခဲ့ရတဲ့ ရဲဘော်ရဲမေ အ ငယ်တွေပါ။

၁၃ နှစ်ကျော်အရွယ်နဲ့ တောထဲရောက်လာခဲ့တဲ့ သင်းသင်းကို ရွှေလီနယ်စပ်မှာကတည်းက သေချာစဉ်းစားအုံး ဒီနေရာ ကနေ လှည့်ပြန်လို့ရသေးတယ်။ တောထဲရောက်မှ ပြန်လို့မရတော့ဘူးလို့ အတန်တန် သတိပေးခဲ့တဲ့ကြားက ဆုံးဖြတ်ပြီး ပြီ သွားမယ်ဆိုလို့ နောက်တန်းဗဟိုကို ရောက်လာခဲ့တဲ့ သင်းသင်း။ ရေခဲတဲ့အထိ ခိုက်ခိုက်တုန်အောင် ချမ်းအေးတဲ့ ရာ သီဥတုအောက်မှာ အနွေးထည်ဖားဖားကြီးကြီးကို လက်ဖျားတွေဖုံးအောင် အတင်းစွဲဝတ်ထားရင်း နှာရည်တွေတရှုပ်ရှုပ် တငိုငိုတရီရီနဲ့ ပြန်ချင်တယ်ပြောလာတာကိုကြည့်ပြီး ဒီလိုအရွယ်ကလေးတွေ ဒီလိုတောထဲ ရောက်လာခဲ့ရတာကို သူ တော်တော် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း မြောက်ပိုင်းကို ကျမ စရောက်လာတဲ့အချိန်က ပြောပြခဲ့သူက ကိုမျိုးဝင်းပါ။

လုပ်တဲ့သူနဲ့ ခံရသူ နာကျည်းချက်တွေနဲ့ “ကိုတောင် တတ်မခေါ်နိုင်ကြတော့တဲ့အဖြစ်၊ စိတ်မကောင်းပါဘူး၊ ဒါတွေကို အ ကြားနဲ့ နားထောင်ရသူတွေအတွက်တော့ ကျမတို့ငယ်ငယ်က သတင်းစာတွေထဲမှာ လူတွေကို ရက်ရက်စက်စက် ဘက် နက်နဲ့ ထိုးသတ်နေတဲ့ ဗိုလ်မြဆိုပြီး ပုံနဲ့တကွ သူပုန်တွေ ရွာတွေကိုမီးရှို့တာတွေ၊ လူသတ်တာတွေ၊ မုဒိန်းကျင့်တာတွေ သတင်းစာတွေထဲမှာ လူကြီးတွေပြောတာ တွေ့ရကြားရတာနဲ့ “သူပုန်ဆိုတာ မမြင်ဖူးပဲနဲ့တောင် ကျမတို့အတွေးနဲ့ ကြောက်နေခဲ့ကြသလို ဖြစ်နေကြမှာပါ။

ကိုယ့်ကိုအုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က လူတွေကိုအစုလိုက်အပုံလိုက် သေနတ်နဲ့ပစ်သတ်။ အသက်ရှူကြပ်ပြီး မွန်း သေကြတဲ့အထိ အချုပ်ကားတွေထဲ အတင်းတွန်းသိပ်ထည့်။ မသေမရှင်ကော သေပြီးသားတွေရော စစ်ကားကြီးတွေပေါ် အကုန်ကောက်တင်၊ ထောင်မရောက် တောမရောက် သဂြုင်္ိစက်မရောက် ပျောက်တဲ့သူတွေကပျောက်၊ မီးသဂြုင်္ိလ်စက် ကနေ မီးခိုးတွေ တလူလူ အဆက်မပြတ်ထွက်လာခဲ့ချိန်က ကျမတို့တတွေ “သူပုန်” ဆိုတာကိုတောင် ကြောက်ရကောင်း မှန်း မသိကြတော့ဘဲ ကိုယ်တိုင် “သူပုန်” တွေ ဖြစ်ခဲ့ရတယ်။ လောကကြီးကပဲ ဆန်းကြယ်နေသလား။ လူတွေကပဲ ဖန် တီးယူခဲ့ကြသလား မစဉ်းစားနိုင်သေးပါဘူး။

ရက်စက်ကြမ်းကြုပ်တဲ့ လူသတ်သမားလို့ အစိုးရက၀ါဒဖြန့်နေတဲ့ ဗိုလ်ချုပ်ကြီးစောဗိုလ်မြကို တောထဲမှာလည်းတွေ့ရော ကလိမ်ကကျစ်မရှိ ရိုးရိုးနဲ့ရှင်းရှင်း ဗြောင်ပြောတတ်လုပ်တတ်သလို ကျောင်းသားတွေအပေါ်မှာ သားသမီးနဲ့မခြား သ ဘောထားဆက်ဆံတာတွေ တွေ့ရတော့ ကျောင်းသားတွေကပဲ နာမည်ပြန်မှည့် ပေးခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ အ ချစ်တော် အောင်ထွန်းလေး (ကလေးသရုပ်ဆောင်) တဲ့၊ ဖြစ်တတ်တဲ့သဘောလေးကို သတိရမိလို့ပါ။

ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်ဟာ ဦးဆောင်သူတွေနဲ့ ရဲဘော်ရဲမေတွေအားလုံး စည်းစည်းရုံးရုံးပျော်ပျော်ရွင်ရွင်နဲ့ အရာအားလုံးဟာ တက်ကြွပြီး အားမာန်အပြည့်ဖြစ်နေကြတဲ့ အချိန်ပါ။ ဥက္ကဋ္ဌ ထွန်းအောင်ကျော်က နောက်တန်းဗဟိုနဲ့ မဟာမိတ်ဆက်ဆံရေးကို တာဝန်ယူထားတယ်။ ရဲဘော်သံချောင်း၊ ရဲဘော်အောင်နိုင် ဦးဆောင်ပြီး စည်းရုံးရေးစစ် ကြောင်းအနေနဲ့ ဗန်းမော်ရင်းတ၀ိုက်က ရွာတွေမှာ တရွာပြီးတရွာ လယ်ကွင်းတွေ တကွင်းပြီးတကွင်း ရွာသားတွေကို စပါးတွေကူရိတ်ပေးတဲ့ ရဲဘော် ရဲမေတွေက ရိတ်ပေးကြ၊ ဆေးကုပေးတဲ့ သူတွေက ကုပေး၊ ၀ါဒဖြန့်ချိရေးအဖွဲ့က ရဲဘော် ရဲမေတွေကလည်း ကျောင်းသားတပ်မတော်သီချင်းတွေ သီကုံးရေးသားစပ်ဆိုရင်း တခွေပြီးတခွေ တရုတ်ပြည် ‘ရင်ကြမ်း’ မှာ ထုတ်နိုင်ခဲ့ကြသလို ကျောင်းသားတပ်မတော်သီချင်းတွေ တပုဒ်ပြီးတပုဒ် သီဆိုဖျော်ဖြေပေးကြနဲ့ ရွာသားတွေကော ကလေးတွေပါ ပါဝင်ခဲ့တဲ့ ရဲဘော်ရဲမေတွေနဲ့အတူ ကျေနပ်ပျော်ရွင်နေကြတဲ့ အချိန်ကာလလေးပါ။ ခရိုင်မှူးတွေနဲ့ ရဲဘော် ရဲမေတချို့ ရွာသားတွေရဲ့ လယ်အလုပ်ကို တဘက်ကကူရင်း ရွာသားတွေကြားမှာ မြှုပ်နှံနေထိုင်ရင်းနဲ့ စည်းရုံးရေး လုပ် ငန်းတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တဲ့အတွက် ဗန်းမော်ခရိုင်ရဲ့တချို့ရွာတွေမှာ ပြည်သူ့စစ်တောင် ဖွဲ့ နိုင်ခဲ့ကြပါတယ်။

ဒုစစ်ဦးစီးချုပ် (VCS) ရဲဘော်မျိုးဝင်း ဦးဆောင်ပြီး မိုးညှင်း ရင်း (၅) ဘက်မှာ ရဲဘော်တွေနဲ့ စစ်ကြောင်းတကြောင်း၊ စစ်ဦး စီးချုပ် (CS) ရဲဘော်သံချောင်း ဦးဆောင်ပြီး ဗန်းမော်ရင်းဘက်မှာ ရဲဘော်ရဲမေတွေနဲ့အတူ စစ်ကြောင်းတကြောင်း၊ စစ် ကြောင်းနှစ်ကြောင်း အပြိုင်ထွက်ပြီး “မင်းတို့ သေနတ် ဘယ်နှစ်လက်ရပြီလဲ ငါတို့ဘယ် နှစ်လက်ရပြီ” နဲ့ စကားပြောစက် ကတဆင့် တဘက်ကိုတဘက် မခံချင်အောင်ပြောရင်း အပြိုင်အဆိုင် တိုက်နေကြတဲ့အချိန်။ ရန်သူ့ဘက်က စစ်ဗိုလ် တ ယောက်ကျဆုံးပြီး (ကျန်ရစ်ခဲ့တဲ့ အဲဒီစစ်ဗိုလ်ရဲ့ ကျောပိုးအိတ်ထဲက ရွှေတိဂုံဘုရားပုံ၊ မိဘနှစ်ပါးပုံ၊ ချစ်သူပုံနဲ့ သိမ်းထား တဲ့ စာလေးတွေ ကျမတို့ ရဲမေတစု ဖတ်ကြည့်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ စစ်ရဲ့ခါးသီးမှုနဲ့ စစ်အစိုးရကို ပိုပြီး အော့နှလုံးနာမိ ပါသေးတယ်) ရန်သူ့တပ်သားတွေအများအပြား ဒဏ်ရာရခဲ့ လက်နက်တွေရခဲ့သလို ကျမတို့ဘက်မှာ လည်း ရဲဘော်သံချောင်း ဟာ မိုးညှင်းတိုက်ပွဲမှာ မျက်လုံးတဘက်။ မြစ်ကြီးနားဘက်မှာ ရွာထဲ ရန်သူတွေရောက်နေမှန်း မသိ ကိုယ့်လူတွေမှတ်လို့ အိမ်ထဲဇွတ်ဝင်သွားတာ ကံကောင်းလို့မသေနဲ့ ဒီဗန်းမော်တိုက်ပွဲမှာ လက်တဘက်ပေးခဲ့ရပြီး လက်ရှိမှာလည်း တိုက်ပွဲဝင်ရင်း ရဲဘော်တွေနဲ့အတူ အဖမ်းခံခဲ့ရလို့ သေဒဏ်အထပ်ထပ်ကျခံနေရဆဲနဲ့ ရဲဘော်တချို့ ဒဏ်ရာရခဲ့ကြတယ်။

အရှင်ဖမ်းမိတဲ့ ရန်သူ့တပ်သားတယောက်ကိုတော့ ဗန်းမော်ရင်းမှာပဲခေါ်ယူ စစ်ဆေးမေးမြန်းပြီးနောက် လမ်းစရိတ်ပေးပြီး ပြန်လွတ်ပေးခဲ့တယ်။ “သောင်းကျန်းသူတွေ လက်ထဲရောက်လို့ကတော့ ခေါင်းဖြတ်ခံရမယ်၊ သူပုန်တွေဆိုတာ လူသား တောင် စားတယ်” လို့ ၀ါဒဖြန့်ခံထားရတဲ့ အဲဒီတပ်သားဟာ တောထဲမှာ သူနဲ့ရွယ်တူ ကျောင်းသား ရဲဘော်ရဲမေတွေကို တွေ့လိုက်တော့ အတော်လေးအံ့သြသွားခဲ့တယ်။ သူ့ကို နားလည်မှုနဲ့ နွေးနွေးထွေးထွေးဆက်ဆံခဲ့တဲ့ ကျောင်းသား ရဲ ဘော်ရဲမေတွေအတွက် သူပြန်ခါနီးမှာ ကဗျာလေးတပုဒ် ရေးသွားပေးခဲ့တယ်။

ရှေ့တန်းစခန်းအသီးသီးက ရဲဘော်တွေရဲမေတွေတဖွဲဖွဲ နောက်တန်းဗဟိုကို ပြန်ရောက်လာချိန်

ရှေ့တန်းပြန်ကြိုဆိုပွဲတွေ၊ ရဲဘော်ရဲမေတွေအချင်းချင်း ပြန်လည်တွေ့ကြစုံကြ၊ အလွမ်းတွေသယ်ကြ၊ အားလုံးစုံစုံညီညီ တက်တက်ကြွကြွနဲ့ ပျော်ရွင်ခဲ့ကြပြီး ရှစ်လေးလုံးအခမ်းအနားကို အကြီးအကျယ် ကျင်းပပြီးကြတဲ့နောက်မှာပဲ။
(အဲဒီလို တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပြီး ၁၉၉၁ ရှစ်လေးလုံးအခမ်းအနားပြီး နောက်ပိုင်းမှာတော့ စည်းရုံးညီညွတ်မှု ပြိုကွဲပြီး သံသယကိုယ်စီဖြစ်နေကြတဲ့ အချိန်မှာပဲ ဗန်းမော်ရင်းဟာ အကြီးအကျယ် ထိုးစစ်ဆင်တာခံခဲ့ရတဲ့အတွက် အ ဖမ်းခံထားရသူတွေထဲက မလိုက်နိုင်တဲ့ ရဲဘော်ဝင်းနောင် (ရန်ကုန်၊ သင်တန်းဆရာ) ကို သတ်ခဲ့ရပြီး ကျန်လူတွေကို အ ခက်အခဲအမျိုးမျိုးကြားကနေ ဗဟိုအရောက် ခေါ်လာခဲ့ကြရတယ်။ ဗန်းမော်ရင်းကတော့ ရန်သူ့လက်ထဲကျ ရောက်သွား ခဲ့ရတယ်။ တိုက်ဆိုင်မှုပဲ ဖြစ်မှာပါ)

(ခင်ရွှေလှိုင်)

No comments: