လာပြန်ပြီ “နိုင်ငံ့စွမ်းဆောင်ရည်ဆု” တဲ့။
ဆုက ၃ မျိုးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်၊
နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု နှင့်
နိုင်ငံ့စွမ်းဆောင်ရည်ဂုဏ်ပြု လက်မှတ် ဆိုပြီး ဖြစ်ပါတယ်။
(ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ “ထွင်”လိုက်ပြန်တဲ့“နိုင်ငံ့စွမ်းဆောင်ရည်ဆု”ဆိုတာတွေပေးတဲ့အထဲမှာ “နိုင်ငံရေး”ဆောင်ရွက် ချက်ကို ဦးတည်ပြီးပေးတဲ့ဆု
မပါဘူးဆိုတာ ပြည်သူအားလုံးသတိပြုမိလိုက်ကြမှ
ာပါ။
ဗိုလ်နေဝင်း (မဆလ) ထွင်ခဲ့တဲ့ “နိုင်ငံ့ဂုဏ်ရည်ဆု၊ လွတ်လပ်ရေးမော်ကွန်းဝင်” စတဲ့ ဆု/
ဘွှဲမျိုးတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေးလှုပ
်ရှားမှုတွေမှာ
ပါဝင်ခဲ့မှုနဲ့ ပါဝင်ခဲ့သူ ပုဂ္ဂိုလ်များကို ပေးတာဖြစ်ပါတယ်။
ဗိုလ်နေဝင်းပေးတဲ့ ဆုကို နယ်ချဲ့ဆန့်ကျင်ရေး၊
ဖက်ဆစ်တော်လှန်ရေးစတဲ့နိုင်ငံရေ
းလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တိုင်းက လက်ခံခဲ့တာမဟုတ်ပါဘူး။
နိုင်ငံရေးဆောင်ရွက်ချက်ကို ဦးတည်ပြီးပေးတဲ့ဆုကို (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအနေနဲ့ပေးလို့မဖြ
စ်ပါဘူး။ အကြောင်း ၂ ချက်ရှိပါတယ်။
ပထမအကြောင်းအချက် (အဓိကလည်းဖြစ်ပါတယ်) က “၁၉၈၈ ခုနှစ်၊
ဒီမိုကရေစီအရေးတော်ပုံကြီး” ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း
အဓိကကျတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်ပါ
တယ်။ “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”နဲ့ နောက်ဆက် တွဲနိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်
မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၊နိုင်ငံရေးလ
ှုပ်ရှားသူများကို(နဝတ-နအဖ)စစ်အစ
ိုးရက အကြမ်း ဖက်ဖိနှိပ်ချေမှုန်းခဲ့တဲ့အချက်ြ
ဖစ်ပါတယ်။
ဒုတိယအကြောင်းအချက်က (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရဟာ (နဝတ-နအဖ)စစ်အစိုးရအုပ်စိုးမှုမှ
ာ ပါဝင်ခဲ့ကြသူများဖြစ်ပြီး။ (နဝတ-နအဖ)စစ်အစိုးရရဲ့ အာဏာအမွေခံ စစ်တပိုင်းအစိုးရဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒီအကြောင်းအချက် ၂ ခုကြောင့် နိုင်ငံရေးဆိုင်ရာဆုပေးလို့မဖြစ
်ပါဘူး။
ဖိနှိပ်အုပ်စိုးသူက တော်လှန်ပုန်ကန်သူကို ဂုဏ်ပြုဆု ပေးစရာအကြောင်း
လုံးဝမရှိပါဘူး။ ကြီးလေးတဲ့ပြစ်ဒဏ်တွေပဲ ပေးလေ့ရှိပါတယ်။
ပြစ်မှုကျူးလွန်သူလို့ပဲသတ်မှတ်ပ
ါတယ်။ ပြစ်ဒဏ်ကျ အကျဉ်းသားလို့သာသတ်မှတ်ပါတယ်။ “နိုင်ငံရေးအကျဉ်းသား”လို့မသတ်မ
ှတ်ပါဘူး၊ အသိအမှတ်မပြုဘူး။
ဒါကြောင့် (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရက သူတို့ပေး တဲ့“ ဆု”
အမျိုးအစားတွေထဲမှာ “နိုင်ငံရေး” ဆောင်ရွက်ချက်နဲ့ သက် ဆိုင်တဲ့ဆု တစ်ခုမျှ
မပါရှိတာပါပဲ။
တကယ်တန်း ဘွဲတို့၊ ဆုတို့၊ တံဆိပ်တို့
ပေးကြမယ်ဆိုရင်လည်း “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”နဲ့ နောက်ဆက်
တွဲနိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်
မှာ
အသက်ခန္ဓာနဲ့ဘဝကို စွန့်လွှတ်အနစ်နာခံကာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားများ၊
နိုင်ငံရေးလှုပ် ရှား သူများနဲ့ ကျန်ရစ်သူ မိသားစုဝင်များကိုသာပေးအပ်ကြရမှ
ာမဟုတ်ပါလား။
ဒီကနေ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများဘက
်ကပြောရရင် ဆုတို့၊ ဘွဲ့တံဆိပ်တို့၊ ဒီမိုကရေစီလှုပ်ရှားမှုအထိမ်းအမှတ
် ၊ အဆောက်အအုံ စတာတွေကို ပေးနိုင်၊ တည်ဆောက်နိုင်ဖို့နေနေသာသာ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများဘက
်
စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ခွင့်လွှတ်ကျေအေးပါကြောင်း
“သင်ပုန်းချေသပြေပန်း” ကမ်းပြီး၊ “ပြန်လည်သင့်မြတ်ရေးခြေလှမ်းတွေ
”
ဘယ် လိုပင် ကမ်းနေ၊ လှမ်းနေခဲ့သော်လည်း (နဝတ-နအဖ) အစိုးရရဲ့
အာဏာအမွေခံ(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက သူတို့ကျူးလွန်ခဲ့သမျှ
နိုင်ငံရေးရာဇဝတ်မှုကြီးတွေအတွက်
တောင်းပန်စကားမဟတဲ့
အပြင် “၂၀၀၈အခြေခံဥပဒေကတ္တီပါ” အုပ်ထားတဲ့ စစ်အာဏာရှင်သံလက် သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားမြဲ၊ ဆုပ်ထားဆဲအနေအထားဖြစ်ပါတယ်။
အဲဒီလိုဘွဲ့တို့၊ဆုတို့၊ ဒီမိုကရေစီလှုပ်ရှားမှုအထိမ်းအမှတ
်အဆောက်အအုံတို့
ဆိုတာမျိုးကလည်း တကယ့်စစ်မှန်တဲ့ဒီမိုကရေစီ အစိုးရမျိုးကသာပေးသင့်တာပါ၊
တည်ဆောက်သင့်တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရမျိုးကပေးမှ၊ တည်ဆောက်မှလည်း
ဂုဏ် နဲ့ ဒြပ် ကိုက်ညီပါလိမ့်မယ်၊ မဟုတ်ရင် ဗိုလ်နေဝင်းပေးတဲ့
နိုင်ငံ့ဂုဏ်ရည်တို့ လွတ်လပ်ရေးမော်ကွန်းဝင်ဆုတွေလို
ဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် အဓိကကျတဲ့အချက်တစ်ခုကလည်း ဒီမိုကရေစီအရေးမှာ အသက်ခန္ဓာနဲ့
ဘဝကိုစွန့်လွှတ်ပြီး ပါဝင်ခဲ့ကြသူတွေဟာ မျှော်လင့်ချက်၊ မျှော်ကိုးချက်နဲ့
ပါဝင်ခဲ့ကြတာ မဟုတ်ပါဘူး။ “နိုင်ငံရေးဆိုတာ မစားကောင်းတဲ့အသီး” ဆိုပြီး
ဝေးဝေးရှောင်နေခဲ့ကြတာ မဟုတ်ဘဲ။ မိမိပခုံးပေါ်ကျရောက်လာတဲ့
သမိုင်းပေးတာဝန်ကို ရဲဝံ့ပြတ်သားစွာ ထမ်းဆောင်သွားကြတဲ့သဘော၊
ထမ်းဆောင်ခဲ့ကြတဲ့ သဘောသာဖြစ်ပါတယ်။ ဘွဲ့တွေ၊ဆုတွေ၊တံဆိပ်တွေရဖို့ နဲနဲမှ
မျှော်မှန်းခဲ့ကြတာမဟုတ်ပါဘူး။ ထို့အပြင် လူမှုရေး/ကျန်းမာရေး နယ် ပယ်မှာ
လူမှုကူညီရေးလုပ်နေကြသူတွေကလည်း ဘွဲ့၊ တံဆိပ်၊ ဂုဏ်ပုဒ်တွေ ရမှ
ရပါစေတော့ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်နေကြတာ မဟုတ်ပါဘူး။ လူမှုရေး/
ကျန်းမာရေးနယ်ပယ်မှာ
မြင်မကောင်းရှုမကောင်းဖြစ်နေတဲ့ လူမှုရေးကျန်းမာရေးအနိဌာရုံတွေကို တစ်ဖက်
တစ် လမ်းကနေ လူမှုတာဝန်သိစိတ်နဲ့ တတ်နိုင်သမျှ ကူညီကြတဲ့သဘောမျှသာဖြစ်ပါတယ်။
ပြည်သူအားလုံးရဲ့ပင်မရည်ရွယ်ချက
်က
(မဆလ) တစ်ပါတီ အာဏာရှင်စနစ် ၊(နဝတ-နအဖ) စစ်အာဏာရှင်စနစ်၊ စစ်တစ် ပိုင်း
အာဏာရှင်စနစ် ဖျက်သိမ်းပြီး တိုင်းပြည် မှာ စစ်မှန်ပြည့်ဝတဲ့ဒီမိုကရေစီနိုင
်ငံဖြစ်ဖို့သာ ပဓါနဖြစ်ပါတယ်။
ဒါကြောင့် “ နိုင်ငံရေးလှုပ်ရှားမှုနဲ့ နိုင်ငံရေးသမားများအပေါ်
အညှိုးအာဃာတကြီးမားတဲ့။ “ နိုင်ငံရေးအကျဉ်းသားမရှိဘူး” လို့
တွင်တွင်ငြင်းဆိုနေတဲ့(ဗိုလ်)ဦး
သိန်းစိန်ကြံ့ဖွံ့အစိုးရ၊
“လွတ်ငြိမ်းချမ်းသာခွင့်” မပေးလိုတဲ့၊ မပေးချင်တဲ့၊ ပေးဖို့
စိတ်ဆန္ဒလုံးဝမရှိတဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအဖို့
နိုင်ငံရေးဆိုင်ရာဆု မပေးဝံ့တာ မဆန်းပါဘူး။
ဒါက နိုင်ငံရေးနဲ့ဆိုင်တဲ့အပိုင်းကိ
ု တင်ပြခဲ့တာပါ။ “နိုင်ငံစွမ်းဆောင်ရည်ဆု” ဆိုတာကို ဘယ်လိုပေးသလဲ လေ့လာကြည့်ကြ ပါစို့။
“နိုင်ငံစွမ်းဆောင်ရည်ဆု” ဆိုတာကို စိုက်ပျိုးရေးဆိုင်ရာ (၂) ဆု၊
မွေးမြူရေးဆိုင်ရာ (၃)ဆု၊ လူမှုရေးဆိုင်ရာ (၁) ဆု၊ အားကစားဆိုင်ရာ (၁) ဆု၊
စီးပွားရေးဆိုင်ရာ (၅) ဆု ဆိုပြီး စုစုပေါင်း (၁၂) ဆုပေးပါတယ်။ လူပုဂ္ဂိုလ်
၁၂ ဦးကိုပေးတာပါ။
ဆုရရှိသူများအနေဖြင့် “နိုင်ငံစွမ်းဆောင်ရည်ဆု”တံဆိပ်
၊ လက်မှတ်တွေအပြင်အောက်ပါအခွင့်အေ
ရး ၂ ခုကိုလည်းသက်တမ်း အကန့်အသတ်မရှိ ခံစားရရှိမှာဖြစ်ပါတယ်။
- သံတမန်နိုင်ငံကူးလက်မှတ် (Diplomatic Passport)
– ပို့ကုန်သွင်းကုန် အခွင့်အရေး ( Green Channel)
“နိုင်ငံစွမ်းဆောင်ရည်ဆု” ၅ ဆု ပေးထားတဲ့ စီးပွားရေးဆိုင်ရာကိုလေ့လာကြည့်
တဲ့အခါ
(နဝတ-နအဖ) စစ်အစိုးရနဲ့ လက်ရှိ (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရရဲ့
တစ်လှေထဲစီးတခရီးထဲသွား၊ အမြှီးစားဖက်ခေါင်းစားဖက်၊ ခမည်းခမက်
ခရိုနီကြီးတွေဖြစ်တဲ့ ( “ထူး” ဦးတေဇ၊ “ဇေကမ္ဘာ” ဦးခင်ရွှေ ၊ “အေရှားဝေါလ်”
ဦးထွန်းမြင့်နိုင်၊ “ပတ္တမြားနဂါး” ဦးနေဝင်းထွန်း၊ “အာရှဓန” ဦးအိုက်ထွန်း၊
“ရွှေသံလွင်” ဦးကျော်ဝင်း၊ “ယုဇန” ဦးဌေးမြင့် )တို့လို
“စူပါခရိုနီကြီး”များမပါဝင်တာသတ
ိထားမိပါတယ်။
အခုပေးတဲ့ “နိုင်ငံ့စွမ်းဆောင်ရည်ဆု” ဆိုတာ ထက် စူပါခရိုနီကြီးတွေကိုပေးထားပြီး
ဖြစ်တဲ့ “မဏိဇောတ”၊“သုဓမ္မသိင်္ဂီ”စတဲ့ ဘွဲ့တွေက ပိုပြီးအဆင့်အတန်းမြင့်လို့မပေး
ဘဲ
ချန်ထားခဲ့သလား၊ ဒါမှမဟုတ် လိပ်ပြာမသန့်လို့ တမင်ချန်ထားခဲ့လေသလား
မပြောတတ် ပါ။ သို့တည်းမဟုတ် ဒီထက်မြင့်မားတဲ့
အခွင့်အလန်းတွေပေးအပ်ထားပြီးဖြစ
်လို့ ဒီလိုစာရင်းထဲ မထည့်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ တယ်။
“သရေစည်”တဲ့ဘွဲ့၊ “သီရိပြန်ချီ”တဲ့ ဘွဲ့တွေကတော့ ဗိုလ်မင်းအောင်လှိုင်၊
ဗိုလ်စိုးဝင်း၊ ဗိုလ်လှဌေးဝင်း၊ ဗိုလ်ခင်ဇော်ဦးစတဲ့ စစ်တပ်ထဲက
စစ်ဗိုလ်များကိုပေးထားပြီးပါပြီ
။
စဉ်းစားစရာတစ်ခုက စူပါခရိုနီတွေအားလုံးအနက်မှ ဘဏ်လုပ်ငန်းရှင်စူပါခရိုနီတစ်ဦး
ဖြစ်တဲ့
ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကို ဝင်း(ဆရာကျောင်း)နဲ့ Golden Delta Co.,Ltd.
ပိုင်ရှင် ဦးချစ်ခိုင်တို့ကို ကွက်ပြီး“နိုင်ငံ့စွမ်းဆောင်ရည်
ဆု” ပေးအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း အား (နိုင်ငံတော်အခွန်ဘဏ္ဍာတာဝန် အများဆုံးသယ်ပိုးထမ်းဆောင်ခဲ့သည
့်လုပ်ငန်းရှင်ဆု – ပထမဆု) ပေးလိုက်တော့ အခြားသောစူပါခရိုနီကြီးတွေကအခွန
်တာဝန်မကျေလို့လား၊
အခွန်ရှောင်လို့ ဆုမပေးလေသလား။ “နိုင်ငံ့စွမ်း ဆောင်ရည်” မရှိလို့များလား
ဆိုတဲ့စဉ်းစားစရာပေါ်လာပါတယ်။ မက်စ်မြန်မာကုမ္မဏီလီမီတက် ဥက္ကဋ္ဌ
ဦးဇော်ဇော်သည်ပင် “နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ်” ရတယ်မဟုတ်လား။
အုပ်စိုးသူက နှင်းတဲ့ ဆုတွေ၊ တံဆိပ်တွေ၊ ဘွဲ့တွေဆိုတာ အုပ်စိုးသူက
သူ့အကျိုးပြုသူကို ချီးမြှင့်မြှောက်စားတာပါ၊ မွေးမြူတာ ပါ။
စစ်အာဏာရှင်စနစ်အောက်မှာ ခရိုနီတွေအပြိုင်းအရိုင်းပေါ်ပေါ
က်လာတာပါ။
နေ့ချင်းညချင်း“ ဘိန်းဘုရင်”ကနေ “စီးပွားရေးလုပ်ငန်းရှင်” ဖြစ်သွားတဲ့
ခေတ်ကာလပါ။ ထိုကာလတွင် “ငွေမည်း”များသည် “ငွေဖြူ” ဖြစ်လာပါတယ်။
စစ်အာဏာသည် ခရိုနီတွေရဲ့ဥစ္စာဓနဆိုတာတွေကို တိုးပွားခိုင်ခံ့စေခဲ့ပြီး၊
ခရိုနီတွေရဲ့ဥစ္စာဓနနဲ့လည်း စစ်အာဏာရှင်တွေရဲ့ အာဏာစက်ကိုတဆင့်တိုး
ခိုင်မြဲစေခဲ့ပါတယ်။ အာဏာနဲ့ ဥစ္စာဓနဟာ ၂ ပင်လိမ်ကြိုးတစ်ချောင်းပမာပူးပေ
ါင်းသွားတာပါ။
စစ်အာဏာရှင်တွေကခရိုနီတွေကိုသူေ
ကာင်းပြုပြီး။ အပြန်အလှန်အားဖြင့် ခရိုနီတွေက စစ်အာဏာရှင်တွေကိုသစ္စာခံပါတယ်။ သစ္စာစောင့်သိပါတယ်။
(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ယခုပေးတဲ့ “နိုင်ငံ့စွမ်းဆောင်ရည်ဆု”
ဆိုတာ စစ်တစ်ပိုင်းအစိုးရက သစ္စာရှိခရိုနီများနဲ့ ခရိုနီ အလောင်းအလျာများ
အပေါ် ချီးမြှင့်မြှောက်စားမှုပုံသဏ္ဍာန်
တွေထဲက တစ်မျိုးသာလျှင်ဖြစ်ပါတယ်။
စစ်အာဏာရှင်များက ခရိုနီများအပေါ်သွန်းလောင်းဂုဏ်ြ
ပုတဲ့ရေစင်လည်းဖြစ်ပါတယ်။
တူမောင်ညို
(၂၀၁၃ ခုနှစ်၊ မေလ ၄ ရက်)
No comments:
Post a Comment