ရှစ်ပူးရယ်၊ အေဘီရယ်၊ လူ့ဘောင်သစ်က ရှစ်လေးလုံး အခမ်းအနားလုပ်မယ်၊ အတွင်းအပြင်ဆိုလို့ သဘောထားပေး လိုက်တယ်။
အပြင်ပန်းကြည့်ရင်တော့ ကောင်းသလိုထင်ရတယ်။ အခြားသူတော့မသိဘူး။ ကိုယ့်အတွက် မေးစရာရှိတာက ....
၁။ ရှစ်ပူးတွေက ဗမာပြည်မှာနေတယ်။ ပြည်တွင်းမှာလုပ်ရင်ပေါ့ ပြည်တွင်းအခမ်းအနားလုပ်လို့ရတယ်။ ကျုပ်တို့က ပြင်ပမှာနေတယ်။ စစ်အစိုးရနဲ့ မစေ့စပ် စကားပြောတာ မရှိဘူး။ စေ့စပ်ရေးသမားတွေလို စကားပြော ဆက်ဆံနေကြတဲ့ သူတွေလို အထဲကို သွားချင်တိုင်းသွား လာချင်တိုင်းလာလို့မသင့်ဘူး မရဘူး။ စစ်အစိုးရကို ယုံတာမဟုတ်သလို ယုံလို့ မရဘူး။ ဒီတော့ ဘယ်နေရာမှာ လုပ်မလဲဆိုတာ စဉ်းစားစရာပါလာတယ်။
၂။ ရှစ်လေးလုံးကို စစ်အစိုးရအနှောင်အဖွဲ့နဲ့ လွတ်ချင်တယ်။ ဒီလိုအခမ်းအနားကို မတက်ရလို့ ဘာမှမဖြစ်ပေမဲ့ စစ်အစိုး ရနဲ့ မဆက်စပ်မပတ်သင်ချင်ဘူး။ လွတ်လပ်စွာကျင်းပနိုင်ဖို့ လိုတယ်။ စစ်အစိုးရနဲ့ မပတ်သက် မဆက်စပ်ဖို့လိုတယ်။ ပြည်တွင်းမှာလုပ်ရင်ပေါ့ စစ်အစိုးရက ဒီလိုပွဲမှာ နှောက်ယှက်နိုင်တယ်။ နိုင်ငံရေးအမြတ်ထုတ်နိုင်တယ်။ ဒါကို ကျနော် သတိထားတယ်။
၃။ ကျုပ်တို့က စစ်အစိုးရနဲ့ စေ့စပ်စကားပြောနေတဲ့လူတွေ ဗမာပြည်ထဲကိုပြန် ရတဲ့အပေါက်က ပါတီထောင်ခွင့်တောင်း နေတဲ့သူတွေ မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံရေးအနှစ်သာရဆိုတဲ့ စကားကပြော စရာဖြစ်လာတယ်။ ကျုပ်တို့က စစ်အစိုး ပြောနေတဲ့ ငြိမ်းချမ်းရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဆိုတာ လိမ်နေတာ အတုတွေလို့ပဲ မြင်တယ်။
၎။ ရှစ်လေးလုံးဆိုတာ တပါတီအာဏာရှင်စနစ်ကို အသက်တွေ သွေးတွေပေးပြီး လုပ်ခဲ့တဲ့ လူထုအရေးတော်ပုံ လူထုအောင်ပွဲ စစ်အစိုးရနဲ့ စေ့စပ်တဲ့ပွဲ မဟုတ်ဘူး။
၅။ လုပ်နေတဲ့သူတွေက ရှစ်ပူးရယ်၊ အေဘီရယ်၊ လူ့ဘောင်ရယ်။ ခင်ဗျားတို့ဗျာ အထဲမှာလုပ်ရင်ပေါ့ ဗမာပြည်ထဲမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ရှစ်လေးလုံးကို တကယ်ပါဝင်ခဲ့တဲ့သူတွေနဲ့ ပထမ တိုင်ပင်ကြည့်ပါလားလို့ ပြောချင်တယ်။။
ဒါမျိုး အခမ်းအနားတွေတင်မဟုတ်ပါဘူး၊ အများကြီးရှိခဲ့တယ်။ နိုင်ငံရေးအမြတ်ထုတ် လက်ဦးမှုယူ ရိုးရိုးသားသား မဟုတ်တဲ့ပွဲတွေပေါ့။ ညီညွတ်ရေးကြောင့်သည်းခံရင်း ညီညွတ်ရေးကို အလွဲသုံးစား လုပ်ခံခဲ့ရတဲ့အတွေ့အကြုံများခဲ့ပြီ။ ဒီလိုပွဲမျိုးက လက်ဦးမှုယူ ဦးဆောင်မှုယူချင်ဇောမကြီးတာ ကောင်းတယ်။ ရိုးသားတာ မူအပေါ်ခိုင်တာကောင်းတယ်။
၆။ ရှစ်လေးလုံးကဲ့သို့ ပွဲမျိုး အားလုံးပါစေချင်တယ်ဆိုရင် အရင်ပွဲရဲ့ကျင်းပရတဲ့ ရည်ရွယ်ချက်ကို အရင်ချတာကောင်း တယ်။ စစ်အာဏာရှင်ကို ဘယ်လိုသဘောသလဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို တိုက်ဖျက်မဲ့သဘောထား စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသဘောထားရှိဖို့ အရေးကြီးတယ်။
၇။ စစ်အစိုးရနဲ့ စေ့စပ်တဲ့သူတွေ စကားပြောနေတဲ့သူတွေ စစ်အစိုးရကို ဒုက္ခမပေးမဲ့သူတွေ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံတိုက်ဖျက်ရေးကို လူပါးအသံမထွက်သလိုနေပြီး စီးပွားရှာ နိုင်ငံရေးလုပ်နေသူတွေကို စစ်အစိုးရက ငြိမ်းချမ်းရေးဆိုပြီး နိုင်ငံရေးလုပ်ကွက်ပေးစားထားတဲ့ခေတ်ဆိုတာ ကောင်းကောင်းသိရမယ်။
၈။ ချုပ်လိုက်ရင် ဒီခေတ်မှာ ရှစ်လေးလုံး နိုင်ငံရေး အနှစ်သာရပြည့်ဝစွာ လုပ်မယ်ဆိုတာ မဖြစ်နိုင်သလို စစ်အာဏာရှင် စနစ်အောက်မှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ စေ့စပ်နေတဲ့သူတွေကို စစ်အစိုးရ လက်အောက်မှာ ဝင်ချင်တဲ့သူတွေကို စစ်အစိုးရနဲ့ စေ့စပ်ပြီး စစ်အစိုးရက လုပ်ခွင့်ပေးတဲ့ နိုင်ငံရေးဘောင်ထဲကလုပ်မယ့် မည်သူ့ကိုမဆို ဦးဆောင်မှုမပေးနိုင်ဘူး။
အတွင်းအပြင်လို့ ပြောလို့ ဒီသဘောထားပေးလိုက်တာပဲ။
ရဲဘော်သံဒုတ်
ပန်းချီ ... စစ်ငြိမ်းအေး
No comments:
Post a Comment