Wednesday, October 16, 2013

လက်ပန်တောင်းလူထုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေးပွဲ

၁၅ အောက်တိုဘာ ၂၀၁၃ ညနေ (၄) နာရီ၊ Ko Han Win Aung

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းသည် ပြည်သူ့ဆန္ဒ၊ စုံစမ်းရေးကော်မရှင်၏
တင်ပြသဘော တူညီချက်များကို ချိုးဖောက်ပြီး ဆောင်ရွင်နေသည့် ကမ္ဘာ့ပေါ်တွင် ဒုတိ
ယအကြီးမားဆုံးသော ကြေးနီမိုင်း ဖြစ်ပါသည်။ လက်ပန်တောင်းလယ်သမားများ၏
လျော်ကြေးငွေ ရယူထားခြင်းမရှိသည့် မြေယာများကို မတရားသိမ်းပိုက်၍ စီမံကိန်းကို
တဖက်သတ် ဆောင်ရွက်နေရာ
နေ့စဉ်ရက်ဆက် လယ်သမားတို့၏ ဆန့်ကျင်ကန့်ကွက်
မှုများကို ကြုံတွေ့နေရသည်။

လယ်ယာများကိုသံစူးကြိုးခတ် သိမ်းပိုက်မှုကို (၃-၁၀-၂၀၁၃) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သောကြောင့် (၆-၁၀-၂၀၁၃) ရက်နေ့တွင် အစိုးရမှ ဖွင့်လှစ်ထားသော ဆက်ဆံရေးရုံးသို့ ချီတက်ဝိုင်းရံဆန္ဒပြခဲ့သည်။ ဆည်တည်းရွာ၊ ဇီးတောရွာ၊ တုံရွာအုပ်စု၊ မိုးကြိုးပြင်ရွာအုပ်စုတို့မှ လယ်သမားများ၏ တောင်းဆိုမှုများကို
လုံထိန်းရဲများမှ ပိတ်ဆို့လူစုခွဲရန်ပြုလုပ်ခဲ့ပြီး တင်းမာသည့်အခြေအနေတရပ် ဖြစ်ပေါ်ခဲ့သည်။ လယ်သမားများအား တာဝန်ရှိသူများနှင့် ဆွေးနွေးခွင့်ပေးပါမည်ဟူသော ကတိစကားကြောင့် ဆန္ဒပြမှုပြီးစီးခဲ့သည်။

ဆွေးနွေးပွဲအစီအစဉ်အရ ယနေ့မနက် (၈) နာရီတွင် လယ်သမားများနှင့် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဆွေးနွေးကြမည် ဖြစ်သည်။

ဆွေးနွေးပွဲကိုအမှတ် (၆) ချည်မျှင်နှင့် အထည်စက်ရုံ (ဆားလင်းကြီး) တွင် ပြုလုပ်ခဲ့ရာ အထက်ကိုတင်ပြပေးမည်ဟုသာ အာဏာပိုင်ဝန်ကြီးငါးယောက်မှ လယ်သမားတို့၏ ဆွေးနွေးချက်များကို ပြောကြားသည်။ နစ်နာချက်များနှင့်ပတ်သတ်၍ မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှုကိုမျှ အာဏာပိုင်တို့ဘက်မှ မရှိခဲ့ပါ။

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် လက်ပန်တောင်းလယ်သမားများဆွေးနွေးရာ လက်ပန်တောင်းဒေသ ဇီးတောရွာကို (၆-၈-၂၀၁၃) ရက်နေ့ ညက လက်နက်ကိုင်(၁၀၀) ကျော်ကားများ ဆိုင်ကယ်များနှင့် ဝင်ရောက်အကြမ်းဖက်ခဲ့ပြီး ဘုန်းကြီးကျောင်းကို ဖျက်ဆီးပြီး ရွာသား (၂) ယောက်ကို ခေါ်ဆောင်သွားခဲ့မှု ဘာကြောင့် လုပ်ပါသလဲဟု ရွာသားများမေးမြန်းရာ ဝန်ကြီးမှ သူမသိဘဲဖြစ် ပွားသည့်ကိစ္စဖြစ်ကြောင်း ဖြေကြားသည်။

လက်ပန်တောင်းဒေသတွင် လက်နက်ကိုင် အမည်မသိအုပ်စုများ ညောင်ပင်ကြီးရဲစခန်းနှင့် တရုတ်ကုမ္ပဏီဝမ်ဘောင်ဆိုဒ်ထဲတွင် အင်အား (၄၀၀) ကျော်ခိုအောင်းနေပြီး မြေယာများကို သိမ်းပိုက်နေပါသည်။ ဝန်ကြီးမှ လက်နက်ကိုင်ပြဿနာကို မရှင်းလင်းဘဲ၊ အထက်ကိုတင်ပြပေးမည်ဟုသာ ဖြေကြားပါသည်။

နောက်ထပ် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်မည်ဟူသော အချိန်ဆွဲမှုနည်းဖြင့် လယ်သမားတို့၏မြေကို မတရားသိမ်းပြီးစုံစမ်းရေးကော်မရှင်၏ တင်ပြုသဘော တူညီချက်များကို ဆက်လက် ချိုးဖောက်နေပါတော့သည်။

No comments: