Friday, October 4, 2013

ဆက်လက်တိုက်ပွဲဝင်နေတဲ့ မိကျောင်းကန်သပိတ်

အောက်တိုဘာလ ၂ ရက်နေ့က စတင်လို့ ဒီကနေ့အထိ ၃ ရက်ကြာလာပြီဖြစ်တဲ့ မိကျောင်းကန်ပြည်သူတွေရဲ့ မြေနေရာပြန်လည်ရရေးအတွက် မူလပိုင်ရှင် ၅၀၀ ကျော် သပိတ်စခန်းဖွင့်တောင်းဆိုနေတဲ့နေရာကို ဒီကနေ့ ညနေ ၆ နာရီက အမျိုးသားလွတ်တော်ကိုယ်စားလှယ် NDF ပါတီမှ လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ ရောကရှိခဲ့ပါတယ်။

ဦးခင်မောင်ရီ ပြောသွားတာကတော့ ...

“ဒီကလူတွေဒုက္ခရောက်နေတာ မမြင်ရက်ပါဘူး အခုလဲ အားလုံးဒုက္ခရောက်နေကြတယ်။ ကျနော်တို့လဲ အတူတူပါပဲ။ တဖက်ကိုလဲ အခက်ခဲမရှိစေခြင်ဘူး၊ ဒါဟာ တပ်သိမ်းမြေဖြစ်နေတဲ့အတွက် အများကြီးညှိနိုင်းရမှာပါ။ ကျနော်တို့မှာ အာဏာမရှိပါဘူး။ ကျနော်တို့က လူထုအတွက် အစိုးရနဲ့ ပြည်သူ ကြားကနေဖြေရှင်းရတာပါ။ ဝါဝါဝင်းကိုလည်း ကျနော်တို့ ပြေလည်အောင် ဖြေရှင်းခဲ့ပါတယ်။”

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီမှ ပြေားကြားအပြီး၊ ပြည်သူတွေက ကျမတို့ကို ဘယ်သူတဦးတယောက်မှ ဒီလို လာမဖြေရှင်းပေးသေးပါဘူး။ ဦးခင်မောင်ရီ အခုလို့ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ လွတ်တော်ကိုယ်စာလှယ်ကြီး ကျန်းမာပါစေလို့ ဆုတောင်မတ္တာပို့သပေးအပြီး၊ ဦးခင်မောင်ရီမှ
မနက်ဖြန် နံနက် ၉ နာရီ အလုံမြို့နယ် အလုံလမ်း အမှတ် ၁၅၈ ပထမထပ်မှာ မိကျောင်းကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကြမယ်လို့ ပြောသွားခဲ့ပါတယ်။

မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကွက်တွေကို မူလမြေပိုင်ရှင်တွေက ပြန်လည်ရရှိဖို့ လူအင်အား ၅၀၀ နဲ့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတွင် အောက်တိုဘာ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့်မှ စတင်ကာ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဒီနေ့ဆိုရင် ၃ ရက်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

မြေနေရာတွေကို စစ်တပ်ပိုင်မြေအဖြစ် ၁၉၉၁ ခုနှစ်တွင် သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မှ မူလ မြေပိုင်ရှင်တွေဟာ စစ်တပ်ကအတင်းအဓမ္မ သိမ်းထားတဲ့ မြေကွက်တွေ ပြန်လည်ရရှိရေးကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ (၇) ကြိမ်မြောက် ဆန္ဒပြခဲ့ပေမယ့် တာဝန်ရှိသူဘက်က တစုံတရာ ဖြေရှင်းပေးခဲ့ခြင်းမရှိတဲ့အတွက် အခုလို သပိတ်စခန်းဖွင့်ခဲ့ရတာဖြစ်ကြောင်း တောင်းဆိုနေသူတွေက ပြောပြခဲ့ပါတယ်။

သပိတ်စခန်းစဖွင့်ခဲ့တဲ့  အောက်တိုဘာ၂ ရက်နေ့က ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုကျော်လွင် က ...

“၁၉၉၁ ခုနှစ်က စစ်အစိုရက သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အိမ်မြေတွေကို သိမ်းဆီးခဲ့လို့ ပြည်သူတွေ ဒုက္ခ ရောက်ခဲ့ရတယ်၊ ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရတယ်။ ဒါကြောင့် အခု တောင်းဆိုပါတယ်။ သိမ်ထားတဲ့မြေတွေ ပြန်ပေးပါ၊ ပါးစပ်နဲ့တော့မပေးပါနဲ့ တရားဝင်စာရွက်စာတမ်းနဲ့ ဖြေရှင်းရင် အခုလှည့်ပြန်သွားမယ်။ မြို့နယ်မှူးအဆင့်လောက်နဲ့ ချွေးမသိတ်ပါနဲ့ တကယ်တာဝန်ရှိတဲ့သူ ဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်”

အဲဒီနေ့က သပိတ်စခန်းက တာဝန်ရှိသူတွေကို ခေါ်ယူတွေဆုံဖြေရှင်းခဲကြပေမယ့် ပြေလည်မှု တစုံတရာမရရှိ၊ ဆန္ဒပြနေသူရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်းပေးမှုမရှိဘဲ သပိတ်စခန်းရုတ်သိမ်းပေးဖို့ကိုပဲ တာဝန်ရှိသူတွေက စောင်းပေးပြောကြားခဲ့တယ်လို့ သပိတ်စခန်းမှာပါဝင်သူတဦးဖြစ်တဲ့ မနေနွယ်သန်းက ခုလို့ ပြောပြပါတယ်။

“သင်္ဃန်းကျွန်ရပ်မိရပ်ဖ ၁၀ ဦးကို တိုင်းကော်မရှင်က ဦးအောင်ကျော်ဟိန်း ရှေ့နေ ဦးထွေး၊ ဦးခင်ဝေ မြို့တော်စည်ပင်သာယာရေးကော်မတီထဲကို ခေါ်သွားပါတယ်။ အထဲမှာ စည်ပင် အိုးအိမ် လုံခြုံရေးဝန်ကြီး အထဲမှာညှိဖို့ရောက်နေပါတယ်တဲ့ သူတို့အဲ့လိုပြောခေါ်သွားတယ်။
သူတို့နဲ့ သွားစကားပြောပြီးပြန်လာတော့၊ တာဝန်ရှိသူတွေဘက်က မြေဂရန်ကို တောင်းတယ်၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဘိုးဘွားတွေလက်ထက်မှာ ဂရမ်ဆိုတာကို အစိုးရကိုယ်တိုင်က မချပေးပါဘူး။ အဲဒီတုန်းက ဂရမ်ရှိတဲ့လူတွေက လူမျိုးခြား အနည်းငယ်လောက်ရယ်ပါ။ သပိတ်စခန်းက ရုပ်သိမ်းပြီးပြန်ပါတဲ့ သူတို့ဘက်က မဖမ်းဘူးလို့ ပြောပါတယ်။ အဲလောက်ပဲ ပြည်သူတွေတောင်းဆိုထားတာ ဘာမှတာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိဘူး။ ကျမတို့အနေနဲ့ကတော့ ဆက်ပြီး သပိတ်ဆက်မှောက် နေအုံးမှာပါ”

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မူလမြေပိုင်ရှင် ပြည်သူတွေရဲ့ တောင်ဆိုချက်တွေကို ညှိနှိုင်းဖြေရှင်းပေးတာတွေ မလုပ်တဲ့အပြင် သပိတ်စခန်းက အင်အားသုံးဖယ်ရှားပစ်မယ်လို့ တာဝန်ရှိသူတွေက ပြောမြဲပြောလျက်ရှိပါတယ်။

No comments: