“၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်အုပ်စုဟာ သူတို့ရဲ့  အကျိုးစီးပွါးနဲ့ စစ်အာဏာရှင်စနစ် ကို မြေစမ်းခရမ်းပျိုးတာ မအောင်မြင်ဘူးဆိုတာတော့ သူတို့ ကောင်းကောင်းသိသွားပြီ။ စစ်အုပ်စုဟာ အဆိုးဆုံးအခြေအနေကို သူတို့ ပြင်ထားနိုင်တယ်။ အလုပ်သမား၊ လယ်သမားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေက သူတို့ကို သက်သေပြလိုက်တာပါပဲ။ ပါလီမန်ထဲက ပြင်ဆင်ရေးသမားတွေကြောင့် မဟုတ်ဘူး”
အပစ်အခတ်ရပ်စဲရေးဆိုတာ စစ်အုပ်စုက စိတ်ကူးပေါက်ရင်ထထ လုပ်တတ်တာ နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ။ ငြိမ်းချမ်းရေးဆိုပြီး အိပ်ချင်မူးတူးထအော်ပြန်ရော နောက်တော့ အဲဒါတွေအားလုံး သူတို့ပဲ
ပြန်ဖျက်တာပဲ မဟုတ်ဘူးလား။
ပြောချင်တာက စစ်အုပ်စုထဲမှာ နိုင်ငံရေးပြသနာကို ဖြေရှင်းလိုတဲ့ အရိပ်လက္ခဏာ မရှိသေးတာကို ပြောချင်တာ။ ပြုပြင်ပြောင်းလဲရေး စိတ်အခံ သန္ဓေမမွေးသေးတာကို ပြောချင်တာပါ။
မယုံရင်ဆောင့်ကြည့်နေ ဒီနေ့လုပ်နေတဲ့ဘာမှ အခိုင်အမာမဟုတ်သေးတဲ့ အပစ်အခပ်ရပ်စဲရေးတို့ ငြိမ်းချမ်းရေးတို့ဆိုတာလဲ ဒီစစ်အုပ်စုကပဲ အကြောင်းရှာ စဖျက်မှာပဲ။
စစ်အုပ်စုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် အတိုက်အခံဆိုတဲ့ ပြင်ဆင်ရေး အုပ်စု (NLD အပါအ၀င်) ရှေ့ တိုးလို့ မရတဲ့ အခြေအနေရောက်မှာပဲ။ Deadlock အခြေအနေပေါ့။
စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံလက်နက်နဲ့ စတိုက်တော့ ခုခံမလား၊ ငြင်းဆန်မလား၊ ထွက်တိုက်မလား၊ လည်စင်းအသေခံမလား၊ ချေမှုန်းမလား တွန်းလှန်မလားဆိုတာ ဖြစ်လာတယ်။
တချို့က ဖွဲ့စည်းပုံဆိုတာထက် ဗမာစစ်အုပ်စုကို ပြင်လို့ရမှာပါလို့ စိတ်ကူးယဉ်နေကြဆဲ စိတ္တဇဖြစ်နေကြဆဲ တွေ့ရတယ်။
ထို့အတူ အပစ်ရပ်အုပ်စုလဲ ဒီလိုပဲ။ ဘာနိုင်ငံရေးမှ မဆွေးနွေးလိုက်ရပဲ ကျည်ပြန်ပေါက်မှာပဲ။ အခုလဲ ဖြစ်နေတာပဲ မဟုတ်လား။
၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်အုပ်စုဟာ သူတို့ရဲ့  အကျိုးစီးပွါးနဲ့ စစ်အာဏာရှင်စနစ်ကို မြေစမ်းခရမ်းပျိုးတာ မအောင်မြင်ဘူးဆိုတာတော့ သူတို့ကောင်းကောင်း သိသွားပြီ။ အဆိုးဆုံးအခြေအနေကို သူတို့ပြင်ထားနိုင်တယ်။
အလုပ်သမား၊ လယ်သမားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေက သူတို့ကို သက်သေပြလိုက်တာပါပဲ။ ပါလီမန်ထဲက ပြင်ဆင်ရေးသမားတွေ ကြောင့်မဟုတ်ဘူး။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲနဲ့ အရေးတော်ပုံရဲ့  အောင်ပွဲအတွက် ကြိုတင်ပြင်ဆင် စဉ်းစားချက်များ။
၂၀၀၈ ဖွဲ့စည်းပုံကို ပါလီမန်ထဲပြင်ဆင်ရေးမှတဆင့် ၂၀၁၅ ရွေးကောက်ပွဲအထိ စစ်အုပ်စုဟာ ဆွဲခေါ်သွားမှာပါ။ ပြင်ဆင်ရေးသမားတွေမှာ အင်အားမရှိတာကိုတွေ့ရတယ်။ လူထုထဲဆင်း အားယူနေရတယ်။ ပါလီမန်ပြင်ပ တိုက်ပွဲမပါဘဲ ပြင်ဆင်ရေးသမားတွေဟာ ပါလီမန်ထဲမှာ မအောင်မြင်နိုင်ဘူး။
ဒါကဘာကိုပြသလဲဆိုတော့ ...
လူထုတိုက်ပွဲအား မပါဘဲ မရနိုင်။
(ရဲဘော်သံဒုတ်)
No comments:
Post a Comment