ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။ ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/
တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှုကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ ထွက်ခွာခဲ့ပါတယ
Online စာမျက်နှာတွေကနေ နိုင်ငံရေး လူမျိုး/
Online ပေါ်မှာ ၀ါဒဖြန့်တဲ့ လှုပ်ရှားမှုကို အစပြုခဲ့တာကတော့ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း လောက်ကပါ... ကွန်ပျူတာ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတက်ပြီး ယုံကြည်စိတ်ချ ရလောက်တဲ့ တပ်မတော်သား အယောက်(၆၀)ကို နေပြည်တော် စစ်ရုံးချုပ်ဝန်းအတွင်း ရှိ ဧရာဝတီအဆောင် ကွန်ပျူတာခန်းမမှာ တစ်လတိတိ သင်တန်းပေး ကန့်သွင်းကာ အယောက်(၅၀)ကို ဆန်ခါတင် စီစစ်ေ၇ွးချယ်ခဲ့ပါတယ်... ဘာစီမံချက်အတွက် ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ၀ါဒဖြန့်ခိုင်းစေခဲ့တာလဲ ဆိုတာကိုတော့ သိပိုင်ခွင့်မရှိသလို တပ်ရဲ့ အစဉ်လာအရ အထက်ကအမိန့်ရှိသည့်အတိုင်း တသဝေမတိမ်း နာခံရစမြဲ ဖြစ်ပါတယ်။
Online ၀ါဒဖြန့်ရေးစီမံချက်အတွက် ကျွန်နော်တို့ကို အဖွဲ့တွေဖွဲ့ကာ တာဝန်တွေကိုယ်စီ ခွဲပေးထားပါတယ်။ဝါဒဖြန့် သတင်းဆောင်းပါးတွေ ဒိုင်ခံရေးပြီး pages တွေမှာတင်ပေးရတဲ့ အဖွဲ့၊pages တွေမှာ လှုံ့ဆော်ရေးသတင်းတင်လိုက်ရင် ကိုယ့်ဘက်ကနေ အလံခြူးလုပ် ပြီး posts တွေအောက်မှာ comment ၀င်ရေးကာ ပြန် share ပြီး ဖြန့်ဝေပေးရတဲ့အဖွဲ့၊ အစိုးရကောင်းကြောင်း သတင်း ဆောင်းပါးတွေနဲ့ လူမျိုး/ဘာသာ သွေးကွဲအမြင်စောင်း စေတဲ့ သတင်းအချက်အလက်တွေကို နိုင်ငံခြား ဘလော့ဂ်တွေကနေ ရှာဖွေပေး ရတဲ့ (ဥပမာ-Anti-Islam,Ban Islam,Islam Virus)ကဲ့သို့ ဘလော့ဂ်တွေ ကနေ လူမျိုး ဘာသာမုန်းတီးရေး အကြောင်းအရာတွေကို ရှာဖွေစုဆောင်းရတဲ့ အဖွဲ့ ဆိုပြီး တာဝန်တွေ ခွဲပေးထားတယ်။ကျနော်တို့ အဖွဲ့မှာ တစ်ယောက်ကို နာမည်ပေါင်းစုံနဲ့ acc (၁၀)ခု (၁၅)လောက်ဆီ ဖွင့်ပြီးလှုပ်ရှားစေခဲ့ပြီး နေ့ပိုင်း ညပိုင်းခွဲပြီး တာဝန်ထမ်းဆောင် ရပါတယ်။
ကျွန်တော်တာဝန်ယူ လုပ်ဆောင်ပေးရတဲ့ အပိုင်းကတော့ ၀ါဒဖြန့်တဲ့ posts တွေအောက်မှာ accပေါင်းစုံနဲ့ ထောက်ခံတဲ့ဘက်က comment ၀င်ရေးပေးရပြီး အများသိအောင်ပြန်လည် ဝေမျှဖြန့်ချိပေးရတဲ့ တာဝန်ပါ။ကျနော်တို့ကို တိုက်ရိုက် ညွှန်ကြား ကြပ်မတ်တာကတော့ စစ်ရုံးချုပ်ရဲ့ ပြန်ကြားရေးဌာနက ညွှန်ချုပ်အဆင့်ရှိတဲ့ ဗိုလ်မှူးကြီးတွေကိုယ်တိုင် အနီးကပ် အမိန့်ပေး ညွှန်ကြားတာပါ။ညွှန်ချုပ်ကြီးတွေက
Online သုံးနေတဲ့ ပြည်သူတွေ သတိမထားမိလို့ပါ ကျွန်နော်တို့ ၀ါဒဖြန့်တဲ့ pages တွေ တိုင်းမှာ NLD နဲ့ ဒေါ်စု မကောင်းကြောင်းတွေ အတိုက်အခံပါတီနဲ့ နိုင်ငံရေးခေါင်း ဆောင်တွေရဲ့ အပြစ်အနာအစာတွေကို ဟုတ်တာကော မဟုတ်တာကောရောပြီး ဆော် နေတာပါ။ ပြီးတော့ ကုလားတွေ ယုတ်မာရိုင်းစိုင်းတဲ့ အကြောင်းတွေကို အသားပေးပြီး ဖွပေးကာ ပြည်တွင်းဖြစ်ပျက်နေတဲ့ ဘာသာရေး အဓိကရုဏ်းကို အချိန်တက်စေမယ့် လုပ်ကြံသတင်းဆောင်းပါးတွေကြည့်ေ၇ွးချယ်တင်ပြနေတာပါ။ဆရာတော် အရှင် ၀ီရသူနဲ့ ၉၆၉ အဖွဲ့ကိုလဲ ထောက်ခံအားပေးအားမြှောက်ပြုပေးတ
ကျွန်နော့အနေနဲ့ကိုယ်တိုင်ပါဝင်
နေ့စဉ်နဲ့အမျှ အပြစ်တွေကျူးလွန်နေရသလို ခံစားလာရပါတယ်။
ကိုယ့်ပယောဂကြောင့် အပြစ်မဲ့ ပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲမှု့တွေ သေကြေပျက်စီးကာ ဘ၀ပျက်သွား သူတွေရှိနေတာ မြင်နေတွေ့နေ၇တော့ စိတ်ထဲ မသိုးမသန့်ဖြစ်မိတာအမှန်ပါ။ဒီဝဋ
တပ်မတော်ကနေ မျက်လုံးခွဲစိတ်ရမယ် အကြောင်းပြချက်နဲ့ ဆေးပင်စင်ယူပြီး နိုင်ငံခြားကို ထွက်ခွာလာရခြင်းရဲ့ အဓိက အကြောင်းခံကတော့ ပြည်တွင်းဘာသာရေး ခေါင်းစဉ်နဲ့အကြမ်းဖက်မှု့တွဖြစ
အစိုးရအနေနဲ့Online ပေါ်မှာ နိုင်ငံရေး လူမျိုးဘာသာ သွေးခွဲလှုံ့ဆော် ၀ါဒမှိုင်းတိုက် နေခြင်းရဲ့ ရည်၇ွယ်ချက်ကို အတိအကျ သိရှိ မခန့်မှန်းနိုင်သော်လည်း ဒီမိုကရေစီ ခေါင်းစဉ်အောက် ရောက်ရှိလာပြီးတဲ့နောက်ပိုင်း ဆယ်သွယ်ရေး ကွန်ယက် ကြီးမားကျယ်ပြန့်ပွင့်လင်းမှုရှ
မြန်မာပြည်သူအားလုံး ဆင်ခြင်သတိပြုကာ အာဏာပိုင်တွေရဲ့ နိုင်ငံရေး လှည့်ကွက်အတွင်း အသုံးချခံနေရခြင်းမှ လွတ်ကင်းနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း ရှောင်ကျဉ် သတိပြုနိုင်ကြပါစေကြောင်း....။
ဗိုလ်ကြီး ဖြိုးသက်ထွန်း (DSA-အပတ်စဉ် ၄၇ )
ကနေဒါနိုင်ငံ (ခေတ္တ)
No comments:
Post a Comment