Saturday, May 15, 2010

မွှေးသည့်ပန်းများ (၂)


ကျောက်ညှပ်ဘက်ကို စစ်ကူတက်ဖို့ ပြင်ဆင်နေရင်း ရဲဘော်မြင့်သိန်းကျဆုံးခဲ့တာမို့ ခံပြင်းဒေါသတွေထွက်နေကြသည်။ တပွဲတွေ့ဦး မယ်လေ။

ရဲဘော်မြင့်သိန်းရဲ့ ဈာပနကိုအလေးပြုပြီးတော့ မြစ်ညှာက ကျောက်ညှပ်ဘက်ကို ထွက်လာခဲ့ကြပါတယ်။ (၁ဝဝ) ကျော်မည်ထင်ပါ သည်။ ဒီတခါတော့ ဗျူဟာမှူးက  နိုင်ငံရေးလည်း အား ကောင်းတယ်လို့ ကြားရတော့ ပိုပြီးလေးစားမိတယ်။ သူ့ ထူး ခြားချက်က ကျနော်တို့ (Dirty Dozen) ခေါ်တဲ့ အင်္ဂလိပ် ကွန် မန်ဒိုကားထဲက ဇာတ်ဆောင်တွေလို သေဘောပိုးနဲ့ ဝမ်းခ စ ခန်းက ထိမ်းသိမ်းအမိန့်ပေးရခက်တဲ့ လမ်းမယူဘူးဆိုတဲ့ ခပ် ရမ်းရမ်း၊ ခပ်ကြမ်းကြမ်း အထူးသဖြင့်တော့ ခေတ်လူငယ် ခေတ်မီလွန်းတဲ့ “မား” နဲ့ “ရှပ်” ကို ရရင်ရသလို ချတတ်ပြီး “ကောင်းရင်” ပြဿနာတက်ကြတဲ့၊ တက်ကြွလွန် ကျနော်တို့ ကျောင်းသားတပ်မတော်က ဘဝစုံ ဆိုက်စုံတွေ ထိမ်းထားနိုင် ပြီး အထူးတပ်လေး တတပ်ဖွဲ့စည်းကာ လေ့ကျင့်သင်တန်းပေး ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။

အချုပ်ထဲတောင် သောင်းကျန်းတတ်လွန်းလို့ သူတို့ကို ကိုင်တွယ်ရခက်နေလွန်းလို့။ တိုက်ပွဲရှာမရရင် အချင်းချင်းလည်း “ကွိုင်” တက် နေကြ တဲ့ သူတွေတဲ့ …
သတင်းကမွှေးပါသည်။
တိုက်တာတော့ ရဲကြသည်။
သူတို့ကို ကျနော် စစ်ကြောင်းမှူးအဖြစ်နဲ့ မကိုင်ချင်။ ပြဿနာမတက်ချင်။ တခါမှလည်း တွဲပြီးမတိုက်ဖူးသေးတော့။ သူတို့လည်း မိမိ အမိန့်ကို နာခံမည်မဟုတ်။
ကိုယ်စစ်ကြောင်းပဲ ကိုယ်တာဝန်ယူမည်ဟု သတင်းပို့ထားသည်။ ဗိုလ်မှူးရောဘဇံကတော့ သူကိုင်မည်ဟုပြောသည်။ စိတ်နဲနဲချမ်းသာ သွားပါတော့သည်။
ထူးထူးခြားခြား ရဲဘော်တယောက်ပါလာသည်။ မိမိနှင့်ရွယ်တူလောက်ရှိမည်ထင်ပါသည်။ ယူနီဖောင်းဝတ်ပုံက ဖရိုဖရဲ။ မျက်နှာလည်း သနပ်ခါးဘဲကြားသုတ်ထားသည်။ ကြည့်လိုက်တာနှင့်သိသည်။ စိတ်ကမသတီ။ နားရင်းရိုက်ချင်စိတ်ပေါက်သွားသည်။ မိုက်ကြည့်ကြည့် မိသည်။ သူကမျက်စောင်းလေးထိုးပြီး ကျနော့်ကိုပြုံးပြသည်။ “ထွီ” ဟု ပါးစပ်ကထွက်သွားသည်။ သူ့အကြည့်ကိုအရွံ့ဆုံး အမုန်းဆုံး ဒေါသအထွက်ဆုံး အပြင်မှာဆိုလျှင် ဆဲမိပေမည်။ သူကသိသွားသည်။ မျက်လွှာချသွားသည်။ ရင်ထဲက တောက်..ခေါက်မိသည်။ သည် ကောင်တွေနဲ့ တွဲတိုက်ရတော့မှာလား။ သည်အပြုံးကို… ကျနော်မကြည့်ချင်။
တရုတ်တောင်သူ x — င် မွှေးထူx ပြာတဆုတ်နဲ့ — င် မွှေးနှုတ်တဲ့။ ဟေ့ကောင် ဂန်ဒူးအခြောက်..မိန်းမလျှာ ကြောက်လား ကျနော် ငယ်ငယ်က ယ္ခုလို ခံစားခဲ့ရသည်။ ဖြူဖြူသွယ်သွယ် ခါးသိမ်လေးနဲ့ လမ်းလျှောက်ရင် နွဲ့နွဲ့နဲ့တဲ့။ ရုပ်ကလည်း တရုတ် ရုပ်နဲ့တူသည်။ မျက် ရစ်မရှိ။ မျက်ပေါက် ကျဉ်းကျဉ်းနဲ့မို့။
ဒါက အညာဘက်က ဦးကြီးတွေက စတာ။ နောက်တာ။ အမေ့ဘက်က ဆွေမျိုးတွေလေ။ နောက်တော့ ရွယ်တူလေးတွေတွေ့ရင် မင်း အဲ့ဒီကောင်ကို နားရွက်ဆွဲရဲလား။ ကျနော်ကသူများကို မစချင်။ မတရားလုပ်သည်ဟု ခံစားမိသည်။ ကိုယ့်ကိုမတရားထိရင်တော့ ပြန်ချ ရမည်ဟု အမေကဆုံးမထားသည်။ ဦးကြီးတွေက မြှောက်ပေးလွန်းတော့ မခံနိုင်။ ဟေ့ကောင် မာမရှိန်း ကြောက်တတ်တယ်တဲ့။ တောင့် ခံထားသည်။ “ဂွေးစေ့” ရှိရက်နဲ့ ကြောက်ရသလားတဲ့ မဖြစ်တော့ပြီ။ ကျနော်က သူတို့မြှောက်ပေးသည့်အတိုင်း ရွယ်တူ သူငယ်ချင်းကို နားရွက်ဆွဲတော့သည်။ သူငယ်ချင်းကလဲပြန်ဆွဲသည် ကြမ်းလာပြီး တယောက်နဲ့တယောက် ထိုးကြိတ်သည့်အထိ ဖြစ်လာသည်။ နောက်ဆုံး သည်ကောင် နှုတ်ခမ်းကွဲသွားသည်၊ သွေးထွက်သွားသည် ကျနော့် မျက်လုံးတဘက်လည်း ဘတ်သီးကျွမ်းသလို ညိုမဲ သွားသည်။ “အမေ” ရောက်တော့မှရပ်သွားကြသည်။ ဟဲ့.ဟဲ့ ငါ့သားကို နင်တို့မြှောက်ပေးတယ်ပေါ့လေ။ တော်ကြ တော်ကြ။ သွားကြ… သွားကြ။ နင်တို့က ကလေးတွကို။ သူငယ်ချင်းလည်း ထွက်သွားသည်။ “အမေ” က ကျနော့်ကို ထပ်ရိုက်ပါသည်။ ငါတို့အ မျိုးထဲမှာ လူဆိုးတွေ သူများကို မတရားထိုးတဲ့သူတွေ မရှိဘူး။ မြှောက်ပေးတိုင်းလုပ်ရမလားဆိုပြီး အရှိုးထင်အောင် ထပ်ထပ်ရိုက်ပါသည်။ ကျနော်က ငိုရင်းနဲ့ ကျနော့် “မိန်းမရှာ” မဟုတ်ဘူးဗျလို့ ပြန်ပြောခဲ့သည်။ စိတ်နာသည်။ ပြန်သတိရနေမိသည်။
စက်လှေ ၅ စီးနဲ့ လှေဦးကခွပ်ဒေါင်းအလံ။ ကော်သူလေးအလံထောင်ပြီးတော့ သံလွင်စခန်းဘက်ကနေပြီး မြစ်ညှာဘက်ကိုထောင် တက်သွားကြသည်။ ဝဲကြီးနေရာတွင် လှေမှောက်လုနီးပါးဖြစ်သွားသေးသည်။ နောက်လှေ ၂ စင်းလည်းကျနော်တို့ကဲ့သို့ပင်။
ကျောက်ညှပ်အောက်နား သဲသောင်ပြင်မှာရပ်ပြီး လူစစ်ပါသည်။ သောင်ပြင်အထက် ကျောက်ညှပ်စခန်းအထက်က ဂမူလေးမှာ ဒေါင်း အလံနဲ့ KNU အလံတွဲပြီး တပြိုင်နက်တည်း စိုက်လိုက်ပါတယ်။ လေမှာတလွင့်လွင့် တဖြတ်ဖြတ်နှင့် မြစ်ကြောင်းအတိုင်း တိုက်လာ သောလေသည် လေပြေ လေညှင်းမဟုတ်ပါ ခပ်ပြင်းပြင်းပင်။
ဒီလို အလံ ၂ လက်ထောင်ပြီး တခါမှမတိုက်ဖူးခဲ့ပါ။ ဗိုလ်မူးရောဘဇံ၏ စိတ်ဓာတ်ခွန်အားနဲ့ စီမံခန့်ခွဲမှုကို သတိထားမိပါသည်။ တာ တက် target ပေးထားသည်ဟုလည်း မတွေးမိတော့။
အပေါ်တက်သွားကြသည်။ နေရာယူကြသည်။ ထမင်းစားပြီးချိန်မို့ ၂ ဘက်လုံးနားနေကြသည်ထင်။ မိမိတို့စစ်ကူလာတော့ KNLA က ရဲဘော်လေးတွေ ခေတ္တနားကြသည်။ ဗျူဟာမှူးနှင့် သူ့စစ်ရေးတာဝန်တို့ဆွေးနွေးကြမည်။ ကျနော်တို့က ခေတ္တနားသွားသော ရဲဘော် များနေရာကို ဖြည့်လိုက်ကြသည်။
ရဲဘော်မြင့်သိန်း ကာဘိုင်ထိသွားသော ထိတ်တိုက်ဖုတ် (ဘန်ကာ) ကို သွားကြည့်မိသည်။ သတိထားလိုက်မိသည် ညာဘက်ဆင် ခြေ လျောနိမ့်နိမ့်နေရာတွင် လူတဖက်ခန့်ကျွန်းပင်ကြီးရှိသည်။ ဖြတ်ကနဲသတိရမိသည်။ ရဲဘော်မြင့်သိန်း ရပ်ပြီးဖြစ်နေစဉ် ရင်အုံကို လာမှန် သောကာဘိုင်ကျည်သည် ထိုနေရာက ဖြစ်နိုင်သည်။ အလစ်စောင့်ပြီး ကာဘိုင်နှင့် လက်ဖြောင့်ဖြစ်ဟန်တူပါသည်။

No comments: