စီမံချက်အဆင့် ၁ ဖြစ်သည့် ကီးဒိုကုန်း ခိုင်မာရေးကို စတင် လုပ်ကိုင်ရန် တပ်မှူးများကို ခေါ်ယူလိုက်သည်။
ကီးဒိုကုန်း ထိပ်ရှိ ခြုံနွယ်။ မျက်ပေါင်းများ သစ်ပင်များကို စုပေါင်းရှင်းရန် ဗိုလ်တင့်လွင်နှင့်အဖွဲ့ ဝါးခုတ်ရန် ဗိုလ်နောင်နောင်နှင့်အဖွဲ့ အိမ် ဆောက်ဖို့ အိမ်တိုင်ခုတ်ရန် ဗိုလ်သောထူးအဖွဲ့၊ ကီးဒိုကုန်းပတ် လည် ကတုတ်ကျင်းထူးရန် ဗိုလ်ကော်လာနှင့်အဖွဲ့တို့ကို အသီး သီး တာဝန်ပေးအပ်လိုက်သည်။ ၇ ရက် တပတ်အတွင်း အပြီး လုပ်ကိုင်ကြရမည်။ စီမံချက်အတိုင်း ရဲဘော်များ တက်ညီလက် ညီ လုပ်ကိုင်နေကြပါပြီး။
ဆိုသည့် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ လမ်းညွန်ချက်အတိုင်း လုပ်ဆောင်ရန် မိမိတို့တောင်ဘက်ပိုင်းရှိ (ဒညတ) ဗိုလ်သွေးအဖွဲ့ကို စည်းရုံးရန်ပြင်ဆင်သည်။ လူအင်အား၊ လက်နက်အင်အားတို့ကိုလေ့လာသည်၊ တပတ်အတွင်း ဗိုလ်သွေးတို့ အခြေအနေစုံကိုရရှိသည်။ ဗိုလ်သွေးသည် အန်းထောင်း တဘက်နိုင်ငံတွင်းရှိ ရွာတွင် ထိုင်းအမျိုးသမီး နှင့် အိမ်ထောင်ကျနေသည်။
မှတ်ချက်…ဗိုလ်သွေးသည် ဒေါက်တာမန်းမြင့်ဆိုင်၏ ညီအကိုဝမ်းကွဲတော်သည်၊ တပ်ရင်း (၁ဝ) မှ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံရစဉ် အ ညှင်းခံထားရသဖြင့် KNU ကို စိတ်နာနေသူဖြစ်ကြောင်း သိရသည်။ လူအင်အား ၃ဝ ခန့်ရှိပြီး လက်နက် လေးငါးခြောက်လက်ခန့်သာ ရှိသည်ဟု သိရှိရသည်။ ဗိုလ်သွေးနှင့်တွေ့ရန်အတွက် ဗမာစကားတတ်သော ထိုင်းရွာသား ဦးနေအေး ကိုခေါ်ယူ “ကျနော် ဗိုလ်သွေးနဲ့ တွေ့ချင်တယ်။ သူ့နဲ့တွေ့နိုင်အောင် စီစဉ်ပေးပါ” ဟု ပြောလိုက်သည်။ သုံးလေးရက်အတွင်း ဗိုလ်သွေးနှင့် အန်းထောင်းရွာတွင်တွေ့ သည်။ မြစ်ဝကျွန်းပေါ်သားချင်းလည်းဖြစ်၊ မိမိအကြောင်းကို သိရှိထားပြီး ဥက္ကဋ္ဌကြီးမန်းဘဇန်၏ ဂုဏ်အရှိန်ကြောင့်လည်း ဖြစ်နိုင် သည် ဘာပြသနာမျှမရှိဘဲ တွေ့ဆုံပွဲချောမောအောင်မြင်ပါသည်။ စည်းရုံးရေး ပဋ္ဌမအဆင့်အောင်မြင်သွားပြီး ဖြစ်သည်၊ ဆက်လက် စည်းရုံးရအုံးမည်၊။
နောက်တပတ် ရိက္ခာကိစ္စ ချုံဖေါင်းတွင် တပ်ထောက်ဗိုလ်သန်းဝင်း နှင့် ဝယ်ရန်အသွား ဗိုလ်သွေး ကို ဝင်တွေ့သည်။ အိပ်ရာတွင်မူးနေ သည်။ သောက်ထားသည်မှာ တပတ်ခန့်ရှိနေကြောင်းသိရှိရသည်။ နောက်များမကြာမီ ဗိုလ်သွေးကိုသွားတွေ့သည်။ ၎င်းစခန်းသို့သွား လည်ရန် ဘိတ်ခေါ်သဖြင့်သွားလည်သည်။ စခန်းကိုဝင်သည်နှင့် ဆေးခြောက်အနံ့များနှင့် ဆီးကြိုသည်၊ ဆေးခြောက်ရှူထားလို့ထင် သည်။ မျက်စေ့နှစ်ကွင်းစလုံးနီရဲနေကြသည်၊ စစ်ဝတ်စုံဝတ် ထားသူတဦးနှစ်ဦးသာရှိပြီး ကျန်အရပ်ဝတ်များသာဖြစ်သည်။ မိမိတို့ ကီးဒို ကုန်းတောင်ထိပ်ပတ်လည်၌ ၁ဝ လန်ကွာ တဲအိမ်များဆောက်ပြီးနေပါပြီး။ အလံတိုင်စိုက်ထူရန်နေရာ၊ တန်းစီလူစစ်ရန်ကွင်းနေရာပြင် ရန် ရှိနေသည်။ မြေမညီသဖြင့် မြေညှိရန်ရှိသည်။ နောက်တပတ်အပြီးမြေညှိရန် စီမံရပြန်သည်၊ ဗိုလ်ကော်လာနှင့်အဖွဲ့ ဆက်သွယ်ရေး မြောင်းတူးရာဝယ် ပြီးသလောက်ရှိနေပါပြီး။ မိမိတပ်ဖွဲ့ရှိ တပ်မှူးများမြေပုံဖတ်နည်း Compass ကြည့်နည်း၊ လက်နက်ကြီးပစ်နည်း စ သည့်စစ်ပညာများကို တတ်မြောက်ထားကြပြီး ဖြစ်သည်။
မိမိတို့ရှိသော စစ်မြေပုံမှာ အမေရိကန်တပ်သုံးစစ်မြေပုံသာရှိပြီး အင်္ဂလိပ်စစ်တပ်သုံး တလက္မ တမိုင်မြေပုံမရှိပါ၊ သို့သော် ပြသနာမရှိ အားလုံးကြည့်တတ်ကြသည်။ မြေပုံကိုခင်းပြီးတပ်မှူးများကိုခေါ်၍ တကယ်လို့ ရန်သူထိုးစစ်ဆင်လာပြီးဆိုရင် ကီးဒိုကုန်းကို တက်လာ ဖို့ တောင်ကြောသုံးခုရှိတယ်။ ဒီတောင်ကြောသုံးကြောကြားမှာ မတ်စောက်တဲ့ ချိုင့်တွေပဲ။ “မင်းသာရန်သူ့တပ်မှူးဖြစ်ရင် မင်းဘယ်လို လုပ်မလဲ” လို့ တဦးချင်းမေးရာ ဘယ်လိုလုပ်မယ်။ ညာလိုလုပ်မယ်လို့ အသီးသီးပြောကြသည်။ “ ဒါဆိုရင် ဗိုလ်တင့်လွင် မင်းအဖွဲ့က ဒီ တောင်ကြောထိပ်မှာစောင့်ပစ်မဲ့ ကတုတ်နှစ်လုံးဆောက်။ ဗိုလ်ထူးထူးနဲ့အဖွဲ့က ဟိုတောင်ကြောထိပ်မှာ ကတုတ် နှစ်လုံး။ ဗိုလ်နောင် နောင်အဖွဲ့က ဟိုဘက်ချမ်း ပွိုင့် ၄၉၁ တောင်ကုန်းကိုတက်မယ့် တောင်ကြောထိပ်မှာ ကတုတ်နှစ်လုံးဆောက်” ဟု ညွန်ကြားလိုက် သည်။
ရဲဘော်များ ကတုတ်ဆောက်ရန် တောင်ထန်းပင်များ၊ ဖြောင့်တန်းသောသစ်လုံးများကို ခုတ်နေကြသည် Overhead လုပ်ရန်ဖြစ်သည်။ မိုင်းဗုံးဌာနတာဝန်ခံ ဗိုလ်ကျော်လှ နှင့် ဗုံးအဖွဲ့ ဗုံးများလုပ်နေကြသည်။ ဆေးဌာနတာဝန်ခံ Uncle Gyi ဆရာကလိုထူးတို့အဖွဲ့လည်း ဆေးရုံဆောက်ပြီးသွားပြီး။ ဆရာပန်းဝေ (ရန်သူ့ထံလက်နက်ချ) နှင့် ဆရာဂျိုးဖြူတို့နှစ်ဦး သစ်ဖြတ်လွှနှင့် သစ်ခွဲနေကြသည်။ ခွဲသား များနှင့် တပ်ဖွဲ့ရုံးနှင့် စာကြည့်တိုက်ဆောက်ရန်ဖြစ်သည်။ (ကီးဒို) ကုန်းရဲ့အောက်ဘက် မြေညီနေရာ၌ သင်တန်းနှင့် စည်းဝေးခန်းမ ဆောက်ရန် မြေညှိရန်၊ ဝါးခုတ်၊ သစ်ခုတ်ရန် လိုနေသေးသည်။
ရိက္ခာဌာနတာဝန်ခံ ဗိုလ်သန်းဝင်း (စောကုလား တပ်ရင်းစံပြရွှေတံဆိပ်ဆု) ရရှိသူအား။ ရဲဘော်အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် အားလုံးတယောက် တလ ပဲတကီလို၊ ဆီတပုလင်း၊ အချိုမှုန့်တထုတ်၊ ငြုပ်သီး၊ ငါးပိ၊ ဆားအခြေခံ စားကုန်များကိုအချိုးကျ ဝေပေး ရန်၊ ဟင်းအဖြစ် တောကောင်များကို အမဲလိုက်တောပစ်စားရန် ညွန်ကြားထားသည်။ တောကျွမ်းရန်ရည်ရွယ်ချက်ဖြင့် တောပစ်ခိုင်း ခြင်းဖြစ်သည်။
မှတ်ချက်…
တပ်တွင်း စည်းလုံးညီညွတ်မှုတည်ဆောက်ရာ၌ လိုအပ်ချက်များမှာ…
- တန်းတူမှုရှိရမည်၊ အစားအသောက်၊ စစ်ဝတ်တန်ဆာ၊ ဘာသာရေး၊ ရာထူးတိုးမြင့်ခြင်း တာဝန်ခွဲဝေမှု၊ အခွင့်အရေးများ၌ တန်းတူမှု ရှိရမည်။
- ဒီမိုကရေစီကျင့်သုံးရမည်၊ တပ်တွင်း၌ လွတ်လက်စွာပြောဆို၊ ရေးသား၊ တွေးခေါ်ခွင့်ရှိရမည်။
- အပြန်အလှန်လေးစားရမည်။ ကရင့်တော်လှန်ရေး ရဲဘော်များသည် အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုဖွဲ့စည်းရေး အခြေခံပေါ်တွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်၊ လခတပြားမှ မရဘဲ ကိုယ်ကျိုးစွန့်ပေးဆပ်နေသူများ ဖြစ်သည်။ မွန်မြတ်၍ကြီးမြတ်သော တော်လှန်ရေးတာဝန် ယူနေသူများဖြစ်၍ တိုင်းပြည်နှင့် ထပ်တူထပ်မျှ တန်ဘိုးရှိကြသည်။ ထို့ကြောင့် အပြန်အလှန် လေးစားတန်ဘိုးထားရမည်။ ကြေးစားတပ်များ ကျင့်သုံးမှုနှင့် ဖြောင့် ဖြောင့် ဆန့်ကျင်သည်။
- ပြည်ထောင်စုအငယ်လေးလို သဘောထားရမည်။ တပ်တွင်းရှိရဲဘော်များတွင်လူမျိုးစုံသည်၊ မွန်၊ရခိုင်၊ ဗမာ။ ပသျှူး၊ ကရင် (စကော ကရင်များအတွင်း ဘိတ်-ထားဝယ် ကရင်၊ တောင်ငူကရင်၊ မြစ်ဝကျွန်းပေါ် စကောကရင်) ဟူ၎င်း။ ပိုးကရင်များအတွင်း အနောက်ပိုး ကရင်၊ အရှေ့ပိုးကရင် ဟူ၎င်း ကွဲပြားလျက်ရှိသည်။ ကရင်ပြည်ဘွားမွစ္စလင်၊ ရန်ကုန်၊ မော်လမြိုင်၊ ဖါးအံ မွစ္စလင်စသည့် လူများစု ပေါင်းစုံနှင့် ရှိနေသည်။
ပညာတတ်ကျောင်းသားများ၊ လယ်သမား၊ ပျံကျ အလုပ်သမား၊ ဆိုက်ကားသမားစသည့် လူတန်းစားပေါင်း စုံသည်၊ ဘဝစုံရှိနေသည်။ ဘာသာစုံသည်၊ ခရစ်ယာန်၊ ဘာသာဝင်များအတွင်း နှစ်ခြင်း၊ စနေအသင်း၊ ရိုမန်ကက်သလစ်၊ မက်သဒစ် ဘာသာဝင် အစုံရှိသည်။ ဗုဒ္ဓဘာသာ၊ အစ္စလမ် ရှိသည်။ ဆေးမှူး Uncle Gyi သည် ဘယ်ဘာသာကိုမှ မကိုးကွယ်။ အမှန်တရားသည် သူ့ဘုရား ဖြစ်သည်ဟု ခံယူထားသူဖြစ်သည်။ လူစုံသည်၊ ဘာသာစုံ၊ လူမျိုးစုံ၊ ဘဝစုံသော တပ်ဖွဲ့တခုတွင် တန်းတူမှု၊ ဒီမိုကရေစီ ကျင်သုံးမှု၊ အပြန်အလှန် လေးစားမှုနှင့် ပြည်ထောင်စု အငယ်စားလေးလို သဘောထားနိုင်မှ တပ်တွင်းစည်းလုံးညီညတ်မှု ရရှိမည်ဖြစ်သည်။
မှတ်ချက်….
ဘိတ်-ထားဝယ် ခရိုင်ရှိ တပ်ရင်း (၁ဝ) သည် တပ်မဟာ (၄) အဖြစ် ဗဟိုမှ သတ်မှတ်လိုက်သဖြင့် မိမိတို့စစ်ကြောင်း (၃) သည် တပ်ရင်း (၁၂) ဖြစ်လာခဲ့သည်။
လူမျိုးတမျိုးထဲရှိသောတပ်မျိုး၌ “ပြည်ထောင်စုအငယ်စားလို သဘောထားရန်လိုမည်မဟုတ်ပါ”။
တပ်တွင်း၌ အထက်ပါ မူ (၄) ချက်ချမှတ်အုပ်ချုပ်သဖြင့် ပြသနာကြီးကြီးမားမား ရင်မဆိုင်ရပေ။ တက်ညီလက်ညီပေးအပ်သော တာ ဝန်ကို ကျေပြွန်စွာထမ်းဆောင်ကြသည်။ အခြေခံစခန်း ခိုင်ခိုင်မာမာတည်ဆောက်မပြီးမှီ ရန်သူထိုးစစ်မဆင်ရန်လိုသည်၊ ဗိုလ်သွေး အဖွဲ့။ မွန်အဖွဲ့ နှင့်ပင်လယ်ဓားပြအဖွဲ့များကို မဟာမိတ် သို့မဟုတ် ကြားထား နိုင်အောင်ကြိုးစားရမည်။ ဗိုလ်သွေးအဖွဲ့ မိမိတို့ကို မ ဆန့်ကျင်ပေ။ ၎င်းကို မိမိတို့အဖွဲ့နှင့် ပူးပေါင်းလာရန်ကျိုးစားရမည်။ တနေ့ ဗိုလ်သွေး၌အားသာချက်၊ အားနည်းချက်ကို တွေ့ရှိလာ သည်။ ၎င်းအနေနှင့် ၎င်းတပ်ဖွဲ့အား မိမိထံအပ်လိုသည်။ ထောက်ပံ့ရေး ပြသနာရှိနေသည်။ ထို့ကြောင့် ၎င်းရင်ဆိုင်နေရသော တပ် ထောက်ပံ့ရေးပြသနာကို ညီအစ်ကိုသဖွယ်ဖြေရှင်းလိုကြောင်း ပြောသောအခါသဘောတူလေသည်။ ဒညတ မှ ၎င်းတို့၌ ထောက်ပံ့ ရေး ပြသနာကိုဖြေရှင်းနိုင်ခြင်းမရှိတော့ပါ စားကြွေး၊ သောက်ကြွေး ဘတ်ငွေ ငါးသောင်း ရှိနေကြောင်းသိရသည်။
မှတ်ချက်…
“The supreme act of war is to subdue the enemy without fighting” “စစ်၏ အမြင့်ဆုံးလုပ်ဆောင်မှုသည် ရန်သူကို မတိုက်ရဘဲ အောင်နိုင်ခြင်း” ဖြစ်သည်ဟု တရုပ်စစ်ပါရဂူ ဆွန်ဇူး မှ သွန်သင်ထားသည်။
ဆွန်ဇူး၏ ဒဿန ကို Apply လုပ်ရန်။ အကောင်အထည်ဖေါ်ရန် တပ်မှူး ဗိုလ်မှူးကြီးစိုးစိုးထံသတင်းပို့ပြီး ဗိုလ်သွေးအား တပ်မှူးထံ ခေါ်သွားသည်။ ဘတ်ငွေငါးသောင်းထုတ်ပေးလိုက်သည်။ ဗိုလ်သွေးတဖွဲ့လုံး မိမိတို့တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်သည်၊။ မိမိတို့၏ တောင် ဘက်ပိုင်း နအဖ တပ်မှလွဲ၍ ရန်သူမရှိတော့ပါ။ ဗိုလ်သွေးနှင့် တောင်ပိုင်း ဒညတ ပြသနာပြေလည်သွားပါပြီး။
မှတ်ချက်…
ခေါင်းဆောင်ကြီးစောဘဦးကြီး၏ The enemy of my enemy is my friend ( ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေဖြစ်သည်) နှင့် (တရုက်စစ်ပါရဂူ ဆွန်ဇူး၏ The supreme act of war is to subdue the enemy without fighting စစ်၏ အမြင့်ဆုံး လုပ်ဆောင် မှုသည် ရန်သူကိုမတိုက်ရဘဲ အောင်နိုင်ခြင်း ဖြစ်သည်ဆိုသည့် လမ်းညွန်မှုကို မှန်ကန်စွာအသုံးချလိုက်သဖြင့် ဗိုလ်သွေးအဖွဲ့နှင့် ပေါင်း စည်းမှုရရှိလိုက်ခြင်းဖြစ်သည်။ အကယ်၍ ဗိုလ်သွေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရပါက ဘတ်ငွေ ငါးသောင်း ထက်မက ကုန်ကျမည်ဖြစ်ပြီး အသက်များဆုံးရှုံယုံမက အရင်းအနှီးနှင့် တန်ဘိုးများများပေးဆပ်ရမည် ဖြစ်သည်။ မြောက်ပိုင်းရှိ မွန်အဖွဲ့နှင့်တွေ့နိုင်ရန် စီစဉ်ရပြန် သည်၊ ဗဂုံမာန် အဖွဲ့သည် တရုပ်ဖြူထံမှ အကူအညီရကြောင်း။ တပ်မှူးတချို့ တိုင်ဝမ်တွင်စစ်သင်တန်း သွားတက်ကြောင်း၊ လက်နက် နှင့် စစ်သည်အင်အားကောင်းကြောင်း သတင်းရသည်။
မွန်အဖွဲ့နှင့်တွေ့ရန် ၎င်းတို့နှင့်နီးစပ်သော၊ ၎င်းတို့ထံဝင်။ထွက်နိုင်သူကိုရှာသည်။ တွေ့သည်။ မွန်အဖွဲ့နှင့်ရင်းနှီးသူမှာ ဗိုလ်သွေးဖြစ်နေ သည်။ မွန်အဖွဲ့နှင့်တွေ့ရန် ဗိုလ်သွေးအားစီစဉ်ခိုင်ရာ ၎င်းတို့မှ မိမိအား “တွေ့ချင်ရင် တယောက်ထဲလာခဲ့” ရန် အကြောင်းကြားသဖြင့် မိမိတယောက်တည်းသွားရန် ဆုံးဖြတ်လိုက်သည်။
ခရီးမထွက်မှီ မိမိရဲဘော်များနှင့်တွေ့ပြီး မွန်အဖွဲ့နှင့်သွားတွေ့ရေးကိုဆွေးနွေးရာ သဘောတူသူရှိသလို ကန့်ကွက်သူလည်းရှိသည်။ “ဘာ ကြောင့် တယောက်ထဲလာခိုင်းရတာလဲဗျ၊ အဖေါ်တယောက်တောင် ခေါ်သွားခွင့်မရရင်အသက် အန္တရာယ် မရှိနိုင်ဘူးလား” “ရပါတယ် ကွာ၊ ဗိုလ်သွေးလည်း လိုက်မှာဖြစ်တယ်။ မွန်အဖွဲ့ဟာ ငါတို့အတွက်အရေးကြီးတယ်။ မဟာမိတ်မဖွဲ့နိုင်ရင် ရေရှည်ရပ်တည် ဘို့ခက်မယ်၊ ရန်သူကို အေးအေးဆေးဆေးတိုက်နိုင်မှာ မဟုတ်ဘူး။ မွန်နဲ့ ကရင်ဟာ သမိုင်းစဉ်တလျောက်ဘုံ ရန်သူဆန့်ကျင်ရေးမှာ ဘဝတူတွေ ဖြစ်တယ်။ ကရင့်လက်နက်ကိုင်တော်လှန်ရေး အစမှာ KNDO နဲ့ MNDO ရှိတယ်၊ ရန်သူကို အတူတိုက်ခဲ့ကြတယ်။ မွန်ခေါင်းဆောင် ကြီးတွေနဲ့ ကရင်ခေါင်းဆောင်ကြီးတွေကြား သစ္စာ ပြုချက် ၄ ချက်ရှိခဲ့တယ်။
မှတ်ချက်…
(KNDO(KNDO)-(Karen National Defense Organization)
(MNDO)-(Mon National Defense Organization)
ဗိုလ်ကော်လာမှ “ကျနော်ကတော့ သွားဘို့သဘော မတူဘူးဗျ။ ဘုရားသုံးဆူ တိုက်ပွဲမှာမွန်တွေလက်ချက်နဲ့ ကျနော်တို့ တပ်ကြပ်ကြီး စောကဲ ကျသွားတယ်ဗျ” “စစ်တိုက်တာပဲကွာ၊ ထိခိုက်၊ သေကြေကြတာတော့ ရှိမှာပေါ့။ စစ်မဖြစ်အောင်အရင်လုပ်ရမယ်။ နည်းလမ်း ရှာရမယ်။ မွန်အဖွဲ့နဲ့တွေ့ ပြီးမှ အဖြူအမဲခွဲလို့ရမယ်။ သူတို့သတ်လို့သေသွားရင် ငါ့တာဝန်ကြေတာပေါ့ကွား။ The enemy of my enemy is my friend လို့ ခေါင်းဆောင်ကြီး စောဘဦးကြီး လမ်းညွန်ခဲ့တယ်မဟုတ်လား၊” မိမိ နှင့် ဗိုလ်သွေး ကားငှားပြီး မွန်အဖွဲ့နှင့် သွားတွေ့သည်။ ၎င်းတို့ ဂိတ်အဝင်ဝတွင် လူခေါင်းခွံ နှစ်လုံး ချိတ်ထားသည်။
“တယ်ဟုတ်ပါလား၊ အပြန်ခြေရာရှိပါ့မလား” “လူဆိုတာနှစ်ခါမသေဘူး။” သူရဲဘောကြောင်တယ်လို့ အထင်ခံရမှာထက် သေတာက မြတ်တယ်” ဟု မိမိကိုယ်ကိုတယောက်တည်းပြောပြီး မိမိတို့လာမည်ကို ဂိတ်တာဝန်ကျများသိထားပြီးဖြစ်၍ ဝင်ခွင့်ရသဖြင့် တောင် တက်လမ်းအတိုင်း တက်လာသည်။ သွပ်မိုးများနှင့်မိုးထားသော သစ်အဆောက်အဦးများ၊ ကတုတ်များ၊ ခြံစည်းရိုးများ ညှောင့်များ၊ ဆက်သွယ်ရေးမြောင်းများနှင့် ခိုင်မာသောစခန်းတခုဖြစ်သည်။ ရုံးနှင့်တူသောအဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် ကျားဝတ်စုံ ဝတ်ထားပြီး ကြယ်သုံးပွင့်တတ်ထားသော ကျားစစ်ဦးထုတ် ဆောင်းထားသော၊ ဝဝ ဖိုင့်ဖိုင့် လူတဦးကိုတွေ့သည်၊ မိမိတို့အား လာနှုတ် ဆက်သည်၊ ဗဂုံမာန် ဖြစ်ကြောင်း၊ ဥက္ကဋ္ဌဆိုသူနှင့်ပါ မိတ်ဆက်ပေးသည်။ ရန်စီဟန်သာ ဟု မိတ်ဆက်သည်။ ဥက္ကဋ္ဌဆိုသူမှ မိမိ အား “ခင်ဗျားကျနော့ကို မှတ်မိလား၊ ကျနော်တို့ သော်လဲထာ စခန်းမှာ တညလ အသံလွင့် ဌာနဖွင့်တော့ မွန်ဘာသာ အစီအစဉ်ကို တာ ဝန်ယူကြောင်း၊ ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြတော့မှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်နေတော့သည်။
မှတ်ချက်…
၁၉ရ၁ ခုနှစ်၊ တညလ တိုင်းရင်းသားညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု အသံလွင့်ဌာနကို သောလဲထာ တောတွင်းတနေ ရာ၌ တည်ဆောက်ထားသည်။ ထိုစဉ်က ဦးတင်မောင်ဝင်း၊ သူ့ဇနီးဒေါ်ဘေဘီနှင့် သမီးလဲ့လဲ့ဝင်း၊ ဦးသုဝေ၊ မြဝတီဦးရဲခေါင်၊ ဦးထွေး မြင့်၊ ဦးရဲကျော်သူ စသည့် ခေါင်းဆောင်များပါဝင်ပြီး၊ မွန်ခေါင်းဆောင် ရန်စီဟန်သာ ကိုပါတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အသံလွင့် အစီ အ စဉ်အဖွင့်သီချင်းတိုက်စဉ် မိမိ မယ်ဒလင်တီးသည်၊ ထိုစဉ်က မိမိဖခင် မန်းဘဇန်သည် တညလ တပ်ပေါင်းစုဥက္ကဋ္ဌ ဖြစ်သည်။
အားလုံးချောမွေ့အဆင်ပြေသွားပြီး ဖြစ်သည်။ မိမိမှ “ရတနာပုံ ရန်သူ့စခန်းတိုက်လိုက ကျနော်တို့ကို အကြောင်းကြားရန်၊ အတူတိုက် လိုကြောင်း” ပြောထားသည်၊ မွန်အဖွဲ့စခန်းနားတွင် ရှိသော ရန်သူ့စခန်းဖြစ်သည်။ နေ့လည်စာစားပြီး ၎င်းတို့ရဲ့ လက်နက်သိုလှောင် ရုံအား ဗဂုံမာန် ကိုယ်တိုင်လိုက်ပြသည်။ M ၁၆၊ AK, AK စက်လတ် RPG ၂၊ ၅၊ ရ၊ ၈၂ နောက်ပွင့်ရိုင်ဖယ်။ ၆ဝ မမ။ ၈၂ မမ စိန်ပြောင်း စသည့် လက်နက်မျိုးစုံ ရဝဝ ကျော်ရှိမည်ဖြစ်သည်။ နောက်ထပ် လက်နက်သိုလောင်ရုံ သုံးခုရှိသေးကြောင်း ပြောပြသည်။ မွန်ညီအစ် ကိုများနှင့် မဟာမိတ်ဖြစ်လာခဲ့ပါပြီး၊ စီမံချက်ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ အနောက်ဘက်ရှိ ရန်သူ ခလရ ၂၂၄ ကိုသာ စိတ်အေးအေး ထားပြီးတိုက်ဘို့သာ ရှိတော့သည်။
No comments:
Post a Comment