‘အော့နှလုံး’ * ကိုဖတ်ပြီးဆန်တက်သွားတဲ့ သိစိတ်က
တိမ်လိပ်တခုကို တုပချင်ခဲ့ပုံ။
ဘယ်တုံးကမှ မလုံခြုံခဲ့တဲ့ဘ၀မှာ
ကြာကြာဝါးကြည့်နေကြဆဲ
ထူးကဲအအေးလှိုင်းအောက်
နောက်နှစ်လှမ်းဆုတ် သွားကြ။
အဲဒီအမှောင်တိုက်ကို မသိသလို
ရှောင်မရ
အံတုခဲ့သမျှ စာမျက်နှာတွေမှာ
နောင်တ စကားလုံးမပါ
မြားဟာ ပစ်မှတ်ရှိရာ ပျံနေဆဲ။
နေမြဲတိုင်းနေလိုတဲ့ သဘာဝအရ
မျက်နှာဖုံးကွာကျသွားသူများ
ထောင်ချောက်တံခါးကို တိုးဝင်ဖို့သာ
အဲဒီမှာ ယင်တွေအုံနေပါပေါ့။
အားအပျော့ဆုံးသံကြိုးကွင်းဆက်ကို
ပင်လယ်လှိုင်းလုံးတို့ရှာတွေ့နိုင်ဖို့သာ။ ။
စိုးနေလင်း
No comments:
Post a Comment